အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း ဇွန်လထုတ် ထွက်လာပါပြီ…။
Editorial – “…အစိုးရသည် ရခိုင်အရေးအား ပြီးပြတ်သွားအောင် ရှင်းလင်းလိုသည့် ဆန္ဒမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်စရာ နေရာဒေသတစ်ခုအဖြစ် ဆက်လက်သဘောထားဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်ကြသည်။ ရွေးကောက်ပွဲကာလများတွင် ဘင်္ဂါလီများအား မက်လုံးပေးကာ ၎င်းတို့ထံမှ ဆန္ဒမဲရယူခဲ့ဖူးသည့် အတိတ်က ဖြစ်ရပ်များကလည်း အထက်ပါသံသယကို အားကောင်းစေပါသည်…”
Cover Story – “ရခိုင်ပဋိပက္ခဖြစ်ပြီး သုံးနှစ်အကြာ…”
– “အစိုးရရဲ့ ဆောင်ရွက်နေမှုတွေက အားရစရာမရှိဘူး” ဒေါက်တာအေးမောင် (ANP)
– “အခုအချိန်မှာ အတူတကွဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အစိုးရက သဘောတူရင်တောင်မှ လူထုက လက်မခံဘူး” ဦးမောင်မောင်အုန်း (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်)
– “မသင့်မြတ်တဲ့အတွက် နေရာမချထားဘူးဆိုရင် ကျွန်တော်တို့ ရထားသံလမ်းလိုပဲ။ ဘယ်တော့မှ ဆုံမှာမဟုတ်ဘူး” ဦးရွှေမောင် (ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
– “ဒီရောက်မှပဲ ရိုဟင်ဂျာလူမျိုးဖြစ်သွားတယ်။ ရှုပ်ယှက်ခတ်နေတာပဲ” ဒေါ်ခင်မာစော (ဒါးပိုင်ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦး)
– “သူတို့တရားဝင်တာ၊ မဝင်တာ တစ်ပိုင်းထား။ …စီးပွားရေးလုပ်ငန်းတွေမှာ အတူတူလုပ်နိုင်တဲ့ နယ်ပယ်လေးတွေ သတ်မှတ်ပေးရမယ်” ဦးခင်မောင်ကြီး (ရခိုင်စီးပွားရေးဦးဆောင် အများပိုင်ကုမ္ပဏီလီမိတက်မှ ဒုတိယဥက္ကဌ)
Feature 1) – “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ”
– ရခိုင်အသိုင်းအဝိုင်းနဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းကြားမှာ အမုန်းတရားတွေချည်းပဲ ပြည့်နှက်နေတယ်လို့ ကျွန်တော်တို့အားလုံး ထင်မြင်ပြောဆိုနေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ နေရာလေးတစ်နေရာမှာတော့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေဟာ သင့်သင့်မြတ်မြတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နေကြလေရဲ့။
– “ကိုယ်က အိပ်လည်းမအိပ်နိုင်ဘူး။ ထမင်းလည်း မစားနိုင်ဘူး။ ကိုယ်က (ဘင်္ဂါလီဘက်မှာ) ဦးစီးဦးဆောင်ပြီး တာဝန်ယူထားရတဲ့အခါကျတော့ တစ်ခုခုပြဿနာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာလည်း ရောက်လာမယ်။ နောက်တစ်ခု ဒီမှာ လူတွေသေတာပျောက်တာတွေ ဖြစ်လာမယ်။ အသက်အိုးအိမ်ဆုံးရှုံးမှုများလာမယ်” ဦးဆွေယောတူဆောင် (ဘင်္ဂါလီဘက်မှ ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ဝင်)
Feature 2) – “ဆိုရှယ်မီဒီယာကြောင့် မီးမလောင်ပါစေနှင့်”
– “မန္တလေးကိစ္စကတော့ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူတွေက (Facebook) ကို အသုံးချလိုက်တာပဲ” ဦးမြင့်ကျော် (Myanmar Journalism Institute ရဲ့ ယာယီအမှုဆောင်ဒါရိုက်တာ)
– “သုံးတဲ့လူတွေကလည်း အားအားရှိ ကလစ်တွေ စွတ်စွတ်နှိပ်မနေဘဲနဲ့ ဦးနှောက်လေးသုံးမယ်ဆိုရင်တော့ ကောလာဟလဖြန့်တဲ့လူတွေ၊ သွေးထိုးတဲ့လူတွေက အောင်မြင်မှာ မဟုတ်ပါဘူး” နေဘုန်းလတ် (ဘလော်ဂါ)
Essay – “ဖားပြုပ်ကြီးနဲ့ ငှက်ကလေးတို့ရဲ့ကျေးဇူး”
– ဖားပြုပ်ကြီးနဲ့ ငှက်ကလေးက အက်ဆေးဆရာ ဝေလင်းကို ဘယ်လို ဆုံးမသွားသလဲ။
Interview – “ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အင်တာဗျူး”
– “အမုန်းတရားကိုအခြေခံပြီးတော့မှပဲ ဖြစ်လာမယ်ဆိုရင်လည်း သူဖြုတ်ကိုယ်ဖြုတ်၊ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ၊ သူပျက် ကိုယ်ပျက် ဒီလိုပဲဖြစ်မယ်”
Travelogue – “တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှု ဝိရောဓိထဲက ဘားအံ”
– “သည်ယနေ့ခေတ် ပွဲလမ်းအတော်များများတွင် အရက်က မပါမပြီးသလို ဘားအံဒေသမှာလည်း မင်္ဂလာဆောင်နှင့် တခြားပျော်ပွဲရွှင်ပွဲများ၌ စိတ်ကြွရူးသွပ်ဆေးက ပွဲတိုင်းကျော်ဖြစ်နေကြောင်း ဒေသခံတချို့က ပြောပြပါသည်”
Profile – “ဒို့အသံ အစိုးရကြားစေ”
– “ထိခိုက်ရင် ထိခိုက်ပါစေဆိုရင်တော့ နောက်ဆုံး ကိုယ်တို့တတ်နိုင်တဲ့နည်းနဲ့ ဆန္ဒပြမယ်။ အဲဒါမှ မရရင် သူတို့ကို ကျိန်စာတိုက်ဖို့ပဲရှိတယ်”
Satire – “သတင်းထောက် တောခိုခြင်း”
– ယခု ခရီးစဉ်သည် သတင်းအချက်အလက်အတွက် ထွက်ရသော ယခင်ခရီးစဉ်တို့နှင့် လုံးဝမတူချေ။ အဘယ်ကြောင့်ဆိုသော် ဤခရီးစဉ်သည် သတင်းထောက် ရန်လိုကျွဲ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်ကို စွန့်ခွာခဲ့သော ခရီးစဉ်ဖြစ်သောကြောင့်ပင်တည်း။
စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို လပေးမှာယူဖတ်ရှုလိုပါကလည်း မော်ကွန်းရုံးဖုန်း – 09 313 40239 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။

