ရန်ကုန်- ၂၀၂၃၊ မေ ၁၄ (မော်ကွန်း)
မိုခါဆိုင်ကလုန်းဝင်ရောက်ဖြတ်ကျော်မယ့် စစ်တွေမြို့မှာ အငှါးယာဉ်စီးခတွေ သုံးဆနီးပါးတက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
“Hijet တို့၊ တုတ်တုတ်ဆိုက်ကယ်တို့ တစ်ချို့ကားတွေကြတော့စျေးကိုသုံးဆလောက်ထိတက်နေတာ။ ခါတိုင်းစျေး ငါးထောင်ဆို တစ်သောင်းခွဲထိတောင်းတယ်။ မြောက်ဦးထိဆို သုံးသောင်းထိတင်တောင်းတာတွေရှိတယ်။” လို့ စစ်တွေမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဆန်စျေးဆိုရင်လည်း မုန်တိုင်းသတင်းကြောင့် အနည်းအကျဉ်းစျေးတင်ရောင်းတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
“ဥပမာအရင်က ဆန်တစ်အိတ်ရှစ်သောင်းဆို အခုကိုးသောင်းလောက်ရှိတယ်။ တစ်ချို့ကျတော့မုန်တိုင်းကြောင့်စျေးတင်မရောင်းဘဲပုံမှန်စျေးအတိုင်းရောင်းတာတွေလည်းရှိတယ်” လို့ စစ်တွေမြို့ပေါ်ရှိဒေသခံတစ်ဦးကပြောပါတယ်။
ငါးခြောက်စျေးတွေဆိုလည်းနှစ်ဆနီးပါးပေးဝယ်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့လယ်ပိုင်းမှာစစ်တွေမြို့အနီးတဝိုက်ကနေဖြတ်ကျော်သွားမှာဖြစ်ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကနေ ၁၃၇ မိုင်ထိရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်တွေမြို့၊အာကျတ်တော်ကုန်း အဓိဌာန်ဘုန်းကြီးကျောင်းက်ိုလာရောက်ခိုလှုံနေကြသည့်မြင်ကွင်း
Photo-K kaung San
#Dailynews

