သတင်းများ

“လွတ်မြောက်မှုဟာ လူထုအားလုံနှင့်ဆိုင်သလို တော်လှန်ရေးဟာလည်း လူထုအားလုံးနှင့်ဆိုင်တယ် ” ၄၅၄ ရက်မြောက် ကလေးမြို့ပင်မသပိတ်

May 7, 2022

ကလေး – ၂၀၂၂ မေ ၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ လမ်းမပေါ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တစ်နှစ်နှင့်သုံးလပြည့် ဖားကန့်လူထုသပိတ် ကျောင်းသား၊ ဆရာ၊ ပြည်သူတွေ ပါဝင်ဆန္ဒပြ

May 7, 2022

ဖားကန့် – ၂၀၂၂ မေ ၇ (မော်ကွန်း) ဒီကနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့လူထုသပိတ်ရဲ့ ၁ နှစ်နဲ့သုံးလပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ ဖားကန့်မြို့သပိတ်မှာတော့ ကျောင်းယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ကျောင်းသားတွေ၊ ဆရာတွေအပါအဝင် ပြည်သူလူထုအင်အား ၁၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းထောက်က ပေးပို့ပါတယ်။ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်ပြီး သတင်းအမှောင်ချထားတာဟာ ၉ လနီးပါးရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရဆဲ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်

May 6, 2022

ဖားကန့် – ၂၀၂၂ မေ ၆ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ရှစ်လကျော်ကြာမြင့်လာပေမယ့် ဒေသခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။ ဒီကနေ့မှာ ဖားကန့်မြို့မှော်ပေါင်းစုံသပိတ်ဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG ကို ထောက်ခံကြောင်း၊ နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်တွေဝယ်ယူကြဖို့ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“လွတ်မြောက်မှုဟာ လူထုအားလုံနှင့်ဆိုင်သလို တော်လှန်ရေးဟာလည်း လူထုအားလုံးနှင့်ဆိုင်တယ်” ကလေးမြို့ပင်မသပိတ် ၄၅၃ ရက်မြောက်နေ့

May 6, 2022

ကလေး – ၂၀၂၂ မေ ၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့စောင့်ကြည့်ဖမ်းဆီးမှုတွေကြားထဲ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းပေါ်ကို ချီတက်ဆန္ဒပြနိုင်ခဲ့တာ ဒီကနေ့ထိ ရက်ပေါင်း ၄၅၃ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“နွေဦးရဲ့ သစ္စာဖောက်ဟူသမျှ သုတ်သင်ကြ” ၄၄၉ ရက်မြောက် ကလေးမြို့ ပင်မသပိတ်

May 2, 2022

ကလေး – ၂၀၂၂ မေ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ရဲ့ ၄၄၉ ရက်မြောက် ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

၄၄၇ ရက်မြောက် စစ်အာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်

April 30, 2022

ကလေး – ၂၀၂၂ ဧပြီ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပင်မသပိတ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေကြားထဲက နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေတဲ့ ၄၄၇ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

YDF အဖွဲ့ကဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားကို ပြန်မလွှတ်ပါက ကျေးရွာတွေကိုမီးရှို့ပြီး ရွာသားတွေကိုသတ်မည်ဟု စစ်ကောင်စီတပ်ကခြိမ်းခြောက်

April 29, 2022

ယော – ၂၉ ဧပြီ ၂၀၂၂ (မော်ကွန်း) ယောဒေသကာကွယ်ရေးတပ် YDF က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သားကို ပြန်လွှတ်မပေးပါက ရွာတွေကိုမီးရှို့ဖျက်ဆီးပြီး ရွာသားတွေကိုသတ်ပစ်မယ်လို့ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးဆိုသူကဆက်သွယ်ခြိမ်းခြောက်လာတယ်လို့ YDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ YDF အဖွဲ့ဟာ စစ်ကောင်စီတပ်သားနိုင်လင်းအောင်ကို ပြီးခဲ့တဲ့ဧပြီ ၂၅ ရက်က အကြည်ဝါဘင်းကျေးရွာအနီးတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တာပါ။ အခုလိုတရားမဲ့ပြောဆိုမှုကို YDF အနေနဲ့ တရားဥပဒေနဲ့အညီ၊ စစ်စည်းကမ်းတွေနဲ့အညီတုံ့ပြန်သွားမှာဖြစ်ပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးလာပါက စစ်ရေးအရတုံ့ပြန်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အာဏာစသိမ်းပြီးစကနေ ဧပြီ ၁၃ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးလို့ ပျက်ဆီးသွားတဲ့ လူနေအိမ်ပေါင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။ ဓါတ်ပုံ […]

အပြည့်အစုံဖတ်ရန်

၄၄၆ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

April 29, 2022

ကလေး – ၂၀၂၂ ဧပြီ ၂၉ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ဖိနှိပ်မှုတွေကြားက ကလေးမြို့သပိတ်ဟာ စစ်အာဏာရှင်ကို ဒီကနေ့ ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်အနေဖြင့် “ဖိရင်ကြွမယ်၊ ထိရင်ချမယ်၊ သပိတ်စုံ၊ သူပုန်ထ”စတဲ့ စာတန်းတွေကိုင်ဆွဲကာ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။ ပင်မသပိတ်ဟာ ဒီကနေ့အထိ ပျက်ရက်မရှိသပိတ်မှောက်လာတာ ရက်ပေါင်း(၄၄၆)ရက်ရှိခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဒေသတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဝန်းရံမှုနဲ့အတူ ကလေးမြို့သပိတ် ချီတက်ဆန္ဒပြ

April 25, 2022

ကလေး – ၂၀၂၂ ဧပြီ ၂၅ (မော်ကွန်း) ကလေးမြို့ပင်မသပိတ်ဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့ (Kalay PDF) ရဲ့ ဝန်းရံမှုနဲ့အတူ မြို့ရဲ့တစ်နေရာမှာ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “သို့..တရုတ်အစိုးရ မြန်မာပြည်သူများဆန္ဒကိုအလေးထားပါ” #China_Respect_Myanmar_People’s_Voices “ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံခြင်းကိုရပ်တန်းကရပ်” #Stop_Supporting_Fascist_Criminals “ PDF တွေဘေးရန်ကင်းစေ ၊ CDM တွေကို ဖေးကူကြမလေ ” စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့အထိ ပျက်ရက်မရှိဘဲ သပိတ်မှောက် ဆန္ဒပြနေတာ ရက်ပေါင်း(၄၄၂)ရက်ရှိပါပြီ။ ဓာတ်ပုံများ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဗဟန်းမှာ မီတာမဆောင်တဲ့အိမ်တွေကို စစ်ကောင်စီက လျှပ်စစ်မီးလိုက်လံဖြတ်တောက်

April 21, 2022

ရန်ကုန်- ၂၀၂၂ ၊ ဧပြီ ၂၁ (မော်ကွန်း) ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်မှာ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သားအချို့နဲ့ EPC ကဝန်ထမ်းတွေ အင်အားသုံးပြီး မီတာမဆောင်ရသေးတဲ့အိမ်တွေကိုမီးလိုက်လံဖြတ်တောက်သွားပါတယ်။ “တစ်လမ်းဝင်တစ်လမ်းထွက်စာရင်းနဲ့လာတာ။ အခုမဆောင်တဲ့အိမ်တွေမီးဖြတ်ခံလိုက်ရတယ်။ နည်းတာမဟုတ်ဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ မီးဖြတ်ခံလိုက်ရတဲ့အိမ်တွေဟာ ရွှေဂုံတိုင်မှာရှိတဲ့ မီတာရုံးမှာ အပြေးအလွှား မီတာပေးဆောင်နေရပါတယ်။ “လမ်းထဲကအိမ်ဆို မီတာပုံးပါဖြုတ်ခံရတာ။ ၂၂ သိန်းဆောင်ရမှာ။ အခု သွားဆောင်နေပြီလို့” ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးကပြောပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကို အခွန်မဆောင်ကြဖို့နဲ့ တတ်နိုင်သမျှ မီတာခမဆောင်ကြဖို့ကို မေတ္တာရပ်ခံထားတာပါ။ “မီးမရှိရင် ဘာမှ လုပ်မရဘူး။ စားဝတ်နေရေးအတွက် သွားဆောင်ရတာ” လို့ မီတာသွားဆောင်ရသူတစ်ဦးက ပြောပါတယ်။ Photo: Bahan Information page and […]

အပြည့်အစုံဖတ်ရန်

မုံရွာမှာ အလုပ်ကနေပြန်လာတဲ့ လူငယ်တွေကို အာဏာသိမ်းစစ်တပ် ပစ်သတ်လို့ တစ်ဦးသေဆုံး

March 29, 2022

မုံရွာ – ၂၀၂၂ မတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ ဆိုင်ကယ်တစ်စီးတည်းစီးပြီး အလုပ်က ပြန်လာတဲ့လူငယ်သုံးဦးကို အာဏာသိမ်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ မနေ့ည ၇း၀၀ နာရီဝန်းကျင်က မုံရွာမြို့ပေါ်၊ ကားလေးကွင်း၊ညောင်ရိပ်သာ မင်္ဂလာစျေးအနီးမှာ လူငယ်သုံးယောက်လိုက်ပါစီးနင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို အာဏာသိမ်း စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တာကြောင့် အဆိုပါသုံးယောက်ထဲက အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့တာပါ။ လူငယ်သုံးယောက်ဟာ အလုပ်ကအပြန် သုံးယောက်စီးလာမိလို့ စစ်တပ်ရဲ့ လိုက်လံပစ်ခတ်ခံခဲ့ရတာဖြစ်နိုင်ပြီး အလယ်မှာ လိုက်လာတဲ့ လူငယ် အမျိုးသားခေါင်းထိမှန်သွားခြင်းဖြစ်ကြောင်း မြို့ခံတွေက ပြောဆိုပါတယ်။ “ညကစျေးနားမှာ သေနတ်သံငါးချက်လောက်ကြားရတယ်။ ခေါင်းထိသွားတယ်လို့အော်သံတွေလည်းကြားလိုက်ရတယ်။ သုံးယောက်စီးလို့လိုက်ပစ်တာပြောတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။ အခြားမြို့များနည်းတူ မုံရွာမြို့မှာလည်း အမျိုးသားနှစ်ဦးကစလို့ ဆိုင်ကယ်တစ်စီးထဲအတူမစီးဖို့ တရားမဝင်စစ်ကောင်စီက ကြေညာထားပြီး မကြာခဏလိုက်လံပစ်ခတ်တာတွေရှိနေပေမယ့် ဆီစျေးတွေအဆမတန်မြင့်တက်နေလို့ […]

အပြည့်အစုံဖတ်ရန်

ဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ မင်းတပ်မှာ တိုက်ပွဲပြင်းထန်နေ

March 29, 2022

မင်းတပ် – ၂၀၂၂ မတ် ၂၉ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ကြေညာပါတယ်။ မင်းတပ်ဒေသကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ဖို့ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ပြီး ဘာသတင်းမှ ပေါက်ကြားမှုမရှိအောင် ကြိုတင်ကြံစည်ထားတာလို့ ဆိုပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ CDF-Mindat ဘက်က မိုင်းဆွဲတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံးတွေရှိပြီး ၁၅ ဦးထိသေဆုံးကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အနောက်မြောက်ဘက်က ကုန်သွယ်ရေးနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တွေနဲ့ အာဏာသိမ်းစစ်တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 188 189 190 191 192 193 194 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."