သတင်းများ

“ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” လက်ပံတောင်းတောင်ဒေသလူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

November 9, 2022

လက်ပံတောင်း – ၂၀၂၂ နိုဝင်ဘာ ၉ (မော်ကွန်း) စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင်ဒေသလူထုသပိတ်စစ်ကြောင်းဟာ နေ့စဉ်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ရက်ပေါင်း ၅၀၀ ပြည့်မြောက်လာခဲ့ပါပြီ။ ဒီကနေ့မှာ လက်ပံတောင်းတောင်ဒေသခံလူထုဟာ “ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” ဆိုတဲ့ သပိတ်ဆောင်ပုဒ်နဲ့အတူ လူအင်အားအများအပြားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တဲ့ နေအိမ်တွေမီးရှို့တာတွေ၊ လူသတ်မုဒိန်းကျင့်မှုတွေ၊ နယ်မြေမငြိမ်သက်မှုတွေကြားမှာ ဒေသခံပြည်သူလူထုဟာ ပါဝင်ဝန်းရံမှု မပျောက်သွားဘဲ ဒီကနေ့ထိ ဆန့်ကျင်တော်လှန်နေဆဲဖြစ်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်ပါတယ်။ ဓါတ်ပုံ – Black Ko #Dailynews

အပြည့်အစုံဖတ်ရန်

ရွာနှစ်ရွာကို တစ်ရက်ထဲ အာဏာသိမ်းစစ်တပ်မီးရှို့

November 8, 2022

ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း) မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မာကလာခြံရွာ၊ မြေစွန်းတော်ရွာတွေကို အာဏာသိမ်းစစ်တပ်ကဒီကနေ့မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အင်အား ၈၀ ခန့်ရှိပြီး မြောင်နယ်နဲ့ ရေစကြိုနယ်ဘက်နှစ်ဖက်ညှပ်ပြီးစစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “ခုစစ်​ကြောင်းက မြေစွန်းတော်မှာ ရှိနေသေးတော့ ဘယ်သူမှ ရွာထဲကိုမသွားရသေးဘူး၊သွားမကြည့်ရသေးဘူး၊မနက်ဖြန်မှ နေအိမ်ဘယ်လောက်လောင်တယ်ဆိုတာကိုအခြေနေသွားကြည့်ရမှာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မနေ့ ညနေပိုင်းကစတင်ပြီး ဆင်ခြေယာကျေးရွာကိုမီးရှို့ပြီးနောက်ဒီကနေ့မနက်ပိုင်းမှာ မာကလာခြံရွာနဲ့မြေစွန်းတော်ရွာကိုမီးရှို့ခဲ့တာလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထပ်မံထိုးလာတာကြောင့်မြောင်နယ်နဲ့ရေစကြိုနယ်အစပ်ကဒေသခံရွာသားတွေထွက်ပြေးနေရတယ်လို့ ဒေသခံကပြောပါတယ်။ ပုံစာ – မီးရှို့ခံနေရတဲ့ မာကလာခြံရွာ ဓါတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

လပြည့်နေ့ည စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးနေအိမ်ထဲကျလို့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံး

November 8, 2022

ဝက်လက် – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာမှာ မနေ့ည ၈:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးဟာ နေအိမ်အတွင်းကျရောက်ခဲ့တာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးပြီး သက်ကြီးရွယ်အိုအဘွားတစ်ဦးနဲ့ကလေးတစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရှိန်းမကားရဲစခန်းအတွင်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ကျေးရွာအတွင်းကနေအိမ်ထဲကို ကျရောက်ပြီးမိသားစုဝင်လေးဦး လက်နက်ကြီးထိမှန်ခဲ့တာလို့ပြောပါတယ်။ “တိုက်ပွဲမရှိပါဘူး၊ မူးပြီးရမ်းပစ်တာ၊လက်နက်ကြီး သုံးချက်ပစ်တယ်၊ ကိုယ်ဝန်သည်အမျိုးသမီးကတော့သေတယ်၊ အဘွားနဲ့ မြေးနဲ့က ဒဏ်ရာပြင်းထန်တယ်”လို့ အဆိုပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အသက်၆၀ ကျော်အမျိုးသမီးနဲ့ အသက် တစ်နှစ်ကျော် ကလေးငယ်တို့ ဒဏ်ရာအခြေနေစိုးရိမ်ရတာကြောင့်ဒီကနေ့မနက်ပိုင်းမှာစစ်ကိုင်းဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့ ဒေသခံဆီကသိရပါတယ်။ ပုံစာ – လက်နက်ကြီးထိမှန်သည့် ‌ကလေးငယ်အပါအဝင် မိသားစု။ ဓါတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့မှာ ကထိန်ပြန်လာသူ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်တပ် ပစ်ခတ်၊ တစ်ဦးထိမှန်

November 8, 2022

မိုးကုတ် – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ မိုးလုံလေလုံခန်းမအနီးမှာ မနေ့နေ့လယ်ပိုင်းက ကထိန်ပွဲပြန်လာသူ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်တာကြောင့် တစ်ဦးကျည်ထိမှန်သွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကြံ့ဖွံ့ရုံးအနီးမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ့တာကြောင့်လမ်းပိတ်ထားချိန်မှာ ပိတ်ထားတဲ့လမ်းထဲဲကို အဆိုပါလူငယ်နှစ်ဦးက ဝင်မိတာကြောင့်ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံကပြောပါတယ်။ ” သူတို့က လမ်းပိတ်ထားတာ၊ ကထိန်ကပြန်လာတဲ့ကလေးနှစ်ယောက်က ဆက်သွားရင်လည်း လမ်းပြောင်းပြန်ဆိုတော့ ပိတ်ထားတဲ့ထဲ ဝင်မိသွားတာ၊ ပထမတစ်ချက်ပစ်တာမထိဘူး၊နောက်နှစ်ချက်မှာထိသွားတာ၊ လမ်းက ဗုံးတွေ့လို့ဆိုပြီးပိတ်ထားတာ”လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ သေနတ်ထိမှန်သွားသူကို စစ်သားတွေက မိုးလုံလေလုံခန်းမထဲကိုဆွဲခေါ်သွားတာကိုမြင်လိုက်ရပြီး ထိခိုက်၊သေဆုံးမှုအခြေနေနဲ့ပတ်သက်ပြီးမသိရသေးဘူးလို့ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရတဲ့သူတွေက ဘယ်သူတွေဆိုတာကိုမသိရသေးပါဘူး။ #Dailynews

အပြည့်အစုံဖတ်ရန်

တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးများဖြင့်စည်ကား

November 7, 2022

ရန်ကုန်-၂၀၂၂ နိုဝင်ဘာ ၇ (မော်ကွန်း) ဒီကနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံဘုရားမှာ မနက်အစောပိုင်းကတည်းက ဘုရားဖူးလာရောက်သူတွေနဲ့ အရင်နေ့တွေကထက်စည်ကားနေပါတယ်။ “မနက်‌ကတည်းက ဘုရားဖူးတွေတော်တော်များတယ်။ အရင်နေ့တွေကထက်ပိုစည်တာပေါ့။ ဒီလိုအခါကြီးရက်ကြီးတွေပဲ ဈေးရောင်းကောင်းတာ၊ ကျန်တဲ့ရက်တွေတော့ဘုရားဖူးနည်းတော့ ရောင်းမကောင်းဘူး”လို့ နိဗ္ဗာန်ကုန်ရောင်းချသူတစ်ဦးကပြောပါတယ်။ လပြည့်နေ့လူပိုမိုစည်ကားတာကြောင့် အာဏာသိမ်းစစ်ကောင်စီက ဘုရားတစ်ခုလုံးမှာ လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး ရဲ၊စစ်သားတွေအပြင် အရပ်ဝတ်တွေနဲ့စောင့်ကြည့်နေသူတွေလည်းရှိပါတယ်။ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်ဦးကိုလည်း အရင်ကသော့ခတ်ထားတဲ့အတိုင်းဖွင့်မထားဘဲ ဘေးနှစ်ဖက်မှာရှိတဲ့ အပေါက်ငယ်လေးတွေကပဲတက်ခွင့်ရပြီး စစ်ကောင်စီလက်အောက်ခံရဲတွေက လုံခြုံရေးယူထားပါတယ်။ “ပုံမှန်နေ့တွေဆိုရင်တော့ အခုလောက်အစစ်ဆေးမကြပ်ဘူး။ ဒီနေ့တော့အစစ်ဆေးလည်းကြပ်တယ်။လုံခြုံရေးယူထားတာတွေလည်းများတယ်”လို့ ဘုရားဖူးလာသူတစ်ဦးကပြောပါတယ်။ အိမ်စီးကားနဲ့လာရောက်သူတွေကိုလည်း ကားတစ်စင်းလုံးဖွင့်စစ်ဆေးတာတွေရှိနေပါတယ်။ ရန်ကုန်မြို့အနှံ့မှာလည်း စစ်ကားတွေနဲ့ကင်းလှည့်နေတာတွေရှိနေပါတယ်။ Photo: Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမှာ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရ

November 5, 2022

ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၅ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့၊ ကျောက်စရစ်ကန်ရွာအနီးမှာ ဒီကနေ့ မနက် ၁၀:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်တပ်သားတွေတိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် မင်းဇော်ဦး ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကျောက်စရစ်ကန်ရွာဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့​ပြီးနောက် စစ်သား ၁၃ဦး ကားနဲ့ စစ်ကူလာရောက်ခဲ့တယ်လို့ပြောပါတယ်။ ” ရွာဇရပ်နားကို အီနာဂါနှစ်လုံးပစ်ချလိုက်တာ၊ ခဏကြာတော့ ကားနဲ့စစ်ကူလာတော့ အသင့်စောင့်နေတဲ့ကျွန်တော်တို့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တာ၊ အပြန်အလှန်ပစ်ခတ်မှုကမကြာဘူး၊ ရှစ်မိနစ်လောက်ပဲရှိမယ်၊ ပျူခေါင်းဆောင် မင်းဇော်ဦးကတော့ ပခုက္ကူဆေးရုံကနေ တခြားဆေးရုံကို လွှဲထားရတယ်လို့သိရတယ်”လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်သားတွေနဲ့ပျူစောထီးတွေထွက်ပြေးကြခဲ့ကြပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာအနီးမှာ မင်းဇော်ဦးရဲ့ဖုန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ပြောပါတယ်။ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ငါးဦးနိုဝင်ဘာ ၁ရက်နေ့က အာဏာသိမ်းစစ်တပ် တိုက်ခိုက်မှုကြောင့်ကျဆုံးသွားမှုအတွက်လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကြောင်းမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၆၀၅ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

November 5, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ နိုဝင်ဘာ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၆၀၅ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရေစကြိုမှာ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး စစ်သားတစ်ဦး​သေ

November 4, 2022

ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၄ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးလမ်းဆုံမှာ နိုဝင်ဘာ၂ရက်က အာဏာသိမ်းစစ်တပ်၊ တပ်သားတွေမိုင်းဆွဲခံရပြီး စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ဆီက သိရပါတယ်။ ကျောက်လှေခါးလမ်းဆုံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက အတားအဆီးတွေနဲ့နာရီဝက်ကြာစစ်ဆေးရေးပြုလုပ်ခဲ့ပြီးနောက် စစ်သားတွေရောက်လာချိန်မှာမိုင်းဆွဲတ်ိုက်ခိုက်ခဲ့တာလို့ Yesagyo Revolution Group အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဂွေးချိုကျေးရွာက စစ်သား ငါးဦးက အတားအဆီးတွေနားကိုရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးတာကြောင့်”ကျောက်လှေခါးရွာကားလမ်းဘေးက စျေးဆိုင်ကလူတွေကို ရိုက်ပြီးစစ်ဆေးတယ်၊ညနေလောက်မှလာပြီး စစ်ဆေးကြတာရွှေတွေလည်း ယူသွားကြတယ်”လို့Yesagyo Revolution Group အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ် တပ်သားတွေက စျေးဆိုင်တွေက ပြည်သူတွေကိုရိုက်နှက်စစ်ဆေးခဲ့ကြပြီး ဖမ်းဆီးတာတော့မရှိဘူးလို့ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို Yesagyo Revolution Group – YRG […]

အပြည့်အစုံဖတ်ရန်

ပန်းပဲတန်းမှာ ဓါးနဲ့ထိုးလုယက်ခံရသူနှစ်ဦး ဆေးရုံကပြန်ဆင်းလာပြီ

November 3, 2022

ရန်ကုန်- ၂၀၂၂၊ နိုဝင်ဘာ ၃ ရက် (မော်ကွန်း) ရန်ကုန်မြို့ ၊ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်က မြန်မာသစ္စာကုန်မာဆိုင်မှာ ဓါးနဲ့ထိုးလုယက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ ဆိုင်ပိုင်ရှင်နှစ်ဦးလုံး ဆေးရုံကပြန်ဆင်းလာပြီလို့ဆိုင်ပိုင်ရှင်ရဲ့မိတ်ဆွေဖြစ်သူက မော်ကွန်းကိုပြောပါတယ်။ “ကျန်းမာရေးကောင်းတယ်။ လောလောဆယ်တော့တစ်ယောက်ပဲ လမ်းလျှောက်လို့မရဘူးဖြစ်နေတာ၊ ပေါင်ကိုဓားထိထားတဲ့တစ်ယောက်။ အကုန်လုံးကိုယ့်အိမ့်ကိုယ်ပြန်ရောက်နေကြပြီ” လို့သူကပြောပါတယ်။ မနေ့က ညနေ ၆:၄၀ အချိန်ခန့်မှာ ဦးထုပ်နဲ့နှာခေါင်းစည်းတွေ တပ်ထားကြတဲ့ လူသုံးဦးက ဆိုင်အတွင်းဝင်လာပြီး မြန်မာသစ္စာဆိုင်ပိုင်ရှင်နဲ့ အမျိုးသားတစ်ဦးကို ဓားနဲ့ထိုးပြီးရန်ပြုခဲ့တာကို စီစီတီဗီမှတ်တမ်းမှာမြင်တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို ဖုန်းသုံးလုံး နဲ့ ပိုက်ဆံ ကျပ်သိန်း ၅၀၀ လောက်ထည့်သွားပြီး ကားတစ်စီးပါယူသွားတယ်လို့ ဆိုင်ပိုင်ရှင်မိတ်ဆွေဖြစ်သူကပြောပါတယ်။ လတ်တလောမှာတော့ လုယက်သူတရားခံသုံးဦးစလုံးကို ဖမ်းမမိသေးပါဘူး။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊ လုယက်မှု၊ ခိုးမှုနဲ့ ခါးပိုက်နှိုက်မှုတွေ တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတာတွေ့ရပါတယ်။ ဓါတ်ပုံ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

November 2, 2022

ယင်းမာပင် – ၂၀၂၂ နိုဝင်ဘာ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကိုတော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ”ရက်ပေါင်း ၆၃၄ မြောက် ကလေးမြို့ပင်မသပိတ်ဆန္ဒထုတ်ဖော်

November 2, 2022

ကလေးမြို့ – ၂၀၂၂ နိုဝင်ဘာ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ “ဖားကန့်-အနန့်ပါ” လေကြောင်းပစ်ခတ်မှုမှာကျဆုံးခဲ့ရသော ပြည်သူတွေနဲ့တော်လှန်ရေးရဲဘော်တွေအတွက်ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ရက်ပေါင်း(၆၃၄)ရက်ရှိပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မြို့ကျေးရွာများ ဖုန်းလိုင်းဖြတ်တောက်ခံထားရ

October 31, 2022

ကော်သူးလေ – ၂၀၂၂ အောက်တိုဘာ ၃၁ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းဖြတ်တောက်ထားတာ သုံးရက်ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ မြို့ပေါ်နဲ့ အာရှလမ်း၊ ကျိုက်ဒုံမြို့တွေမှာ ဆက်တိုက်ဖြစ်ပွါးခဲ့ကာ အဲဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက်၊ သေဆုံးမှုများစွာရှိခဲ့ပြီးနောက် ခုလိုဖုန်းလိုင်းတွေဖြတ်တောက်ခဲ့တာပါ။ “မြို့တောင်ပိုင်းက ရွာတွေအကုန်ဖုန်းလိုင်းမရဘူး။ အင်တာနက်လည်းသုံးမရဘူး။ မြောက်ဘက်ပိုင်းတော့မသိရသေးဘူး” လို့ဒေသခံကပြောပါတယ်။ ဒီလိုသတင်းအချက်အလက်တွေပြတ်တောက်အောင် ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အပေါ် ဒေသခံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာတော့ လူသူခြောက်ကပ်နေကာ ဈေးဆိုင်တွေတချို့လည်း ပိတ်ထားကြပြီး ကုန်ဈေးနှုန်းတွေပါ မြင့်တက်နေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ညဆိုရင် လူအင်အားတစ်ရာဝန်းကျင်နဲ့ ကင်းပုန်းဝပ်နေကြပြီး နေ့ဘက်ဆိုဌာနဆိုင်ရာရုံးတွေ၊ စစ်တပ်၊ရဲတွေ အပြင်မထွက်ရဲကြဘဲ တာဝန်ကျသူတွေသာ အရပ်ဝတ်တွေနဲ့သွားလာစောင့်ကြည့်နေကြတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 166 167 168 169 170 171 172 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."