ဖားကန့် – ၂၀၂၂ မေ ၇ (မော်ကွန်း)
ဒီကနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့လူထုသပိတ်ရဲ့ ၁ နှစ်နဲ့သုံးလပြည့်တဲ့နေ့ဖြစ်ပါတယ်။
ဒီနေ့ ဖားကန့်မြို့သပိတ်မှာတော့ ကျောင်းယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ ကျောင်းသားတွေ၊ ဆရာတွေအပါအဝင် ပြည်သူလူထုအင်အား ၁၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းထောက်က ပေးပို့ပါတယ်။
ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်ပြီး သတင်းအမှောင်ချထားတာဟာ ၉ လနီးပါးရှိလာပါပြီ။
ဓါတ်ပုံ – CJ
#Dailynews