ဓါတ်ပုံ – မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့
မိုးကုတ် – ၂၀၂၁ ဇူလိုင် ၉ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီကနေ့ထိ COVID – 19 အတည်ပြုလူနာ ၁၈၆ ဦးထိရှိလာပြီး သေဆုံးသူစုစုပေါင်း ၁၃ဦးထိရှိလာပြီဖြစ်တယ်လို့ မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကနေ သိရပါတယ်။
သေဆုံးသူတွေနဲ့ထိစပ်သူတွေက်ို RDTနဲ့စစ်ဆေးရာမှာ ကိုဗစ် ၁၉ရောဂါတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာတွေကို မိုးကုတ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ အဲဒီအဖွဲ့ကဆိုပါတယ်။
“သေဆုံးပြီးနောက်မှ ပိုးတွေ့လူနာတွေလဲ ရှိတဲ့အပြင် ပိုးတွေ့လူနာ အများဆုံးဖြစ်တဲ့ ပတ္တမြားရပ်ကွက်ကို Semi lock down ချထားပြီး အသင်းအဖွဲ့တွေပူးပေါင်းပြီး အောက်ဆီဂျင်အလုံအလောက်ရရှိရေး ဆောင်ရွက်နေတယ်လို့” ဆိုပါတယ်။
မိုးကုတ်မြို့အဝင်အထွက်နေရာတွေမှာ ရောဂါစစ်ဆေးရေးဂိတ်တွေပြန်လည်ဖွင့်လှစ်ထားပြီး ရပ်ကွက်တွေမှာ လူမှုရေးအသင်းအဖွဲ့တွေက ပိုးသတ်ဆေးတွေလိုက်လံ ဖြန်းပေးနေတာတွေနဲ့ Mask ကမ်ပိန်းတွေပြုလုပ်နေတယ်လို့သ်ိရပါတယ်။
မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှာ မိုးကုတ်မြို့က ပရဟိတ ကူညီ ကယ်ဆယ်ရေးအသင်းတွေပါဝင်ပြီး COVID – 19 ရောဂါသတင်းတွေ ထုတ်ပြန်ဖို့ ဖွဲ့စည်းထားတာပါ။
ပုံစာ – ဇူလိုင် ပထမအပတ်အတွင်း မိုးကုတ်မြို့ ပရဟိတအသင်းတစ်ခုက COVID – 19 ဖြင့် ကွယ်လွန်သွားသူတစ်ဦးအား သယ်ဆောင်နေစဉ်။
#Dailynews

