၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမယ်

  (၂၀၁၅)၊မတ်လ၊ မော်ကွန်း မဂ္ဂင်ဇင်း အမှတ်(၂၁) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွဲရေးသည်။

သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂ဝဝ၈ အခြေခံဥပဒေက ဆိုပါတယ်။

ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲ မဝင်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြတယ်။

ဒီလေး၊ ငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန် မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးက ပါတယ်လို့ ထင်ပါတယ်။အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိစည်းကမ်းရှိတဲ့ ဒီမို ကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့ အာဏာဖက်တွယ် ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျ နိုင်ဖို့ ၂ဝဝ၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံ လင်လင်သုံးပြီး ဖန်တီးခဲ့ကြတာလို့ အခိုင်အမာ ပြောနေသူ အများအပြားပါပဲ။ ဒီအချက် ဘယ်လောက်အထိ မှန်ကန်ပါသလဲ၊ အစိုးရကို ဦးဆောင်ဖို့အတွက် သမ္မတကြီးမှာ စစ်ရေးအတွေ့ အကြုံ လိုအပ်ရဲ့လား၊ အစိုးရအဖွဲ့ဝင်တွေကရော စစ်ရေးအတွေ့ အကြုံ ရှိဖို့လိုသလား၊ (ဝေဖန်ရေးဆရာ စည်သူအောင်မြင့်ရဲ့ လေ သံကို နည်းနည်းယူပြီး ပြောရရင်) ဒီအကြောင်းတွေကို ဒီတစ်လ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေဆွဲတဲ့သူတွေဟာ အင်မတန် ခေတ်မီ တယ်၊ ဂလိုဘယ်လ်အတွေးအခေါ် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအတော်များများဟာ ရန်သူတစ်ဖွဲ့ဖွဲ့ကို တိုက်နေခိုက်နေရ တယ် မဟုတ်လား။ မတိုက်ရဘူး၊ မခိုက်ရဘူးဆိုရင်လည်း အနည်းဆုံးတော့ ရန်စောင်နေကြပါတယ်။ သို့ကလို တိုက်ခိုက်နေ ရ၊ ရန်စောင်နေရတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်မှာ စစ်ရေးအမြင် ရှိရမည် ဆိုတဲ့ သတ်မှတ်ချက်ဟာ အင်မတန် ခေတ်မီတယ်၊ အတွေးအခေါ် ဂလိုဘယ်လ်ကျတယ်လို့ ဆိုလိုက်ခြင်းပါ။

ဒီတော့ မြန်မာပြည်အခြေခံဥပဒေထဲ ပြဋ္ဌာန်းထားတဲ့ ‘သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည်’ ဆိုတဲ့အချက်ကို နိုင်ငံတကာက ကြိတ်ပြီး ကြိုက်နေကြဖွယ် ရှိပါတယ်။ မြန်မာ သမ္မတရဲ့ပါဖောမင့်န်ကို တလေးတစား အလေးထား လေ့လာနေ ကြဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံမှာ သူပုန်အဖွဲ့ စုံလင်စွာ ရှိကြတဲ့အတွက် အစိုးရက တိုက်ပွဲတွေလည်း မကြာခဏ တိုက်ရပါတယ်။ (သူပုန်ဆိုတဲ့ စကားလုံးကို သုံးရတာ ဘက်လိုက်သလို ဖြစ်နေမလားလို့ ခေတ်ပေါ်သတင်းသမားတချို့က စိုးရိမ်ကြတယ်။ တချို့ကလည်း ဒီစကားလုံးဟာ မြင့်မြတ်တယ်လို့ ယူဆကြတယ်။မြင့်မြတ်ပုံရပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစိုးရအဆက်ဆက်ရဲ့ ဝါဒဖြန့်စာတွေထဲမှာ ဒီစကားလုံးကို အထူးအလေးထား ရှောင်ကြလို့ပါ။ သူပုန်ဆိုတာ ဘုရင်ကို ပုန်ကန်သူလို့ အဓိပ္ပာယ်ရတယ် မဟုတ်လား။ သို့သော်လည်း သူ ပုန်တချို့ကတော့ သူတို့ကို သူပုန်လို့ခေါ်ရင် ရွှေစိတ်တော် ညိုကောင်း ညိုကြလိမ့်မယ်၊ အဲဒီ စကားလုံးအစား တော်လှန်ရေး သမားလို့ ခေါ်စေချင်ကြပါလိမ့်မယ်။ ဒါက ကြုံလို့ ရေးလိုက်တာပါ)

သူပုန်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးမရခင် လက်နက်တွေ တပ်ဆင်ထားကြဦးမယ်ဆိုတော့ မြန်မာပြည်တွင်းမှာ တိုက်တာ ခိုက်တာတွေက အနည်းနဲ့အများ သေချာပေါက် ဆက်ရှိနေကြဦး မှာပါပဲလို့ ဂြိုဟ်တွေ၊ နက္ခတ်တွေကို မကြည့်ဘဲ ဟောနိုင်ပါတယ်။ တိုက်ပွဲ၊ ခိုက်ပွဲများ မြန်မာပြည်တွင် ပြုလုပ်သည်ပေါ့ဗျာ။ စစ်ပွဲ တွေ ရှိနေဦးမှာဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင် သမ္မတမှာ စစ် ရေးအမြင် ရှိကို ရှိရမယ်ဆိုပြီး အခြေခံဥပဒေထဲ မမေ့မလျော့ ထည့်ဆွဲထားကြဟန် တူပါတယ်။ ပြီးတော့ ရှေးထုံးမပယ်ဘူး ဆိုရင်လည်း သမ္မတဟာ စစ်ရေးအမြင် ရှိသင့်ပါတယ်လို့ ဆိုရမယ်။

ရှေးတုန်းကဆို သမ္မတဖြစ်မယ့်၊ ဘုရင် ဖြစ်လာမယ့် မင်းညီ မင်းသားတို့ သင်ယူရတဲ့ ပညာထဲမယ် စစ်ဘက်ဆိုင်ရာ ပညာရပ်တွေ ပါနေတယ် မဟုတ်လား။ အတိတ်ကာလ ဘုရင်သမ္မတတွေ ဟာ စစ်ရေးအမြင်တင်မက စစ်ရေးအတွေ့အကြုံပါ ခိုင်ခိုင်မာမာ ရှိကြသူတွေပါလို့ ကောက်ချက်ချရင် မှားမယ်မထင်ပါဘူး။သမ္မတကြီး စစ်ရေးအတွေ့အကြုံရှိရမယ်ဆိုတဲ့ ရေးဆွဲ ပြဋ္ဌာန်းချက်ဟာ ရှေးထုံးမပယ်တဲ့ သဘောကို ဆောင်တဲ့အတွက် အခြေခံဥပဒေရေးဆွဲသူတို့ ဉာဏ်ကြီးလှပေစွလို့ ဆိုရပါလိမ့်မယ်။

သမ္မတကြီးကိစ္စတော့ ပြီးပါပြီ။ ဝန်ကြီးများ၊ ဝန်မင်းများက ရော စစ်ရေးအတွေ့အကြုံ လိုအပ်ပါရဲ့လား။ လိုအပ်မယ်လို့ ယူဆ ရပါတယ်။ ကနေ့ခေတ် မြန်မာဝန်ကြီးအားလုံးနီးပါး စစ်ဗိုလ်ချုပ် ဟောင်းတွေချည်းပဲ ဖြစ်နေတာဟာ မတော်တဆ တိုက်ဆိုင်မှု တော့ မဟုတ်ပါဘူး။ သမ္မတဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ အဲဒီလို ခန့်ထားခြင်း ဖြစ်ပါလိမ့်မယ်။ဖေဖော်ဝါရီလထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအခင်းအကျင်းတွေမှာ ဒီအချက်က ပေါ်လွင်နေပါ တယ်။ အစိုးရဘက်က ဝန်ကြီးသုံး၊ လေးပါးကို ဆွေးနွေးပွဲ လွှတ် လိုက်ပါတယ်။ ဝန်ကြီးများရဲ့ အပြုအမူကို ကြည့်ရင် စစ်ဘက်၊ အရပ်ဘက် အရည်အချင်း ကွာခြားပုံကို သတိထားမိပါလိမ့်မယ်။

အစိုးရလွှတ်လိုက်တဲ့ ပညာရေးဝန်ကြီးကတော့ စစ်ဘက် က မဟုတ်ပါဘူး၊ အရပ်သားဝန်ကြီးပါ။ သူဘာလုပ်၊ ဘာပြော သလဲ။ ပညာရေးဝန်ကြီးက ဆွေးနွေးပွဲမှာ မိန့်ခွန်းစာရွက် ဖတ်ပြ ပါတယ်။ ပြီးတော့ အခန်းထဲက ထွက်သွားပါတယ်။ ဘယ်သူရေး တဲ့မိန့်ခွန်းလည်း မသိပါဘူး။ သူကိုယ်တိုင်ရေးတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ… ဒီအချက်ကို တွေ့လိုက်သူတို့ကတော့ စာဖတ်တတ်ရင် ဝန်ကြီးဖြစ်မယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ အရပ်ဘက်ဝန်ကြီးတွေ မစွံဘူးကွာလို့ ဆိုသူက ဆိုပါလိမ့်မယ်။

အဲဒါက ရာဂဏန်းရှိတဲ့ ကျောင်းသူကျောင်းသားတွေ မန္တလေး-ရန်ကုန်လမ်းမကြီးတလျှောက် ဆန္ဒပြ ချီတက်ကြချိန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲပါ။ ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆို ကြခြင်းပါ။ တောင်းဆိုချက်ထဲမှာ ကျောင်းသားသမဂ္ဂကို အစိုးရ က အသိအမှတ်ပြုရေးဆိုတာလည်း ပါသပေါ့။

ဒါဟာ သမ္မတဦးသိန်းစိန် နှလုံးခုန်နှုန်း ပြောင်းလဲသွားစေ နိုင်တဲ့ တောင်းဆိုချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဦးသိန်းစိန်က ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးနဲ့ ဓာတ်တည့်ပုံမရတဲ့အတွက်ပါ။ သူက ကျောင်းသားယူနီယံလို့ပဲ သုံးတတ်ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိလာတာက ယူနီယံ ဆိုတဲ့ အင်္ဂလိပ်စကားလုံး နေရာမှာ သမဂ္ဂ ဆိုတဲ့ မြန်မာစကားလုံး သုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်စာ မထုတ်ဘူးလားဆို တာပါပဲ။ ဟင့်အင်း…မထုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြန် ကြားရေးဝန်ကြီးဌာနကို ခေါင်းဆောင်နေသူတွေဟာ အရပ်ဘက် အရာရှိတွေ မဟုတ်ဘဲ စမတ်ကျတဲ့ စစ်ဘက်ကလာတဲ့ အရာရှိ တွေဖြစ်နေလို့ပါပဲ။

ကျောင်းသားသမဂ္ဂ၊ ကျောင်းသားယူနီယံ ဆိုတဲ့ စကားလုံး အကြောင်း နားထားပြီး ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲ အကြောင်း ပြန်ဆက်ရရင် ပညာရေးပြဿနာဆိုတော့ ပညာ ရေးဝန်ကြီးက အဓိက ဖြေရှင်းရမယ်လို့ သဘောပေါက်မိပါတယ်။ သို့သော်လည်း စကားပြောဆွေးနွေးညှိနှိုင်းပွဲအစမှာ စာရွက်ဖတ် ပြပြီး ပြန်သွားတယ် ဆိုတော့ကာ ဝန်ကြီးအရည်အချင်းကို မည် သို့နားလည်ရမှန်းမသိ ဖြစ်ရပါ၏ပေါ့လေ။ သူ့ကို အရုပ်အဖြစ်ပဲ ဆွေးနွေးပွဲတွေ တက်ခိုင်းတာ၊ အဓိကကျတာကတော့ သမ္မတရုံး ဝန်ကြီးတွေကွလို့ အဆိုးမြင်သူတွေက ထောက်ပြကောင်း ထောက်ပြနိုင်ပါတယ်။

ဟော…စစ်ဗိုလ်ဟောင်းဝန်ကြီးကတော့ ရှင်းသဗျ။ ဆွေး နွေးပွဲမှာ စစချင်း ဘာပြောသလဲ ဆိုတော့ မင်းတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို အစိုးရက အသိ အမှတ်ပြုတယ်ကွာ တဲ့။ အဲ…ဘယ်သူကမှလည်း အဲဒီလို အသိ အမှတ်ပြုဖို့ မတောင်းပါဘူးဗျာ။ မတောင်းသော်ငြားလည်း ကော် မတီကို အဲဒီလို ကောက်ကာငင်ကာ ထောက်ခံပြလိုက်ခြင်းဟာ ပွဲစစချင်း တစ်ဂိုးသွင်းလိုက်တဲ့သဘောပါပဲ။

အဲဒီဝန်ကြီးက သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ကိုးသောင်းကိုးထောင်နီးပါး လုပ်ခဲ့သူဖြစ်တဲ့အတွက် ညှိနှိုင်းဆွေး နွေးပွဲယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ကျွမ်းကျင်လိမ္မာလှတယ်လို့ အလွယ်တကူ ကောက်ချက်ချနိုင်ပေမယ့် တကယ်တမ်း စဉ်းစား ကြည့်ရင် စစ်အရာရှိတွေ ဒိုင်ယာလော့ခ် ပိုကျွမ်းတဲ့သဘော၊ အထင်ကြီးလာကြအောင် ပြောနိုင်တဲ့ သဘောကို ကွက်ကွက် ကွင်းကွင်း မြင်ကြပါလိမ့်မယ်။

သမ္မတကြီးကလည်း စစ်ရေးအတွေ့အကြုံရှိတဲ့ ဝန်ကြီး တွေကိုပဲ ပိုပြီး အားကိုးအားထားပြုနေမှန်း အင်မတန်သိသာတဲ့ပွဲ ဖြစ်သွားပါတယ်။

ဒီတော့ ၂ဝဝ၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့ခြင်း ဟာ အာဏာဖက်တွယ်ထားချင်လို့မဟုတ်၊ ရေရှည်လုပ်စားဖို့ လည်း မဟုတ်ဘူး၊ အရပ်သားတွေ ဟန်မကျလို့ စစ်ဗိုလ်တွေပဲ သမ္မတလုပ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်မလားလို့ တွေးမိတယ်။

အရပ်သားတွေ ဟန်မကျ၊ စစ်ဗိုလ်တွေသာ အသုံးကျတယ် ဆိုတဲ့ သီအိုရီကို အားဖြည့်တဲ့ ဖြစ်ရပ်တွေ ကြားခဲ့ရပြီးဖြစ်မှာပါ။ သိပ်မကြာသေးခင်ကဆိုရင် ဝန်ကြီးများက တစ်ယောက်ပြီး တစ် ယောက် သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ကြွားကြပါသေး တယ်။ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေကတောင် သူတို့ရဲ့ ဒိုင်ယာလော့ခ်တွေကို ယူသုံးကြရတဲ့အထိ အောင်မြင်ကြတာ သတိထားမိကြမှာပါ။ ရလဒ်ကတော့ ကာတွန်းဆရာတွေ၊ လူ ရွှင်တော်တွေဟာ ဘယ်ဝန်ကြီး ဘာပြောလိုက်ပြန်ပြီတဲ့ဟေ့ ဆို တာကို စောင့်ကြည့်လေ့လာနေကြပါတော့တယ်။ ဝန်ကြီးများရဲ့ အောင်မြင်မှုပေါ့ဗျာ။

ဒါဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ ဝန်ကြီးလုပ်တဲ့အခါ စစ် ရေးအတွေ့အကြုံ၊ စစ်ရေးအမြင်တွေက အင်မတန် အသုံးတည့် တဲ့သဘော ပေါ်လွင်စေတဲ့ အချက်ပါ။ဒါကြောင့် ဝန်ကြီးတစ်ပါးရဲ့ အရည်အချင်း သတ်မှတ်ချက်မှာ ‘စစ်ရေးအတွေ့အကြုံရှိရမည်’ဆိုတာလေးကို အခြေခံဥပဒေ ထဲ မကြာခင် ထည့်သွင်းလာဖွယ် ရှိတယ်လို့ သုံးသပ်မိပါတယ်။အဲဒီအဆင့်ပြီးရင်တော့ နိုင်ငံသားအားလုံး စစ်ရေးအတွေ့ အကြုံရှိရမည်ဆိုတဲ့အချက်ကို အခြေခံဥပဒေမှာ ထည့်သွင်းလာဖွယ်ရှိပါတယ်။

[ ပြီးပါပြီ ။]

ယခုသရော်စာသည် မော်ကွန်း မဂ္ဂင်ဇင်း အမှတ်(၂၁)၊ မတ်လ၊(၂၀၁၅) မှ ရန်လိုကဲျွှ၏ ဆောင်းပါးကို ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂ဝဝ၈ အခြေခံဥပဒေက ဆိုပါတယ်။

ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲ မဝင်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြတယ်။

ဒီလေး၊ ငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန် မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးက ပါတယ်လို့ ထင်ပါတယ်။အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိစည်းကမ်းရှိတဲ့ ဒီမို ကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့ အာဏာဖက်တွယ် ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျ နိုင်ဖို့ ၂ဝဝ၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံ လင်လင်သုံးပြီး ဖန်တီးခဲ့ကြတာလို့ အခိုင်အမာ ပြောနေသူ အများအပြားပါပဲ။ ဒီအချက် ဘယ်လောက်အထိ မှန်ကန်ပါသလဲ၊ အစိုးရကို ဦးဆောင်ဖို့အတွက် သမ္မတကြီးမှာ စစ်ရေးအတွေ့ အကြုံ လိုအပ်ရဲ့လား၊ အစိုးရအဖွဲ့ဝင်တွေကရော စစ်ရေးအတွေ့ အကြုံ ရှိဖို့လိုသလား၊ (ဝေဖန်ရေးဆရာ စည်သူအောင်မြင့်ရဲ့ လေ သံကို နည်းနည်းယူပြီး ပြောရရင်) ဒီအကြောင်းတွေကို ဒီတစ်လ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေဆွဲတဲ့သူတွေဟာ အင်မတန် ခေတ်မီ တယ်၊ ဂလိုဘယ်လ်အတွေးအခေါ် ရှိတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအတော်များများဟာ ရန်သူတစ်ဖွဲ့ဖွဲ့ကို တိုက်နေခိုက်နေရ တယ် မဟုတ်လား။ မတိုက်ရဘူး၊ မခိုက်ရဘူးဆိုရင်လည်း အနည်းဆုံးတော့ ရန်စောင်နေကြပါတယ်။ သို့ကလို တိုက်ခိုက်နေ ရ၊ ရန်စောင်နေရတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်မှာ စစ်ရေးအမြင် ရှိရမည် ဆိုတဲ့ သတ်မှတ်ချက်ဟာ အင်မတန် ခေတ်မီတယ်၊ အတွေးအခေါ် ဂလိုဘယ်လ်ကျတယ်လို့ ဆိုလိုက်ခြင်းပါ။

ဒီတော့ မြန်မာပြည်အခြေခံဥပဒေထဲ ပြဋ္ဌာန်းထားတဲ့ ‘သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည်’ ဆိုတဲ့အချက်ကို နိုင်ငံတကာက ကြိတ်ပြီး ကြိုက်နေကြဖွယ် ရှိပါတယ်။ မြန်မာ သမ္မတရဲ့ပါဖောမင့်န်ကို တလေးတစား အလေးထား လေ့လာနေ ကြဖွယ် ရှိပါတယ်။

မြန်မာနိုင်ငံမှာ သူပုန်အဖွဲ့ စုံလင်စွာ ရှိကြတဲ့အတွက် အစိုးရက တိုက်ပွဲတွေလည်း မကြာခဏ တိုက်ရပါတယ်။ (သူပုန်ဆိုတဲ့ စကားလုံးကို သုံးရတာ ဘက်လိုက်သလို ဖြစ်နေမလားလို့ ခေတ်ပေါ်သတင်းသမားတချို့က စိုးရိမ်ကြတယ်။ တချို့ကလည်း ဒီစကားလုံးဟာ မြင့်မြတ်တယ်လို့ ယူဆကြတယ်။မြင့်မြတ်ပုံရပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန် အစိုးရအဆက်ဆက်ရဲ့ ဝါဒဖြန့်စာတွေထဲမှာ ဒီစကားလုံးကို အထူးအလေးထား ရှောင်ကြလို့ပါ။ သူပုန်ဆိုတာ ဘုရင်ကို ပုန်ကန်သူလို့ အဓိပ္ပာယ်ရတယ် မဟုတ်လား။ သို့သော်လည်း သူ ပုန်တချို့ကတော့ သူတို့ကို သူပုန်လို့ခေါ်ရင် ရွှေစိတ်တော် ညိုကောင်း ညိုကြလိမ့်မယ်၊ အဲဒီ စကားလုံးအစား တော်လှန်ရေး သမားလို့ ခေါ်စေချင်ကြပါလိမ့်မယ်။ ဒါက ကြုံလို့ ရေးလိုက်တာပါ)

သူပုန်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးမရခင် လက်နက်တွေ တပ်ဆင်ထားကြဦးမယ်ဆိုတော့ မြန်မာပြည်တွင်းမှာ တိုက်တာ ခိုက်တာတွေက အနည်းနဲ့အများ သေချာပေါက် ဆက်ရှိနေကြဦး မှာပါပဲလို့ ဂြိုဟ်တွေ၊ နက္ခတ်တွေကို မကြည့်ဘဲ ဟောနိုင်ပါတယ်။ တိုက်ပွဲ၊ ခိုက်ပွဲများ မြန်မာပြည်တွင် ပြုလုပ်သည်ပေါ့ဗျာ။ စစ်ပွဲ တွေ ရှိနေဦးမှာဖြစ်တဲ့အတွက် နိုင်ငံ့ခေါင်းဆောင် သမ္မတမှာ စစ် ရေးအမြင် ရှိကို ရှိရမယ်ဆိုပြီး အခြေခံဥပဒေထဲ မမေ့မလျော့ ထည့်ဆွဲထားကြဟန် တူပါတယ်။ ပြီးတော့ ရှေးထုံးမပယ်ဘူး ဆိုရင်လည်း သမ္မတဟာ စစ်ရေးအမြင် ရှိသင့်ပါတယ်လို့ ဆိုရမယ်။

ရှေးတုန်းကဆို သမ္မတဖြစ်မယ့်၊ ဘုရင် ဖြစ်လာမယ့် မင်းညီ မင်းသားတို့ သင်ယူရတဲ့ ပညာထဲမယ် စစ်ဘက်ဆိုင်ရာ ပညာရပ်တွေ ပါနေတယ် မဟုတ်လား။ အတိတ်ကာလ ဘုရင်သမ္မတတွေ ဟာ စစ်ရေးအမြင်တင်မက စစ်ရေးအတွေ့အကြုံပါ ခိုင်ခိုင်မာမာ ရှိကြသူတွေပါလို့ ကောက်ချက်ချရင် မှားမယ်မထင်ပါဘူး။

သမ္မတကြီး စစ်ရေးအတွေ့အကြုံရှိရမယ်ဆိုတဲ့ ရေးဆွဲ ပြဋ္ဌာန်းချက်ဟာ ရှေးထုံးမပယ်တဲ့ သဘောကို ဆောင်တဲ့အတွက် အခြေခံဥပဒေရေးဆွဲသူတို့ ဉာဏ်ကြီးလှပေစွလို့ ဆိုရပါလိမ့်မယ်။

သမ္မတကြီးကိစ္စတော့ ပြီးပါပြီ။ ဝန်ကြီးများ၊ ဝန်မင်းများက ရော စစ်ရေးအတွေ့အကြုံ လိုအပ်ပါရဲ့လား။ လိုအပ်မယ်လို့ ယူဆ ရပါတယ်။ ကနေ့ခေတ် မြန်မာဝန်ကြီးအားလုံးနီးပါး စစ်ဗိုလ်ချုပ် ဟောင်းတွေချည်းပဲ ဖြစ်နေတာဟာ မတော်တဆ တိုက်ဆိုင်မှု တော့ မဟုတ်ပါဘူး။ သမ္မတဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ အဲဒီလို ခန့်ထားခြင်း ဖြစ်ပါလိမ့်မယ်။ဖေဖော်ဝါရီလထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲအခင်းအကျင်းတွေမှာ ဒီအချက်က ပေါ်လွင်နေပါ တယ်။ အစိုးရဘက်က ဝန်ကြီးသုံး၊ လေးပါးကို ဆွေးနွေးပွဲ လွှတ် လိုက်ပါတယ်။ ဝန်ကြီးများရဲ့ အပြုအမူကို ကြည့်ရင် စစ်ဘက်၊ အရပ်ဘက် အရည်အချင်း ကွာခြားပုံကို သတိထားမိပါလိမ့်မယ်။

အစိုးရလွှတ်လိုက်တဲ့ ပညာရေးဝန်ကြီးကတော့ စစ်ဘက် က မဟုတ်ပါဘူး၊ အရပ်သားဝန်ကြီးပါ။ သူဘာလုပ်၊ ဘာပြော သလဲ။ ပညာရေးဝန်ကြီးက ဆွေးနွေးပွဲမှာ မိန့်ခွန်းစာရွက် ဖတ်ပြ ပါတယ်။ ပြီးတော့ အခန်းထဲက ထွက်သွားပါတယ်။ ဘယ်သူရေး တဲ့မိန့်ခွန်းလည်း မသိပါဘူး။ သူကိုယ်တိုင်ရေးတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ… ဒီအချက်ကို တွေ့လိုက်သူတို့ကတော့ စာဖတ်တတ်ရင် ဝန်ကြီးဖြစ်မယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ အရပ်ဘက်ဝန်ကြီးတွေ မစွံဘူးကွာလို့ ဆိုသူက ဆိုပါလိမ့်မယ်။

အဲဒါက ရာဂဏန်းရှိတဲ့ ကျောင်းသူကျောင်းသားတွေ မန္တလေး-ရန်ကုန်လမ်းမကြီးတလျှောက် ဆန္ဒပြ ချီတက်ကြချိန်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲပါ။ ပညာရေးဥပဒေ ပြင်ဆင်ရေး တောင်းဆို ကြခြင်းပါ။ တောင်းဆိုချက်ထဲမှာ ကျောင်းသားသမဂ္ဂကို အစိုးရ က အသိအမှတ်ပြုရေးဆိုတာလည်း ပါသပေါ့။

ဒါဟာ သမ္မတဦးသိန်းစိန် နှလုံးခုန်နှုန်း ပြောင်းလဲသွားစေ နိုင်တဲ့ တောင်းဆိုချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဦးသိန်းစိန်က ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးနဲ့ ဓာတ်တည့်ပုံမရတဲ့အတွက်ပါ။ သူက ကျောင်းသားယူနီယံလို့ပဲ သုံးတတ်ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိလာတာက ယူနီယံ ဆိုတဲ့ အင်္ဂလိပ်စကားလုံး နေရာမှာ သမဂ္ဂ ဆိုတဲ့ မြန်မာစကားလုံး သုံးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်စာ မထုတ်ဘူးလားဆို တာပါပဲ။ ဟင့်အင်း…မထုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြန် ကြားရေးဝန်ကြီးဌာနကို ခေါင်းဆောင်နေသူတွေဟာ အရပ်ဘက် အရာရှိတွေ မဟုတ်ဘဲ စမတ်ကျတဲ့ စစ်ဘက်ကလာတဲ့ အရာရှိ တွေဖြစ်နေလို့ပါပဲ။

ကျောင်းသားသမဂ္ဂ၊ ကျောင်းသားယူနီယံ ဆိုတဲ့ စကားလုံး အကြောင်း နားထားပြီး ပညာရေးလေးပွင့်ဆိုင် ဆွေးနွေးပွဲ အကြောင်း ပြန်ဆက်ရရင် ပညာရေးပြဿနာဆိုတော့ ပညာ ရေးဝန်ကြီးက အဓိက ဖြေရှင်းရမယ်လို့ သဘောပေါက်မိပါတယ်။ သို့သော်လည်း စကားပြောဆွေးနွေးညှိနှိုင်းပွဲအစမှာ စာရွက်ဖတ် ပြပြီး ပြန်သွားတယ် ဆိုတော့ကာ ဝန်ကြီးအရည်အချင်းကို မည် သို့နားလည်ရမှန်းမသိ ဖြစ်ရပါ၏ပေါ့လေ။ သူ့ကို အရုပ်အဖြစ်ပဲ ဆွေးနွေးပွဲတွေ တက်ခိုင်းတာ၊ အဓိကကျတာကတော့ သမ္မတရုံး ဝန်ကြီးတွေကွလို့ အဆိုးမြင်သူတွေက ထောက်ပြကောင်း ထောက်ပြနိုင်ပါတယ်။

ဟော…စစ်ဗိုလ်ဟောင်းဝန်ကြီးကတော့ ရှင်းသဗျ။ ဆွေး နွေးပွဲမှာ စစချင်း ဘာပြောသလဲ ဆိုတော့ မင်းတို့ရဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို အစိုးရက အသိ အမှတ်ပြုတယ်ကွာ တဲ့။ အဲ…ဘယ်သူကမှလည်း အဲဒီလို အသိ အမှတ်ပြုဖို့ မတောင်းပါဘူးဗျာ။ မတောင်းသော်ငြားလည်း ကော် မတီကို အဲဒီလို ကောက်ကာငင်ကာ ထောက်ခံပြလိုက်ခြင်းဟာ ပွဲစစချင်း တစ်ဂိုးသွင်းလိုက်တဲ့သဘောပါပဲ။

အဲဒီဝန်ကြီးက သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်း ကိုးသောင်းကိုးထောင်နီးပါး လုပ်ခဲ့သူဖြစ်တဲ့အတွက် ညှိနှိုင်းဆွေး နွေးပွဲယဉ်ကျေးမှုနဲ့ ပတ်သက်ရင် ကျွမ်းကျင်လိမ္မာလှတယ်လို့ အလွယ်တကူ ကောက်ချက်ချနိုင်ပေမယ့် တကယ်တမ်း စဉ်းစား ကြည့်ရင် စစ်အရာရှိတွေ ဒိုင်ယာလော့ခ် ပိုကျွမ်းတဲ့သဘော၊ အထင်ကြီးလာကြအောင် ပြောနိုင်တဲ့ သဘောကို ကွက်ကွက် ကွင်းကွင်း မြင်ကြပါလိမ့်မယ်။

သမ္မတကြီးကလည်း စစ်ရေးအတွေ့အကြုံရှိတဲ့ ဝန်ကြီး တွေကိုပဲ ပိုပြီး အားကိုးအားထားပြုနေမှန်း အင်မတန် သိသာတဲ့ ပွဲ ဖြစ်သွားပါတယ်။

ဒီတော့ ၂ဝဝ၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲခဲ့ခြင်း ဟာ အာဏာဖက်တွယ်ထားချင်လို့မဟုတ်၊ ရေရှည်လုပ်စားဖို့ လည်း မဟုတ်ဘူး၊ အရပ်သားတွေ ဟန်မကျလို့ စစ်ဗိုလ်တွေပဲ သမ္မတလုပ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်မလားလို့ တွေးမိတယ်။

အရပ်သားတွေ ဟန်မကျ၊ စစ်ဗိုလ်တွေသာ အသုံးကျတယ် ဆိုတဲ့ သီအိုရီကို အားဖြည့်တဲ့ ဖြစ်ရပ်တွေ ကြားခဲ့ရပြီးဖြစ်မှာပါ။ သိပ်မကြာသေးခင်ကဆိုရင် ဝန်ကြီးများက တစ်ယောက်ပြီး တစ် ယောက် သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ြ<ွကားကြပါသေး တယ်။ ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေကတောင် သူတို့ရဲ့ ဒိုင်ယာလော့ခ်တွေကို ယူသုံးကြရတဲ့အထိ အောင်မြင်ကြတာ သတိထားမိကြမှာပါ။ ရလဒ်ကတော့ ကာတွန်းဆရာတွေ၊ လူ ရွှင်တော်တွေဟာ ဘယ်ဝန်ကြီး ဘာပြောလိုက်ပြန်ပြီတဲ့ဟေ့ ဆို တာကို စောင့်ကြည့်လေ့လာနေကြပါတော့တယ်။ ဝန်ကြီးများရဲ့ အောင်မြင်မှုပေါ့ဗျာ။

ဒါဟာ အရပ်ဘက်အုပ်ချုပ်ရေးမှာ ဝန်ကြီးလုပ်တဲ့အခါ စစ် ရေးအတွေ့အကြုံ၊ စစ်ရေးအမြင်တွေက အင်မတန် အသုံးတည့် တဲ့သဘော ပေါ်လွင်စေတဲ့ အချက်ပါ။

ဒါကြောင့် ဝန်ကြီးတစ်ပါးရဲ့ အရည်အချင်း သတ်မှတ်ချက် မှာ ‘စစ်ရေးအတွေ့အကြုံရှိရမည်’ဆိုတာလေးကို အခြေခံဥပဒေ ထဲ မကြာခင် ထည့်သွင်းလာဖွယ် ရှိတယ်လို့ သုံးသပ်မိပါတယ်။

အဲဒီအဆင့်ပြီးရင်တော့ နိုင်ငံသားအားလုံး စစ်ရေးအတွေ့ အကြုံရှိရမည်ဆိုတဲ့အချက်ကို အခြေခံဥပဒေမှာ ထည့်သွင်းလာ ဖွယ် ရှိပါတယ်။

[ ပြီးပါပြီ ။]

အမျိုးအစား - မော်ကွန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."