ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၅ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး သတင်းအချက်အလက် စီးဆင်းမှူ နှေးကွေးအောင် လုပ်ထားတာ လေးလနီးပါးရှိလာနေပါပြီ။
ဒီလို သတင်းအချက်အလက်ရရှိမှုအခွင့်အရေးချိုးဖောက်ခံနေရပေမယ့်လည်း ဖားကန့်မြို့က တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ဟာ နေ့စဉ် လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်နေဆဲပါ။
ဒီကနေ့မှာလည်း ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ခံအားပေးကြောင်း ဖားကန့်သပိတ်က ပြသခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

