၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ အက်ဆေး ဖြစ်ပါသည်။
ဇေယျာလှိုင် ရေးသည်။
သူငယ်ချင်းတစ်ယောက်ရဲ့အဖေ နာရေးလိုက်ပို့ဖို့ အချိန်ကလည်း နည်း နည်းစောနေသေးတယ်။ မိုးကလည်း သည်းနေတာနဲ့ မြောက်ဥက္ကလာ၊ အောင် မင်္ဂလာအဝေးပြေးဝင်းထဲက ထမင်းဆိုင် တစ်ဆိုင်မှာ ကျွန်တော်တစ်ယောက် တည်း ထမင်းထိုင်စားနေလိုက်တယ်။ ဆိုင်လေးက သေးပေမယ့် ထမင်းဟင်း လက်ရာက မဆိုးဘူးလို့ဆိုရမယ်။ အောင် မင်္ဂလာအဝေးပြေးဝင်းနဲ့ ရေဝေးသုသာန် နဲ့က ဆိုက်ကားနဲ့စီးသွားရင် ဆယ်မိနစ် လောက်ပဲဆိုတော့ အေးအေးဆေးဆေး ပဲပေါ့။
ထမင်းစားလို့ပြီးခါနီးမှာဆိုင်ထဲကို ကလေးသုံးယောက်ဝင်လာတယ်။ ၁၁ နှစ်အရွယ်မိန်းကလေး တစ်ယောက်၊ ရှစ် နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ ငါး နှစ်အရွယ်ယောကျ်ားလေးတစ်ယောက်။ ခြေဗလာနဲ့ သူတို့တွေမှာ ဆောင်းစရာ၊ မိုးစရာ၊ ကာစရာနဲ့တူတာ မတွေ့ရဘူး။ သူတို့ရဲ့အဝတ်အစားခပ်နွမ်းနွမ်းတွေက ရေ စိုရွှဲနစ်နေတယ်။ အကြီးဆုံးကလေးမရဲ့ လက်ထဲမှာ ထမင်းထုပ်လို့ ယူဆရတဲ့ ကြွပ်ကြွပ်အိတ်တစ်ထုပ်ကိုင်ထားတယ်။
“ဟင်းတစ်ရာဖိုးပေးပါ”
အကြီးဆုံးကောင်မလေးက ဆိုင် ရှင်အမျိုးသမီးကို ပိုက်ဆံအကြွေတစ်ဆုပ် လှမ်းပေးရင်း ပြောလိုက်တယ်။ ဟင်းလို့ သာ အမည်တပ်ပြီး ပြောတာကြောင့် ဘယ်လိုဟင်းမျိုးကိုမဆို ရရင်ဝယ်မယ် ဆိုတဲ့ သဘောပါပဲ။
“သွား…သွား…တစ်ရာဖိုးမရောင်းဘူး”
ဆိုင်ရှင်အမျိုးသမီးက ခပ်ပြတ် ပြတ်ပြောရင်း သူတို့ကို ဆိုင်ထဲက မောင်း ထုတ်လိုက်တယ်။
ကလေးငယ်တွေ တစ်ခဏတော့ တွေဝေနေတယ်။ ပြီးတော့ ဘာမှပြန် မပြောဘဲ ဆိုင်ထဲက ထွက်သွားကြတယ်။
ကျွန်တော့်ဟင်းပန်းကန်ထဲမှာ ဟင်းတချို့ တစ်ဝက်ကျန်နေသေးသလို ထမင်းလိုက် ပွဲပန်းကန်ထဲမှာလည်း ထမင်းတွေ ကျန်နေသေးတယ်။ ကိုယ်မစားလည်း ဆိုင်ရှင် ကိုပိုက်ဆံပေးရမယ့်အတူတူ ကလေးငယ် တွေကို ပေးလိုက်ရင် ပိုနေသူနဲ့ လိုနေသူ အဆင်ပြေမှာပဲလို့ တွေးလိုက်မိပေမယ့် ကလေးငယ်တွေက ကျွန်တော့်အတွေး တွေထက် မြန်အောင်ထွက်သွားကြတာ ကြောင့်မပေးဖြစ်လိုက်ပါဘူး။
ထမင်းစားပြီးတော့ ရေနွေးကြမ်း တစ်ခွက်၊ နှစ်ခွက်သောက်နေလိုက်သေးတယ်။ ဆိုင်ရှင်ကို ကျသင့်ငွေရှင်းပြီးတော့ ထမင်းဆိုင်ထဲက ထွက်လာပြီး နာရေး အချိန်ကိုစောင့်ရင်း ကားဝင်းထဲဟိုဟိုဒီဒီ လိုက်ကြည့်နေလိုက်တယ်။ ဘာဘာညာညာ သတင်းလေးများ ရလေမလားပေါ့။
အဝေးပြေးကားဝင်းထဲမှာက ရေအိုင်ကြီးငယ်အသွယ်သွယ်နေရာယူထားလို့ လမ်းတွေဘေးက ကားမှတ်တိုင် သေးသေးလေးတွေထဲမှာ ခရီးသည်တွေနဲ့ သူတို့ရဲ့အထုပ်အပိုးတွေ မိုးခိုနေကြတယ်။ အဝေးပြေးကားတွေနဲ့ ကားဝင်းထဲကနေ မြို့ထဲကိုပြေးဆွဲတဲ့ လိုင်းကားတွေ ကတော့ ဝင်လိုက်ထွက်လိုက် ဘီးရာချင်းထပ်နေကြပေါ့။
အောင်မင်္ဂလာအဝေးပြေးဝင်းထဲကို မြို့ထဲကနေ အငှားကားနဲ့လာရင် မိနစ် လေးဆယ်လောက်စီးရပြီး အနည်းဆုံး ကားခ ၅,၀၀၀ (ကျပ်) ဝန်းကျင်တော့ပေးရမယ်။ အများပြည်သူသုံး သယ်ယူပို့ ဆောင် ရေးဖြစ်တဲ့ ဘတ်စ်ကားစီးလာရင် တစ်နာရီလောက်စီးရတယ်။ ရထားလမ်း နဲ့ လာလို့ အဆင်မပြေဘူး။
ဒါကြောင့်တချို့ နယ်ကလူတွေ ပြောကြတာက နယ်ကနေ ရန်ကုန်ကို လာတဲ့ကားခထက် ရန်ကုန်ရောက်ပြီးမှ ကိုယ်သွားချင်တဲ့နေရာကို သွားဖို့ စီးရတဲ့ ကားခက ပိုများတယ်ဆိုတာပါပဲ။ ခရီး သွားလာကြတယ်ဆိုတော့ အထုပ်အပိုး တော့ အနည်းအများပါကြတာပါပဲ။ ခရီး ဝေးကလာရတာဖြစ်တော့ ဘတ်စ်ကား ကျပ်ကျပ်ကို ကြာကြာစောင့်ပြီး မစီးချင် ကြဘူးလေ။
ကားဝင်းထဲလှည့်ပတ်ကြည့်နေရင်း မှတ်တိုင်တစ်ခုနားအရောက်မှာ ခုနက ထမင်းဆိုင်ထဲကို ဟင်းလာဝယ်တဲ့ ကလေးငယ်တွေကို တွေ့လိုက်ရတယ်။
အကြီးဆုံးဖြစ်ဟန်တူတဲ့ မိန်းကလေးက ကားမှတ်တိုင် အုတ်ဖိနပ်ဟောင်းတစ်ခုပေါ်မှာထိုင်ပြီး ကျန်တဲ့ ကလေးငယ်နှစ်ယောက်ကို သူ့လက်ထဲ ကိုင်ထားတဲ့ ကြွပ်ကြွပ်အိတ်ထဲက ထမင်းတွေကို ခွံ့ကျွေးနေတယ်။ ထမင်းတွေက ဟင်းရည်နဲ့နယ်ထားပုံရပြီး သိပ်များများ စားစားတော့မဟုတ်ဘူး။ မိုးရေတွေနဲ့ ထမင်းတွေနဲ့ ရောနေပြီး ဟင်းနဲ့တူတာတော့ မတွေ့ရဘူး။ ကျန်တဲ့ကလေးနှစ် ယောက်က ခွံ့ကျွေးတာကို မိုးရေထဲ မတ်တတ်ရပ်ပြီး တစ်ယောက်တစ်လုတ်စား နေကြတယ်။
ကျွန်တော် သူတို့အနား တိုးကပ် သွားတဲ့အထိ သူတို့က ကျွန်တော့်ကို သတိမထားမိကြဘဲ ထမင်းကိုပဲ အာရုံ စိုက်နေပုံရတယ်။ သူတို့ရှိနေတဲ့အတွက် ပတ်ဝန်းကျင်က လူတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်ပုံမရသလို ဘာမှလည်း သိပ်ထူးခြားသွားပုံ မရပေမယ့် ကျွန်တော့်အတွက်တော့ သမားရိုးကျ မဟုတ်တဲ့ မြင်ကွင်းတစ်ခုလိုပါပဲ။
ကိုယ့်သားသမီးတွေသာဖြစ်ခဲ့ရင်ဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတဲ့အခါမှာ ဖော်ပြလို့မရတဲ့ခံစားမှုတစ်ခုနဲ့ တွန်းအားတစ်ခု ကျွန်တော့် ကိုယ်ထဲမှာ ဖြစ်လာတယ်။
“သမီးတို့ထမင်းစားမလား”
ကျွန်တော်မေးလိုက်တယ်။ သူတို့က ကျွန်တော့်အမေးကို နားမလည်တဲ့ပုံစံ နဲ့ ခဏတော့ ကြောင်ကြည့်နေကြတယ်။ ပြီးတော့ အကြီးဆုံး ကလေးမကပဲ…
“ဟုတ်ကဲ့၊ စားချင်ပါတယ်ဦး”
“ဒါဆို ဦးနဲ့လိုက်ခဲ့။ ထမင်းဆိုင်ကို သွားကြတာပေါ့”
အငယ်ဆုံးကလေးပါးစပ်ထဲကို ထမင်းတစ်လုတ်ခွံ့လိုက်ခြင်းဖြင့် သူတို့ လက်ထဲက ထမင်းထုပ်ကိုအဆုံးသတ် လိုက်ပြီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြ တယ်။ ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ခုနက ကျွန်တော်စားခဲ့တဲ့ထမင်းဆိုင်ကိုပဲ ခေါ် သွားလိုက်တယ်။
ကလေးတစ်သိုက်နဲ့ ကျွန်တော် ထမင်းဆိုင်ထဲဝင်လိုက်တော့ ဆိုင်ရှင် အမျိုးသမီးက ကလေးတွေကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်နေတယ်။ ကလေးတွေက ခပ်နွမ်းနွမ်းစုတ်စုတ်ဖြစ် နေတော့ တခြားစားသုံးသူတွေ အနှောင့်အယှက်ဖြစ်မှာစိုးတဲ့ပုံစံ ရှိတယ်။
“ကျွန်တော် ကလေးတွေကိုထမင်း ကျွေးချင်လို့ပါ”
ဆိုင်ရှင်အမျိုးသမီးက ဘာမှပြန်မပြောပါဘူး။ ဆိုင်ရှင်ကြည့်ရတာ သိပ်လိုလိုလားလားရှိဟန်မတူတာနဲ့ထမင်းဆိုင် ဘေးကဆိုင်ခန်း အလွတ်လေးမှာကလေးတွေကို ကျွန်တော်ကပဲ နေရာချထားပေး လိုက်တယ်။ ကြားမှာ ဝါးကပ်တစ်ခုကို နံရံ သဘောခြားထားတယ်။
ကလေးတွေပဲဆိုတော့ လူကြီးတစ် ခါပြင်စာဆိုရင် အဆင်ပြေနိုင်လောက် တယ်လို့ ယူဆပြီး ဝက်သားဟင်းနဲ့ တစ်ခါ ပြင်တစ်ပွဲ လှမ်းမှာလိုက်တယ်။ ဆိုင်ရှင် အမျိုးသမီးက…
“မောင်လေး၊ နင်တို့စားမှာသုံးယောက်။ ကလေးတွေပဲဆိုပြီး အထင်မသေးနဲ့။ သူတို့တွေစားနိုင်တယ်။ နင်တို့လည်း အဆင်ပြေသွားအောင် ထမင်း ဟင်းပုံပြီး တစ်ပွဲလေးရာနဲ့ သုံးပွဲပြင် လိုက်မယ်”
“အစ်မကြီးရယ်၊ ကျွန်တော်လည်း စေတနာသက်သက်နဲ့ ကလေးတွေကို ကျွေးမလို့ပါ။ အစ်မလည်း တွေ့တာပဲ။ ကျွန်တော့်မှာလည်း တခြားသုံးစရာရှိနေသေးလို့ အဲဒီလောက်ငွေမပါပါဘူး။ လူ ကြီးတစ်ခါပြင်စာပဲ လုပ်လိုက်ပါ”
ဘေးနားကလူတွေကလည်း ဝိုင်း ကြည့်နေကြတယ်။ ကလေးတွေကတော့ကျွန်တော်တို့ပြောနေတာကိုငေးလို့။ ဘေးနားက ဆိုင်အလွတ်ထဲက အဘွား တစ်ဦးက ကြားဝင်ပြောလိုက်တယ်။
“လုပ်ပေးလိုက်ပါဟယ်။ သူငယ် လည်း အဆင်ပြေ၊ ကလေးတွေလည်း ထမင်းစားသွားရတာပေါ့”
ဒီလိုနဲ့ ဝက်သားနှစ်ဖတ်ပါတဲ့ ဟင်းတစ်ခွက်၊ ချဉ်ရည်ဟင်း၊ ငါးပိတို့စရာတွေ ကလေးတွေစားပွဲဝိုင်းကို ရောက်လာတယ်။ အကြီးဆုံးကောင်မလေးကပဲ ထမင်း၊ ဟင်းကို သေချာနယ်ဖတ်ပြီး ကလေးတွေကို ကျွေးတယ်။ တစ်ယောက် တစ်လုတ်စီပေါ့။ ထမင်းဟင်းတွေ မကိုင် ခင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးတာကို တော့ သတိပြုမိလိုက်တယ်။
ပထမ ထမင်းတစ်ပန်းကန် တစ် ဝက်ကျိုးခါနီးအထိ အကြီးဆုံးကလေးမက သူ့မောင်လေး၊ ညီမလေးတွေကိုပဲ ခွံ့ကျွေးနေတယ်။ သူ့ပါးစပ်ထဲကို ထမင်း တစ်လုတ်မှ မဝင်သလို ဝက်သားဟင်းပန်းကန်ကိုလည်း သူ့လက်က နည်းနည်းလေးမှ သီမသွားဘူး။
ဒါနဲ့ ကျွန်တော်က…
“သမီး၊ ဝက်သားဟင်းထည့်စားလေ။ သမီးတို့စားဖို့ ဦးက ဝယ်ပေးထား တာပါ။ ထည့်ပါ”
ကလေးမက တွန့်ဆုတ် တွန့်ဆုတ် လုပ်နေတယ်။ သူ့ပုံက အားနာနေတာလား၊ ဒီလိုဟင်းမျိုးက သူတို့စားဖို့မှ ဟုတ်ရဲ့လားဆိုတာ တွေးနေသလားဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူ့လက်က ထမင်းပန်းကန်ထဲက ထမင်း တွေကိုပဲ နယ်ဖတ်နေတယ်။
ကျွန်တော်ကပဲ ဝက်သားဟင်းတစ် ဖက်ကို ဟင်းပန်းကန်ထဲကခပ်ပြီး သူတို့ထမင်းပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။ အငယ်ဆုံးကလေးက ကျွန်တော့် ကိုတစ်လှည့်၊ သူ့အစ်မကိုတစ်လှည့် ကြည့် လိုက်တယ်။ သူ့အစ်မက…
“ဒီမှာ အသားပါတယ်နော် မောင်လေး”
ထမင်းအလုတ် အကြီးကြီးတစ် လုတ်ကို ခွံ့ကျွေးလိုက်တယ်။
အကြီးဆုံးကလေးမမှာ တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓာတ်မရှိဘူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေတယ်။
ကျွန်တော့်အတွေးတွေ တစ်ခဏတော့ အဝေးကိုလွင့်သွားတယ်။ ကျွန် တော် ၁၁ နှစ်သားမှာ အဖေဆုံးသွားပေမယ့် အမေက ကျွန်တော့်ကို ကိုးတန်း ရောက်တဲ့အထိ ကျောင်းပို့ကျောင်းကြို လုပ်နေတုန်း။ စားဖို့ဆိုတာ အမေထည့် ပေးလိုက်တဲ့ ထမင်းဘူးထဲမှာ ရှိတာပဲလို့ သာ သိခဲ့ရတာ။အခုသူတို့ကျတော့ စာသင်ခန်းထဲ ရောက်နေရမယ့်အရွယ်တွေ။အပူအပင်မရှိ ကစားနေရမယ့်အရွယ်တွေ။ ဘယ်လိုအကြောင်း တရားတွေ ကြောင့် ဒီလိုနေရာကို ရောက်နေရတာလဲ။
ကျွန်တော်လည်း သူတို့အကြောင်း ကိုနည်းနည်းတော့ စပ်စုမိတယ်။
“သမီးတို့က ဘယ်မှာနေတာလဲ။ ဘယ်နှတန်းရောက်ပြီလဲ။ သမီးတို့အဖေနဲ့ အမေကရော ဘာတွေလုပ်ကြတာလဲ”
ကျွန်တော် မေးခွန်းတွေ ဆက်တိုက် ထွက်သွားတယ်။ ကောင်မလေးက သွက်သွက်လက်လက်ပါပဲ။
“ရွာသာကြီးနားက ဆောက်လုပ် ရေးဝင်းထဲမှာ နေတာပါ။ အဖေက အရင် က စစ်သားလို့တော့ ပြောတယ်။ သမီးတို့ ငယ်ငယ်ကတည်းက အဖေက တိုက်ပွဲမှာ ခြေထောက်တစ်ချောင်းပြတ်သွားတယ်။ အမေက ဈေးရောင်းတယ်။ ကုန်စိမ်း ရောင်းတာပေါ့။ ပြီးခဲ့တဲ့ လေး၊ ငါးရက် လောက်က အမေက ဗိုက်ထဲက အောင့် တယ်၊ အောင့်တယ်ဆိုတာနဲ့ မင်္ဂလာဒုံ စစ် ဆေးရုံကို ပို့ထားတယ်။ အမေမရှိတော့ သမီးတို့လည်း စားဖို့မရှိတာနဲ့ အခုလို ဒီကားဝင်းထဲလာပြီး မုန့်ဖိုးလေးတောင်းနေရတာပါ။ အမေ့ကိုလည်း ဆေးရုံတင်တဲ့နေ့ ကလွဲပြီး နောက်နေ့တွေ သွားမကြည့်နိုင် တော့ဘူး။ ဆရာဝန်ကြီးတွေကတော့ မကြာခင်ကောင်းသွားမယ်လို့တော့ ပြောတာပဲ”
“သမီးက ကျောင်းမနေတော့ဘူး။ လေးတန်းအထိတော့နေဖူးတယ်။ ညီမ လေးက နှစ်တန်း၊ မောင်လေးက ကျောင်း မတက်ရသေးဘူး”
သူတို့ ဒီကားဝင်းထဲရောက်ဖို့ ကား ခမရှိလို့ ကားစပယ်ယာကို တောင်းပန်ပြီးစီးခဲ့ရတာလို့လည်းဆိုပါတယ်။
သူတို့ဖြစ်ရပ်ထဲကို ဝင်ပြီးစီးမျောဖို့ အစီအစဉ်တွေမရှိပါဘဲ ကျွန်တော် သူတို့ကို နောက်ထပ်မေးခွန်းတွေမေးဖို့ စကားလုံးတွေ မဲ့သွားစေတယ်။
သူတို့ပြောပုံအရဆိုရင်တော့ သူတို့ တွေက ပရော်ဖက်ရှင်နယ်တောင်းစားတဲ့ သူတွေမဟုတ်ကြဘူး။ မိသားစုအခြေ အနေရဲ့ တွန်းပို့မှု၊ တစ်ထွာသာသာ ဝမ်း ဗိုက်ရဲ့ တောင်းဆိုမှုတွေကြောင့် သူတို့ လမ်းပေါ်ကို ထွက်လာကြရတယ်။ လမ်း ပေါ်ကလူတွေကရော သူတို့ကို နားလည်မှု ပေးနိုင်ကြပါရဲ့လား။ ပိုက်ဆံပေးဝယ်တာ တောင် အမြတ်မရရင် မရောင်းချင်တဲ့ ထမင်းဆိုင်ပိုင်ရှင်လိုလူတွေကရော ပတ် ဝန်းကျင်လောကကြီးထဲမှာ ဘယ်နှယောက် ရှိနေသလဲ။ ကလေးတွေရဲ့အမေ ဆေးရုံပေါ်မှာ ရက်ရှည်နေရရင်၊ ဒါမှမဟုတ် အားနည်းနေသေးတဲ့ မြန်မာနိုင်ငံ ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေက မကယ်တင်နိုင်ခဲ့ရင်…။
အကြီးဆုံးကလေးမလေးက ၁၁ နှစ်ရှိပြီ။ နောက်နှစ်နှစ်၊ သုံးနှစ်ဆိုရင် အပျိုပေါက်ဖြစ်ပြီလေ။ သူ့ရဲ့ဘဝလုံခြုံမှု၊ ကလေးငယ်တွေရဲ့ ပညာသင်ကြားရေး…။
“မောင်လေး၊ နင်အတင်းကျွေးမနေနဲ့။ သူတို့ကြည့်ရတာ ဘယ်အချိန် ကတည်းက မစားရတာလဲမသိဘူး။ စားလိုက်တာ လူကြီးတွေစားတာထက် ပိုတယ်။ တော်ကြာ စားပိုးနင့်ပြီး တစ်ခုခု ဖြစ်သွားမှ နင့်ကိုအမှုပတ်နေဦးမယ်”
ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ အသံကြောင့် ကျွန်တော် အတွေးတွေဆီ ကနေ အမှန်တကယ် ဘဝထဲကိုပြန် ရောက်လာတယ်။ အဲဒီတော့မှ သတိထား မိတာ သူတို့ တတိယမြောက်ထမင်းလိုက် ပွဲကိုစားနေကြပြီ။ အဲဒီအချိန်ထိ အကြီး ဆုံးကလေးမက မစားရသေးဘူး။
“သမီးစားဦး။ သူတို့ကို မကျွေးနဲ့ တော့။ များနေပြီ။ တန်ဆေး လွန်ဘေးတဲ့”
“ဟုတ်ကဲ့ပါ ဦး။ မောင်လေးတွေ ဝဖို့က အရေးကြီးပါတယ်”
“သူတို့ဝလောက်ပါပြီ။ သမီးစား လိုက်ဦး”
အဲဒီတော့မှ သူ့ပါးစပ်ထဲကို ပထမ ဦးဆုံး ထမင်းလုတ်ကို စထည့်တယ်။ အဲဒီ အချိန် ဟင်းပန်းကန်ထဲမှာ ဟင်းရည်ပဲရှိ တော့တယ်။ ကျန်တဲ့ကလေးတွေကတော့ ထပ်စားချင်နေပုံရပေမယ့် ဘေးနားမှာ လူကြီးတစ်ယောက်ရှိနေတယ်ဆိုတဲ့အသိ နဲ့သိပ်တော့ စောဒကမတက်ရဲကြဘူး။
ဘေးနားက အဘွားကြီးကတော့ သူတို့ကိုတစ်လှည့်၊ ကျွန်တော့်ကို တစ် လှည့်ကြည့်ပြီး ပြုံးနေတယ်။
ထမင်းဖိုးရှင်းတော့ ပြန်အမ်းတဲ့ အကြွေ ငွေကျပ်လေးရာဟာ ကျွန်တော့် အတွက်တော့ သိပ်ထူးခြားသွားမှာ မဟုတ်ပေမယ့် ကလေးငယ်တွေအတွက် တော့ အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ပဲ ကလေးငယ်တွေကို ပေး လိုက်တယ်။
အကြီးဆုံးကလေးမက ပိုက်ဆံတွေ ကို ကိုင်ထားရင်း အသံတုန်တုန်ရင်ရင်နဲ့ ကျွန်တော့်ကို ကျေးဇူးတင်စကားပြောတယ်။
“ကျေးဇူးတင်ပါတယ်ဦးရယ်။ ဒီ ပိုက်ဆံနဲ့ ဆန်ဝယ်ပြီး အိမ်ပြန်ရမယ်။ ဒီ အချိန်ဆို အဖေဆာနေလောက်ပြီ”
ပြီးတော့ သူ့မောင်လေး၊ ညီမလေး တွေဘက်ကို လှည့်ပြီး ဝမ်းသာအားရ …
“မောင်လေးရေ၊ ဒီဦးဦးက မုန့်ဖိုး တွေပါ ပေးလိုက်တယ်။ လာ လာ အစ်မတို့ ပြန်ကြမယ်”
ပြောပြောဆိုဆိုနဲ့ ကလေးတစ် သိုက် မိုးသည်းသည်းထဲကို တိုးဝင်သွား ကြတယ်။
သူတို့ရဲ့ကျောပြင်ကို ကျွန်တော့် မျက်လုံးတွေ စွတ်စိုမှုန်ဝါးသွားတဲ့အထိ ငေးကြည့်ကျန်ခဲ့…။
အပြင်မှာတော့ မိုးတွေ သဲသဲမဲမဲ ရွာလို့ကောင်းနေတုန်း။
[:en]၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ အက်ဆေး ဖြစ်ပါသည်။