သတင်းများ

မြိုင်၊ လင်းကတောအာဏာသိမ်းတပ်စခန်းတိုက်ခိုက်ခံရပြီး စစ်သား ခုနှစ်ဦးသေဆုံး

October 22, 2022

မြိုင် – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောအာဏာသိမ်းစစ်တပ်စခန်းကို မနေ့နေ့လယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ဘန်ကာထဲက စစ်သားခုနှစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လင်းကတောစခန်းကို နေ့ခင်းကစတင်ပြီး ပထမအကြိမ်အနေနဲ့ဝင်ရောက်တိုက်ခိုက်ချိန်မှာ အာဏာသိမ်းစစ်တပ်က Mi35 တိုက်လေယာဥ်နဲ့ ကူပစ်ပေးခဲ့တယ်လို့ပြောပါတယ်။ ” ပထမအကြိမ်တိုက်ပွဲဖြစ်တော့ မုံရွာနမခကနေ လေယာဥ်နဲ့ ကူပစ်ပေးတယ်၊ ကျွန်တော်တို့ရဲဘော်တွေအထိအခိုက်မရှိဘူး၊ကျည်ကွယ်မျက်ကွယ်မှာနေကြတော့၊ သူတို့စခန်းကိုစတိုက်တော့ ဘန်ကာထဲက အသင့်မဖြစ်သေးတဲ့သူတွေရှိတယ်၊သူတို့သေကြတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊ တာဝန်ရှိသူက​ပြောပါတယ်။ လင်းကတောစခန်းမှာ အာဏာသိမ်းစစ်တပ်က အင်အား ၅၀ ဝန်းကျင်ရှိပြီး ပထမအကြိမ်အနေနဲ့သုံးနာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။ “ပထမအကြိမ်တိုက်ပြီးတော့ လက်နက်အင်အားမလောက်တော့တာနဲ့ လက်နက်ပြန်ဖြည့်တင်းရတယ်၊ပြီးမှ ပြန်တိုက်ခဲ့တာပါ”လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရေစကြို၊တာဝန်ရှိသူက​ပြောပါတယ်။ ညနေ ၄:၀၀ နာရီမှာ လင်းကတောစခန်းကိုထပ်မံတိုက်ခိုက်ခဲ့ပြီးတိုက်လေယာဥ်ကလည်းထပ်မံပစ်ခတ်ခဲ့တယ်လို့​သူကပြောပါတယ်။ လက်နက်အင်အားမလုံလောက်မှုကြောင့် စခန်းခြံစည်းရိုးကိုသာမီးရှို့နိုင်ခဲ့ပြီးကျည်ကုန်တာကြောင့် ပြန်ဆုတ်ခဲ့ရပြီး စခန်းကိုမသိမ်းနိုင်ခဲ့ဘူးလို့ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၉၀ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 22, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၉၀ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

NUG ကြားကာလ စာသင်ကျောင်းမှာ ကျန်းမာရေးအသိပညာပေး၊ စောင့်ရှောက််မှုတွေပြုလုပ်

October 22, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနဲ့ အာဏာဖီဆန်ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့လုပ်အားရှင်တွေပူးပေါင်းကာ ကျန်းမာရေးအသိပညာပေး၊ စောင့်ရှောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ပါဝင်ခဲ့တဲ့ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဆီက သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသား၊ကျောင်းသူတွေကို ကျန်မာရေးအသိပညာပေးဟောပြောတာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေနဲ့ ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး လိုအပ်တဲ့ဆေးဝါးတွေ ပေးခဲ့တယ်လို့ သပိတ်ကော်မတီကပြောပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ထကြွတော်လှန်၊ကျောင်းသားထုအားမာန်” ကလေးမြို့ပင်မသပိတ် ၆၂၃ ရက်မြောက်ဆန္ဒထုတ်ဖော်

October 22, 2022

ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၂၂ (မော်ကွန်း) ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုတို့ ပူးပေါင်းကာ ဒေသတွင်းက ကျောင်းသားလူငယ်တွေနဲ့အတူ စစ်အာဏာရှင်ကို သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ဖို့၊ ပညာရေးသပိတ်တိုက်ပွဲဆက်လက်အားကောင်းလာစေဖို့ ဒီကနေ့မှာ သပိတ်တရားဟောပြောခဲ့ကြပြီး လူထုသစ္စာအဓိဌာန်ပြုခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ဒီနေ့ဆို ၆၂၃ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးနဲ့ရဲဘော်တစ်ဦး ခေါင်းဖြတ်သတ်ခံရ

October 21, 2022

ပုလဲ – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးနဲ့ရဲဘော်တစ်ဦးကို ဒီကနေ့မနက်အ စောပိုင်းက ခေါင်းဖြတ်သတ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ ပုလဲမြို့နယ်ဂဠုန်နက်အဖွဲ့က ကိုဂဠုန်က မော်ကွန်းကိုပြောပါတယ်။ ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေမနေ့မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားချိန်မှာ အဆိုပါတပ်ရင်းမှူးနဲ့ ရဲဘော်က အဆက်သွယ်ပြတ်တောက်ကျန်နေခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။ ” မနေ့ကထိတွေ့မှုဖြစ်ပြီးတော့ သူတို့နဲ့အဆက်သွယ်ပြတ်သွားတာ၊ဒီမနက်မှ သူတို့အလောင်းတွေကိုထိတွေ့မှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာတွေ့ခဲ့တာ၊ ရိုက်နှက်နှိပ်စက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့တယ်၊ ဗိုက်ကိုလည်းခွဲထားတာ၊ အမျိုးသားအင်္ဂါတွေပါနှစ်ယောက်လုံးဖြတ်ထားတာ၊နောက်ဆုံးမှ ခေါင်းဖြတ်သတ်သွားတာ “လို့ကိုဂဠုန်ကပြောပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဖွဲ့တွေ ပြန်ဆုတ်ချိန်မှာ အဆက်သွယ်ပြတ်တောက်ကျန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တပ်ရင်းမှူးနဲ့ ရဲဘော်တစ်ဥဦးရဲ့အလောင်းတွေကို အဖွဲ့ကသွားရောက်သယ်ဆောင်နေပြီဖြစ်တယ်လို့ သူကပြောပါတယ်။ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာနဲ့ဇီးကုန်ကျေးရွာအနီးမှာအလောင်းတွေကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်သုံးစိီးနဲ့ ရင်ပေါင်တိုင်ကျေးရွာကို စစ်သားတွေပို့ဆောင်ပြီးနောက် အဆိုပါစစ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ […]

အပြည့်အစုံဖတ်ရန်

မုံရွာ၊ ရွှေလှံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုဝင်စီးခံရပြီး နှစ်ဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ

October 21, 2022

မုံရွာ – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ရွှေလှံကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုဟာ ဒီကနေ့မနက် ၄:၀၀ ဝန်းကျင်က ဝင်ရောက်စီးနင်းခံခဲ့ရပြီး နှစ်ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ ပုလဲ မြို့နယ်၊ ပုထိုးသာကျေးရွာမှာမနေ့ညပိုင်းကတပ်စွဲသွားတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေဟာ ဒီမနက်အစောပိုင်းမှာ ရွှေလှံကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ပြောပါတယ်။ “မနက်လေးနာရီဆိုတော့ အကုန်လုံးအိပ်ပျော်နေကြတာ၊ အဲ့ချိန်စခန်းဝင်စီးခံလိုက်ရတာ၊နှစ်ယောက်ကျတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ ဒဏ်ရာရထားတဲ့ ၁၁ယောက်ဖမ်းဆီးခံထားရတယ်လို့သိရပြီး အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ရွှေလှံကျေးရွာမှာယခုချိန်အထိ ရှိနေသေးတယ်လို့သူကပြောပါတယ်။ ရွှေလှံကျေးရွာက ဒေသခံပြည်သူတွေထွက်ပြေးနေရပြီး ဖမ်းဆီးခံထားရသူ အချို့လည်းရှိတယ်လို့ သူကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၉ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 21, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၉ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

October 21, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး

October 20, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဒီကနေ့ မနက်၇:၀၀နာရီဝန်းကျင်က မိုင်းဆွဲခဲ့ပြီးထိတွေ့မှုဖြစ်ခဲ့တာကြောင့်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ဂဠုန်နက်အဖွဲ့က ကိုဂဠုန်ကပြောပါတယ်။ ရင်ပေါင်တိုင်ကျေးရွာမှာ မနေ့ကတပ်စွဲထားတဲ့စစ်သားတွေက ပုထိုးသာကျေးရွာကို စုပေါင်းဖို့လာချိန်မှာ လမ်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးထိတွေ့မှုဖြစ်ပွါးခဲ့တာလို့ပြောပါတယ်။ “ဒီကနေ့မနက်ခုနစ်နာရီလောက်မှာ ထိတွေ့မှုဖြစ်တယ်၊ကျွန်တော်တို့ဘက်က မိုင်းအရင်ဆွဲတော့မိုင်းထိပြီး စစ်သားငါးယောက်သေတယ်၊ကျွန်တော်တို့ဘက်က ရဲဘော်နှစ်ယောက်ကတော့ ကျည်ရှပ်ထိထားတယ်”လို့ ကိုဂဠုန်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့မနက် ၁၀:၀၀ နာရီဝန်းကျင်မှာ ထောက်ပို့ရဟတ်ယာဥ်သုံးစီးနဲ့ စစ်သားတွေကို ရင်ပေါင်တိုင်ကျေးရွာနဲ့ ပုထိုးသာကျေးရွာတွေမှာ ပို့ဆောင်ခဲ့ပြီး တိုက်လေယာဥ်သုံးပစ်ခတ်မှုကြောင့် ပြည်သူသုံးဦးထိခိုက်ကာ နှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။ ” သေတာက ကိုယ်ဝန်သည်အမျိုးသမီးနဲ့သူ့ယောက္ခမထိတဲ့နေရာတင်သေတာ၊ယောက္ခမက ရင်ဘတ်ထိပြီးပွဲချင်း​ပြီးသေတယ်၊ကိုယ်ဝန်သည်လည်း ထိပြီးတခါတည်းဇက်ကျိုးသေတာ၊ အမျိုးသားတစ်ဦး ပေါင်ထိထားသေးတယ်”လို့ကိုဂဋ္ဌုန်ကပြောပါတယ်။ ပေါင်ကိုထိမှန်တဲ့အမျိုးသားက ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သူကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၈ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 20, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၈ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

October 20, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင်ရှေ့ပေါက်ကွဲမှုတွင် ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ)လင်းထက်နိုင်၏မိခင်သေဆုံး

October 19, 2022

ရန်ကုန် – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း) အင်းစိန်ထောင်အရှေ့ပေါက်ကွဲမှုမှာ ဗကသကျောင်းသားဟောင်း ကိုဂျိမ်း(ခ)လင်းထက်နိုင်ရဲ့ မိခင်သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ “သတင်းကအတည်ဖြစ်တယ်။ ပြီးတော့ဒီနေ့က နိုင်ကျဉ်းအများစုရုံးထုတ်တဲ့နေ့” လို့ဗကသကျောင်းသားတစ်ဦးက ပြောပါတယ်။ ဗကသကျောင်းသားဟောင်းကိုဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ဇွန်လက ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အင်းစိန်ထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ တရားရင်ဆိုင်နေရပါတယ်။ ၎င်းရဲ့မိခင်ဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရ အင်းစိန်ထောင် ပါဆယ်လက်ခံတဲ့ အဆောက်အဦရဲ့ အတွင်းနဲ့အပြင်ဘက်မှာ ဒီကနေ့မနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်း သုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ ပြည်သူ ငါးဦးသေဆုံးကာ ၁၈ဦး မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ပုံ – အင်းစိန်ထောင်ရှေ့မြင်ကွင်း (ပုံဟောင်းဖြစ်သည်။) Photo : Mawkun #Dailynews

အပြည့်အစုံဖတ်ရန်
1 … 168 169 170 171 172 173 174 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."