ပြည်ထောင်စုလွှတ်တော်၊ FDA ၊ စားသုံးသူကာကွယ်ရေး NGO များနှင့် မမှန်ကန်သော စားသုံးသူများကို အရေးယူပေးပါရန် တိုင်ကြားခြင်း

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။

 

ဒေါက်တာစိုးခိုင် ရေးသည်။

၂၀၁၄ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေကို ခေတ်နှင့်လျော်ညီပြီး ဥပဒေအရ ပိုမို အကာအကွယ် ပေးနိုင်ရန် လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းကို စားသုံးသူရေးရာ ဦးစီးဌာနမှ သိရကြောင်း ၂၀၁၇ စက်တင်ဘာ ၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြ ခဲ့ပါသည်။

ထိုပြင်ဆင်ထားသော ဥပဒေကို ခန့်မှန်း ၂၀၁၇ နှစ်ကုန် သို့ မဟုတ် လာမည့်နှစ် ၂၀၁၈ နှစ်ဦးတွင် ပြဋ္ဌာန်းနိုင်မည်ဟု ခန့်မှန်း ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ဩန်ကြားရေးမှူး ချုပ်က ပြောကြားသည်ဟု ဖော်ပြပါရှိပါသည်။

ထိုပြင်ဆင်သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စား သုံးသူရေးရာ ဦးစီးဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့် တရားစွဲ ဆိုနိုင်သည်ဟု ဆိုထားပါသည်။ ယခု ၂၀၁၈ စက်တင်ဘာ ၂၇ ရက်၊ ထိုသတင်း ဖော်ပြပြီး တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး ပြင်ဆင်ထား သော ဥပဒေကို ပြဋ္ဌာန်းကြေညာပြီး ဖြစ်ပါက အောက်ဖော်ပြပါ အဖွဲ့အစည်းများအား အမှုဖွင့် တရားစွဲဆို အရေးယူပေးပါရန် တိုင်ကြားလိုက်ပါသည်။

ပထမဆုံး အရေးယူပေးပါရန် တိုင်ကြားလိုသော အဖွဲ့ အစည်းမှာ ပြည်ထောင်စုလွှတ်တော် ဖြစ်ပါသည်။ ပြင်ဆင်ရေး ဆွဲသော စားသုံးသူ ကာကွယ်ရေးဥပဒေသစ်ကို အတည်ပြုပေး မည့် အဖွဲ့အစည်းလည်း ဖြစ်ပါသည်။ ပြည်ထောင်စုသမ်္မတ မြန်မာနိုင်ငံတော်၏ အမြင့်ဆုံး ဥပဒေပြု အဖွဲ့အစည်းလည်း ဖြစ် ပါသည်။

တိုင်ကြားလိုသော အကြောင်းအရာမှာ စားသုံးသူများ အတွက် နစ်နာစေနိုင်သည် ဆိုသော အကြောင်းအရာ၊ ထုတ်ပြန် ကြေညာချက်နှင့် အငြင်းပွားမှုများကြောင့် ပြည်သူများ ထိတ် လန့်စိုးရိမ်ခြင်း (PUBLIC SCARE) ဖြစ်စဉ်များတွင် ပြည်ထောင်စု လွှတ်တော် သက်ဆိုင်ရာရေးရာကော်မတီက လိုအပ်သော ကြား နာစစ်ဆေးခြင်း (SENATE HEARING) ဖြင့် ဝင်ရောက်ကွပ်ကဲ ထိန်းကျောင်းပြီး အမှန်တရားကို တိကျမှန်ကန် ပြတ်သားစွာ စစ် ဆေးဖော်ထုတ်ပေးခြင်း တစ်ကြိမ်တစ်ခါမှ မပြုလုပ်ခဲ့ခြင်းကို အရေးယူပေးပါရန် တိုင်ကြားလိုခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ပြည်ထောင်စုလွှတ်တော်က ကြားနာစစ်ဆေး ခြင်း (HEARING) ပြုလုပ်ပြီး စားသုံးသူ ပြည်သူများအကြား ပျံ့နှံ့ ဖြစ်ပေါ်နေသော သံသယစိတ်နှင့် ထိတ်လန့် ကြောက်ရွံ့ စိုးရိမ် ခြင်းကို အမှန်အတိုင်း သိရှိပိုင်ခွင့် ဆုံးရှုံးစေရာမှ ဇဝေဇဝါ ဝေခွဲ မရ စားရမှာလား မစားရဘူးလား၊ ဟုတ်သလား မဟုတ်ဘူးလား ဟူသော LACK OF RIGHT TO KNOW ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေ သောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်ထောင်စုလွှတ် တော် သက်ဆိုင်ရာရေးရာကော်မတီအား အမှုဖွင့် တရားစွဲဆို အရေးယူပေးပါရန် တိုင်ကြားလိုက်ပါသည်။

ဒုတိယ တိုင်ကြားလိုသော ပုဂ်္ဂိုလ်မှာ အစားအစာနှင့် ဆေး ဝါးကွပ်ကဲ စစ်ဆေးရေးဌာန (FDA) မှာ ထိုစဉ်က ဩန်ကြားရေး မှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာသန်းထွဋ်ကို အရေး ယူ တရားစွဲဆို အမှုဖွင့်ပေးရန် ဖြစ်ပါသည်။ အဂတိလိုက်စားမှုဖြင့် အရေးမယူခံရမီက FDA ဩန်ကြားရေးမှူးချုပ်က “စားသုံးသူ ကာကွယ်ရေးရာနှင့် ပတ်သက်လျှင် FDA သည် တစ်ခုတည်း သော အာဏာပိုင်အဖွဲ့  ဖြစ်သည်” ဟူသော အဓိပ်္ပာယ်သက်ရောက် သည့် ပြောဆိုကြေညာချက် ပြုလုပ်ခဲ့ပါသည်။

ယေဘုယျအားဖြင့် ဒေါက်တာသန်းထွဋ်၏ ထိုပြောကြား ချက်ကို သဘောလည်းတူ၊ ထောက်လည်း ထောက်ခံပါသည်။       “စားသုံးသူကာကွယ်ရေး” ဟူသော ခေါင်းစဉ်ကို တပ်ပြီး မိမိတို့ ကိုယ်ကိုယ် တက်ကြွလှုပ်ရှားသူ (ACTIVITIST) ကိုယ့်ဘာသာကိုယ်  သတ်မှတ်ကာ မီဒီယာများနှင့် စားသုံးသူများ အာရုံစိုက်မှု ရရှိစေ ရန် မသေချာ မရေရာသော အထောက်အထားမဲ့ လှုံ့ဆော်ပြော ကြားချက်၊ ကြေညာချက်များ ပြောဆိုထုတ်ပြန်ကာ ကိုယ်ကျိုး ရှာလိုသော အလှူရှင်မျှော် ကျော်ကြားထင်ရှားမှု ရရှိရေးအတွက် မမှန်မကန် မသမာသော ရည်ရွယ်ချက်ဖြင့် လှုပ်ရှားလုပ်ကိုင်နေ သော စားသုံးသူကာကွယ်ရေးအမည်ခံ မသမာသူအဖွဲ့များ ရှိနိုင် မည်မှာ ဓမ်္မတာ ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများကို နိုင်ငံတော်က  ပေးအပ်သော တရားဝင်လုပ်ပိုင်ခွင့် တာဝန်ဝတ်္တရားနှင့်အညီ ဖော်ထုတ်စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်ကာ စားသုံးသူ ပြည်သူလူထုကို အမှန်တရား သိရှိလာစေရန် လုပ်ဆောင်ရမည်မှာ FDA ၏ တာဝန်ဖြစ်ပါသည်။

သို့သော် FDA သည် ပြည်သူက ပေးသော လစာကို ယူပြီး နိုင်ငံတော်က အပ်နှင်းသော လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ထိုတာဝန် ကို ဆောင်ရွက်ပေးရန် အစဉ်တစိုက် ပျက်ကွက်ခဲ့ပါသည်။ စား သုံးကုန်ပစ်္စည်းတစ်မျိုးနှင့် ပတ်သက်၍ အစိုးရဌာန မဟုတ်သော အဖွဲ့အစည်းတစ်ခု၏ စားသုံးသူ အများပြည်သူသို့ ထုတ်ပြန်ကြေ ညာချက်သည် မှန်ကန်လျှင် မှန်ကန်သည့်အလျောက် ပူးပေါင်း ပါဝင်ပြီး အားပေးကူညီ ပံ့ပိုးဆောင်ရွက်ခြင်း၊ မဟုတ်လျှင် မဟုတ်သည့်အလျောက် မိမိတို့၏ FACILITIES (လုပ်ပိုင်ခွင့်၊ ဓာတ် ခွဲခန်း၊ ကျွမ်းကျင်ပညာရှင်ဝန်ထမ်း) တို့ကို အသုံးပြုပြီး ပြည်သူ များ စိုးရိမ်ထိတ်လန့်မှု ပြေပျောက်သွားအောင် သက်ဆိုင်ရာ မသမာသော အဖွဲ့အစည်းအား တရားစွဲဆိုခြင်း၊ အမှုဖွင့် အရေး ယူခြင်း၊ ဖြစ်စဉ်အမှန်ကို အထောက်အထား ခိုင်လုံတိကျစွာ ပြည် သူများ သိရှိစေရန် ထင်ထင်ရှားရှား ထုတ်ပြန်အသိပေးခြင်းတို့ ကို ဆောင်ရွက်ရမည် ဖြစ်ပါလျက် FDA သည် ထိုမမှန်မကန် ထုတ်ပြန်ကြေညာခြင်းများအပေါ် (တိကျစွာ ဖော်ထုတ်ပေးရ မည် ဖြစ်ပါလျက်) အေးစက်စွာ တုံ့ပြန်ခြင်း၊ မည်သည့်အရေးယူ  သက်သေပြ တန်ပြန်ထုတ်ပြန်မှု မရှိခြင်းဖြင့် စားသုံးသူ ပြည်သူ လူထုအပေါ် မိမိပြုလုပ်ပေးရမည့် တာဝန်ဝတ်္တရားကို ပျက်ကွက် ခဲ့ပါသည်။ ထိုသို့ ပျက်ကွက်မှုအတွက် တာဝန်အရှိဆုံးသူ ဖြစ် သော FDA ၏ ဩန်ကြားရေးမှူးချုပ်ကို စားသုံးသူရေးရာ ဦးစီး ဌာနမှ အမှုဖွင့် တရားစွဲဆို အရေးယူပေးပါရန် တိုင်ကြားလိုက်ရ ပါသည်။

FDA နှင့် ပတ်သက်ပြီး ထပ်မံအကြံပြုလိုသော အချက် မှာ “စားသုံးသူရေးရာတွင် FDA သည် တစ်ခုတည်းသော အာဏာပိုင်အဖွဲ့ဖြစ်သည်” ဟူသော ထိုစဉ်က ဩန်ကြားရေးမှူး ချုပ် ဒေါက်တာသန်းထွဋ်၏ ပြောကြားချက် ဖြစ်ပါသည်။ ထို ပြောကြားချက်ကို သဘောတူထောက်ခံကြောင်း အထက်တွင်  ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဆွေးနွေးလိုသည်မှာ FDA သည် “အာဏာပိုင်” မှသည် “အာဏာရှင်” ဖြစ်မသွားရေး အကြောင်း အရာ ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

 

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

 

facebook: @mawkunmagazine

mawkun.chronicle@gmail.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."