မင်းတပ် – ၂၀၂၂ မတ် ၂၉ (မော်ကွန်း)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က ကြေညာပါတယ်။
မင်းတပ်ဒေသကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ဖို့ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ပြီး ဘာသတင်းမှ ပေါက်ကြားမှုမရှိအောင် ကြိုတင်ကြံစည်ထားတာလို့ ဆိုပါတယ်။
နောက်ဆုံးအခြေအနေမှာတော့ CDF-Mindat ဘက်က မိုင်းဆွဲတိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က အကျအဆုံးတွေရှိပြီး ၁၅ ဦးထိသေဆုံးကာ ဒဏ်ရာရသူတွေလည်းများတယ်လို့ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်အနောက်မြောက်ဘက်က ကုန်သွယ်ရေးနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မှာလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တွေနဲ့ အာဏာသိမ်းစစ်တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
#Dailynews

