စစ်ကိုင်းတိုင်း – ၂၀၂၃ မတ် ၈ (မော်ကွန်း)
ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက်အစောပိုင်းက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြင်ကွင်းပါ။
ဒီကနေ့နံနက် ၆း၀၀ နာရီလောက်ကစလို့ အာဏာသိမ်းစစ်တပ်ရဲ့ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကားနှစ်စီးဟာ ပုသိမ် – မုံရွာလမ်းကို ဆင်းလာပြီး စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတရုတ်ကြေးနီစီမံကိန်းက ကြေးနီသယ်ယူတဲ့ ကားတွေကို အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူပေးတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကြေးနီစီမံကိန်းက ကားတွေအဝင်အထွက်နဲ့ တရုတ်နိုင်ငံသားတွေအတွက်လည်း လုံခြုံရေးအကြောင်းပြပြီး အင်အားအများနဲ့ ကြေးနီစီမံကိန်းတဝိုက်က ကျေးရွာတွေ မကြာခဏစစ်ကြောင်းထိုးလေ့ရှိပါတယ်။
ပုံစာ – ဒီကနေ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ယင်းမာပင်၊ဆားလင်းကြီးနယ်က ဒေသခံပြည်သူများ
ဓါတ်ပုံ – Mawkun Magazine
#Dailynews

