၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ PhotoEssay ဖြစ်ပါသည်။
Photo – Shwe Paw Mya Tin
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ သည့် ၂၀၁၁ မှစတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ရှောင်စခန်း စတင်ပေါ်ပေါက်လာခဲ့ပြီး စစ်ဘေးရှောင်သူပေါင်း ၅၀၀ ကျော် နေထိုင်လျက်ရှိသည်။ ၎င်းင်းစစ်ရှောင် စခန်းမှ မြန်မာနိုင်ငံကိုယ်စားပြု အသက် ၁၆ နှစ် အရွယ် ကရာတေးအားကစားမယ်တစ်ဦးထွက်ပေါ်ခဲ့ ပြီး စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့်Invitational Friendship Tournament Singapore 2018 တွင် ချန်ပီယံဆု ရယူနိုင်ခဲ့သည်။
မိဘနှစ်ပါးစလုံး ဆုံးပါးသွားပြီး အဒေါ်ဖြစ်သူနှင့်အတူ စစ်ရှောင်စခန်းတွင် နေထိုင်ခဲ့ရာမှ နိုင်ငံ့ဂုဏ်ဆောင် ချန်ပီယံဖြစ်ခဲ့သည့်အပြင် အခြားနိုင်ငံတကာပြိုင်ပွဲ များအတွက် အောင်ပွဲခံနိုင်ရန် ဆက်လက် လေ့ကျင့်ကြိုးစားနေသည့် စစ်ရှောင်စခန်းအတွင်းမှ တောက်ပလာမည့် ကြယ်တစ်ပွင့်ဖြစ်သူ နဝမတန်းကျောင်းသူ ကချင်အမျိုးသမီးငယ် ဆိုင်းနူး၏ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကို ဖော်ပြလိုက်ပါသည်။