ကလေး – ၂၀၂၁ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၃၂၆ ရက်ရှိလာခဲ့ပါပြီ။
အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွေ ဖိနှိပ်စောင့်ကြည့်မှုတွေ ကလေးမြို့မှာ ရှိနေပေမယ့် ပင်မသပိတ်ဟာ နည်းမျိုးစုံနဲ့ နေ့စဉ် လမ်းပေါ်တက်နေဆဲပါ။
ကလေးမြို့နဲ့ မလှမ်းမကမ်းမှာဆိုရင်လည်း ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ကလေးမြို့ နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံရပြီး သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအပြီးမှာလည်း ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့ကြကာ ပြည်သူတွေကို ရိုက်နှက် ဖမ်းဆီး၊ ပစ်သတ်တာတွေလည်း လုပ်ခဲ့ကြပါသေးတယ်။
အခုဆိုရင် ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေပါ ဖြတ်တောက်ခံထားရပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

