မှတ်တမ်းများ

ပလက်ဝမြို့သို့ တစ်ခေါက် အပိုင်း(၁)

June 15, 2015

 လွှတ်တော်က ချပေးတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်နဲ့ ပတ်သက်လို့ စုံစမ်း လေ့လာမှုတွေ လုပ်ဖို့အတွက် ကျွန်တော် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ထွက်ခဲ့ပါ တယ်။ ပလက်ဝမြို့ဟာ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်ကိုးမြို့နယ်ထဲကမှ နယ်မြေ အကျယ်ပြန့်ဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး မြို့တစ်မြို့ပါ။           ပလက်ဝမြို့ကို သွားမယ်ဆိုရင် လမ်းကြောင်းက တစ်ခုပဲ ရှိပါတယ်။ ရန်ကုန်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အထိ ကားစီး၊ ကျောက်တော်မြို့ကမှ တစ်ဆင့် ကုလား တန်မြစ်ကြောင်းအတိုင်း ပလက်ဝအထိ စက်လှေ စီးပြီး သွားရတဲ့လမ်းပါ။ အဲဒီလမ်းကပဲ ပလက်ဝကို ရောက်နိုင်ပါတယ်။           ဒါကြောင့် ကျွန်တော့် ခရီး စဉ်ကို ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ကစ္ဆပအထူးခရီးသည်တင်ယာဉ် စီးပြီးတော့ စလိုက်ပါတော့တယ်။ ကား လက်မှတ်ကို […]

အပြည့်အစုံဖတ်ရန်

ဒီမိုကရေစီ

June 15, 2015

ယခု ကာတွန်းမှာ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃) မှဖြစ်ပါသည်။ ဒီမိုကရေစီကွ!      

အပြည့်အစုံဖတ်ရန်

လက်ညှိုးလေး တစ်ချောင်း

June 12, 2015

  ၂၀၁၅- ဖေဖော်ဝါရီထုတ် ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်သည်။ ဥသြ(ချယ်ရီမြေ) ရေးသည်။ လူခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းက အရေး ကြီးဆုံးလဲလို့ စဉ်းစားမိတဲ့အခါ ပုံပြင်လေးတစ်ပုဒ်ကို သွားသတိ ရပါတယ်။ ရွာတစ်ရွာမှာ လူတစ်ယောက်က နေ့တိုင်း မုတ်ဆိတ်မွေး ကို ပွတ်ပြီး စဉ်းစားခန်းဝင်နေတတ်တယ်တဲ့။ ဒါနဲ့ သူ့ကို လူတွေက ပညာရှိလို့ ထင်ကြတာပေါ့လေ။ သူ့ကို အထင်ကြီးသွားတဲ့ သမီး ရှင်တစ်ယောက်က သူ့သမီးနဲ့ ပေးစားလိုက်ရောဆိုပါတော့။ အိမ် ထောင်ကျသွားပြီးတဲ့အခါမှာလည်း အဲဒီလူက မုတ်ဆိတ်မွေးတွေ ပွတ်နေတုန်းပဲတဲ့။ တစ်နေ့လာလည်း ဒီပုံစံ၊ နောက်တစ်နေ့လာ လည်း ဒီပုံစံဆိုတော့ ကြာတော့ ယောက္ခထီးက စိတ်မရှည်တော့ ပါဘူး။ လူလေးရယ်၊ မင်းကိုကြည့်ရတာ စိတ်ကူးအကြံအစည် ကောင်းတွေ ရှိနေတဲ့ပုံ ပေါ်တယ်၊ ဘာစိတ်ကူးတွေများ […]

အပြည့်အစုံဖတ်ရန်

ပေါင်မုန့်

June 11, 2015

၂၀၁၅-ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉)မှ အက်ဆေး  ဖြစ်ပါသည်။ ဝေလင်း ရေးသည်။ ပေါင်မုန့်သည် ကျွန်တော့်ဘဝအတွက် မမေ့နိုင်သော အမှတ်အသားတစ်ခုလိုဖြစ်နေသည်။ ပေါင်မုန့်များကိုတွေ့လျှင် ကျွန်တော့်အဖေကို သတိရမိသည်။ အပြစ်ရှိသလိုလည်း ခံစားရသည်။ ဘယ်သောအခါမှ ပြန်လုပ်ပေး၍ မရနိုင်သော နောင်တတစ်ခုလည်းဖြစ်၏။ အကြောင်းမှာ ကွယ်လွန်သွားပြီဖြစ်သည့် ကျွန်တော့်အဖေ၏ ဆန္ဒတစ်ခုအား မဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်၏။ ကျွန်တော့်အဖေသည် ကျွန်တော် အသက် ၂၂ နှစ် အရွယ် တွင် ကွယ်လွန်သွားခဲ့သည်။ ကျွန်တော် အသက်ခြောက်နှစ် အရွယ်က စ၍ အဖေသည် ကျွန်တော်တို့မိသားစုနှင့်အတူ မနေ နိုင်တော့။ ရဲဝန်ထမ်းအဖြစ် ရန်ကုန်သို့ပြောင်းရွှေ့သွားရခြင်း ကြောင့် ဖြစ်သည်။ နွေရာသီကျောင်းပိတ်သည့်အချိန်ရောက်မှသာ ကျွန်တော်တို့မိသားစု ရန်ကုန်သို့အလည်လာပြီး အဖေ့ကို တွေ့ရသည်။ သို့မဟုတ်ပါက အဖေသည် ကျွန်တော်တို့ရှိရာသို့ နှစ်ရက်၊ သုံးရက်ခန့် […]

အပြည့်အစုံဖတ်ရန်

သောင်းကျန်းသူလား၊ သူပုန်လား၊ သူပုန်ဆိုတာချိုနဲ့လား

June 11, 2015

၂၀၁၄-ဇွန်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ အက်ဆေး ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည်။ ကျွန်တော့်အဖေဟာ စစ်သားတစ်ယောက်ပါ။ မြန်မာ့တပ် မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ပါ။ ကျွန်တော်ဆိုရင် စစ်ဆေးရုံမှာ မွေးပြီး စစ်တပ်ထဲမှာ ကြီးလာ တယ်။ စစ်တပ်မိသားစုတွေ တက်တဲ့ မူလတန်းကျောင်း၊ အထက် တန်းကျောင်းမှာ ပညာသင်ခဲ့ရပြီး စစ်သားကတော် (ဇနီး/ မယား) ဆရာမတွေရဲ့ တပည့်ဖြစ်ခဲ့တာပါ။ အရင်တုန်းက ရှေ့တန်းထွက်တယ်၊ ရှေ့တန်းဝင်တယ်ဆိုတဲ့ မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့ စိတ်အာရုံထဲမှာ ဒီနေ့အထိ ထင် ထင်ရှားရှားရှိနေဆဲပါ။ စစ်သားတွေ ရှေ့တန်းထွက်တဲ့အခါ မိသားစုတွေအဖို့ ဝမ်းနည်းဖို့ကောင်းသလောက် ရှေ့တန်းဝင်လာ တဲ့အခါမှာလည်း အိုးစည်ဒိုးပတ်တွေနဲ့ ပန်းကုံးတွေစွပ်ကြိုကြတာ ဟာ အရမ်းကို ပျော်ဖို့ကောင်းပါတယ်။ ငယ်ငယ်ကဆိုရင် ကျွန်တော့်အဖေရဲ့ တိုက်ပွဲအတွေ့ အကြုံအကြောင်းတွေကို ပြောပြဖို့ ကျွန်တော် […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း နှင့် တွေ.ဆုံခြင်း အပိုင်း(၁)

June 8, 2015

Photo : Khin Maung Myint ၂၀၁၅-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၄) မှ အင်တာဗျူ း ဆောင်းပါး ဖြစ်ပါသည်။ ခင်မောင်မြင့် နှင့် သက်ဦးမွန် မေးမြန်းသည်။ ယခုလမော်ကွန်းမဂ္ဂဇင်း၏ အင်တာဗျူးကဏ္ဍအတွက် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မော်ကွန်းက စစ်တွေ မြို့တွင် မေလဒုတိယပတ်အတွင်းက တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းတို့ အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ အဓိက မေးဖြစ် ခဲ့သည့် အကြောင်းအရာများကတော့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့သည် မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်တော့မည်ဖြစ်ရာ ထိုသုံးနှစ်တာကာ လအတွင်း ယုံကြည်မှုပျောက်ဆုံးသွားသော နှစ်ဖက်လူမှုအသိုင်း အဝိုင်း ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်နေရာချထားရေးများနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သကဲ့သို့ ဝှိုက်ကတ်(White Card) ကိစ္စ၊ နိုင်ငံသားစိစစ်နေသည့်ကိစ္စများကိုလည်း မေးမြန်းဖြစ်ခဲ့ ပါသည်။ […]

အပြည့်အစုံဖတ်ရန်

“ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား နာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာ နာမည် သက်သက်ပါ ပဲ”

June 1, 2015

Photo : Zayar Hlaing ၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်ရေးရာကျွမ်းကျင်သူ ပြင်သစ် ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ နှင့် တွေ.ဆုံမေးမြန်းခြင်း ဉာဏ်လင်း နှင့် ဇေယျာလှိုင် မေးမြန်း ရေးသားသည်။ “ဒီပဋိပက္ခက အသစ်မဟုတ်ဘူး ။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိရောက်သွားတယ်။” Mawkun – ရိုဟင်ဂျာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာပါလဲ။ Jacques – ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိလာခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေ ပြောကြသလို ဒီစကားလုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့စကားလုံးတော့မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီအသုံးနှုန်းကို သွားတွေ့တယ်။ […]

အပြည့်အစုံဖတ်ရန်

မျိုးစောင့်ဥပဒေအပေါ် မတူ ကွဲပြားသော အမြင်များ

January 15, 2015

Photo: Hnin Ko ၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ နှင်းကို မေးမြန်းသည်။ (သက်ဦးမွန်နှင့် ခင်မောင်မြင့် ပံ့ပိုးသည်) ယခုတလော လူပြောများနေသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့  တာဝန်ခံဆရာတော် ဒေါက်တာဓမ္မပီယကို မော်ကွန်းက အင်တာဗျူးခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးရေး ဌာန (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကိုလည်း အင်တာ ဗျူးထားပါသည်။ ထို့ပြင် Women Can Do It(မေ့စွမ်း ရည်) အဖွဲ့မှ ဒေါ်ပျိုးလဲ့ဟန်နှင့်လည်း ဆက်သွယ်မေးမြန်းခဲ့ ပါသည်။ အောက်ဖော်ပြပါတို့မှာ အဆိုပါအင်တာဗျူးများထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ မော်ကွန်းစာဖတ်ပရိသတ် များ ဝေဖန်ဆန်းစစ်နိုင်ကြဖို့ပါ။   အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ […]

အပြည့်အစုံဖတ်ရန်

INTERVIEW with Rakhine History Expert on the recent communal conflict in RakhineState

January 12, 2015

[su_quote]Rohingya is a name, not an ethnic category, that has been revived in modern days to identify Muslims in Rakhine as a separate social group. One may eventually compare it with the name of the Chinese Muslims in Myanmar who are called ‘Panthay’.[/su_quote] Mawkun magazine interviewed Dr. Jacques P. Leider, a Rakhine history expert, on […]

အပြည့်အစုံဖတ်ရန်

တစ်မတ် ငါးမူး စိတ်ကူးများ

January 9, 2015

၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အမေ့ခံဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော်က လူတိုင်းနဲ့ပတ်သက်ခဲ့တဲ့ ပစ္စည်းကို ပြပါဆို ရင် ငွေအကြွေစေ့တွေကို ပြရပါလိမ့်မယ်။ သူတောင်းစားမှသည် သူဌေးသူကြွယ်အထိ ငွေ အကြွေစေ့တွေနဲ့  ထိတွေ့ပတ်သက်ခဲ့ကြတယ်။ ကျွန်တော်တို့မျိုးဆက်လည်း ငွေအကြွေစေ့တွေကို လူမှန်းသိတတ်စအရွယ်ကတည်းက သုံးခဲ့ကြတယ်။ အရေးတော်ပုံကာလ ရှစ်လေးလုံးအထိ ငွေအကြွေစေ့တွေက အသုံးတည့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ငွေကြေး ဖောင်းပွမှု အလွန်အမင်းမြင့်မားလာတာကြောင့် အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ မထုတ်ပြန်ရဘဲ သူ့အလိုလို နိဋ္ဌိတံသွားရတယ်။ ကျွန်တော်တို့ လူလားမြောက်ရချိန်ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဘုန်းမီး နေလတောက်ပချိန်၊ တစ်ကိုယ်တည်း တံခါးပိတ်ဧကစာရီ ကျင့်သုံးချိန်ဆိုပေမယ့် ငွေ ကြေးဖောင်းပွမှုက အလွန်မများသေးဘူး။ မူလတန်းကျောင်းစနေတော့ ငွေတစ်မတ်သာ ကျောင်းမုန့်ဖိုးရတဲ့ အရွယ်ဖြစ်တယ်။ အဲဒီတုန်းက […]

အပြည့်အစုံဖတ်ရန်

ကမ္ဘာ့အင်အားကြီး နိုင်ငံသို့ လေ့လာရေးခရီးတစ်ခေါက်

January 8, 2015

အမေရိကန်တို့၏ တစ်ဦးကို တစ်ဦးလေးစားကြသည့် အပြုအမူတို့ကို မြင်ရသောအခါ တစ်ခါက မြန်မာစီးပွားရေး ပညာရှင်တစ်ဦး ပြောဖူးတာကို ကျွန်တော် အမှတ်ရမိသည်။ သူက မြန်မာလူမျိုးများကြားတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုများ ပျောက်ဆုံးနေခြင်းကြောင့် ယင်းသို့မဖြစ်ရန်အတွက် အခြေခံအပြုအမူအနေဖြင့် တစ်ဦးကို တစ်ဦး ကျေးဇူးတင်ပါသည်ဆိုသည့် စကားကို အပြန်အလှန်ပြောဖို့ လိုအပ်ကြောင်း ပြောပြဖူး သည်။

အပြည့်အစုံဖတ်ရန်

(မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း အမှုဆောင် သမားတော်ကြီး ဦးမြင့်သောင်းနှင့်တွေ့ဆုံခြင်း)

January 8, 2015

Photo: Thi Ri Han ၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ သီတာဝင်း နှင့်သီရိဟန် တွေ့မေးသည်။ ယခုလ မော်ကွန်းမဂ္ဂဇင်းအင်တာဗျူးကဏ္ဍအတွက် မြန်မာ့တိုင်းရင်းဆေးအခြေအနေနှင့်ပတ်သက် ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း အမှု ဆောင်သမားတော်ကြီး ဦးမြင့်သောင်းကို တွေ့ဆုံမေး မြန်းထားပါသည်။ အဓိကမေးမြန်းဖြစ်ခဲ့သည်များက တော့ မြန်မာလူမှုအဖွဲ့အစည်းတွင် တိုင်းရင်းဆေး၏ အခန်းကဏ္ဍ၊ တိုင်းရင်းဆေးကို မည်သူတွေ အဓိက အား ကိုးကြသနည်း၊ အနောက်တိုင်းဆေးနှင့်ယှဉ်လျှင် တိုင်း ရင်းဆေး၏ နေရာ၊ အစိုးရ၏ မူဝါဒ အစရှိသည်တို့ ဖြစ်ပါ သည်။ မော်ကွန်း။  ။ အစိုးရခေတ်အဆက်ဆက်မှာလည်း တိုင်းရင်းဆေး ကို ပံ့ပိုးကူညီမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ယခု အစိုးရသစ်လက် ထက်မှာ […]

အပြည့်အစုံဖတ်ရန်
1 … 35 36 37 38 39

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."