ပခုက္ကူ – ၂၀၂၂ နိုဝင်ဘာ ၂၇ (မော်ကွန်း)
မကွေးတ်ိုင်း၊ ပခုက္ကူမြို့မှာ အာဏာသိမ်းစစ်တပ်ဟာ ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်စီးသူတွေကို မနေ့ကဖမ်းဆီးပြီး တစ်စီးကို ငါးသောင်းတောင်းနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပခုက္ကူမြို့ပေါ်က လမ်းကြိုလမ်းကြားတွေပါမကျန် ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူ ဆယ်ဥဦးထက်မနည်းရှိနေတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
“နှစ်ယောက်မစီးရတော့အသွားအလာတွေ ပါးကုန်တာလျှောက်ဖမ်းပြီး ဒဏ်ကြေးငွေဆောင်ခိုင်းတာ၊ သက်သက် သူတို့စားရပေါက်လုပ်နေကြတာ၊ ဆိုင်ကယ်တွေကိုလည်းတွေ့တာနဲ့စစ်၊ သူတို့သတ်မှတ်ထားချိန်စီးရင်လည်းတွေ့တာနဲ့ပစ်တာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်မောင်းနှင်သူတွေကို ဆိုင်ကယ်ဦးထုပ်၊ ဘက်မှန်၊ လူလိုင်စင်၊ဆိုင်ကယ်လိုင်စင်၊ ကိုဗစ်စာရွက်တစ်ခုမကျန်စစ်ဆေးတာကြောင့် အဖမ်းခံရသူများပြီး ပိုက်ဆံပေးနေရတယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်မစီးရလို့ ကန့်သတ်ချုပ်ချယ်တာကြောင့် ဆိုင်ကယ်မစီးတတ်သူတွေနဲ့ မကျန်းမာသူတွေအတွက်သွားရေးလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်တစ်စီးတည်းမှာ နှစ်ယောက်စီးတဲ့ စျေးသည်အမျိုးသမီးနှစ်ဦးကို အာဏာသိမ်းစစ်တပ်က မနေ့မနက်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးသွားခဲ့ပါတယ်။
#Dailynews

