မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီသတင်းပေးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” နေအိမ်ထဲကိုသေနတ်နဲ့ဝင်ပစ်သွားတာ။ မနက်၆နာရီလောက်က ဝင်ပစ်သွားတယ်။ အစစ်ဆေးများနေတော့ သွားမကြည့်ရဲ ကြဘူး။ အလောင်းကို ဆေးရုံမှာပို့ထားတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသူ ဦးကြီးဖြူဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးနေသူဖြစ်ပြီး သတင်းပေးတာမျိုးတွေလုပ်ဆောင်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ရေဥဦးကြီးကျောင်းမှာလည်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃ယောက်သေဆုံးခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာ ရပ်ကွက်အလိုက် ကင်းပုန်းတွေချထားပြိီးလက်နက်အပြည့်အစုံ ကင်းစောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

