မျိုးစောင့်ဥပဒေအပေါ် မတူ ကွဲပြားသော အမြင်များ

Photo: Hnin Ko

၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

နှင်းကို မေးမြန်းသည်။

(သက်ဦးမွန်နှင့် ခင်မောင်မြင့် ပံ့ပိုးသည်)

ယခုတလော လူပြောများနေသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့  တာဝန်ခံဆရာတော် ဒေါက်တာဓမ္မပီယကို မော်ကွန်းက အင်တာဗျူးခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးရေး ဌာန (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကိုလည်း အင်တာ ဗျူးထားပါသည်။ ထို့ပြင် Women Can Do It(မေ့စွမ်း ရည်) အဖွဲ့မှ ဒေါ်ပျိုးလဲ့ဟန်နှင့်လည်း ဆက်သွယ်မေးမြန်းခဲ့ ပါသည်။ အောက်ဖော်ပြပါတို့မှာ အဆိုပါအင်တာဗျူးများထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ မော်ကွန်းစာဖတ်ပရိသတ် များ ဝေဖန်ဆန်းစစ်နိုင်ကြဖို့ပါ။

အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ဆရာတော် ဒေါက်တာဓမ္မပီယနှင့် တွေ့ဆုံမေးမြန်းခြင်း

မော်ကွန်း။  ။ မျိုးစောင့်ဥပဒေအတွက် ဆောင်ရွက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ပထမဆုံးအနေနဲ့ လိုတိုရှင်း မိန့်ကြားပေး ပါဘုရား။

ဆရာတော်။  ။ မျိုးစောင့်ဥပဒေကတော့ ၁၉၅၄ ဥပဒေရှိခဲ့ဖူး တယ်။ ဒါပေမဲ့လည်း မြန်မာအမျိုးသမီးတွေအနေနဲ့ အခွင့်အရေး ဆုံးရှုံးတာပေါ့။ အဲဒါမျိုးတွေ ကာကွယ်နိုင်အောင်၊ ရှိပြီးသား ဥပဒေကို ပိုပြီးခိုင်မြဲအောင် ဒါက ပြန်တိုက်တွန်းပေးတာပါ။ အဲဒီ နည်းဖြင့် မြန်မာအမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကို ကာကွယ်နိုင် အောင် တစ်ဖက်ကလည်း လွယ်လွယ်နဲ့ အနိုင်မကျင့်နိုင်အောင် အဲဒါလေး (မျိုးစောင့် ဥပဒေ)ကို လုပ်ပေးတာပေါ့။

မော်ကွန်း။  ။ အခုမျိုးစောင့်ဥပဒေထွက်လာပြီဆိုလ့ိုရှိရင် သို့ မဟုတ် ဒီဥစ္စာကိုလုပ်ခြင်းအားဖြင့် နောက်ထပ်အကျိုးဆက်တွေ အနေနဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဘယ်လောက်အထိ ချိန်ဆ ပြီးဆောင်ရွက်နေပါသလဲ။

ဆရာတော်။  ။ ကောင်းကျိုးတွေကတော့ ဒါကိုအတည်ပြုပြီး သွားရင် မြန်မာအမျိုးသမီးတွေက တချို့ထင်ကြသလို အခြားဘာ သာဝင်တွေနဲ့ လက်မထပ်ရဘူးတို့၊ ဘာတို့၊ တကယ်က အဲဒီလို မဟုတ်ပါဘူး။ တစ်နေ့ကတောင် ဘုန်းဘုန်းဆီကို လာပါသေး တယ်၊ မြန်မာအမျိုးသမီးတစ်ယောက်က အရှင်ဘုရားတို့ ဒီ အမျိုးစောင့် ဥပဒေကိုပြဋ္ဌာန်း တဲ့အခါ သူ့ကို အကူအညီပေးပါ၊ ကာကွယ်ပေးပါတဲ့။

သူက နိုင်ငံခြားသား၊ လူမျိုးခြားတစ်ယောက်နဲ့ သုံးနှစ် လောက် အတူနေရတယ်။ အခုသူ(နိုင်ငံခြားသား)က  မပေါင်းနိုင် တော့ဘူးလို့ ပြောတယ်။ သူရှာထားတဲ့ပစ္စည်းတွေကို လည်း ယူ သွားတယ်၊ သူ့(နိုင်ငံခြားသား)ကို တရားဥပဒေအရ စွဲဆိုတဲ့အခါ မှာလည်း ခုနကလို Register (မှတ်ပုံတင်၊ လက်မှတ်ထိုး) လုပ် ထားခြင်းမရှိဘူးဆိုရင် တရားရုံးတော်တွေ ကလည်း ဒါ လူမှုရေး ဖောက်ပြန်မှုဆိုပြီးတော့ ကာကွယ်မပေးနိုင်ဘူးဆိုတဲ့ ထုံးတမ်း အစဉ်အလာဥပဒေက ရှိထားတယ်။

တခြားဘာသာဝင်တွေဆိုရင်(လက်ထပ်ထိမ်းမြားတဲ့ အခါ) ဟိန္ဒူကလည်း ဟိန္ဒူဘာသာဝင်ချင်းဖြစ်ရမယ်။ မွတ် ဆလင်ကလည်း မွတ်ဆလင်ဘာသာဝင်ချင်းဖြစ်ရမယ်။ ခရစ် ယာန်ကလည်း ခရစ်ယာန်ဘာသာဝင်ချင်းဖြစ်ရမယ်။ ဗုဒ္ဓဘာ သာမှာကျတော့ နိုင်ငံခြားသားနဲ့ လက်ထပ်ခွင့်ရှိတယ်။ဘာသာတူ၊ မတူ လက်ထပ်ခွင့်ရှိတယ်ဆိုတဲ့ ခြင်းချက်ထားတဲ့အခါ ကျတော့ဘုန်းဘုန်း(ဗုဒ္ဓဘာသာဝင်)တို့ဘက်က အများကြီး နစ်နာသွားတာပေါ့။ ကာကွယ်မပေးနိုင်ဘူး။ ဒါမျိုးကျတော့ လူမှုရေးဖောက်ပြန်မှုလို့ ရုံးတော်က သတ်မှတ်တယ်။ အဲဒီလို အခွင့်အရေးတွေကို မြန်မာအမျိုးသမီးတွေ မဆုံးရှုံးအောင် ဒီ အမျိုးစောင့်ဥပဒေပေါ်လာတဲ့အခါကျတော့ ကိုယ်တိုင်က လက် မှတ်ထိုး မှ မဟုတ်ဘူး။ ကိုယ်နဲ့ပတ်သက်သူ၊ အစ်ကိုဖြစ်စေ၊ အဖေ ဖြစ်စေ၊ အမေဖြစ်စေ၊ ရပ်ကွက်ဥက္ကဋ္ဌလိုမျိုးရှေ့မှာ လက်မှတ်ထိုး ထားရင် အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ရင် ကိုယ့် ဘက်က နစ်နာမှုမရှိတော့ဘူး။ အမျိုးသမီးအခွင့်အရေးကို မဆုံး ရှုံးတဲ့အပြင် ကာကွယ်တာပေါ့။ ကိုယ်ရဲ့ရပိုင်ခွင့်ပြန်ရနိုင်တာပေါ့။

အခု ဒါမျိုးမရှိတော့ အမျိုးသမီးတွေရဲ့ဘဝက သိပ်ဝမ်းနည်း စရာကောင်းတယ်။ သူ့ဘာသူ အပျော်လင်မယား ဖြစ်ပြီးတော့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့။ အခုက အဲဒီလိုအခြေအနေ မျိုးဖြစ်နေတယ်။ မကာကွယ်နိုင်ဘူး။ ဒီ မျိုးစောင့်ဥပဒေက မြန်မာအမျိုးသမီးတွေရဲ့ စိတ်ချလုံခြုံမှုနဲ့ သူတို့ဂုဏ်သိက္ခာကို ကာ ကွယ်နိုင်ဖို့ သံဃာတော်တွေက အဲဒီရည်ရွယ်ချက်နဲ့ ဒီ အမျိုး စောင့် ဥပဒေ ဖြစ်လာဖို့ပါ။

မော်ကွန်း။  ။ နောက်တစ်ခုကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီးတော့ပေါ့လေ။ ဒီ မျိုးစောင့်ဥပဒေအရဆိုရင် အမျိုးသမီးတွေ ရဲ့ (လွတ်လပ်စွာ)ရွေးချယ်ခွင့်ကို ထိခိုက်စေတယ်။ လူ့အခွင့် အရေးအရဆိုရင် ဒီဥပဒေဟာ တော်တော်ကြီးကိုမှ ကိုက်ညီမှုမရှိ ဘူးလို့ ပြောနေကြတဲ့အပေါ်မှာ အရှင်ဘုရားဘယ်လိုမိန့်ကြားချင် ပါသလဲ။

ဆရာတော်။  ။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရာမှာ လူ့ အခွင့်အရေးနဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ဆိုပြီးတော့ နှစ်မျိုးရှိတယ်။ အခြားဘာသာဝင်တွေက သူ့ဘာသာ အချင်းချင်းသာ လက်ထပ်ရမယ်လို့ ရှိရဲ့သားနဲ့  အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာမှာ မရှိခဲ့လို့ အရင်ပြောခဲ့တဲ့ပြဿနာတွေ ဖြစ်လာတာ ပေါ့။ ဆရာတော်ကြီးတွေ မိန့်သလို ပြောရရင်တော့ ခြံစည်းရိုး ကာတာပေါ့ကွာ။ အိမ်လေးအိမ်ရှိတယ်ဆိုရင် သုံးအိမ်က ခြံစည်း ရိုးကာထားတယ်၊ နောက်ဆုံး ဟိုတစ်အိမ်က မခတ်ဘူး၊ အဲဒီ မခတ်တဲ့အိမ်က ခြံစည်းရိုးခတ်မယ်လုပ်တဲ့အခါမှာ ဟိုသုံးအိမ်က ဘာလို့အပြစ်မြင်သလဲ။ မလုံခြုံလို့ ခတ်တာကို လူ့အခွင့်အရေး ဆိုပြီး ပြောကြတာ။ တကယ်တမ်း လူတွေထင်တာက ကိုယ် ပြော ချင်တာ ပြောလို့ ရတာကို လူ့အခွင့်အရေးလို့ ထင်နေတာ။

အခုဟာက မျိုးစောင့်ဥပဒေကို သံဃာတော်တွေက ထုတ် ပြန်ခြင်းလည်း မရှိဘူး။ ဆွေးနွေးခြင်းလည်း မရှိဘူး။ဘာမှ မလုပ် ရသေးတာကို သံယောင်ကြားနဲ့ ထိုးနှက်တယ်ဆိုတာကို ကြည့် ခြင်းအားဖြင့် Ethnics (လူ့ကျင့်ဝတ်)တွေ ဘယ်လောက်အားနည်း နေတယ်ဆိုတာ၊ ဘယ်လောက်ညံ့တယ်ဆိုတာ သိရတယ်။

ဟိုတစ်နေ့က အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့ကပြောတယ်၊ အရှင်ဘုရားတို့ အဲဒီလိုလုပ်တာတွေကို အမျိုးသမီး တွေကို ဖိတ်သလားတဲ့။ ဥပဒေပြုတယ်ဆိုတာ ဘုန်းဘုန်းတို့ သံဃာတွေကလည်း ပြုတာမဟုတ်ဘူး။ အကြံပေးတာပဲရှိတယ်၊ ဥပဒေပြုတယ်ဆိုတာက ဥပဒေပညာရှင်တွေကပဲ ပြုရမှာ၊ အမျိုး သမီးတွေထဲမှာ ဥပဒေပညာရှင်ရှိရင် ဖိတ်မယ်။ ပါဝင်နိုင်တယ်။  အကြော်ရောင်းနေတဲ့ ပုဂ္ဂိုလ်လိုမျိုးက ဥပဒေအကြောင်း ဆွေး နွေးနေတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ပဲ ပြောမယ်။ ဆိုလိုတာက ပညာရှင်ဟာ ပညာရှင်အပိုင်းပေါ့။ ဥပဒေအကျိုးဆောင်အဖွဲ့မှာ လည်း အမျိုးသမီးတစ်ဦးရှိပါတယ်။ သူကလည်း ထောက်ခံတယ်။

ကိုယ့်မြန်မာအမျိုးသမီးတွေက ဒီဥပဒေအနေနဲ့ ကိုယ့်ကို ကာကွယ်ပေးတာကို ကာကွယ်ပေးမှန်းမသိဘဲနဲ့ အမျိုးသမီး တွေကို ပိတ်ဆို့တယ်လို့ ပြောနေကြတယ်။ ကိုယ့်အကျိုးဆောင် ရွက်သလား၊ သူ့ အကျိုးဆောင်ရွက်သလားဆိုတာ သူတို့မသိလို့ ပြောနေကြတာပါ။ ဒီဟာ ကိုယ့်အကျိုးလုပ်တယ်ဆိုရင် ငြိမ်ပြီး တော့တောင် ထောက်ပံ့ရမှာပေါ့။ အမျိုးသမီးတွေက သူတို့အနေ နဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ သံဃာတော်တွေ က မဆိုင်ဘဲနဲ့ပြောနေတယ်လို့ ဆိုကြတယ်။

တကယ်တမ်းတော့ အဲဒီလိုမဟုတ်ဘူး။ အမျိုးသမီးတွေရဲ့ ဘဝတွေ နစ်နာနေလို့ သံဃာတော်တွေက မလွှဲသာလို့ ပြော တာပါ။ ဥပမာ-ရွှေဝါရောင်အရေးအခင်းဆိုရင် သံဃာတွေနဲ့ ဘာမှမဆိုင်ဘူး။ လူသားတွေ ဆင်းရဲကျပ်တည်းတာရယ်၊ ကုန် ဈေးနှုန်းတွေ မြင့်တာရယ်၊ စက်သုံးဆီဈေးတွေ တက်လာ တာကြောင့်။ အဲဒီအချိန်မှာတုန်းက ဆွမ်းကပ်တဲ့သူတွေ ကပ် ကြတာပဲ။ အခုအချိန်ကျတော့ အပြစ်ပြောလာတယ်။အံ့သြစရာ ကောင်းတယ်။ အဲဒီတော့ ဘုန်းဘုန်းတို့က ဘာပြောချင်လဲဆို တော့ ပြောချင်တဲ့လူတွေ ပြောကြပါစေ။ သည်းခံပြီးတော့ မေတ္တာတရားနဲ့ အလုပ်လုပ်ဖို့ပေါ့။ အမှန်တရားက ရေရှည်မှာ ဘယ်သူ အကျိုးရှိမလဲဆိုတာနားလည်လာမှာပါ။

မော်ကွန်း။  ။ အထက်ကလို ကိုယ့်ဘာသာခြံစည်းရိုးခတ်တယ်လို့ ပြောဖို့အတွက်ပေါ့လေ။ တခြားဘာသာတွေမှာ အရှင်ဘုရားတို့ လေ့လာမိသလောက်  သူတို့ဘာသာ၊ သာသနာအတွက် ဘယ် လောက် အကာအကွယ်ယူထားပါသလဲ။ ခြံစည်းရိုးလိုဟာမျိုး ဥပဒေက လုပ်ထားလို့လား၊ အရှင်ဘုရားအနေနဲ့ အကျဉ်းချုံးပြီး အနည်းငယ် မိန့်ကြားပေးပါ။

ဆရာတော်။  ။ဥပမာဆိုပါစို့ကွာ၊ ဟိန္ဒူဆိုရင် ဟိန္ဒူဘာ သာဝင်အချင်းချင်းပဲ လက်ထပ်လို့ရတယ်။ ဒါတောင် ဟိန္ဒူက လေးမျိုးရှိတယ်။ မွတ်ဆလင်ဆိုရင်လည်း မွတ်ဆလင်ဘာသာ ချင်းသာ ဖြစ်ရမယ်။ ခရစ်ယာန်ဆိုရင်လည်း ခရစ်ယာန်ဘာသာ အရ သူတို့ရဲ့ Church (ဘုရားကျောင်း)မှာပဲ လက်ထပ်ရမယ်။ ဘုန်း ဘုန်းတို့ ဗမာတွေကျတော့ ဖြစ်သလို ထမင်းကျွေးရင် ကျွေး၊ မကျွေးရင် ဘာလဲ၊ ပုဆိုးတန်းတင်ရင်လည်း အကြင်လင် မယား ဖြစ်ဆိုတဲ့ ထုံးတမ်းစဉ်လာဓလေ့ကြီးနဲ့ လုပ်ထားတဲ့အခါ ကိုယ့်ဘက်က အားနည်းနေတာ၊ အားပျော့နေတာကို တွေ့တဲ့ အခါ တစ်ဖက်က အခွင့်ကောင်းယူတာပေါ့။

မော်ကွန်း။  ။ ဘာသာသုံးခု (အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ)က အမျိုးသမီးတွေအနေနဲ့လည်း  အခုလိုမျိုး သူတို့ရဲ့ အခွင့်အရေးကို ကန့်သတ်ထားတဲ့ဟာရှိတဲ့အတွက် သူတို့ကလည်း ဒီဥစ္စာကို တွန်းလှန်ပြီးတော့ ဒီစနစ်ကို ဖျက်ဖို့၊ ဒီဥပဒေကို ဖျက်သိမ်းဖို့ အတွက် သူတို့တွေ ကြိုးစားနေတယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်သူတွေက ဆိုကြပါတယ်။ ဒီအပေါ်မှာ…။

ဆရာတော်။  ။ ဘုန်းဘုန်းတို့လည်း မကြားမိဘူး။ သူတို့ဘာသာ အတွက်လုပ်တာ ဘုန်းဘုန်းတို့ ဘာမှကန့်ကွက်စရာအကြောင်း မရှိဘူး။ သူတို့သင့်တော်လို့လုပ်ထားတာ။ သူတို့သဘောတူရင် သူတို့သိမ်းတယ်၊ သူတို့သဘောမတူရင် သူတို့မသိမ်းဘူးပေါ့။ ဒါ ကတော့ ဒီဘက်က လူ့အခွင့်အရေးရှိလာတော့ အမျိုးသမီး အခွင့်အရေးဘက်ကလည်း ဆိုချင်ဆိုမယ်။ ဘုန်းဘုန်းတို့ကတော့ သူတို့ရှိပြီးသားပဲပြောမယ်လေ။ သူတို့လုပ်ထားတာကိုပဲ ပြော မယ်လေ။ သူတို့ဖျက်သိမ်းတာ၊ မဖျက်သိမ်းတာ သူတို့ကဏ္ဍပေါ့။ ဒါပေမဲ့ ဘုန်းဘုန်းတို့က အခုအချိန်အထိ မကြားဖူးဘူး။ ဒါပေမဲ့ ဒီ မျိုးစောင့်ဥပဒေ ပေါ်လာတော့ ဒီစကားသံ ထွက်ချင်ထွက် မယ်။ အရင်က တစ်ခါမှ မကြားဖူးဘူး။

မော်ကွန်း။  ။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရားတို့အနေနဲ့ ဘယ်တော့လောက် အကောင်အထည် ပေါ်လာနိုင်မယ်ထင်ပါ သလဲ။ အခုအချိန်အထိ ပြင်ဆင်ရတုန်းရှိနေတဲ့အတွက်ကြောင့် လေ။ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုကဏ္ဍတွေ ပါဝင်မယ်၊ ဘာကြောင့် ဒါတွေကို ထည့်ရတယ်ဆိုတာကို ရှင်းပြပေးပါ။

ဆရာတော်။  ။ ဥပဒေအတွက် လက်မှတ်တွေစုဆောင်းပြီးတော့မှ ဥပဒေပြုမှာပါ။ ရက်အကန့်အသတ်ကတော့ သင့်တော်တဲ့အချိန် တစ်ရက်မှာပေါ့။ တင်တဲ့အခါမှာ ဘုန်းကြီးတွေက  ဥပဒေပညာရှင် တွေနဲ့ တိုင်ပင်ပြီး တင်လိုက်ရုံပဲရှိတာ။  ဆုံးဖြတ်ခြင်းတို့၊ အတည် ပြုခြင်းတို့က ဘုန်းဘုန်းတို့ သံဃာတော်တွေနဲ့ မဆိုင်ဘူး။ ဥပဒေ ပြုမယ့် လွှတ်တော်အပေါ်မှာ မူတည်တယ်။ အချိန်အခါပြောလို့ မရဘူး။ ဒါပေမဲ့ အမျိုးသမီးအခွင့်အရေးရှိတဲ့အတွက်ကြောင့် သူတို့ကလည်း ဥပဒေအတည်ပြုတယ်ပေါ့လေ။ အရင်ဥပဒေ ဟောင်းတွေထဲမှာ မှားယွင်းပြီးတော့ ထုတ်တဲ့အခါမှာ အမျိုး သမီးတွေ ဆယ်နှစ်ပြစ်ဒဏ်ပေးရမယ်တို့၊ နောက်တစ်ခါ ပစ္စည်း တွေသိမ်းတာတို့၊ အဲဒါကတော့ ဝိနည်းတော်နဲ့ မညီတဲ့အတွက် ကြောင့် ဘုန်းကြီးတွေက ထောက်ပြပါတယ်။

မော်ကွန်း။  ။ လူ့အခွင့်အရေးသမားတွေ၊ အမျိုးသမီးအခွင့်အရေး သမားတွေ၊ နောက် တခြားဘာသာဝင်တွေအတွက်ပေါ့လေ။ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ သူတို့က အဓိကစိတ်ပူနေ ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရှင်ဘုရား ဘယ်လိုဖြည့်စွက်ပြော ချင်ပါသလဲ။

ဆရာတော်။  ။ ဘုန်းဘုန်းပြောတာက တခြားဘာသာဝင်တွေ သူ တို့ဟာသူတို့ ဉာဏ်ရှိရှိ၊ သူတို့ရဲ့ အမြော်အမြင်ကျယ်ကျယ်နဲ့ ပြု လုပ်ခဲ့တာကို ဘုန်းဘုန်းတို့က ဘာမှပြောစရာမရှိဘူး။ ဒါ သူတို့ရဲ့ ကာကွယ်မှု၊ လုံခြုံမှုကို လုပ်ထားတဲ့အတွက်ကြောင့် ဒါ သူတို့ လုပ် သင့်တာကို လုပ်ထားတယ်လို့ ဘုန်းဘုန်းက ကြည်ကြည်ဖြူဖြူနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးပဲမြင်တယ်။

ဆိုင်တာတစ်ခုကတော့ မြန်မာအမျိုးသမီးတွေ (ဒကာ၊ ဒကာမတွေ)ဆိုတာ ထေရဝါဒအတွက် ပစ္စည်းလေးပါး ထောက်ပံ့ သူတွေပါ။ ဘုန်းဘုန်းတို့ကလည်း ဒီလိုမှီနေတဲ့အခါမှာ ဒီမိသားစု ဝင်တွေ၊ မောင်နှမတွေလို နေလာကြတယ်။  ရဟန်းသံဃာတွေက တကယ်တမ်းကျတော့ ကိုယ့်ရဲ့ ပဋိယတ်၊ ပဋိပတ် စာပေသင်ခြင်း နဲ့ တရားအားထုတ်ခြင်းက လွဲရင် ကျန်တာကို စိတ်မဝင်စားပါ ဘူး။ဒါပေမဲ့လို့ Society (လူ့အဖွဲ့အစည်း)မှာ သိပ်ပြီး ငိုသံတွေ များလာရင်တော့ သံဃာတော်တွေ  ပါလာတတ်တဲ့ သဘောရှိတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးရေးဌာန (Human Rights Education Institute of Burma- HREIB) မှ ညွှန်ကြားရေး မှူး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း

မော်ကွန်း။  ။ လက်ရှိ လွှတ်တော်ကို တင်နိုင်ဖို့အတွက် ဝိုင်းဝန်း အတည်ပြုနေကြတဲ့ ဗုဒ္ဓဘာသာ မျိုးစောင့်ဥပဒေအပေါ်မှာ လူ့ အခွင့်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါလဲ ခင်ဗျ။

ဦးအောင်မျိုးမင်း။  ။ ဥပဒေအရကြည့်မယ်ဆိုလို့ရှိရင် မြန်မာ ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ တခြားလူမျိုးခြား လက်မထပ်ရဘူးဆိုတဲ့ သဘောကို အဓိကဦးတည်ပြီးတော့ ထားတာရှိတယ်။ကျွန်တော် တို့ Society (လူမှုအသိုင်းအဝိုင်း) ထဲမှာ ကိုယ့်ရဲ့ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့အတွက်ဆိုတာလည်း ပါထားတယ်။ နောက် လူ့အခွင့်အရေးမှာ ဆိုလို့ရှိရင်လည်း ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာတရားက လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်ဆိုတာ လည်း ဖော်ပြထားတာရှိတယ်။ မျိုးစောင့်ဥပဒေရဲ့ပုံစံကို ကြည့် မယ်ဆိုလို့ရှိရင် ခုနတုန်းက အမျိုးဘာသာ၊ သာသနာကို စောင့်တဲ့ နေရာမှာ အဲဒီလိုမျိုး ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် နိုင်ငံတကာ စံချိန်နဲ့တော့ သိပ်မကိုက်ဘူး။

နိုင်ငံတကာမှာက အရွယ်ရောက်တဲ့ အမျိုးသား၊ အမျိုး သမီးတိုင်းက လွတ်လပ်စွာလက်ထပ်ထိမ်းမြားခွင့်ရှိတယ် ဆိုတဲ့ ဟာကို ပြဋ္ဌာန်းထားတော့  ဒီလိုလုပ်ဆောင်တဲ့ပုံစံက နိုင်ငံတကာ စံချိန်နဲ့တော့ မကိုက်ဘူး။  အမျိုးဘာသာ၊ သာသနာကို တကယ် စောင့်ရှောက်ချင်လို့ရှိရင် လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဒီလိုမျိုးကိုယ့်ရဲ့ ဘာသာ၊ သာသနာကို လေးစားဖို့ဆိုတဲ့စိတ်မျိုးနဲ့ ကျွန်တော်တို့ အများကြီး လုပ်ဆောင်နိုင်တယ်။ ဟောပြောနိုင်တယ်။ ဒါပေမဲ့ အခုလိုဥပဒေကြီးတစ်ခုအနေနဲ့လုပ်ဆောင်လိုက်တဲ့ဟာကတော့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့မကိုက်ဘူးလို့ ပထမဦးဆုံးပြောချင်တယ်။

နောက်တစ်ခုက ဒီဟာကိုလုပ်ဆောင်တဲ့နေရာမှာ   ကြည့် တဲ့အခါ အမျိုးသမီးတွေကို နိုင်ငံခြားသား (သို့) ဘာသာမတူတဲ့သူ နဲ့ လက်မထပ်ရဘူး။ သူ့ရဲ့ဆန္ဒတွေက အမျိုးမျိုးရှိလာတယ်။ ဘဝကို အမျိုးသားတွေကပဲ အရင်တုန်းက ပုံစံလို ထိန်းချုပ်ပြီး လိုသလို ဆန္ဒပြ၊ လိုသလို ဥပဒေပြုတဲ့ ပုံစံမျိုး ဖြစ်လာတယ်။ ဒါကလည်း အမျိုးသမီးအချို့ အခွင့်အရေးလုပ်ဆောင်နေသူ တွေက ကြိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့မှာ အမြဲတမ်း ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ဆိုတာ အမြဲတမ်းအော်နေကြတယ်။အမျိုးသမီးတွေ ကံကြမ္မာကိုလည်း အမျိုးသမီးတွေ ဖန်တီးခွင့်ရှိရ မယ်။ တကယ်လို့ ဒီလိုမျိုး လုပ်ဆောင်မယ်ဆိုလို့ရှိရင် လုပ်သင့် လား၊ မလုပ်သင့်ဘူးလား၊ အမျိုးသမီးတွေ ဆန္ဒ ဘယ်လိုရှိလဲ၊ ဒါကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မေးဖို့ လိုအပ်တယ်။ ဒါကို လက်ခံ တဲ့ အမျိုးသမီးလည်း ရှိတယ်။ ဒါကိုလက်မခံတဲ့ အမျိုးသမီးလည်း ရှိတယ်။ ဒါက လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပဲ။ အဲဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။

နောက်တစ်ခု ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ လုပ်ထုံးလုပ်နည်းအရ ဒီလိုမျိုး ဥပဒေတွေ လုပ်ဆောင်တယ်ဆို တာတော့ ကျွန်တော်တို့ အမှန်တော့ လူထုအခြေပြုအဖွဲ့ အစည်း တွေပဲ ဖြစ်ဖြစ်၊ Institution (အသင်းအဖွဲ့) တွေပဲဖြစ်ဖြစ် ဒါတွေ ကို ဆွေးနွေးတယ်၊ တိုင်ပင်တယ်၊   ပြီးလို့ရှိရင် အစိုးရကို အကြံ ပေးတယ်။

မော်ကွန်း။   ။ ဒီမျိုးစောင့်ဥပဒေကြီး ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် သူ့(ဥပဒေ)ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘယ်လောက်အထိ သက်ရောက်မှုကြီးမလဲ။

ဦးအောင်မျိုးမင်း။  ။ ဒီဟာကို ပြဋ္ဌာန်းနိုင်မယ်ဆိုလို့ရှိရင် ဥပဒေ ပြဋ္ဌာန်းလိုတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေရဲ့ ဆန္ဒတော့ ပြည့်သွားမှာ ပေါ့။ အဲဒီတော့ ငါတို့အမျိုး ငါတို့ စောင့်ရှောက်မယ်ဆိုတဲ့ ဂုဏ်ယူ မှုစိတ်တော့ဖြစ်လာမယ်။ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုရင်တော့ ဒါမျိုးဖြစ်လာပြီဆိုလို့ရှိရင် နောက်ထပ် မြန်မာမျိုးစောင့်ဥပဒေ ပေါ်လာလိမ့်မယ်၊ ကရင်မျိုးစောင့်ဥပဒေ ပေါ်လာလိမ့်မယ်၊      ကချင်မျိုးစောင့်ဥပဒေပေါ်လာလိမ့်မယ်။ ဒါမျိုးတွေ ထပ်ပေါ် လာရင် ကျွန်တော်တို့ လက်ခံနိုင်မလား။ ဒီခေတ်ကြီးမှာ က ကျွန် တော်တို့က ဘယ်လိုမှ ကိုယ့်အမျိုးပဲ  ကိုယ်ယူရမယ်ဆိုတာကြီးက လုံးဝမဖြစ်နိုင်တဲ့ကိစ္စ။ ဒီလောက်အထိ Globalization ဖြစ်နေ တဲ့ကိစ္စလေ။ အဲဒီတော့ ကျွန်တော်တို့ဘက်က ပြောချင်တဲ့ဟာက  ဒီလိုမျိုးဟာ  လုပ်ဆောင်မယ့်အစား  နှစ်ဦးသဘောတူယူကြ မယ်၊ နှစ်ဦးသဘောတူယူပြီးလို့ရှိရင်လည်း  အတင်းအကျပ် ဘာသာတွေ သွတ်သွင်းတာမရှိရဘူးဆိုတဲ့ ပုံစံမျိုးလောက်ဆိုရင် ကျွန်တော်လက်ခံလို့ရတယ်။ ကိုယ့်ရဲ့ ဘာသာအတိုင်း ကိုယ် ကျင့် သုံးပါ။ နှစ်ဦးရဲ့ဘာသာတရားပေါ်မှာ  အဓိကမထားဘဲနဲ့ ချစ်ခြင်း မေတ္တာနဲ့ သစ္စာတရားကို အဓိကထားတဲ့ အိမ်ထောင်မှုပုံစံဖြစ်ရင် ကျွန်တော်လက်ခံနိုင်တယ်။

အခုဟာ ဥပဒေအရဖြစ်လာမယ်ဆိုရင် တစ်ဦးချင်းရဲ့လွတ် လပ်ခွင့်တွေ အများကြီးထိခိုက်လာလိမ့်မယ်။ ဒီအပေါ်မှာ အခြေခံ ပြီးတော့ နောက်ထပ်လူတွေကလည်း သ့ူအမျိုးသူစောင့်မယ်ဆို ရင် ကျွန်တော်တို့ဆီမှာ ဟိုးရှေးသမိုင်းဦး ကျောက်ခေတ်တုန်း ကလို  ကိုယ်အမျိုးနဲ့ပဲ ကိုယ်ယူပြီးတော့ ကိုယ့်အုတ်ဂူထဲမှာပဲ ကိုယ်မိသားစုထူထောင်တဲ့ ဘဝမျိုးနဲ့ နောက်ပြန်ဆွဲတာမျိုးကို ကျွန်တော်  မမြင်ချင်ဘူးဗျ။

မော်ကွန်း။  ။ အခု ဗုဒ္ဓဘာသာက အမျိုးစောင့်ဥပဒေလုပ်လိုက် သလိုမျိုးပေါ့လေ။ ဥပမာ-မွတ်ဆလင်(အစ္စလာမ်)တို့၊ ဟိန္ဒူတို့မှာ လည်း  သူတို့ရဲ့သာသနာ၊ သူတို့ရဲ့ဘာသာကို ဘယ်လိုမျိုး အကာ အကွယ်ပေးမှုတွေရှိတယ်လို့ လူ့အခွင့်အရေးသမားကျွမ်းကျင်သူ တစ်ဦးအနေနဲ့ လေ့လာမိသလောက် အမြင်ကိုလည်း နည်းနည်း ပြောပါဦး။

ဦးအောင်မျိုးမင်း။  ။ သူတို့အနေနဲ့ တချို့တလေ သူတို့အချင်းချင်းပဲ ယူရမယ်ဆိုတဲ့ ဖိအားပေးတဲ့ အရာမျိုးလေးတွေတော့ ရှိတယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာမှာဆိုလို့ရှိရင်တော့  အဲဒီလိုမျိုးရှိ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါကိုမကြိုက်လို့ ကျွန်တော်တို့ က ဒါကိုပြောင်းမယ်ဆိုပြီး ဘာလို့ သူတို့အတိုင်း လိုက်လုပ်မှာလဲ။ အခုက တချို့လူတွေက ပြောကြပါတယ်၊ စင်ကာပူမှာလည်း ရှိ တယ်၊  မလေးရှားမှာလည်း ရှိတယ်၊  အဲဒါတွေက ကျွန်တော်တို့ ပြောမယ်ဆိုရင် လူ့အခွင့်အရေးစံချိန် သိပ်မမီတဲ့အရာမျိုးဖြစ် တယ်။ ပြီးတော့ သူတို့ဆီမှာရှိလို့ ကိုယ်က လိုက်လုပ်တယ်ဆိုပြီး သူများချိုးဖောက်တဲ့ နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီတဲ့လမ်း ကြောင်းကို ကိုယ်မသွားဘဲနဲ့ သူတို့ထက်ပိုကောင်းတဲ့နေရာမှာ ပြိုင်လိုက်လို့ရှိရင်  ကျွန်တော်တို့ ပိုပြီးတော့ အားမကောင်းဘူး လား။ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရာလည်း ရောက် တယ်။ လူ့အခွင့်အရေးကို မချိုးဖောက်ဘူးဆိုတဲ့  မဇ္ဈိမပဋိပဒါ လမ်းကို ကျွန်တော်တို့သွားလို့ရှိရင် ပိုအဆင်မပြေနိုင်ဘူးလား ဆိုတာကို ပြောချင်တာပါ။

(Women Can Do It- WCDI)အဖွဲ့မှ အမျိုးသမီးအခွင့်အရေး (မေ့စွမ်းရည်) လှုပ်ရှားသူ ဒေါ်ပျိုးလဲ့ဟန်နှင့် အင်တာဗျူး

မော်ကွန်း။  ။ ဒီ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသမီး      အခွင့်အရေးလှုပ်ရှားသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါ်ပျိုးလဲ့ဟန်။  ။ ကျွန်မရဲ့အမြင်ကတော့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်တဲ့ ရည်ရွယ်ချက်ဆိုတော့  ရည်ရွယ်ချက် က ကောင်းတယ်ပေါ့။ ဒါပေမဲ့ သိပ်မရှင်းတာတစ်ခုက မျိုးစောင့် ဥပဒေလို့ရေးထားတယ်။ မျိုးစောင့်ဥပဒေဆိုတော့ ဘယ်လူမျိုးကို ပြောတာလဲပေါ့နော်၊ မြန်မာလူမျိုးကို ပြောတာလား၊ ဘယ်လူမျိုး ကိုပြောတာလဲ၊ တကယ်လို့ ဗမာလူမျိုးကိုပဲ ပြောတယ်ဆိုရင် တောင်မှ ဗမာလူမျိုးမှာ ကိုးကွယ်ရာဘာသာအရ ဗုဒ္ဓဘာသာ တစ်ခုတည်းရှိတာ မဟုတ်ဘူး။ လူမျိုးကတော့ ဗမာလူမျိုး၊ ကိုး ကွယ်တာကတော့ ခရစ်ယာန်ဘာသာပေါ့။ အဲဒီလို လူမျိုးတွေရှိ   ပါတယ်။

ဒီဥပဒေကို ကျွန်မအမြင်အရတော့ ဘာသာကိုစောင့်ဖို့၊ လူမျိုးကိုစောင့်ဖို့ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတယ်လို့ မထင် ဘူး။ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ ဒီလိုမျိုး ဥပဒေပြဋ္ဌာန်းပြီးတော့ အမျိုးသမီးတွေပဲ စောင့်ရမယ်ဆိုတော့ ဒီဟာက အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ မိမိအိမ်ထောင်ဘက် ရွေးချယ်ခွင့်ကို လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ကြည့် ရင် ချိုးဖောက်မှုရှိနေတယ်လို့ မြင်တယ်၊

ဘာသာရေးအမြင်အရဆိုရင်လည်း ဗုဒ္ဓဘာသာဆိုတာ အင်မတန် လွတ်လပ်တဲ့ဘာသာပေါ့နော်။ မြတ်စွာဘုရားလက် ထက်ကတည်းက ဘာသာကိုစောင့်ရှောက်ဖို့ ဥပဒေကြီးတစ်ခု ပြဋ္ဌာန်းခဲ့တယ်ဆိုတာ တစ်ခါမှလည်း မလုပ်ဖူးဘူး။ ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ပဲ ကိုယ့်ဘာသာကို စောင့်ရှောက်ခဲ့တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို သိတဲ့သူတစ်ယောက်က တော်ရုံတန်ရုံအကြောင်းကြောင့် အခြားဘာသာကို ပြောင်းဖို့ရာ၊ အခြားဘာသာကို ယုံကြည်သက် ဝင်သွားတယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။အခြားအကြောင်း နဲ့တော့ ဘာသာပြောင်းမယ်လို့တော့ မမြင်ပါ ဘူး။

နောက်တစ်ခုကကျတော့ အမျိုးသမီးတွေကို ကာကွယ် ပေးချင်တယ်ဆိုလည်း လက်ရှိဥပဒေတွေအရ အမျိုးသမီးတွေ ကို ကာကွယ်ပေးထားတာတွေရှိတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေက အားနည်းနေတယ်။ ဘာ ကြောင့် အားနည်းနေရတာလဲဆိုတော့ ဓလေ့ထုံးတမ်းနဲ့ယုံကြည် မှုတွေအရလည်း အမျိုးသမီးတွေက အကာအကွယ် အစောင့် အရှောက်ခံဆိုတဲ့ အမြင်၊ နောက်တစ်ခုကလည်း အမျိုးသမီးတွေ ဆို တာက အားနည်းတယ်ဆိုတဲ့ အမြင်ပေါ့။ အဲဒီအမြင်တွေကနေ ဥပဒေတွေအပေါ်သွားပြီး ထင်ဟပ်တာပေါ့။

ဥပမာဆိုရရင် Rape Case (မုဒိမ်းမှု)တွေမှာဆိုရင်တောင် မှ အမျိုးသမီးတွေကို ကာကွယ်ပေးရမယ့်အစား ဘယ်လိုဖြစ် လို့မှန်းမှမသိတာဆိုပြီး တရားရုံးတွေက ကောက်ချက်ပေးတဲ့အခါ  ဒါမျိုးတွေက လုပ်ထုံးလုပ်နည်းတွေမှာ သွား ထင်ဟပ်နေတာမျိုး ပေါ့။ အဲဒီလိုမျိုး ထင်ဟပ်နေတဲ့အတွက်ကြောင့် ဒီဥပဒေအစား ရှိရင်းစွဲဥပဒေတွေကို ပြန်လည်အားကောင်းအောင် လုပ်မယ်။ နောက်တစ်ခုကတော့ အခုအချိန်မှာ ကျွန်မတို့အမျိုးသမီးတွေ ဟာ အနှစ်ငါးဆယ်လုံးလုံး စစ်အုပ်ချုပ်ရေးအောက်မှာ အသံကို တိတ်ဆိတ်နေခဲ့ရတယ်။ ကျွန်မတို့ ဘာတွေ ရင်ဆိုင်နေရတယ်၊ အတွေ့အကြုံတွေက ဘာတွေလဲဆိုတာ ထုတ်ဖော်ခွင့် အင်မတန် နည်းခဲ့တယ်။ အခုအချိန်မှ စခါစလေး ရှိသေးတယ်။ အဲဒီတော့ ဒီအချိန်လို ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ကို သွားနေတဲ့အချိန်မှာ နောက်ပြန်ဆုတ်တာမျိုး မဖြစ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေအရ ကျွန်မတို့ အမျိုးသမီးတွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားနိုင်စွမ်းမရှိ သလိုဖြစ်နေတယ်။ ကျွန်မအမြင်ကတော့ အဲဒါ အဓိကအချက်ပဲ။

နောက်တစ်ခုက မိဘအုပ်ထိန်းသူ လက်မှတ်ပါရမယ်လို့ ဒီဥပဒေဘေးမှာ ရေးထားတာ တွေ့ရတယ်။ ကျွန်မတို့က (၁၈)နှစ်ပြည့်ရင် မဲပေးခွင့်ရှိတယ်။ တိုင်းရေးပြည်ရေးမှာတောင် ဆုံး ဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ကိုယ့်အိမ်ထောင်ရေး ဆုံးဖြတ်ဖို့ကို မိဘအုပ်ထိန်းသူလက်မှတ် ပါရမယ်ဆိုတာက တစ်ချက်ပေါ့၊ အဲဒါ ကလည်း ကျွန်မတို့အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက် ခံရတယ်လို့မြင်တယ်။

နောက်တစ်ခုက ကျွန်မတို့အမျိုးသမီးတွေရဲ့ ဥပဒေကို နိုင်ငံတကာစာချုပ်ဖြစ်တဲ့ (Convention to Eliminate All Forms of Discrimination Against Women-CEDAW) ကို တိုင်းပြည်က လက်မှတ်ထိုးထားတယ်။ ၁၉၉၇ မှာပေါ့။အဲဒီ တော့ ဒီလက်မှတ်ထိုးထားတဲ့  CEDAW(စီဒေါ)စာချုပ်အရ ဒီမျိုးစောင့်ဥပဒေဟာ ကျွန်မတို့အမျိုးသမီးတွေရဲ့ အခွင့်အရေး ကို ကျကျနန ချိုးဖောက်နေတယ်လို့မြင်တယ်။ ဒါပေမဲ့ ရည်ရွယ် ချက်ကတော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အမျိုး၊ ဘာသာ၊ သာသနာကို လူတိုင်းစောင့်ရှောက်ချင်ကြတာပဲ။ ခရစ်ယာန်တွေ ထဲမှာလည်း ကျွန်မသူငယ်ချင်း(အမျိုးသမီး)တွေရှိတယ်။ သူတို့ ဆိုရင် သူတို့ရဲ့ထုံးတမ်းစဉ်လာဥပဒေတွေကို ပြန်ပြီးတော့ စိစစ် တယ်။ ထပ်ပြီးတော့ ပိုကောင်းလာအောင်လို့ အမျိုးသမီးတွေကို ပိုကာကွယ်ပေးနိုင်အောင် ကြိုးစားနေတယ်ပေါ့။ ဥပမာ-ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့်လိုမျိုးပေါ့။

(ဒီအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး)ခရစ်ယာန် အမျိုးသမီးတွေ ကြိုးစားနေသလိုပဲ အစ္စလာမ် အမျိုးသမီးတွေဆို ရင်လည်း သူတို့ထုံးတမ်းစဉ်လာ ဥပဒေတွေမှာ သူတို့ကို ကာကွယ်ပေးခြင်းမရှိတာတွေကို ပြန်သုံးသပ်ပြီးတော့ ဒီအခွင့်အရေး တွေနဲ့ ပတ်သက်ပြီး ခြေလှမ်းအသစ်လှမ်းနေတဲ့အချိန်မှာ ကျွန်မ တို့ရဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေအနေနဲ့ သူတို့လည်း ဒီလို လုပ်တာပဲ၊ ငါတို့လည်းဒီလိုလုပ်မှဆိုပြီး နောက်ပြန်ဆုတ်သလို ဖြစ်နေတယ်လို့ ကျွန်မတော့မြင်တယ်။

ပြီးတော့ ဒါမျိုး အမျိုးသမီးတွေကို ဥပဒေထုတ်တာရှိခဲ့ဖူး တယ်၊ ၁၁ ရာစုနှစ်လောက်မှာ အနောက်တိုင်း အလယ်ခေတ် လောက်မှာရှိခဲ့ဖူးတယ်။ အတွေးအခေါ်တွေ နောက်ကျခဲ့တဲ့ခေတ် မှာပေါ့၊ ကျန်ခဲ့ပြီပေါ့။ အခု ကျွန်မတို့ အမျိုးသမီးတွေ နောက်ပိုင်း ခေတ်မှာ ပညာတွေတတ်လာမယ်၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ရှိလာမယ်၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေ ရှိလာမယ်ဆိုရင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်ကိစ္စက သူ့အလို လိုဖြစ်လာမှာပဲ။

မော်ကွန်း။           ။ဒီဥပဒေထွက်လာမယ်ဆိုရင် နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်မလဲ။

ဒေါ်ပျိုးလဲ့ဟန်။  ။ ကျွန်မအမြင်ပြောရရင်တော့ ကောင်းကျိုးကို တော့ မမြင်ဘူး။ ဒီဥပဒေရဲ့ရည်ရွယ်ချက်သုံးခုမှာက အကြမ်း ဖက်မှုတွေကို တားဆီးကာကွယ်ရေးလို့ပြောထားတယ်။ အဲဒီ တော့ ငြိမ်းချမ်းရေးကိုပဲ ရှေ့ဆက်ပြီးတော့ သွားရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေရဲ့ ရှေ့ပိုင်းမှာ ညွှန်းထားတဲ့ စင်ကာ ပူနိုင်ငံက ဥပဒေမျိုးဆိုရင် ကျွန်မ သဘောကျတယ်။ သဘောကျ တယ်ဆိုတော့ ဒါမျိုးလိုက်လုပ်ရမယ်လို့ ဆိုလိုတာလည်း မဟုတ်ဘူး။

ဘာကြောင့် သဘောကျတာလဲဆိုတော့ တစ်အချက်က အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးထား တယ်လို့ ယူဆလို့ပါ။ နှစ်အချက်က အစ္စလာမ်ဘာသာဝင်ဆို လည်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့ထုံးစံတွေကို လေ့လာ ပြီးတော့မှ ဘာသာပြောင်းရမယ်လို့ပြောထားတဲ့ အတွက်ကြောင့် အခြားဘာသာကိုလည်း လေးစားရာရောက်တယ်။ ဥပမာ-အစ္စလာမ်ဘာသာကိုဝင်တဲ့ အမျိုးသမီးတစ်ယောက်က တခြား အကြောင်းတွေဆိုတာထက် ကိုယ်ပြောင်းမယ့်ဘာသာကို ယုံ ကြည်သက်ဝင်ပြီးတော့ ဝင်တယ်ဆိုတာ ပြောင်းမယ့် ဘာသာ အတွက်လည်း အရမ်းကောင်းတယ်။ အဲဒီနှစ်ချက်ကို မဆိုးဘူး လို့မြင်တယ်။

နောက်တစ်ခုက ကျွန်မတို့နိုင်ငံမှာ မှီတင်းနေထိုင်တာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့အတွက်ကြောင့် တိုင်းရင်းသူတွေ အများကြီးရှိတယ်။ ဗမာတိုင်းရင်းသူတင်မကဘူး။ တိုင်းရင်းသူ တွေအားလုံး သက်ရောက်မှုရှိတဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းပေးဖို့ ကောင်းတယ်။ ဒီဟာကကျတော့ တိုင်းရင်းသူတွေအားလုံးကို အကာအကွယ်မဖြစ်ဘူး။ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရည်ရွယ်ထားတယ်ဆိုတဲ့အတွက်ကြောင့် အကုန်လုံးကို မခြုံငုံမိ ဘူးလို့ ထင်တယ်။ နောက်တစ်ခုက လူ့အခွင့်အရေးပေါ့။ကျွန်မ တို့နိုင်ငံက ဒီမိုကရေစီကိုသွားဖို့အတွက် ရှေ့မှာ အများကြီးရင်း နှီးခဲ့ရတယ်၊ နိုင်ငံရေးသမားတွေရော၊ ဘာတွေရော အကုန်လုံး ရင်းနှီးခဲ့ရတယ်။ ဒီမိုကရေစီနိုင်ငံကို သွားချင်တယ်ဆိုရင် ကျွန်မ တို့တွေ တစ်က္ဘာလုံးက လက်ခံထားတဲ့ လူ့အခွင့်အရေးကို လေး စားရမယ်။

နောက်တစ်ခုက အစကတည်းက အမျိုးသမီးတွေအပေါ် မှာ ဓလေ့ထုံးစံယုံကြည်မှုအရ အမြဲတမ်း အမျိုးသမီးတွေက ဒုတိယနေရာမှာ နေရတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်က မိဘအုပ် ထိန်းသူမရှိရင် လင်ယောက်ျားအုပ်ထိန်းသူ ရှိရမယ်ဆိုပြီးတော့ ဓလေ့ထုံးစံဥပဒေက ပြဋ္ဌာန်းထားတယ်ပေါ့။ အဲဒီဓလေ့အယူ အဆကို ဒီဥပဒေက ပိုပြီး အားကောင်းအောင် လုပ်ပေးတယ်လို့ ထင်တယ်။ ဒီဥပဒေကြီးထုတ်ပြန်ရင် ပိုသေချာသွားတယ်လေ။ အမျိုးသမီးတွေက သူတို့အိမ်ထောင်ဘက်ကိုရွေးဖို့ ဦးနှောက်မရှိ လို့ ဒီလိုမျိုး ဥပဒေလုပ်ထားရတယ် ဆိုပြီးတော့ ကျွန်မတို့တွေ နောက်ထပ်ပြီးတော့ ပြန်ဆုတ်သွားမယ်လို့ ကျွန်မ မြင်တယ်။ ရည်ရွယ်ချက်ကတော့ ကောင်းတယ်၊ ကောင်းကျိုးကတော့ မမြင်ဘူး။

အမျိုးသမီးတွေအတွက် ဥပဒေတစ်ခုခု ထုတ်တော့မယ်ဆို ရင် အမျိုးသမီးတွေရဲ့ အသံနဲ့ အတွေ့အကြုံတွေကို သေချာ ထင်ဟပ် သုတေသနလုပ်ပြီးမှ ထုတ်တာ ပိုသင့်တော်တယ်။ နောက်ပြီးတော့ ရှိရင်းစွဲ ဥပဒေတွေကို အားကောင်းအောင်လုပ် တာ ပိုကောင်းတယ်။ ဒီဥပဒေက အမျိုးသမီးတွေ တစ်ဖက်တည်း ကို ဖိနှိပ်တယ်လို့မြင်ပါတယ်။

မော်ကွန်း။  ။ တခြားဘာသာတွေမှာရော ဥပဒေအရ၊ ဓလေ့ထုံး တမ်းအရ  သူတို့ရဲ့သာသနာအတွက်၊ သူတို့ရဲ့ အမျိုးကောင်း သား သမီးတွေအတွက် ဘယ်လိုကာကွယ်ပေးမှုတွေရှိနေပါလဲ။ ဗုဒ္ဓ ဘာသာ အခုလိုမျိုးလုပ်ရတဲ့အပေါ်မှာရော  အစ်မတို့လို အမျိုး သမီးအခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ ဘာများပြောချင်ပါ သလဲ။

ဒေါ်ပျိုးလဲ့ဟန်။     ။ ကျွန်မတို့အမျိုးသမီးသူငယ်ချင်းတွေဆိုရင်လည်း ခရစ်ယာန်ရှိတယ်၊ အစ္စလာမ်တွေရှိတယ်၊ သူတို့ဆီမှာ ဆိုရင်လည်း သူတို့ရဲ့ဓလေ့ထုံးတံဥပဒေတွေမှာ  အမျိုးသမီးအခွင့် အရေးတွေကို ကာကွယ်ပေးထားတာမျိုးမရှိဘူးဆိုပြီး သူတို့ မြင်တဲ့ဥစ္စာရှိတယ်။ ဥပမာ-ခရစ်ယာန်အမျိုးသမီးတွေဆိုရင် လည်း ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တာလေးတွေ၊ ကွဲကွာ နေထိုင်ခွင့်ပေါ့။ အစ္စလာမ်အမျိုးသမီးတွေရော၊ ကျွန်မတို့အရှေ့ အလယ်ပိုင်းက အမျိုးသမီးတွေရော သူတို့ရဲ့အခွင့်အရေးအတွက် အားကြိုးမာန်တက် လုပ်နေတာတွေ တွေ့နိုင်တယ်။ ကျွန်မ အမျိုးသမီးရှုထောင့်ကပဲ ပြောတာပါ။

အဲဒီလိုကျတော့ ကိုယ့်ကိုယ်ကိုယ် စဉ်းစားတွေးခေါ်နိုင်တဲ့ အမျိုးသမီးတွေက ဒီလိုမျိုး ဥပဒေထုတ်မယ့်အစား ဒီဘာသာကို လေးလေးနက်နက်နဲ့ ယုံကြည်လို့ဆိုတာမျိုးက ပိုမကောင်းဘူး လား။ နောက်တစ်ခုကကျတော့  ကျွန်မတို့တွေကို ဒီဥပဒေအရ ဆိုရင် စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ လူတွေလို့ သတ်မှတ်လိုက် တာနဲ့ အတူတူပဲ။ အဲဒီတော့ နိုင်ငံရဲ့ ထက်ဝက်ကျော်က အမျိုး သမီးတွေဖြစ်တဲ့အတွက် အဲဒီနိုင်ငံရဲ့ ထက်ဝက်ကျော်သော အမျိုးသမီးတွေက ကိုယ်ကံကြမ္မာကိုမှ ကိုယ်မဆုံးဖြတ်နိုင်၊ ကိုယ့် ရဲ့အိမ်ထောင်ဘက်ကိုမှ  ကိုယ်မရွေးချယ်နိုင်တဲ့ ကလေးသာသာ ဦးနှောက်လိုမျိုး သတ်မှတ်လိုက်ရင်  ဒီနိုင်ငံ ရှေ့လျှောက်တိုးတက် ဖို့အတွက် ကျွန်မတို့တွေ ဘယ်နှဆလောက် နှေးကွေးသွားမလဲ၊   စဉ်းစားကြည့်ရင်လေ။ ကလေးတွေတောင်မှ ဆုံးဖြတ်နိုင်စွမ်းရှိ  ပါတယ်။

အရင်ဆုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး ဖွံ့ဖြိုးတိုးတက် ဖို့၊ အဓိကတော့ အမျိုးသမီးတွေကို ဖိနှိပ်ထားတယ်ဆိုတာသည် ပညာရေးအခြေခံ၊ အတွေးအခေါ်အခြေခံ  အင်မတန်ကျဉ်းမြောင်း လို့သာ ဒီလိုမျိုးဖိနှိပ်တာလို့ ကျွန်မမြင်တယ်။  ကျွန်မတို့ဗုဒ္ဓ ဘာသာဆိုလို့ရှိရင်လည်း အင်မတန်ကို လူသားဆန်ပြီးတော့မှ အင်မတန်ကို အတွေးအခေါ် လွတ်လပ်ကျယ်ပြန့်မှုကို အားပေးတဲ့ ဘာသာလို့ မြင်တဲ့အတွက်ကြောင့် ဒီဟာသည် ကျွန်မရဲ့ ဘာသာ ရေးအမြင်အရလည်း  သိပ်အဆင်မပြေဘူး။ တော်တော်အဆင် မပြေ၊ တော်တော်ကျဉ်းမြောင်းတဲ့ဟာလို့ ကျွန်မ မြင်တယ်။[:en]( ဆောင်းပါးသည် ထုတ်ဝေပြီးခဲ့သော မော်ကွန်း အမှတ်စဉ် ခြောက် ဇူလိုင်လ ၂၀၁၃ တွင် ဖော်ပြခဲ့သော အင်တာဗျုး ဖြစ်ပါသည်။ )

အရင်ဆုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး ဖွံ့ဖြိုးတိုးတက် ဖို့၊ အဓိကတော့ အမျိုးသမီးတွေကို ဖိနှိပ်ထားတယ်ဆိုတာသည် ပညာရေးအခြေခံ၊ အတွေးအခေါ်အခြေခံ  အင်မတန်ကျဉ်းမြောင်း လို့သာ ဒီလိုမျိုးဖိနှိပ်တာလို့ ကျွန်မမြင်တယ်။  ကျွန်မတို့ဗုဒ္ဓ ဘာသာဆိုလို့ရှိရင်လည်း အင်မတန်ကို လူသားဆန်ပြီးတော့မှ အင်မတန်ကို အတွေးအခေါ် လွတ်လပ်ကျယ်ပြန့်မှုကို အားပေးတဲ့ ဘာသာလို့ မြင်တဲ့အတွက်ကြောင့် ဒီဟာသည် ကျွန်မရဲ့ ဘာသာ ရေးအမြင်အရလည်း  သိပ်အဆင်မပြေဘူး။ တော်တော်အဆင် မပြေ၊ တော်တော်ကျဉ်းမြောင်းတဲ့ဟာလို့ ကျွန်မ မြင်တယ်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."