မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း)
မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ချောင်းကြီးရွာက စစ်အုပ်စုသတင်းပေးလို့နာမည်ထွက်သူ တစ်ဦးဟာ မနေ့က နံနက်ပိုင်းမှာ ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
“နံနက်ပိုင်းပဲ သူ့နေအိမ်မှာလူ ၄ ယောက်က ဓားနဲ့ နှစ်ချက် ထိုးသွားတာ၊ ထိုးခံရပြီးမကြာဘူး သေသွားတယ်၊ သူက စစ်ကောင်စီတပ်ကိုသတင်းပေးတဲ့သူဆိုတာ ရွာထဲကလူတွေကသိကြတယ်”လို့ ဒီသတင်းကိုအတည်ပြုပေးတဲ့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
ထိုးခံရသူက ဦးစောဦးဖြစ်ပြီး ဇူလိုင်လ ၁၆ရက်နေ့ကလည်း သူ့နေအိမ်မှာ ဗုံးပေါက်ခဲ့ပြီး ထိခိုက် ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့မှာ စစ်အုပ်စုခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး ဇူလိုင်လ ၂၁ရက်နေ့က သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ရတဲ့အခြေအနေရှိနေပါတယ်။
#Dailynews

