လက်ပံတောင်း – ၂၀၂၂ နိုဝင်ဘာ ၉ (မော်ကွန်း)
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင်ဒေသလူထုသပိတ်စစ်ကြောင်းဟာ နေ့စဉ်ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ရက်ပေါင်း ၅၀၀ ပြည့်မြောက်လာခဲ့ပါပြီ။
ဒီကနေ့မှာ လက်ပံတောင်းတောင်ဒေသခံလူထုဟာ “ရက် ၅၀၀ ခရီးမှသည် အနာဂတ်ဖက်ဒရယ်ဆီသို့ ချီတက်မည်” ဆိုတဲ့ သပိတ်ဆောင်ပုဒ်နဲ့အတူ လူအင်အားအများအပြားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တဲ့ နေအိမ်တွေမီးရှို့တာတွေ၊ လူသတ်မုဒိန်းကျင့်မှုတွေ၊ နယ်မြေမငြိမ်သက်မှုတွေကြားမှာ ဒေသခံပြည်သူလူထုဟာ ပါဝင်ဝန်းရံမှု မပျောက်သွားဘဲ ဒီကနေ့ထိ ဆန့်ကျင်တော်လှန်နေဆဲဖြစ်တယ်လို့ သပိတ်ကော်မတီကထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – Black Ko
#Dailynews

