မော်ကွန်းရဲ့ အမှတ် ၆၂ မှာတော့ အရှင်မွေးနေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲဆိုတဲ့ ကာဗာဆောင်းပါး။
ပေါက်ကွဲတော့မယ့် မိလ္လာအိုးပေါ်က ရန်ကုန်ဆိုတဲ့ ရန်ကုန်မြို့က မိလ္လာစနစ်တွေနဲ့ လက်ရှိအခြေအနေ။
ပြည်သူကို နှိပ်စက်တဲ့ရဲ ဘယ်လိုအရေးယူမလဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ဥပဒေချိုးဖောက်ပြီး ရိုက်နှက်စစ်ဆေးတဲ့ကိစ္စတွေအကြောင်း။
အငှားယာဉ်မောင်းတွေ ကြောက်တဲ့ ညထောင်ချောက်မှာတော့ မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူတွေနဲ့ဖမ်းဆီးမှုတွေကြားမှာ အမှုတွဲခံရတဲ့ ယာဉ်မောင်းတွေလည်းရှိနေတာဖြစ်လို့ စိုးရိမ်နေကြရတဲ့ကြောင်း။
ရုပ်ပုံလွှာဆောင်းပါးမှာဆိုရင်လည်း ထိန်ပင်အမှိုက်ပုံတွေမှာ နေထိုင်တဲ့သူတွေနဲ့ သူတို့အထဲက တချို့ဟာ ထီမထိုးဘဲထီပေါက်သွားကြသူတွေအကြောင်းကို ရေးသားထားတဲ့ အမှိုက်ပုံမှာလိုတရနေသူများ ဆောင်းပါး။
တိုင်းပြည်ကိုဖျက်မည့် ကွန်ဖက်ဒရေးရှင်းအိပ်မက် နိုင်ငံရေးသုံးသပ်ဆောင်းပါးအပါအဝင် ခရီးသွား၊ ဓါတ်ပုံအက်ဆေး၊ အက်ဆေး၊ ကဗျာ၊ ကာတွန်း၊ Postcard၊ ပညာပေး၊ အင်တာဗျူး၊ Forgotten ၊ သရော်စာ၊စာအုပ်အညွှန်းတွေနဲ့ထုတ်ဝေလိုက်ပါပြီ။
#mawkun #magazine #chronicle #promo