မသန်စွမ်းတွေအတွက် မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈)

သာမန်ကလေးတစ်ယောက်အတွက် လှစ်ခနဲ ဖြတ်သွားလို့ရတဲ့ ကျောင်းဝင်းတံခါးပေါက်ဟာ အသက် ၁ဝ နှစ်အရွယ် မိုးမြတ်သူအတွက်တော့ ခက်ခဲလှပါတယ်။ တစ်ပေဝန်းကျင်လောက်မြင့်တဲ့ တံခါးအောက်ခြေပေါင်ကို ဘယ်ခြေနဲ့ ကျော် တက်ရမလား၊ ညာခြေနဲ့ ကျော်တက်ရမလား ဆိုတာ ရွေးနေရတာကိုက အလုပ်တစ်ခုလိုဖြစ် နေတယ်။
အဲဒီလိုအချိန်မျိုးမှာ နောက်က အတင်းတိုးဝှေ့ကျော်တက် တဲ့ ကလေးတွေ ရှိတတ်တာကြောင့် ခလုတ်တိုက် လဲကျမသွား အောင် သတိထား ကာကွယ်ပေးနေရတယ်လို့ သမီးဖြစ်သူကို ကျောင်းလိုက်ပို့ပေးတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သ္တာအေးက ဆို ပါတယ်။
ဒုတိယတန်းကျောင်းသူ မိုးမြတ်သူဟာ သူငယ်နာ အကြောတင်းဖြစ်နေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်ပါ တယ်။ သူရဲ့ ဘယ်ဘက်လက်၊ ညာဘက်ခြေထောက်၊ ကုပ်နဲ့ ခါး တို့ဟာ သန်စွမ်းမှုအားနည်းတယ်လို့ မိခင်ဖြစ်သူက ပြောပြ ပါတယ်။
”ကျောင်းဝင်းထဲဝင်တဲ့ အပေါက်ကတည်းက ကလေးက စပြီး အခက်အခဲဖြစ်တာ”လို့ အသက် ၃၄နှစ် အရွယ် ဒေါ်ခင် သ္တာအေးက ညည်းတွားပါတယ်။
မိုးမြတ်သူဟာ စကားပြောရင် မပီသလို သူ့ရဲ့ ဘယ်ဘက် လက်ကို အသုံးပြုဖို့ မေ့နေတတ်လို့ အလုပ်တစ်ခုလုပ်ရင် လက် နှစ်ဖက်စလုံးတွဲသုံးဖို့ သူ့ကို အမြဲသတိပေးရတယ်လို့ မိခင်ဖြစ် သူက ဆိုပါတယ်။ သူလမ်းသွားတဲ့အခါ ခါးကကော့နေပြီး လမ်း လျှောက်တဲ့အခါမှာလည်း ညာဘက်ခြေထောက်က အပြင်ဘက် ကို ဝိုက်ထွက်နေပါတယ်။
မော်ကွန်းက မိုးမြတ်သူ တက်တဲ့ ကျောင်းဝင်းထဲကို ဝင် ရောက် လေ့လာတဲ့အခါမှာ ကျောင်းအခန်းထဲဝင်ဖို့ အမြင့်ကျော် တက်ရတာတွေ၊ ကျောင်းမုန့်ဈေးတန်း သွားတဲ့နေရာမှာ ခင်း ထားတဲ့သဲအိပ်တွေ မညီညာတာတွေနဲ့ အိမ်သာပေါ်ရောက်ဖို့ တစ်တောင်လောက်အမြင့်ကို ထပ်တက်ရတာတွေကို တွေ့ခဲ့ရ ပါတယ်။
အဲဒီလို ကျောင်းဝန်းကျင်အနေအထားမှာ မိုးမြတ်သူဟာ ပထမတန်းတုန်းက အိမ်သာသွားရင်း ချော်လဲလို့ နဖူးတစ်ခါ ပေါက်ဖူးခဲ့သလို အခန်းထဲက ထိုင်ခုံတွေနဲ့ တိုက်မိတာကြောင့် အိမ်ပြန်လာတိုင်း သူ့ညို့သကျည်းဟာ အမြဲလိုလို အညိုအမည်း စွဲလာတယ်လိ့ု သူ့မိခင်က ပြောပါတယ်။
ကိုယ်အင်္ဂါမသန်စွမ်းဖြစ်တဲ့ မိုးမြတ်သူလိုပဲ အခြား မသန် စွမ်းကျောင်းသားတွေ စာသင်ခန်းတွေထဲ ရောက်လာဖို့ အဆောက်အအုံပိုင်းဆိုင်ရာမှာ အတားအဆီးတွေ ရှိနေသလို မသန်စွမ်းကျောင်းသားတွေရဲ့ သဘာဝကို နားလည်ပြီး သေချာ သင်ကြားပေးနိုင်တဲ့ ကျွမ်းကျင်ဆရာမတွေ လိုအပ်နေသေးတာ ကြောင့် မသန်စွမ်း ကျောင်းသားတွေရဲ့ ပညာရေးဟာ ခက်ခဲနေ တုန်းပဲလို့ မသန်စွမ်းရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက မန်နေးဂျင်း ဒါရိုက်တာ ဦးထာအုပ်က ”အဟန့်အတားတွေကို တစ်ခုပြီးတစ်ခု ရေတွက်မယ်ဆို အများကြီးပဲ၊ ဒါတွေကို ကျော်လွှားနိုင်မှ မသန် စွမ်းကလေးတွေ ကျောင်းခန်းထဲ ရောက်လာမှာ ဖြစ်တယ်”လို့ ဆိုပါတယ်။
၂ဝ၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ၁၄ နှစ် အောက် ကလေးငယ်ဦးရေဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၇ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပြီး အဲဒီထဲက ၁ ဒသမ ၃၅ ရာခိုင်နှုန်း (၂၃၂, ဝ၂၁ ဦး) ဟာ မသန်စွမ်း ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အသက် ၁၄ နှစ်အောက် မသန် စွမ်းကလေး တစ်ဝက်နီးပါးဟာ ကျောင်းပညာသင်ခွင့် မရခဲ့ဘူး လို့ ဆိုထားပါတယ်။
ဒါဟာ ခေတ်အဆက်ဆက်က ပညာရေးဝန်ကြီးဌာနမှာ မသန်စွမ်းကလေးတွေကို ကျောင်းလက်ခံရမယ်ဆိုတဲ့ တိကျတဲ့ မူဝါဒတွေမရှိခဲ့လို့ မသန်စွမ်းသူတွေရဲ့ ပညာသင်ယူခွင့်ဟာ နောက်ကျ ကျန်ရစ်ခဲ့တာဖြစ်တယ်လို့ ဦးထာအုပ်က ထောက်ပြ ပြောဆိုပါတယ်။

စာသင်ခန်းထဲတွင် တွေ့ရသည့် အမြင်အာရုံ မသန်စွမ်း ကျောင်းသားတချို့       Photo – Banyar Kyaw

မသန်စွမ်းသူများနဲ့ လူတိုင်း အကျုံးဝင် ပညာရေး

မသန်စွမ်းကလေးတွေ စာသင်ခန်းတွေထဲရောက်လာဖို့ လူတိုင်းအကျုံးဝင်ပညာရေးကို ၂ဝ၁၅ ကစပြီး အစိုးရက အကောင်အထည်ဖော်ခဲ့ပါတယ်။

လူတိုင်းအကျုံးဝင်ပညာရေးဆိုတာကတော့ မသန်စွမ်းသူ တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူတွေကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုမှာ ပညာသင်ယူဆည်းပူးခွင့်ရှိစေဖို့ အခွင့် အလမ်း ဖန်တီးပေးတဲ့ အစီအစဉ်ပါ။

ဒါပေမဲ့ မသန်စွမ်းကလေးတွေဟာ အထူးပညာရေး ကျောင်းတွေမှာသာ တက်ရောက်သင့်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၇၅ ရာခိုင်နှုန်းက ခိုင်မာစွာ ယူဆနေကြဆဲဖြစ် တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂ဝ၁၆ မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းကလေးသူငယ် များ၏ အခြေအနေ ဆန်းစစ်လေ့လာမှုအစီရင်ခံမှာ ဖော်ပြထား ပါတယ်။

အထူးပညာရေးကျောင်းဆိုတာကတော့ မသန်စွမ်းသူတွေ အတွက် အထူးအစီအစဉ်နဲ့ သင်ကြားပေးနိုင်ဖို့ ကျောင်းတွေ တည်ထောင်ဖွင့်လှစ်ပြီး သင့်လျော်တဲ့ သင်ကြားနည်းစနစ်နဲ့ ပညာသင်ကြားပေးတဲ့ အစီအစဉ်ပါ။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မသန်စွမ်းသူတွေ ကို ပညာသင်ကြားနိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ မသန်စွမ်းလူမှု ရေး အသင်းအဖွဲ့တွေက တည်ထောင်ထားတဲ့ မသန်စွမ်း အထူး သင်တန်းကျောင်း ၂၁ ကျောင်း ရှိပါတယ်။ အဲဒီကျောင်းတွေဟာ ရန်ကုန်၊ မ္တလေး၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ ပခုက္ကူ၊ မိတ္ထီလာ၊ စစ်ကိုင်းနဲ့ မုံရွာတို့မှာ တည်ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မသန်စွမ်းကလေးတွေကို အထူးကျောင်းတွေမှာ ပြုစုပျိုး ထောင် သင်ကြားပေးနေတာဟာ နှစ်ပေါင်းအတော်ကြာပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့ မသန်စွမ်းသူတွေအတွက် မလုံလောက်ဘူး လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက òန်ကြား ရေးမှူး ဒေါက်တာကေသီကျော်က ထောက်ပြပါတယ်။

ဦးထာအုပ်ကတော့ မသန်စွမ်းကလေးတွေဟာ နေရာ တိုင်းမှာ ရှိတာကြောင့် သူတို့ကို သီးသန့်ခွဲထုတ်ပြီး အထူးကျောင်း တွေ ပို့တယ်ဆိုတာထက် မြို့နယ်တိုင်းမှာ အသင့်ရှိပြီးသားဖြစ်တဲ့ အစိုးရစာသင်ကျောင်းတွေမှာ မသန်စွမ်းကလေးတွေ လာနိုင် အောင် ပိုကြိုးစားသင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

စာသင်ခန်းအတွင်း ဘီးတပ်ကုလားထိုင် အသုံးပြုရသည့် ကျောင်းသားတစ်ဦးကို တွေ့ရစဉ်     Photo – Banyar Kyaw

မသန်စွမ်းသူတွေကို သီးသန့်ရွေးထုတ်လိုက်ပြီး အထူး ကျောင်းတွေမှာ ထားလိုက်ခြင်းကြောင့် မသန်စွမ်းသူတွေအနေနဲ့ လူ့အဖွဲ့အစည်းထဲမှာ အကျုံးဝင်မှု၊ တခြားလူတွေနဲ့ တစ်သား တည်း ဖြစ်ဖို့ဆိုတဲ့ အနေအထားကို ဟန့်တားသလိုဖြစ်သွားတယ် လို့ သူက ဆက်ပြောပါတယ်။

မသန်စွမ်းကလေးတွေဟာ အထူးကျောင်းတွေက ထွက် လာပြီး လ့ူအဖွဲ့အစည်းထဲရောက်တဲ့အခါ ဘယ်သူနဲ့မှ မဆက်ဆံ တတ်တော့သလို လူ့အဖွဲ့အစည်းကလည်း သူတို့ကို ဘယ်လို ဆက်ဆံရမှန်း မသိဘူးလို့ ဦးထာအုပ်က ထောက်ပြပြောဆို          ပါတယ်။

”မသန်စွမ်းကလေးတွေကို သီးသန့်ဆွဲထုတ်ပြီး စာသင် ပေးတယ်ဆိုတာ လူမှုရေးအရ သတ်တာပဲ” လို့ သူက ဆိုပါတယ်။

၂ဝ၁၇ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်း ဥပဒေအရ မသန်စွမ်းမှုအမျိုးအစားကို လေးမျိုး ခွဲခြားထားပါ တယ်။ အမြင်အာရုံ ချို့ယွင်းအားနည်းသူ၊ အကြားအာရုံ ချို့ယွင်း အားနည်းသူ၊ ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ ဉာဏ်ရည်ချို့ယွင်း အားနည်းသူတို့ ဖြစ်ပါတယ်။  

အဲဒီလေးမျိုးထဲမှာ စာသင်ကျောင်းခန်းထဲကိုရောက်ရှိတဲ့ မသန်စွမ်းအများစုဟာ ကိုယ်အင်္ဂါမသန်စွမ်းသူများနဲ့ အမြင် အာရုံ  မသန်စွမ်းသူများသာ ဖြစ်ပြီး အကြားအာရုံ မသန်စွမ်းသူ များနဲ့ ဉာဏ်ရည်မသန်စွမ်းသူ အများစုကတော့ စာသင်ခန်းထဲ ရောက်ဖို့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ဒေါက်တာကေသီကျော် က ဆိုပါတယ်။

သူ့အဆိုအရတော့ သက်ဆိုင် ရာ အစိုးရကျောင်းတွေမှာ အကြား အာရုံမသန်စွမ်းတဲ့ ကလေးကို  လက် သင်္ကေတပြဘာသာစကားနဲ့ သင် ကြားပေးနိုင်မယ့် ကျောင်းဆရာ၊ ဆရာမတွေ လိုအပ်နေသလို ဉာဏ် ရည်မသန်စွမ်း ကလေးတွေကို သင် ကြားတဲ့အခြေခံသင်ကြားနည်းစနစ်တွေလည်း လိုအပ်နေတယ်လို့ ဆို ပါတယ်။

ကျောင်းပတ်ဝန်းကျင် မြင်ကွင်းတစ်ခု      Photo – Banyar Kyaw

အဆင်သင့် မဖြစ်သေးတဲ့ ကျောင်းဝန်းကျင်

အမျိုးသားပညာရေးမဟာဗျူဟာစီကိန်း ၂ဝ၁၆ အရ ဘုန်းတော်ကြီးကျောင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မူလတန်း ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ပုဂ္ဂလိကကျောင်း စုစုပေါင်း လေးသောင်းအထက်မှာ ရှိတယ်လို့ ဆိုထားပြီး ကျောင်းသူ၊ ကျောင်းသားပေါင်းဦးရေ ရှစ်သန်း အထက်မှာ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ စာသင် ကျောင်းအများစုရဲ့  ၅၅ ရာခိုင်နှုန်းနဲ့ သန့်စင်ခန်းတွေရဲ့ ၇၄ ရာခိုင် နှုန်းဟာ မသန်စွမ်းကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်ပြေသင့်လျော်တဲ့ အခြေအနေ မရှိဘူးလို့ ဖော်ပြထား        ပါတယ်။

လက်ရှိ စာသင်ကျောင်းအများစုဟာ ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ ပုံစံနဲ့ ဆောက်လုပ်ထားတာ ဖြစ် ပေမယ့် မသန်စွမ်းတွေအတွက် ထည့်သွင်းစဉ်းစားပြီး ဆောက် လုပ်တာ မရှိသေးဘူးလို့ အခြေခံပညာရေးဦးစီးဌာနရဲ့ ဒုတိယ òန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ဆိုပါတယ်။

”ကျောင်းလာအပ်တဲ့ (မသန်စွမ်း) ရာခိုင်နှုန်းက နည်း တော့ သူတို့အတွက် မလုပ်ပေးသေးသလို ဖြစ်နေတာပေါ့”လို့ သူက ဆိုပါတယ်။

နယ်မြို့တွေ မဆိုထားနဲ့။ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အခြေခံ စာသင်ကျောင်းအများစုရဲ့ လှေကားထစ်၊ စာသင်ခန်းတွေရဲ့ ဝင်ထွက်ပေါက်၊ စာသင်ခန်းအနေအထား၊ ကစားကွင်းတွေနဲ့ ယုတ်စွအဆုံး အိမ်သာတွေဟာ မသန်စွမ်းကျောင်းသားတွေ အတွက် နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်တယ်လို့ မော် ကွန်းနဲ့ တွေ့ဆုံခဲ့တဲ့ မသန်စွမ်းကျောင်းသားတွေ၊ မိဘအုပ်ထိန်း သူတွေနဲ့ မသန်စွမ်းသူများဆိုင်ရာ ပညာရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

လှိုင်သာယာမြို့နယ်ထဲက အ.ထ.ကခွဲ အမှတ် ၁၆ မှာ ၁ဝ တန်းတက်နေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ ကိုစိုင်းဝင်းဌေး ဆိုရင် စာသင်ခန်းထဲဝင်ဖို့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီ လို တယ်လို့ ဆိုပါတယ်။ စာသင်ခန်းက လျှောက်လမ်းထက် တစ် ထွာလောက်မြင့်တာကြောင့် သူရဲ့ ဘီးတပ်ကုလားထိုင်ကို သူငယ် ချင်းတစ်ဦးက မ,ရွှေ့ပေးရပါတယ်။  

သူ ဒီကျောင်းကို ပြောင်းလာတာ တစ်နှစ်ကျော်ရှိပါပြီ။ သူငယ်တန်းကနေ ရှစ်တန်းအထိ သူတက်ခဲ့တဲ့ လှိုင်သာယာမြို့ နယ်ထဲက အ.လ.က အမှတ် ၂၆ ကျောင်းမှာတော့ ဘီးတပ် ကုလားထိုင်သွားလမ်းနဲ့ ဘိုထိုင်အိမ်သာကို ဧဒင်မသန်စွမ်း သက်ငယ်များပြုစုရာရိပ်မြုံက လှူဒါန်းပေးထားလို့ အဆင်ပြေ ခဲ့တယ်လို့ ပြောပြပါတယ်။

အခုကျောင်းမှာတော့ အပေါ့အပါးသွားဖို့ လိုအပ်လာရင် တောင် အိမ်သာထဲ မဝင်တော့ဘဲ အိမ်သာနောက်က ချုံထဲမှာပဲ ”အိမ်သာနံရံလေး ကိုင်ပြီး သွားလိုက်တယ်”လို့ သူက ဆိုပါ တယ်။ အပြင်ထွက်ရင် သူငယ်ချင်းတစ်ယောက် အကူအညီလို တာကြောင့် ကိုးတန်းတစ်နှစ်လုံးဟာ အခန်းထဲမှာပဲ ရှိနေဖြစ် တယ်လို့ သူက ဆိုပါတယ်။

”အရမ်း ငြီးငွေ့လာမှ အပြင်ထွက်ဖြစ်တယ်”လို့ အသက် ၂ဝ အရွယ် ၁ဝ တန်းကျောင်းသား ကိုစိုင်းဝင်းဌေးက ပြောပြ       ပါတယ်။

အခုထိ ကျောင်းအိမ်သာကို မဖြစ်မနေ သွားရတဲ့ အချိန် တိုင်းမှာ အခက်ခဲရှိနေတုန်းပါပဲ။ အဲဒီလို ကျောင်းအိမ်သာ အသုံး ပြုတိုင်းမှာ သူ့ဘီးတပ်ကုလားထိုင်ကို အိမ်သာထဲ တွန်းတင်ဖို့ သူငယ်ချင်းသုံးယောက်ရဲ့ အကူအညီကို ယူနေရတယ်လို့ မော် ကွန်းကို ပြောပြပါတယ်။

သူတို့ကျောင်းက အိမ်သာက ဆောင့်ကြောင့်ထိုင်တက် ရတဲ့ အိမ်သာဖြစ်တာကြောင့် အမြဲ အခက်တွေ့ရတယ်လို့ သူက ပြောပြပါတယ်။

အေးမေတ္တာ မသန်စွမ်းရိပ်မြုံမှ မသန်စွမ်း ကလေးတချို့            Photo-Banyar Kyaw

စာသင်ခန်းအတွင်းက စိန်ခေါ်မှု

၂ဝ၁၅ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂ဝ အရ မသန်စွမ်းသူတိုင်းဟာ အခြားသန်စွမ်းသူများ နည်းတူ ပညာသင်ယူခွင့်ရှိသလို အစိုးရပိုင်၊ အများပိုင်၊ ပုဂ္ဂလိက ပိုင်နဲ့ အဖွဲ့အစည်းပိုင်ကျောင်းများ၊ သင်တန်းများ၊ အသက်မွေး ဝမ်းကျောင်းများ၊ သိပ္ပံများ၊ ကောလိပ်နဲ့ တက္ကသိုလ်များတွင် လည်း ပညာသင်ယူခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကျောင်းစာသင်ခန်းထဲ ရောက်လာတဲ့ မသန်စွမ်း ကျောင်းသားတွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ တတ် ကျွမ်းနားလည်တဲ့ ဆရာတွေက ကျောင်းတိုင်းမှာ မရှိသေးသလို သင်ထောက်ကူပစ္စည်းတွေလည်း မရှိသေးဘူးလို့ မသန်စွမ်းသူ များ ပညာရေးဆိုင်ရာ ဆောင်ရွက်သူတွေက ဆိုကြပါတယ်။

အနောက်ပိုင်းတက္ကသိုလ်မှာ ဒဿနိကဗေဒဘာသာရပ်နဲ့ နောက်ဆုံးနှစ်တက်နေတဲ့ အမြင်အာရုံမသန်စွမ်းသူ ကိုသန်း ထွဋ်ဝင်းအတွက်တော့ တက္ကသိုလ်က ထုတ်ပေးထားတဲ့ ပုံနှိပ် စာအုပ်က ဘာမှ အသုံးမဝင်ဘူးလို့ ဆိုပါတယ်။ သူ့အတွက် လို အပ်တာဟာ ကျောင်းပုံနှိပ်စာအုပ်တွေကို အမြင်အာရုံ မသန်စွမ်း သူတွေ ဖတ်နိုင်အောင်လုပ်ပေးထားတဲ့ ဘရေး (Braille) စာပဲ ဖြစ်ပါတယ်။

ဘရေးစာဆိုတာကတော့ စာရွက်ပေါ်မှာ အစက်ကလေး တွေ ဖောက်ထားတာဖြစ်ပြီး အဲဒီအစက်တွေကို လက်ထိပ်နဲ့ စမ်း သပ်ပြီး ဖတ်ရတာဖြစ်ပါတယ်။ စာရေးသားဖို့ဆိုရင် ဆူးတစ် ချောင်းရယ်၊ အစက်ကလေးတွေ ချနိုင်အောင် အကွက်ဖော်ထား တဲ့ စာရေးပေါင်နဲ့ စာရွက်သားထူထူရယ် လိုအပ်တာဖြစ်ပါတယ်။

ယခင်နှစ်တွေတုန်းကတော့ ကျောင်းက ထုတ်ပေးတဲ့ ပုံနှိပ် စာအုပ်ကို ခဝဲခြံ မျက်မမြင်သင်တန်းကျောင်းမှာ ဘရေးစာ အဖြစ် ပြန်လည်ထုတ်လုပ်ပေးပါတယ်။ ဒီနှစ်မှာတော့ တခြား ဦးစားပေးဘာသာရပ်ဆိုင်ရာ စာအုပ်တွေ များနေတာကြောင့် သူ့အတွက် ဘရေးစာအုပ်တွေ မရသေးလို့ ဒီနှစ်အတွက် စာ တစ်လုံးမှ မရသေးဘူးလို့ ဆိုပါတယ်။

ကျောင်းမှာတော့ ဆရာမတွေက ရှင်းပြတာကို ဖုန်းနဲ့ အသံသွင်းထားပြီး အိမ်မှာ ပြန်နားထောင်ဖြစ်တယ်လို့ သူက ဆို ပါတယ်။

သူ့စိတ်ဆန္ဒကတော့ ကျောင်းတိုင်းမှာ ဘရေးပုံနှိပ်စာအုပ် တွေ ထုတ်ပေးစေချင်သလို စာမေးပွဲ ဖြေတဲ့အခါမှာလည်း တခြားလူကို တစ်ဆင့်ပြန်ရေးခိုင်းတာထက် ဘရေးစာနဲ့ပဲ ဖြေ ဆိုချင်တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ တက္ကသိုလ်ဝင်တန်းမှာဖြစ်ဖြစ်၊ တက္ကသိုလ်မှာဖြစ်ဖြစ် ဘာသာရပ်တိုင်းကို အင်္ဂလိပ်လို သင်တာ ဖြစ်လို့ တစ်ဆင့် စာပြန်ရေးပေးတဲ့ စာမေးပွဲအကူက စာလုံး ပေါင်းမသိရင် ပေါင်းပြရတာ၊ မေးခွန်းနားမလည်ရင် ပြန်ဖတ်ရ တာတွေဟာ စာမေးပွဲအချိန် သက်သက်ကုန်စေတာကြောင့်ဖြစ် တယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ကျောင်းတွေမှာ ဘရေးစာကို နားလည်တဲ့သူ တွေကို ခန့်အပ်ထားပြီး စာမေးပွဲစနစ်ကို ဖြေရှင်းပေးစေချင် တယ်လို့ သူက ဆိုပါတယ်။

Photo-Banyar Kyaw

စာနာ နားလည်ပေးဖို့လို

သင်ကြားရေးစနစ်များအပြင် အခြေခံအဆောက်အအုံ ဘက်မှာလည်း ကျောင်းဆောင်တွေ စတင်ဆောက်လုပ်က တည်းက မသန်စွမ်းတွေ သွားလာဖို့ ထည့်သွင်းစဉ်းစားဆောက်ခဲ့ မယ်ဆိုရင် အဆောက်အအုံတွေကို ပြန်ဖျက်၊ ပြန်ဆောက်တာ ထက် ကုန်ကျစရိတ်ပိုသက်သာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်း သူများအဖွဲ့ချုပ်က မသန်စွမ်းသူများ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးတင်ဇာမောင်က ဆိုပါတယ်။

ဒါ့အပြင် ဆောက်လုပ်ပြီးတဲ့ ကျောင်းဆောင်တွေနဲ့ မသန် စွမ်းကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်း ဖို့ဆိုရင် အတန်းပိုင်ဆရာမတွေရဲ့ ကလေးတွေအပေါ် ပြုမူဆက် ဆံပုံနဲ့ ကျောင်းအသိုင်းအဝိုင်းရဲ့ အကူအညီ အများကြီးလိုအပ် တယ်လို့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေနဲ့ မသန်စွမ်း ကလေးမိဘတွေက မော်ကွန်းကို ပြောကြပါတယ်။

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက အစီအစဉ် ကြီးကြပ်ရေးမှူးဖြစ်တဲ့ ဦးဌေးအောင်က ”မသန်စွမ်း ကျောင်းသူ၊ ကျောင်းသားတွေအပေါ်မှာ နားလည်မှုရှိရင် လိုအပ်တာကို လုပ် ပေးနိုင်မယ်ထင်တယ်”လို့ သူက ဆက်ပြောပါတယ်။  

တစ်ဖက်မှာလည်း အဆောက်အအုံ ဘယ်လောက်အဆင် ပြေနေပါစေ ဆရာတွေရဲ့ ”ပြုမူဆက်ဆံတာ မကောင်းဘူးဆိုရင် အဲဒီကလေးက ကျောင်းမပျော်ဘူးပေါ့” လို့ သူက မှတ်ချက်ပြု ပါတယ်။

အခြေခံပညာရေးဦးစီးဌာနရဲ့ ဒုတိယòန်ကြားရေးမှူး ချုပ်ဖြစ်တဲ့ ဦးရဲလင်းမြင့်ကလည်း အပေါ်ထပ်တက်ဖို့ ခက်ခဲတဲ့ ကလေးတွေအတွက် ကျောင်းအုပ်ကြီးက အဲဒီကလေးရဲ့ အတန်း ကို မြေညီထပ်မှာ စီစဉ်ပေးလိုက်ခြင်းက အဆင်ပြေနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။  

ဒါပေမဲ့ ”အိမ်သာကိစ္စ အထိတော့ အဆင်ပြေအောင်တော့ ကျောင်းတိုင်းတော့ အဆင်မပြေသေးဘူးပေါ့”လို့ သူက ဆို        ပါတယ်။

သူ့အဆိုအရတော့ နောက်ပိုင်းမှာ မသန်စွမ်းကလေးတွေရဲ့ ကျောင်းတက်နှုန်းများလာတဲ့အပေါ် မူတည်ပြီး အခြေခံ အဆောက်အအုံပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာနိုင် ပါတယ်လို့ မှတ်ချက်ပြုပါတယ်။

 

အထူးပညာရေးဘာသာရပ် ပြဋ္ဌာန်းပါ

မသန်စွမ်းကလေးတွေကို သင်ကြားပေးနိုင်တဲ့ ဆရာတွေ ပေါ်ထွက်လာအောင် အထူးပညာရေးဘာသာရပ် ပြဋ္ဌာန်းထား တာမရှိလို့ မူလတန်းပြဆရာတွေကအစ  အထက်တန်းပြဆရာ တွေအဆုံး မသန်စွမ်းကလေးတွေနဲ့ ပတ်သက်ပြီး သင်ကြားမှု ပိုင်းမှာ မကျွမ်းကျင်ကြသလို ကျွမ်းကျင်ဆရာတွေ မွေးထုတ် ပေးတဲ့သင်တန်းတွေလည်း ပညာရေးဝန်ကြီးဌာနအောက်မှာ မရှိဘူးလို့ မိဘတွေနဲ့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေက ထောက်ပြကြပါတယ်။

ကြည်မြင်တိုင်မြို့နယ်ထဲက အ.ထ.က ၅ ကျောင်းမှာ အထက်တန်းပြလုပ်နေတဲ့ ဆရာမတစ်ဦးကတော့ အမြင်အာရုံ မသန်စွမ်းတဲ့ ကလေးတွေကို ရုတ်တရက်စတွေ့ချိန်မှာ သချာၤ ဘာသာရပ်ကို သူတို့နားလည်အောင် ဘယ်လိုသင်ပေးရမလဲ ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

သူဟာ ပညာရေးတက္ကသိုလ်က ပညာရေးမဟာဘွဲ့ ရထား တာဖြစ်ပေမယ့် အမြင်အာရုံ မသန်စွမ်းကလေးတွေနဲ့ ပတ်သက် တဲ့  သီးသန့့်သင်ရိုးòန်းတမ်းရယ်လို့ သင်ကြားခဲ့ရတာ မရှိခဲ့ဘူး လို့ ဆိုပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ သူဟာ ဘရေးစာရေး တတ်၊ ဖတ်တတ်အောင် လေ့လာနေတယ်လို့ မော်ကွန်းနဲ့ သြဂုတ် မှာ တွေ့ဆုံမေးမြန်းတုန်းက သူကပြောပါတယ်။

သူ့အနေနဲ့ကတော့ မသန်စွမ်းကလေးကို သချာၤဘာသာ ရပ် သင်ကြားပေးတဲ့အခါ စက်ဝိုင်းပုံစံ၊ လေးထောင့်ပုံစံတွေကို ခန့်မှန်းသိလာအောင် လက်ပေါ်မှာ ဝိုင်းပြတာမျိုး ရှိပြီး ကျန်တွက် ချက်တဲ့အပိုင်းတွေကတော့ များသောအားဖြင့် ပါးစပ်အပြောနဲ့ပဲ ရှင်းပြဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာကေသီကျော်ကတော့ လူမှုဝန်ထမ်းအနေနဲ့ ပညာရေးဘက်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း မသန် စွမ်းကလေးတွေ နဲ့ပတ်သက်တဲ့ ဗဟုသုတ အသိပေးတာမျိုးတွေ လုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဦးထာအုပ်ကတော့ မသန်စွမ်းသူတွေကို သင်ကြား ပေးဖို့ လေးနှစ်လောက် သင်ယူရတဲ့ အထူးပြုပညာရပ်ကို                  ”အချိန်ပိုင်းလောက် အသိပညာပေး ဟောပြောပေးတာက ဘယ်လို အဆင်ပြေမလဲ” လို့ ထောက်ပြပါတယ်။

ဒါကြောင့် အထူးပညာရေးဘာသာရပ်ကို သင်ချင်တဲ့သူ တွေအတွက် ပညာရေးကောလိပ်တွေမှာဖြစ်ဖြစ်၊ ဆရာအတတ် သင်တွေမှာဖြစ်ဖြစ် ပြဋ္ဌာန်းပေးရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။  

တစ်ဆက်တည်းမှာပဲ သူက မသန်စွမ်းကလေးတွေ ပညာ ရေးမှာ အမှန်တကယ်အကျုံးဝင်လာဖို့ဆိုရင် မသန်စွမ်းကလေး တွေကို အသုံးမကျတဲ့သူတွေ၊ စာသင်ပေးလည်း ဘာမှထူးမှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ဖျောက်ဖျက်ပစ်ပြီး အပြုသဘော ဘက်က စဉ်းစားကာ ချဉ်းကပ်သင့်တယ်လို့ ဆိုပါတယ်။

အားလုံးရဲ့ စိတ်ထားမမှန်သရွေ့တော့ ”သူတို့(မသန်စွမ်း တွေ)ရဲ့ (ပညာရေး)အကျုံးဝင်ခြင်းဆိုတာ အခက်အခဲ ရှိဦးမှာ ပဲ”လို့ သူက မှတ်ချက်ပြုပါတယ်။

 

#banyar_kyaw

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."