၂၀၁၆ မှာ ဘယ်သူသမ္မတ ဖြစ်မလဲ ?


၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ သရော်စာဆောင်းပါးဖြစ်သည်။

ရန်လိုကျွှဲရေး သည်။

ဒီနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပခြင်းကဲ့သို့ သောအပြောင်းအလဲများ ပေါ်ပေါက်ခဲ့ပါကမည်သူသမ္မတဖြစ်လာမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်?

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမည်လော။

ဤမေးခွန်းကို မဖြေကြခင် လွန်ခဲ့သောလေးနှစ်က အခြေ အနေကို ခေတ္တ ပြန်ကြည့်ကြပါစို့။

သမ္မတ တာဝန် ဘယ်သူယူ၊ လွှတ်တော်ဥက္ကဋ္ဌတွေကတော့ ဘယ်သူတွေ ဖြစ်ရမယ် စသဖြင့်သော ဆုံးဖြတ်ချက်များကို ၂၀၁၀ ပြည့်နှစ်တွင် မည်သူတို့က ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြ သနည်း။ နေပြည်တော်မှ အသွင်ကူးပြောင်းသူတို့က ဝိုင်းဝန်းစီ စဉ်ကြခြင်းပင်။

ထိုအသွင်ကူးပြောင်းသူတို့ တန်ခိုးအာဏာ ဆက်လက် ကြီးထွားဆဲဖြစ်သောကြောင့် သူတို့ နှစ်သက်လက်ခံသူသာ ထို နေရာများ ရကြမည်ဆိုသည်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့် ရုံနှင့် သဘောပေါက်နိုင်သည့်ကိစ္စဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်ကို အမှတ် ၅၄ ထောင်ထဲ ထည့် ထားရာမှ လွှတ်တော်အတွင်း ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်နိုင်စေ ရန် လမ်းဖွင့်ပေးခဲ့သည်မှာလည်း သူတို့ပင်ဖြစ်၏။ ထိုထက်ပိုပြီး အခွင့်အရေးပေးမည့် အလားအလာ မရှိ။ ဤအနေအထားကို ၂၀၁၅ အလွန်တွင်လည်း ဆက်လက် ထိန်းသိမ်းထားလိုသည့် သဘော ပရိသတ်က ခံစားနေရသည်။ ရှိရင်းစွဲအခြေအနေထက် မပိုစေရန် လက်နက်မျိုးစုံ၊ နည်းနာဗျူဟာမျိုးစုံသုံးပြီး စီစဉ်၊ စီရင် ကြဖွယ် ရှိသည်။

လက်နက်ဟု ဆိုသည့်အတွက် ခြောက်လုံးပြူး၊ ဂျင်ကလိ၊ ဝါးရင်းတုတ် အစရှိသည်တို့ကို ပြေးမမြင်လေနှင့်။ မကြာသေး ခင်က ကျောင်းသားများ ရန်ကုန်သို့ချီတက်မှုကို တားဆီးရာတွင် အသုံးပြုခဲ့သောလက်နက်ကို ပြေးမြင်ပါလေ။ သို့သော်လည်း လက်ပံတန်းမြို့တွင် လက်စွမ်းပြခဲ့သော နံပါတ်တုတ်များ၊ အုတ်ခဲ များကို မဆိုလိုပါ။

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး နယ်စပ် လမ်းမကြီးတစ်နေရာတွင် အသုံးပြုစီရင်ခဲ့သော ယပ်တောင် သုံး ချောင်းကို သတိရကြမည် ထင်သည်။ သံဃာများ အသုံးပြုသည့် ယပ်တောင်၊ ကိုယ့်အိမ်ကိုယ့်ယာတွင် တွေ့နေကျ ယပ်တောင်တို့ ကို သုံးချောင်းပူးပြီး သံဆူးကြိုးတပ် အတားအဆီးများကြားတွင် စီရင်ထားခြင်းကို သတင်းသမားတို့ မှတ်တမ်းတင် ဖြန့်ကြသဖြင့် စာဖတ်ပရိသတ်အများအပြားက ထိုအစီအရင်ကို အံ့သြတကြီး တွေ့ခဲ့ရသည်။

ထိုအစီအရင် မည်မျှစွမ်းသနည်း။ ချီတက်လာသော ကျောင်းသားများ ရန်ကုန်မရောက်ဘဲ သာယာဝတီထောင်ထဲ ရောက်သွားကြခြင်းမှာ ထိုယပ်တောင်သုံးလက်ကြောင့် ဖြစ်ဖွယ် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအနီးသို့ပင် မချဉ်းကပ်နိုင်ခင် ထို အနေအထား ဖြစ်သွားသောကြောင့် ယပ်တောင်လက်နက်က အစွမ်းထက်သည်ဟု သုံးသပ်သူတို့လည်း ရှိနေသည်။အာဏာထက်သူတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာရေးအတွက် အဆိုပါ ယပ်တောင် အစီအရင်ကဲ့သို့သော လက်နက်တစ်မျိုးမျိုး ထုတ်သုံးလာနိုင်ခြေရှိသည်။

အခြားတစ်ဘက်မှ ဆင်ခြင်ကြည့်လျှင်လည်း ဒေါ်အောင် ဆန်းစုကြည်တွင် တိုးတက်မှုတချို့ ဖြစ်ထွန်းနေကြောင်း ဗိုလ်ချုပ် ကြီးတို့ ယူဆဖွယ်ရှိသည်ဟု ဆိုနိုင်၏။တပ်မတော်က ထိန်းသိမ်းထားသော ကင်မရာကိုင်သူ ကိုပါကြီး ကျည်ဆန်ရာ ဗရပွဖြင့် သေဆုံးမှု၊ လက်ပံတောင်းဒေသ တောင်သူ ဒေါ်ခင်ဝင်း ဆန္ဒပြစဉ် ပစ်ခတ်ခံရပြီး သေဆုံးမှု၊ လက်ပံ တန်းဒေသရောက် ဆန္ဒပြကျောင်းသားတို့ကို ရာနှင့်ချီသော ရဲ တပ်သားတို့က အားရပါးရရိုက်နှက်မှု စသည့် စသည့် အစွမ်းပြ မှုများအတွက် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ အပြင်းအထန် ကန့်ကွက်သံ ထွက်မလာခဲ့။

ထိုအချက်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ငါတို့ဘက် ပါလာပြီဟု သူတို့ ယူဆဖွယ် ရှိသည်။ သို့သော်လည်း မိခင်ကြီး ထိုမျှလောက် တိတ်ဆိတ်နေပြရုံနှင့်တော့ သမ္မတဖြစ်ရေးလမ်း ကြောင်း လုံး၀ ဖွင့်ပေးမည်မဟုတ်ဟု သူတို့က အခိုင်အမာဆိုကြ လိမ့်မည်။

ဦးသိန်းစိန်?

ဦးသိန်းစိန်၏ သမ္မတ သက်တမ်း လေးနှစ်ပြည့်လာပြီ။ ဤ ကာလအတွင်း ပဋိပက္ခများ ဟိုမြို့၊ ဒီမြို့တွေမှာ ပေါ်ပေါက်လာ သည်။ အများပြည်သူ၏ အာရုံ မနားရ။ တိုက်ပွဲတို့ကလည်း ဟိုနယ်မှာဖြစ်လိုက်၊ ဒီနယ်မှာဖြစ်လိုက်။ အများပြည်သူ၏အာရုံ မနားရ။ ဘယ်ကြည့်၊ ညာကြည့် လိုက်ကြည့်နေရသည်။ သို့သော်လည်း ဓာတ်ပုံများမှတစ်ဆင့် တွေ့ရသော ဦးသိန်းစိန်ကို လေ့လာကြည့်တော့ အေးအေးဆေးဆေး ရှိနေဟန် တွေ့ရသည်။

ရွှေပြည်ကြီးတွင် ပဋိပက္ခစုံလင်စွာဖြစ်ပေါ်နေသော်လည်း သူ နှလုံးခုန်မြန်ဖွယ်မရှိ။ ဦးသိန်းစိန်၏ အားသာချက်မှာ နှလုံးခုန် စက်တပ်ထားခြင်း ဖြစ်နိုင်သည်။ စက်ဆိုသည်မှာ ခံစားချက် မရှိ။ ခံစားချက်သည် နှလုံးသားမှ လာသည်။ တပ်ဆင်ထားသော စက် ကြောင့် နှလုံးသားကို မည်မျှအထိ သက်ရောက်မှု ရှိနိုင်သည် မသိ။

စိတ်ညစ်စရာ၊ ခေါင်းခဲစရာ ပဋိပက္ခများအတွက် ဒီစက်က အလုပ်ဖြစ်ဟန် တူသည်ဟု မည်သူ စဉ်းစားမိပါသနည်း။

ဦးသိန်းစိန် အေးရာအေးကြောင်း ဖြစ်နေသည်မှာ နှလုံး ခုန်စက်ကြောင့် ဖြစ်သည်ဟူသော အချက် မှန်ကန်ပါက အခြေခံ ဥပဒေတွင် ပြင်စရာ၊ ဖြည့်စွက်စရာ အချက်တစ်ခု ရှိလာသင့် သည်။ နိုင်ငံတော်အကြီးအကဲဆိုသည်မှာ ပြဿသနာစုံကို ဒိုင်ခံရှင်း ရသူများ ဖြစ်သောကြောင့် သမ္မတတာဝန် ထမ်းဆောင်မည့်သူသည် နှလုံးခုန်စက် တပ်ထားသူ ဖြစ်ရမည်ဟူသော အချက်ပင်။

တာဝန် ဝတ္တရားကြီးများကို ဦးသိန်းစိန် အဆင်ပြေစွာ ထမ်းဆောင်နိုင်ခြင်းမှာ နှလုံးခုန်စက်ကြောင့်ဖြစ်သည်ဟူသော သီအိုရီ ပေါ်လာလ ျှင်တော့ အပြင်းအထန် ကန့်ကွက်ရမည် ဖြစ်သည်။

အားလုံး သတိထားမိသည့်အတိုင်း ဦးသိန်းစိန်ဘေးတွင် လူကောင်းများစွာ ဝန်းရံထားသည်။ ဥပမာပြပါဆိုလ ျှင် အစိုးရ အားနည်းချက်ရှိသည်၊ ပြောမှား၊ ဆိုမှား အပြုအမူ မှားယွင်းမှု ရှိသည်ဟု စွပ်စွဲလာသမျှအတွက် ရွပ်ရွပ်ချွံချွံ ဖာထေး ပြောကြား ပေးသော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ပြရမည်။

ထို့ပြင် အစိုးရနာမည်ကောင်းရစေရန်၊ အများအထင်ကြီး စေရန် ပြောဆိုလုပ်ပြတတ်သည့် ပြည်တော်ပြန် သူပုန်ဟောင်း တချို့လည်း ဦးသိန်းစိန်နှင့် သင့်တင့်လေ ျာက်ပတ်သောနေရာတွင် ရှိသည်။ ဦးသိန်းစိန်သည် နှလုံးအင်အား ကောင်းလွန်းလှသလို လက်ရုံးအင်အားလည်း ကောင်းလှပါ၏။ ထို့ကြောင့် ဦးသိန်းစိန် သမ္မတ ဆက်ဖြစ်ဦးမည်လောဟု မေးလာလ ျှင် “ဟုတ်ကဲ့၊ များ စွာ အလားအလာ ကောင်းလှပါသည်” ဟု ဖြေဆိုရပေမည်။

ထိုသို့ အလားအလာကောင်းသော်လည်း ဦးသိန်းစိန်သည် ၂၀၁၅ အလွန်အတွက် ရည်ရွယ်ပြီး စည်းရုံးရေးလုပ်ငန်းများ အဆက်မပြတ် လုပ်ကိုင်နေသည်ဟု မလိုသူတို့က စွပ်စွဲကြ၏။ ဥပမာတစ်ခုပြပါမည်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားစဉ် ထုတ်ပြန်သော ပညာသင်ဆုရသူများ စာရင်းတွင် ဖွံ့ဖွံ့ထွားထွားအစိတ်အပိုင်းများကို ရဲရဲဝံ့ဝံ့ ဖော်ပြတတ်သော ကာလသား ကြိုက် အလန်းဇယား မော်ဒယ်လ်တစ်ယောက်အမည်လည်း ပါ ဝင်သည်ဟု အင်တာနက်သတင်းတို့က ဆို၏။

ထိုရွေးချယ်မှုမှာ တချို့သောသူများအတွက် အလွန်တရာ အငြင်းပွားဖွယ် ဖြစ်သွားသေးသည်။

ဇွန်သဉ္ဇာကို ရွေးချယ်လိုက်ခြင်းသည် သမ္မတ၏ စည်းရုံး ရေးနည်းနာတစ်ခု ဖြစ်သည်ဟု အဆိုးမြင်သူများ ရှိသကဲ့သို့ ဖော် ချွတ်သူလည်း ပညာသင်ခွင့်ရှိတာပဲဟု အကောင်းမြင်သူများ လည်း ရှိကြောင်း တွေ့ရသည်။

ရဲဝံ့သော ရွေးချယ်မှု၊ ဆုံးဖြတ်မှုမှာ တော်ရုံအရည်အချင်းရှိ ရုံနှင့် မရဟူသော အချက်ကို ပေါ်လွင်စေသော ဖြစ်ရပ်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်?

ဗိုလ်ချုပ်မှူးကြီးမှာ သမ္မတ တာဝန် ထမ်းဆောင်နိုင်သည့် အရည်အချင်း ရှိသလား။

“ဘာကြောင့် မရှိရမှာလဲ၊ သူက စစ်ဗိုလ်ချုပ်ကြီးပဲ” ဟု ဖြေကြမည် ထင်ပါသည်။ ဟုတ်သည်၊ မြန်မာပြည်တွင် စစ်ဗိုလ် တွေက အကုန်လုံး လုပ်တတ်သူများဖြစ်သည်၊ ဌာနဆိုင်ရာ ထိပ် တန်းရာထူးကြီးများတွင် နှစ်ပေါင်းများစွာ နေရာရနေသူမှာ စစ်ဗိုလ်များသာ မဟုတ်လော။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ စသဖြင့်သော နေပြည်တော်မှ ထိပ်သီးနေရာကြီးများတွင်လည်း စစ်ဗိုလ်ကြီးများကို တွေ့ရမည်။

ထို့ကြောင့် မနာလို မရှိကြနှင့်၊ မြန်မာပြည်တွင် စစ်ဗိုလ်တွေက အကုန်လုံး တတ်စွမ်းသူ၊ လုပ်တတ်သူ၊ အရည်အချင်းရှိသူများ ဖြစ်သည်ဟု ဆိုခြင်းပင်။ စစ်ရေးလား လာထား။ အုပ်ချုပ်ရေးပိုင်းမှာလား လာခဲ့။ ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံခြားရေး၊ သမဝါယမ၊ နည်းပညာ၊ မည်သည့်နယ်ပယ်တွင်မဆို ထိပ်တန်းရာထူး ကြီးများတွင် စစ်ဗိုလ်တို့ကိုသာ တွေ့နေရသဖြင့် မြန်မာပြည်တွင် စစ်ဗိုလ်များသည် စစ်ဗိုလ်မဟုတ်သူများထက် တတ်စွမ်းနိုင်သူများ ဖြစ်လာသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမှာ သမ္မတတာဝန် ထမ်းဆောင် နိုင်သည့် အရည်အချင်းရှိသလားဟူသော မေးခွန်းကို သူက အကြီးဆုံးသော ဗိုလ်ချုပ်ကြီးဖြစ်သည်ဟူသော အချက်တစ် ချက်တည်းနှင့်ပင် သူ့မှာ သမ္မတတစ်ယောက်၏ အရည်အချင်း ရှိသည်ဟု ဆိုရမည်။ သို့သော် အရည်အချင်းရှိရုံနှင့် သမ္မတရာထူး လွယ်လွယ်ရနိုင်ပါမည်လော။

လွယ်သည်ဟု ဆိုရမည်။ သူ သမ္မတဖြစ်ရေး လမ်းကြောင်း အတွက် ရွေးကောက်ပွဲဆိုတာကြီးကို ဖြတ်စရာ မလို။ အေးရာ အေးကြောင်း၂၅ ရာခိုင်နှုန်း လမ်းကြောအတိုင်း ဖြတ်လျှောက် သွားရုံသာ။ ထိုနည်းလမ်းဖြင့် သူက ဒုသမ္မတ ဖြစ်လာမည်၊ ပြီး လ ျှင် သမ္မတရာထူးအတွက် ဆက်လက်တက်လှမ်းရုံသာ။

မည်သည့်ကြိုးပမ်းချက်မဆို အဟန့်အတားနှင့် ကြုံရတတ် သည်ဟူသော သီအိုရီအရ သူ့လမ်းကြောင်းတွင် အဟန့်အတား တို့ ရှိကောင်းရှိမည်။ သူ့ကို သမ္မတရာထူး မပေးလိုသူများထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ပါနိုင်သည်။ ပါတီကတော့ သူတို့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကြီး သမ္မတဖြစ်လာရေးကို လိုလားဖွယ်ရှိသည်။

သို့သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် တပ်မတော် ခေါင်းဆောင်တို့ တည်ထောင်ပေးခဲ့သည့် နိုင်ငံရေးအဖွဲ့ ဖြစ်သော ကြောင့် ဗိုလ်ချုပ်မှူးကြီး သမ္မတဖြစ်လာရေး စီမံချက်ကို သူတို့က အထူးစောဒက တက်ဖွယ်ရှိမည် မဟုတ်ပေ။

သူရဦးရွှေမန်း?

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက သမ္မတတာဝန်ယူလိုကြောင်း အစော ကြီးကတည်းက ပြောထားပြီးသား ဖြစ်သည်။

သူ့မှာ နောက်က ျသည့်အချက်တစ်ခုတော့ ရှိသည်။ သူ၏ပြိုင်ဘက်များဖြစ်သော၊ ၂၀၁၅ အလွန် သမ္မတတာဝန်ယူလိုသည်ဟု ကြေညာထားကြသော ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစု ကြည်တို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖွင့်ထားကြသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။

သူရဦးရွှေမန်းကမူ မကြာသေးမီကမှ ဖေ့စ်ဘွတ်ခ်စာမျက် နှာ ကမန်းကတန်း ဖွင့်ထားခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာပြည်တွင် သမ္မတဖြစ်ရေးမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာရှိရေးထက် စစ်ရေးအတွေ့အကြုံရှိရေးက ပို အလုပ်ဖြစ်၊ ပိုမိုအဓိကကျကြောင်း ကမ္ဘာကေ ျာ် ၂၀၀၈ အခြေခံ ဥပဒေအကြောင်း ကြားဖူးသူတို့ သိလိမ့်မည်။ ဤဥပဒေအရ ဆို လ ျှင် စစ်ဗိုလ်ချုပ်ဟောင်းကြီး သူရဦးရွှေမန်းက သမ္မတဖြစ်ထိုက်သူပင်။

ဦးသိန်းညွန့်?

သမ္မတဖြစ်လာနိုင်သူများထဲတွင် ဦးသိန်းညွန့်ကိုလည်း ထည့်သွင်းရပေမည်။ သူက လူကြိုက်များလာသည့် အမတ်မင်းလည်း ဖြစ်သည်။ ထို့အပြင် သူက ထိန်းထိန်းသိမ်းသိမ်း လုပ်တတ် သူလည်း ဖြစ်သည်။ ဒုတိယအချက်က အင်မတန် အရေးပါသည့် အရည်အချင်းဟု ဆိုရမည်။

မြန်မာပြည်သည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့်နိုင်ငံဖြစ်သည်။ အကူးအပြောင်း ကာလဆိုသည်မှာ အကဲဆတ်ချက် များသောကြောင့် ထိန်းထိန်း သိမ်းသိမ်းလုပ်နိုင်မှ သင့်တော်မည်။ အခု ရေတွင်းတူး၊ အခု ရေ ကြည်သောက်ချင်လို့ မရ။ စိတ်ရှည်ရသည်။ ရေတွင်းတူးနေတာ ကြာလှချည်လားကွာဟု အဆိုးမြင်သူတို့၏ မှတ်ချက်ကို ဂရု မစိုက်ကြပါနှင့်။

ထပ်ပြောရလ ျှင် အသွင်ကူးပြောင်းရေးက အကဲဆတ် တတ်သည်။ ဤအနေအထားတွင် ဦးသိန်းညွန့်ကဲ့သို့သော ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်သူများ နိုင်ငံကို ခေါင်းဆောင်သင့်သည်။

နိုင်ငံတွင် တရားခံပြေး အများအပြားရှိသည်။ သောင်းနှင့် ချီလိမ့်မည်။ သို့သော်လည်း သူတို့ကို လိုက်လံဖမ်းဆီးရေးထက် ပိုမိုအရေးကြီးသည့် လုပ်ရပ်များစွာ ရှိနေသည်။ မြေသိမ်းယာ သိမ်းခံရရုံဖြင့် ဆန္ဒပြသော၊ ထွန်တုံးတိုက်ပွဲဆင်သော လယ် သမားတို့ကို ထောင်ထဲ ထည့်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကပင် သဘောက ျနေပုံရသော ပညာရေးဥပဒေကို ကန့်ကွက်နေကြသည့် ကျောင်းသားများကို ရိုက်နှက်ဖမ်းဆီး ထောင်ထဲ ထည့်ရ သည်။ ထိုအခြေအနေများကြောင့် ရဲတပ်ဖွဲ့က ရာဇဝတ်သားတို့ နောက် မလိုက်အား။ ပုဒ်မ ၁၈ ဖောက်ဖျက်သူတို့ကိုသာ အဓိက ပစ်မှတ်ထားသည်။ အသွင်ကူးပြောင်းရေးကာလတွင် တည်ငြိမ် အေးချမ်းဖို့လိုသည် မဟုတ်လော။

တည်ငြိမ်အေးချမ်းဖို့အတွက် ရဲတပ်ဖွဲ့က တုတ်စွမ်း နည်း နည်းပြရသည်။ လက်ပံတန်းမြို့စစ်ဆင်ရေးတွင် လူကိုလည်း ရိုက် ရ၊ ကားကိုလည်း ရိုက်ရသည့် ရဲတပ်ဖွဲ့၏ အနေအထားကို စာ နယ်ဇင်းသမားတို့ သတင်းပို့သဖြင့် ပရိသတ်က မျက်ဝါးထင်ထင် တွေ့ရသည်။ ဤတွင် ရဲတပ်ဖွဲ့၏ သင်တန်းဆရာ မျက်နှာဖြူနိုင်ငံ ပေါင်းချုပ်အသင်းကို ဝိုင်းဝန်း ချီးက ျူ းကြသည်။ မျက်နှာဖြူတို့၏ အကူအညီက မြန်မာပြည်အတွက် ထိရောက်လှသည်။ မျက်နှာဖြူ တို့ ကူညီနေသော အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံက တည် ငြိမ်အေးချမ်းဖို့ လိုသည်။ ပဋိပက္ခနည်းနိုင်သမ ျှနည်းဖို့ လိုသည်။ ထိုသို့ဖြစ်ရေးအတွက် လွှတ်တော်အမတ်မင်း ဦးသိန်းညွန့်ကဲ့သို့ သော ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်သူများ အထူးလိုအပ်သည်။

ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ပုံတချို့ကို မကြာသေးမီက တွေ့ရသည်။

အများပြည်သူ လွတ်လွတ်လပ်လပ် တပ်ဆင်ကြည့်ရှုနေ ကြသော ရုပ်သံဖမ်းစက် စလောင်းများမှာ ဥပဒေမဲ့ ခိုးသွင်းလာ ခြင်းဖြစ်သည်။ ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်း တည်ထောင် လုပ် ကိုင်မှုများကို ထိခိုက်စေသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ အများပြည်သူလုံခြုံရေးအတွက် ထိုစလောင်းကိစ္စ ကိုင်တွယ်ရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်တွင် မတ်လက ပြောကြားလိုက်ရာ ထောက်ခံသံတွေ၊ ဝေဖန်သံတွေ ပွက်ပွက်ညံ သွား၏။

ဝေဖန်သူတို့က မြန်မာပြည်တွင် Sky Net ရုပ်သံ လက် ဝါးကြီးအုပ်ထားသည်၊ ပရိသတ်လည်ပင်းအညှစ်ခံနေရသည်၊ ထို့ ကြောင့် ပြည်သူတို့ စရိတ်သက်သက်သာသာ အပန်းဖြေစရာ ရုပ် သံဖမ်းစက်စလောင်းကို ပိတ်ပင်ရန် မသင့်ဟု ဆိုကြသည်။ ထို စလောင်းက အသက် ၁၈ နှစ် ပြည့်ပြီးသူတို့သာ ကြည့်ရန် သတ် မှတ်ထားသည့် အပြာရုပ်ရှင်လိုင်း ပါဝင်သည်ဟု ထောက်ပြသူက ထောက်ပြ၏။ ထိုထောက်ပြချက်ကို ယုံကြည်ပြီး ထိုကား ရှာဖွေ ကြည့်သူက ကြည့်၏။ ထိုကားမျိုး မတွေ့ရသဖြင့် စိတ်ညစ်သွား သူလည်း ရှိ၏။ အခြားတစ်ဖက်မှ ဆင်ခြင်လ ျှင်လည်း ထိုအပြာ ကားတို့ကို စရိတ်နည်းပါး ရုပ်သံဖမ်းစက်ဖြင့် ကြည့်ရှုနိုင်သည်ဆို သည့်အချက်ကတော့ ယုံကြည်ရခက်ခဲလှသည်။ အပြာကားဆို သည်မှာ နိုင်ငံတကာ ရုပ်သံလိုင်းလောကတွင် ဈေးကြီးသည့် ရုပ်ရှင်များဖြစ်သည်။

မည်သို့ပင် ဆိုစေ ထိုသို့ အငြင်းပွားဖွယ် ဖြစ်လာသော ရုပ် သံဖမ်းစက် စလောင်းကို ပိတ်ပင်လိုသည့်သဘော လွှတ်တော် တွင် ဆွေးနွေးခြင်းသည် ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း လုပ် တတ်ပုံကို ပြသခြင်းပင်။

မတ်လအတွင်းမှာပင် လူ့အခွင့်အရေးသမားတချို့က မြန် မာပြည်အတွက် ထူးခြားသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန် စဉ်တွင်လည်း သူ၏ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုမှုကို သတင်း တစ်ပုဒ်တွင် ဖတ်လိုက်ရသည်။ ဧည့်စာရင်းစစ်သော ဓလေ့ကို ဖျက်သိမ်းပစ်ရေးဟု လူ့အခွင့်အရေးသမားတချို့က သူတို့အစီ ရင်ခံစာတွင် ကြွေးကြော်လာသည်။ မြန်မာ့ရိုးရာအစဉ်အလာ တစ်ခုဖြစ်သော၊ မည်သည့်နိုင်ငံတွင်မှ မရှိသော ဤ ဓလေ့ထုံး တမ်းစဉ်လာကို ဖျက်သိမ်းရေးကို သူတို့မို့ ပြောရက်သည်။ ဧည့်စာ ရင်းစစ်ခြင်းဟာ၊ ညဘက် အချိန်မရွေး လူအုပ်စုဖွဲ့ပြီး အိမ်ထဲဝင် ရောက်စစ်ဆေးခြင်းဟာ လူတစ်ယောက်ရဲ့အခွင့်အရေးကို ထိပါး ရာရောက်တယ်ဟု သူတို့က ထောက်ပြသည်။ ဒီဥပဒေကို ဖျက် ပစ်ဖို့ တောင်းဆိုလာသည်။ ထိုတောင်းဆိုချက်အကြောင်းကို စာနယ်ဇင်းတို့ကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးကြသည်၊ တင်ပြကြသည်။

ဤသို့သော အခြေအနေတွင် က ျွန်ုပ်တို့၏ ဇာတ်လိုက် ကေ ျာ်အမတ်မင်း ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပုံကို AP သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ကြရခြင်းဖြစ်သည်။ မြန်မာ ပြည်အတွက် ဒီဥပဒေ လိုအပ်နေသေးသည်ဟု သူက ဆိုလိုက် လေသည်။ “ဒီဥပဒေကို ဖျက်သိမ်းဖို့ ပြောဖို့ဆိုတာ စောလွန်းပါ သေးတယ်။ လူ့အခွင့်အရေးဘက်ကချည်းပဲ ကြည့်လို့မရဘူး။ ပထမဆုံးတည်ငြိမ်ဖို့က လိုတယ်။ ဒါပေမဲ့ ဒီဥပဒေက လူတွေကို ဖိနှိပ်ဖို့ထက် ကာကွယ်ဖို့အတွက်ပဲ အသုံးပြုရမယ်”ဟု သူက ဆို လိုက်သည်ဟူ၏။

ထိုသို့ ပြောဆိုလိုက်သည်ဟူသောအချက် မှန်ကန်ပါက ဦးသိန်းညွန့်သည် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူဖြစ်သည် ဟု သုံးသပ်နိုင်သည်။ အချိန်မတော် အိမ်ထဲဝင်သည့် ယဉ်ကေ ျးမှု ဆက်ရှိသင့်သည်ဟု သူက ဆိုလိုခြင်းပင်။

အသွင်ကူးပြောင်းစ မြန်မာပြည်တွင် ဦးသိန်းညွန့်ကဲ့သို့ သော ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူ နိုင်ငံရေးသမားတို့ များစွာ လိုအပ်သည်။ ၂၀၁၅ အလွန်ကာလကို တာဝန်ယူရမည့် သမ္မတသည် ဦးသိန်းညွန့်ဖြစ်သည်ဟု ဆိုလ ျှင် နိုင်ငံတော်အတွက် များစွာ ရင်အေးရမည် ဖြစ်သည်။

ဦးသိန်းညွန့် သမ္မတဖြစ်ရေးအတွက် အနှောင့်အယှက်ပေး နေသည်က အခြေခံဥပဒေဖြစ်သည်။ သမ္မတသည် စစ်ရေးအမြင် ရှိရမည်ဟု ထိုဥပဒေက ပြဋ္ဌာန်းထားသည်။ သို့သော်လည်း ထို အချက်ကို ရှေ့နေ ဦးသိန်းညွန့်က ကေ ျာ်ဖြတ်နိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဦးသိန်းညွန့်၏ ဘဝတစ်လေ ျှာက်လုံး မြန်မာပြည်တွင် ပြည်တွင်းစစ် ဖြစ်နေသည်မဟုတ်လော။ သူ့တွင် စစ်ရေးအတွေ့အကြုံ ဒုနဲ့ဒေး ရှိသည်။ စစ်အစိုးရအဆက်ဆက် အောက်တွင် ကြီးပြင်းလာရသူလည်းဖြစ်သည်။

ထို့ကြောင့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူ ဦးသိန်း ညွန့်ကြီး သမ္မတမဖြစ်နိုင်ဟု မည်သူမ ျှ တပ်အပ်မပြောနိုင်ခြေဟု ဆိုရမည် ဖြစ်ပါတော့သည်။

[ ပြီးပါပြီ ။ ]

ယခုဆောင်းပါးသည် မော်ကွန်း မဂ္ဂင်ဇင်း အမှတ်(၂၃)၊မေလ၊(၂၀၁၅) မှ ရန်လိုကဲျွှ၏ ဆောင်းပါးကို ဖော်ပြခဲ့ပြီး ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

ဒီနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခြင်းကဲ့သို့ သော အပြောင်းအလဲများ ပေါ်ပေါက်ခဲ့ပါက မည်သူသမ္မတဖြစ်လာမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်?

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမည်လော။

ဤမေးခွန်းကို မဖြေကြခင် လွန်ခဲ့သောလေးနှစ်က အခြေ အနေကို ခေတ္တ ပြန်ကြည့်ကြပါစို့။

သမ္မတ တာဝန် ဘယ်သူယူ၊ လွှတ်တော်ဥက္ကဋ္ဌတွေကတော့ ဘယ်သူတွေ ဖြစ်ရမယ် စသဖြင့်သော ဆုံးဖြတ်ချက်များကို ၂၀၁၀ ပြည့်နှစ်တွင် မည်သူတို့က ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြ သနည်း။ နေပြည်တော်မှ အသွင်ကူးပြောင်းသူတို့က ဝိုင်းဝန်းစီ စဉ်ကြခြင်းပင်။

ထိုအသွင်ကူးပြောင်းသူတို့ တန်ခိုးအာဏာ ဆက်လက် ကြီးထွားဆဲဖြစ်သောကြောင့် သူတို့ နှစ်သက်လက်ခံသူသာ ထို နေရာများ ရကြမည်ဆိုသည်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့် ရုံနှင့် သဘောပေါက်နိုင်သည့်ကိစ္စဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်ကို အမှတ် ၅၄ ထောင်ထဲ ထည့် ထားရာမှ လွှတ်တော်အတွင်း ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်နိုင်စေ ရန် လမ်းဖွင့်ပေးခဲ့သည်မှာလည်း သူတို့ပင်ဖြစ်၏။ ထိုထက်ပိုပြီး အခွင့်အရေးပေးမည့် အလားအလာ မရှိ။ ဤအနေအထားကို ၂၀၁၅ အလွန်တွင်လည်း ဆက်လက် ထိန်းသိမ်းထားလိုသည့် သဘော ပရိသတ်က ခံစားနေရသည်။ ရှိရင်းစွဲအခြေအနေထက် မပိုစေရန် လက်နက်မျိုးစုံ၊ နည်းနာဗျူဟာမျိုးစုံသုံးပြီး စီစဉ်၊ စီရင် ကြဖွယ် ရှိသည်။

လက်နက်ဟု ဆိုသည့်အတွက် ခြောက်လုံးပြူး၊ ဂျင်ကလိ၊ ဝါးရင်းတုတ် အစရှိသည်တို့ကို ပြေးမမြင်လေနှင့်။ မကြာသေး ခင်က ကျောင်းသားများ ရန်ကုန်သို့ချီတက်မှုကို တားဆီးရာတွင် အသုံးပြုခဲ့သောလက်နက်ကို ပြေးမြင်ပါလေ။ သို့သော်လည်း လက်ပံတန်းမြို့တွင် လက်စွမ်းပြခဲ့သော နံပါတ်တုတ်များ၊ အုတ်ခဲ များကို မဆိုလိုပါ။

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး နယ်စပ် လမ်းမကြီးတစ်နေရာတွင် အသုံးပြုစီရင်ခဲ့သော ယပ်တောင် သုံး ချောင်းကို သတိရကြမည် ထင်သည်။ သံဃာများ အသုံးပြုသည့် ယပ်တောင်၊ ကိုယ့်အိမ်ကိုယ့်ယာတွင် တွေ့နေကျ ယပ်တောင်တို့ ကို သုံးချောင်းပူးပြီး သံဆူးကြိုးတပ် အတားအဆီးများကြားတွင် စီရင်ထားခြင်းကို သတင်းသမားတို့ မှတ်တမ်းတင် ဖြန့်ကြသဖြင့် စာဖတ်ပရိသတ်အများအပြားက ထိုအစီအရင်ကို အံ့သြတကြီး တွေ့ခဲ့ရသည်။

ထိုအစီအရင် မည်မျှစွမ်းသနည်း။ ချီတက်လာသော ကျောင်းသားများ ရန်ကုန်မရောက်ဘဲ သာယာဝတီထောင်ထဲ ရောက်သွားကြခြင်းမှာ ထိုယပ်တောင်သုံးလက်ကြောင့် ဖြစ်ဖွယ် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအနီးသို့ပင် မချဉ်းကပ်နိုင်ခင် ထို အနေအထား ဖြစ်သွားသောကြောင့် ယပ်တောင်လက်နက်က အစွမ်းထက်သည်ဟု သုံးသပ်သူတို့လည်း ရှိနေသည်။

အာဏာထက်သူတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာရေးအတွက် အဆိုပါ ယပ်တောင် အစီအရင်ကဲ့သို့သော လက်နက်တစ်မျိုးမျိုး ထုတ်သုံးလာနိုင်ခြေရှိသည်။

အခြားတစ်ဘက်မှ ဆင်ခြင်ကြည့်လျှင်လည်း ဒေါ်အောင် ဆန်းစုကြည်တွင် တိုးတက်မှုတချို့ ဖြစ်ထွန်းနေကြောင်း ဗိုလ်ချုပ် ကြီးတို့ ယူဆဖွယ်ရှိသည်ဟု ဆိုနိုင်၏။

တပ်မတော်က ထိန်းသိမ်းထားသော ကင်မရာကိုင်သူ ကိုပါကြီး ကျည်ဆန်ရာ ဗရပွဖြင့် သေဆုံးမှု၊ လက်ပံတောင်းဒေသ တောင်သူ ဒေါ်ခင်ဝင်း ဆန္ဒပြစဉ် ပစ်ခတ်ခံရပြီး သေဆုံးမှု၊ လက်ပံ တန်းဒေသရောက် ဆန္ဒပြကျောင်းသားတို့ကို ရာနှင့်ချီသော ရဲ တပ်သားတို့က အားရပါးရရိုက်နှက်မှု စသည့် စသည့် အစွမ်းပြ မှုများအတွက် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ အပြင်းအထန် ကန့်ကွက်သံ ထွက်မလာခဲ့။

ထိုအချက်တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ငါတို့ဘက် ပါလာပြီဟု သူတို့ ယူဆဖွယ် ရှိသည်။ သို့သော်လည်း မိခင်ကြီး ထိုမျှလောက် တိတ်ဆိတ်နေပြရုံနှင့်တော့ သမ္မတဖြစ်ရေးလမ်း ကြောင်း လုံး၀ ဖွင့်ပေးမည်မဟုတ်ဟု သူတို့က အခိုင်အမာဆိုကြ လိမ့်မည်။

ဦးသိန်းစိန်?

ဦးသိန်းစိန်၏ သမ္မတ သက်တမ်း လေးနှစ်ပြည့်လာပြီ။ ဤ ကာလအတွင်း ပဋိပက္ခများ ဟိုမြို့၊ ဒီမြို့တွေမှာ ပေါ်ပေါက်လာ သည်။ အများပြည်သူ၏ အာရုံ မနားရ။ တိုက်ပွဲတို့ကလည်း ဟိုနယ်မှာဖြစ်လိုက်၊ ဒီနယ်မှာဖြစ်လိုက်။ အများပြည်သူ၏အာရုံ မနားရ။ ဘယ်ကြည့်၊ ညာကြည့် လိုက်ကြည့်နေရသည်။ သို့သော်လည်း ဓာတ်ပုံများမှတစ်ဆင့် တွေ့ရသော ဦးသိန်းစိန်ကို လေ့လာကြည့်တော့ အေးအေးဆေးဆေး ရှိနေဟန် တွေ့ရသည်။

ရွှေပြည်ကြီးတွင် ပဋိပက္ခစုံလင်စွာဖြစ်ပေါ်နေသော်လည်း သူ နှလုံးခုန်မြန်ဖွယ်မရှိ။ ဦးသိန်းစိန်၏ အားသာချက်မှာ နှလုံးခုန် စက်တပ်ထားခြင်း ဖြစ်နိုင်သည်။ စက်ဆိုသည်မှာ ခံစားချက် မရှိ။ ခံစားချက်သည် နှလုံးသားမှ လာသည်။ တပ်ဆင်ထားသော စက် ကြောင့် နှလုံးသားကို မည်မျှအထိ သက်ရောက်မှု ရှိနိုင်သည် မသိ။

စိတ်ညစ်စရာ၊ ခေါင်းခဲစရာ ပဋိပက္ခများအတွက် ဒီစက်က အလုပ်ဖြစ်ဟန် တူသည်ဟု မည်သူ စဉ်းစားမိပါသနည်း။

ဦးသိန်းစိန် အေးရာအေးကြောင်း ဖြစ်နေသည်မှာ နှလုံး ခုန်စက်ကြောင့် ဖြစ်သည်ဟူသော အချက် မှန်ကန်ပါက အခြေခံ ဥပဒေတွင် ပြင်စရာ၊ ဖြည့်စွက်စရာ အချက်တစ်ခု ရှိလာသင့် သည်။ နိုင်ငံတော်အကြီးအကဲဆိုသည်မှာ ပြဿသနာစုံကို ဒိုင်ခံရှင်း ရသူများ ဖြစ်သောကြောင့် သမ္မတတာဝန် ထမ်းဆောင်မည့်သူသည် နှလုံးခုန်စက် တပ်ထားသူ ဖြစ်ရမည်ဟူသော အချက်ပင်။

တာဝန် ဝတ္တရားကြီးများကို ဦးသိန်းစိန် အဆင်ပြေစွာ ထမ်းဆောင်နိုင်ခြင်းမှာ နှလုံးခုန်စက်ကြောင့်ဖြစ်သည်ဟူသော သီအိုရီ ပေါ်လာလ ျှင်တော့ အပြင်းအထန် ကန့်ကွက်ရမည် ဖြစ်သည်။

အားလုံး သတိထားမိသည့်အတိုင်း ဦးသိန်းစိန်ဘေးတွင် လူကောင်းများစွာ ဝန်းရံထားသည်။ ဥပမာပြပါဆိုလ ျှင် အစိုးရ အားနည်းချက်ရှိသည်၊ ပြောမှား၊ ဆိုမှား အပြုအမူ မှားယွင်းမှု ရှိသည်ဟု စွပ်စွဲလာသမျှအတွက် ရွပ်ရွပ်ချွံချွံ ဖာထေး ပြောကြား ပေးသော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ပြရမည်။

ထို့ပြင် အစိုးရနာမည်ကောင်းရစေရန်၊ အများအထင်ကြီး စေရန် ပြောဆိုလုပ်ပြတတ်သည့် ပြည်တော်ပြန် သူပုန်ဟောင်း တချို့လည်း ဦးသိန်းစိန်နှင့် သင့်တင့်လေ ျာက်ပတ်သောနေရာတွင် ရှိသည်။ ဦးသိန်းစိန်သည် နှလုံးအင်အား ကောင်းလွန်းလှသလို လက်ရုံးအင်အားလည်း ကောင်းလှပါ၏။ ထို့ကြောင့် ဦးသိန်းစိန် သမ္မတ ဆက်ဖြစ်ဦးမည်လောဟု မေးလာလ ျှင် “ဟုတ်ကဲ့၊ များ စွာ အလားအလာ ကောင်းလှပါသည်” ဟု ဖြေဆိုရပေမည်။

ထိုသို့ အလားအလာကောင်းသော်လည်း ဦးသိန်းစိန်သည် ၂၀၁၅ အလွန်အတွက် ရည်ရွယ်ပြီး စည်းရုံးရေးလုပ်ငန်းများ အဆက်မပြတ် လုပ်ကိုင်နေသည်ဟု မလိုသူတို့က စွပ်စွဲကြ၏။ ဥပမာတစ်ခုပြပါမည်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားစဉ် ထုတ်ပြန်သော ပညာသင်ဆုရသူများ စာရင်းတွင် ဖွံ့ဖွံ့ထွားထွားအစိတ်အပိုင်းများကို ရဲရဲဝံ့ဝံ့ ဖော်ပြတတ်သော ကာလသား ကြိုက် အလန်းဇယား မော်ဒယ်လ်တစ်ယောက်အမည်လည်း ပါ ဝင်သည်ဟု အင်တာနက်သတင်းတို့က ဆို၏။

ထိုရွေးချယ်မှုမှာ တချို့သောသူများအတွက် အလွန်တရာ အငြင်းပွားဖွယ် ဖြစ်သွားသေးသည်။

ဇွန်သဉ္ဇာကို ရွေးချယ်လိုက်ခြင်းသည် သမ္မတ၏ စည်းရုံး ရေးနည်းနာတစ်ခု ဖြစ်သည်ဟု အဆိုးမြင်သူများ ရှိသကဲ့သို့ ဖော် ချွတ်သူလည်း ပညာသင်ခွင့်ရှိတာပဲဟု အကောင်းမြင်သူများ လည်း ရှိကြောင်း တွေ့ရသည်။

ရဲဝံ့သော ရွေးချယ်မှု၊ ဆုံးဖြတ်မှုမှာ တော်ရုံအရည်အချင်းရှိ ရုံနှင့် မရဟူသော အချက်ကို ပေါ်လွင်စေသော ဖြစ်ရပ်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်?

ဗိုလ်ချုပ်မှူးကြီးမှာ သမ္မတ တာဝန် ထမ်းဆောင်နိုင်သည့် အရည်အချင်း ရှိသလား။

“ဘာကြောင့် မရှိရမှာလဲ၊ သူက စစ်ဗိုလ်ချုပ်ကြီးပဲ” ဟု ဖြေကြမည် ထင်ပါသည်။ ဟုတ်သည်၊ မြန်မာပြည်တွင် စစ်ဗိုလ် တွေက အကုန်လုံး လုပ်တတ်သူများဖြစ်သည်၊ ဌာနဆိုင်ရာ ထိပ် တန်းရာထူးကြီးများတွင် နှစ်ပေါင်းများစွာ နေရာရနေသူမှာ စစ်ဗိုလ်များသာ မဟုတ်လော။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ စသဖြင့်သော နေပြည်တော်မှ ထိပ်သီးနေရာကြီးများတွင်လည်း စစ်ဗိုလ်ကြီးများကို တွေ့ရမည်။

ထို့ကြောင့် မနာလို မရှိကြနှင့်၊ မြန်မာပြည်တွင် စစ်ဗိုလ်တွေက အကုန်လုံး တတ်စွမ်းသူ၊ လုပ်တတ်သူ၊ အရည်အချင်းရှိသူများ ဖြစ်သည်ဟု ဆိုခြင်းပင်။ စစ်ရေးလား လာထား။ အုပ်ချုပ်ရေးပိုင်းမှာလား လာခဲ့။ ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံခြားရေး၊ သမဝါယမ၊ နည်းပညာ၊ မည်သည့်နယ်ပယ်တွင်မဆို ထိပ်တန်းရာထူး ကြီးများတွင် စစ်ဗိုလ်တို့ကိုသာ တွေ့နေရသဖြင့် မြန်မာပြည်တွင် စစ်ဗိုလ်များသည် စစ်ဗိုလ်မဟုတ်သူများထက် တတ်စွမ်းနိုင်သူများ ဖြစ်လာသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမှာ သမ္မတတာဝန် ထမ်းဆောင် နိုင်သည့် အရည်အချင်းရှိသလားဟူသော မေးခွန်းကို သူက အကြီးဆုံးသော ဗိုလ်ချုပ်ကြီးဖြစ်သည်ဟူသော အချက်တစ် ချက်တည်းနှင့်ပင် သူ့မှာ သမ္မတတစ်ယောက်၏ အရည်အချင်း ရှိသည်ဟု ဆိုရမည်။ သို့သော် အရည်အချင်းရှိရုံနှင့် သမ္မတရာထူး လွယ်လွယ်ရနိုင်ပါမည်လော။

လွယ်သည်ဟု ဆိုရမည်။ သူ သမ္မတဖြစ်ရေး လမ်းကြောင်း အတွက် ရွေးကောက်ပွဲဆိုတာကြီးကို ဖြတ်စရာ မလို။ အေးရာ အေးကြောင်း၂၅ ရာခိုင်နှုန်း လမ်းကြောအတိုင်း ဖြတ်လျှောက် သွားရုံသာ။ ထိုနည်းလမ်းဖြင့် သူက ဒုသမ္မတ ဖြစ်လာမည်၊ ပြီး လ ျှင် သမ္မတရာထူးအတွက် ဆက်လက်တက်လှမ်းရုံသာ။

မည်သည့်ကြိုးပမ်းချက်မဆို အဟန့်အတားနှင့် ကြုံရတတ် သည်ဟူသော သီအိုရီအရ သူ့လမ်းကြောင်းတွင် အဟန့်အတား တို့ ရှိကောင်းရှိမည်။ သူ့ကို သမ္မတရာထူး မပေးလိုသူများထဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ပါနိုင်သည်။ ပါတီကတော့ သူတို့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကြီး သမ္မတဖြစ်လာရေးကို လိုလားဖွယ်ရှိသည်။

သို့သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် တပ်မတော် ခေါင်းဆောင်တို့ တည်ထောင်ပေးခဲ့သည့် နိုင်ငံရေးအဖွဲ့ ဖြစ်သော ကြောင့် ဗိုလ်ချုပ်မှူးကြီး သမ္မတဖြစ်လာရေး စီမံချက်ကို သူတို့က အထူးစောဒက တက်ဖွယ်ရှိမည် မဟုတ်ပေ။

သူရဦးရွှေမန်း?

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်၏ ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက သမ္မတတာဝန်ယူလိုကြောင်း အစော ကြီးကတည်းက ပြောထားပြီးသား ဖြစ်သည်။

သူ့မှာ နောက်က ျသည့်အချက်တစ်ခုတော့ ရှိသည်။ သူ၏ပြိုင်ဘက်များဖြစ်သော၊ ၂၀၁၅ အလွန် သမ္မတတာဝန်ယူလိုသည်ဟု ကြေညာထားကြသော ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစု ကြည်တို့က ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖွင့်ထားကြသည်မှာ ကာလ အတန်ကြာပြီ ဖြစ်သည်။

သူရဦးရွှေမန်းကမူ မကြာသေးမီကမှ ဖေ့စ်ဘွတ်ခ်စာမျက် နှာ ကမန်းကတန်း ဖွင့်ထားခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာပြည်တွင် သမ္မတဖြစ်ရေးမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာရှိရေးထက် စစ်ရေးအတွေ့အကြုံရှိရေးက ပို အလုပ်ဖြစ်၊ ပိုမိုအဓိကကျကြောင်း ကမ္ဘာကေ ျာ် ၂၀၀၈ အခြေခံ ဥပဒေအကြောင်း ကြားဖူးသူတို့ သိလိမ့်မည်။ ဤဥပဒေအရ ဆို လ ျှင် စစ်ဗိုလ်ချုပ်ဟောင်းကြီး သူရဦးရွှေမန်းက သမ္မတဖြစ်ထိုက်သူပင်။

ဦးသိန်းညွန့်?

သမ္မတဖြစ်လာနိုင်သူများထဲတွင် ဦးသိန်းညွန့်ကိုလည်း ထည့်သွင်းရပေမည်။ သူက လူကြိုက်များလာသည့် အမတ်မင်းလည်း ဖြစ်သည်။ ထို့အပြင် သူက ထိန်းထိန်းသိမ်းသိမ်း လုပ်တတ် သူလည်း ဖြစ်သည်။ ဒုတိယအချက်က အင်မတန် အရေးပါသည့် အရည်အချင်းဟု ဆိုရမည်။

မြန်မာပြည်သည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့်နိုင်ငံဖြစ်သည်။ အကူးအပြောင်း ကာလဆိုသည်မှာ အကဲဆတ်ချက် များသောကြောင့် ထိန်းထိန်း သိမ်းသိမ်းလုပ်နိုင်မှ သင့်တော်မည်။ အခု ရေတွင်းတူး၊ အခု ရေ ကြည်သောက်ချင်လို့ မရ။ စိတ်ရှည်ရသည်။ ရေတွင်းတူးနေတာ ကြာလှချည်လားကွာဟု အဆိုးမြင်သူတို့၏ မှတ်ချက်ကို ဂရု မစိုက်ကြပါနှင့်။

ထပ်ပြောရလ ျှင် အသွင်ကူးပြောင်းရေးက အကဲဆတ် တတ်သည်။ ဤအနေအထားတွင် ဦးသိန်းညွန့်ကဲ့သို့သော ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်သူများ နိုင်ငံကို ခေါင်းဆောင်သင့်သည်။

နိုင်ငံတွင် တရားခံပြေး အများအပြားရှိသည်။ သောင်းနှင့် ချီလိမ့်မည်။ သို့သော်လည်း သူတို့ကို လိုက်လံဖမ်းဆီးရေးထက် ပိုမိုအရေးကြီးသည့် လုပ်ရပ်များစွာ ရှိနေသည်။ မြေသိမ်းယာ သိမ်းခံရရုံဖြင့် ဆန္ဒပြသော၊ ထွန်တုံးတိုက်ပွဲဆင်သော လယ် သမားတို့ကို ထောင်ထဲ ထည့်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကပင် သဘောက ျနေပုံရသော ပညာရေးဥပဒေကို ကန့်ကွက်နေကြသည့် ကျောင်းသားများကို ရိုက်နှက်ဖမ်းဆီး ထောင်ထဲ ထည့်ရ သည်။ ထိုအခြေအနေများကြောင့် ရဲတပ်ဖွဲ့က ရာဇဝတ်သားတို့ နောက် မလိုက်အား။ ပုဒ်မ ၁၈ ဖောက်ဖျက်သူတို့ကိုသာ အဓိက ပစ်မှတ်ထားသည်။ အသွင်ကူးပြောင်းရေးကာလတွင် တည်ငြိမ် အေးချမ်းဖို့လိုသည် မဟုတ်လော။

တည်ငြိမ်အေးချမ်းဖို့အတွက် ရဲတပ်ဖွဲ့က တုတ်စွမ်း နည်း နည်းပြရသည်။ လက်ပံတန်းမြို့စစ်ဆင်ရေးတွင် လူကိုလည်း ရိုက် ရ၊ ကားကိုလည်း ရိုက်ရသည့် ရဲတပ်ဖွဲ့၏ အနေအထားကို စာ နယ်ဇင်းသမားတို့ သတင်းပို့သဖြင့် ပရိသတ်က မျက်ဝါးထင်ထင် တွေ့ရသည်။ ဤတွင် ရဲတပ်ဖွဲ့၏ သင်တန်းဆရာ မျက်နှာဖြူနိုင်ငံ ပေါင်းချုပ်အသင်းကို ဝိုင်းဝန်း ချီးက ျူ းကြသည်။ မျက်နှာဖြူတို့၏ အကူအညီက မြန်မာပြည်အတွက် ထိရောက်လှသည်။ မျက်နှာဖြူ တို့ ကူညီနေသော အသွင်ကူးပြောင်းစ ဒီမိုကရေစီနိုင်ငံက တည် ငြိမ်အေးချမ်းဖို့ လိုသည်။ ပဋိပက္ခနည်းနိုင်သမ ျှနည်းဖို့ လိုသည်။ ထိုသို့ဖြစ်ရေးအတွက် လွှတ်တော်အမတ်မင်း ဦးသိန်းညွန့်ကဲ့သို့ သော ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်သူများ အထူးလိုအပ်သည်။

ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ပုံတချို့ကို မကြာသေးမီက တွေ့ရသည်။

အများပြည်သူ လွတ်လွတ်လပ်လပ် တပ်ဆင်ကြည့်ရှုနေ ကြသော ရုပ်သံဖမ်းစက် စလောင်းများမှာ ဥပဒေမဲ့ ခိုးသွင်းလာ ခြင်းဖြစ်သည်။ ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်း တည်ထောင် လုပ် ကိုင်မှုများကို ထိခိုက်စေသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ အများပြည်သူလုံခြုံရေးအတွက် ထိုစလောင်းကိစ္စ ကိုင်တွယ်ရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်တွင် မတ်လက ပြောကြားလိုက်ရာ ထောက်ခံသံတွေ၊ ဝေဖန်သံတွေ ပွက်ပွက်ညံ သွား၏။

ဝေဖန်သူတို့က မြန်မာပြည်တွင် Sky Net ရုပ်သံ လက် ဝါးကြီးအုပ်ထားသည်၊ ပရိသတ်လည်ပင်းအညှစ်ခံနေရသည်၊ ထို့ ကြောင့် ပြည်သူတို့ စရိတ်သက်သက်သာသာ အပန်းဖြေစရာ ရုပ် သံဖမ်းစက်စလောင်းကို ပိတ်ပင်ရန် မသင့်ဟု ဆိုကြသည်။ ထို စလောင်းက အသက် ၁၈ နှစ် ပြည့်ပြီးသူတို့သာ ကြည့်ရန် သတ် မှတ်ထားသည့် အပြာရုပ်ရှင်လိုင်း ပါဝင်သည်ဟု ထောက်ပြသူက ထောက်ပြ၏။ ထိုထောက်ပြချက်ကို ယုံကြည်ပြီး ထိုကား ရှာဖွေ ကြည့်သူက ကြည့်၏။ ထိုကားမျိုး မတွေ့ရသဖြင့် စိတ်ညစ်သွား သူလည်း ရှိ၏။ အခြားတစ်ဖက်မှ ဆင်ခြင်လ ျှင်လည်း ထိုအပြာ ကားတို့ကို စရိတ်နည်းပါး ရုပ်သံဖမ်းစက်ဖြင့် ကြည့်ရှုနိုင်သည်ဆို သည့်အချက်ကတော့ ယုံကြည်ရခက်ခဲလှသည်။ အပြာကားဆို သည်မှာ နိုင်ငံတကာ ရုပ်သံလိုင်းလောကတွင် ဈေးကြီးသည့် ရုပ်ရှင်များဖြစ်သည်။

မည်သို့ပင် ဆိုစေ ထိုသို့ အငြင်းပွားဖွယ် ဖြစ်လာသော ရုပ် သံဖမ်းစက် စလောင်းကို ပိတ်ပင်လိုသည့်သဘော လွှတ်တော် တွင် ဆွေးနွေးခြင်းသည် ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း လုပ် တတ်ပုံကို ပြသခြင်းပင်။

မတ်လအတွင်းမှာပင် လူ့အခွင့်အရေးသမားတချို့က မြန် မာပြည်အတွက် ထူးခြားသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန် စဉ်တွင်လည်း သူ၏ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုမှုကို သတင်း တစ်ပုဒ်တွင် ဖတ်လိုက်ရသည်။ ဧည့်စာရင်းစစ်သော ဓလေ့ကို ဖျက်သိမ်းပစ်ရေးဟု လူ့အခွင့်အရေးသမားတချို့က သူတို့အစီ ရင်ခံစာတွင် ကြွေးကြော်လာသည်။ မြန်မာ့ရိုးရာအစဉ်အလာ တစ်ခုဖြစ်သော၊ မည်သည့်နိုင်ငံတွင်မှ မရှိသော ဤ ဓလေ့ထုံး တမ်းစဉ်လာကို ဖျက်သိမ်းရေးကို သူတို့မို့ ပြောရက်သည်။ ဧည့်စာ ရင်းစစ်ခြင်းဟာ၊ ညဘက် အချိန်မရွေး လူအုပ်စုဖွဲ့ပြီး အိမ်ထဲဝင် ရောက်စစ်ဆေးခြင်းဟာ လူတစ်ယောက်ရဲ့အခွင့်အရေးကို ထိပါး ရာရောက်တယ်ဟု သူတို့က ထောက်ပြသည်။ ဒီဥပဒေကို ဖျက် ပစ်ဖို့ တောင်းဆိုလာသည်။ ထိုတောင်းဆိုချက်အကြောင်းကို စာနယ်ဇင်းတို့ကလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးကြသည်၊ တင်ပြကြသည်။

ဤသို့သော အခြေအနေတွင် က ျွန်ုပ်တို့၏ ဇာတ်လိုက် ကေ ျာ်အမတ်မင်း ဦးသိန်းညွန့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပုံကို AP သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ကြရခြင်းဖြစ်သည်။ မြန်မာ ပြည်အတွက် ဒီဥပဒေ လိုအပ်နေသေးသည်ဟု သူက ဆိုလိုက် လေသည်။ “ဒီဥပဒေကို ဖျက်သိမ်းဖို့ ပြောဖို့ဆိုတာ စောလွန်းပါ သေးတယ်။ လူ့အခွင့်အရေးဘက်ကချည်းပဲ ကြည့်လို့မရဘူး။ ပထမဆုံးတည်ငြိမ်ဖို့က လိုတယ်။ ဒါပေမဲ့ ဒီဥပဒေက လူတွေကို ဖိနှိပ်ဖို့ထက် ကာကွယ်ဖို့အတွက်ပဲ အသုံးပြုရမယ်”ဟု သူက ဆို လိုက်သည်ဟူ၏။

ထိုသို့ ပြောဆိုလိုက်သည်ဟူသောအချက် မှန်ကန်ပါက ဦးသိန်းညွန့်သည် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူဖြစ်သည် ဟု သုံးသပ်နိုင်သည်။ အချိန်မတော် အိမ်ထဲဝင်သည့် ယဉ်ကေ ျးမှု ဆက်ရှိသင့်သည်ဟု သူက ဆိုလိုခြင်းပင်။

အသွင်ကူးပြောင်းစ မြန်မာပြည်တွင် ဦးသိန်းညွန့်ကဲ့သို့ သော ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူ နိုင်ငံရေးသမားတို့ များစွာ လိုအပ်သည်။ ၂၀၁၅ အလွန်ကာလကို တာဝန်ယူရမည့် သမ္မတသည် ဦးသိန်းညွန့်ဖြစ်သည်ဟု ဆိုလ ျှင် နိုင်ငံတော်အတွက် များစွာ ရင်အေးရမည် ဖြစ်သည်။

ဦးသိန်းညွန့် သမ္မတဖြစ်ရေးအတွက် အနှောင့်အယှက်ပေး နေသည်က အခြေခံဥပဒေဖြစ်သည်။ သမ္မတသည် စစ်ရေးအမြင် ရှိရမည်ဟု ထိုဥပဒေက ပြဋ္ဌာန်းထားသည်။ သို့သော်လည်း ထို အချက်ကို ရှေ့နေ ဦးသိန်းညွန့်က ကေ ျာ်ဖြတ်နိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဦးသိန်းညွန့်၏ ဘဝတစ်လေ ျှာက်လုံး မြန်မာပြည်တွင် ပြည်တွင်းစစ် ဖြစ်နေသည်မဟုတ်လော။ သူ့တွင် စစ်ရေးအတွေ့အကြုံ ဒုနဲ့ဒေး ရှိသည်။ စစ်အစိုးရအဆက်ဆက် အောက်တွင် ကြီးပြင်းလာရသူလည်းဖြစ်သည်။

ထို့ကြောင့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်သူ ဦးသိန်း ညွန့်ကြီး သမ္မတမဖြစ်နိုင်ဟု မည်သူမ ျှ တပ်အပ်မပြောနိုင်ခြေဟု ဆိုရမည် ဖြစ်ပါတော့သည်။

[ ပြီးပါပြီ ။ ]

 

အမျိုးအစား - မော်ကွန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."