၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Analysis ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။
မြန်မာ့စားသောက်ကုန် ပြည်တွင်း/ပြည်ပ ဈေးကွက် ရှေ့ခရီး
မြန်မာ့စားသောက်ကုန်တွေကို အဆင့်မြှင့် တင်ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ရေး စီး ပွား/ကူးသန်းဝန်ကြီးက အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ မကြာသေးမီက အိုင်ဗရီကို့စ် နိုင်ငံမှာ မြန်မာ့ဆန်တန်ချိန်များစွာကို စားသုံးရန် မသင့်ဘူးလို့သတ်မှတ်ပြီး ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ဟာ မြန်မာ့စားသောက်ကုန် ပြည်ပတင်ပို့ရေး ဈေး ကွက်ကိုရော၊ ပုဂ္ဂလိက လုပ်ငန်းကိုပါ ရိုက်ခတ် သွားပါတယ်။ အဲဒီမှာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေလည်း လိုအပ်တာကို ပြန်လည်သုံးသပ် လုပ်ဆောင်ဖို့ ဖြစ်လာပါ တော့တယ်။
မြန်မာနိုင်ငံရဲ့ အဓိကစားသောက်ပို့ကုန်ဖြစ်ကြတဲ့ စိုက်ပျိုး ရေးထုတ်ကုန်နဲ့ ရေလုပ်ငန်းကုန်ပစ္စည်း အပါအဝင် လက်ဖက် ခြောက်၊ ကော်ဖီ၊ သစ်သီးဝလံ ပန်းမန်ပို့ကုန်တွေရဲ့ အရည်အသွေး၊ စံချိန်စံညွှန်း (Quality And Standard) ဟာ အားနည်းချက်များစွာ ရှိနေတာကြောင့် နိုင်ငံတကာဈေးကွက်မှာ အခြားနိုင်ငံတွေရဲ့ ကုန်ပစ္စည်းကို ယှဉ်ပြိုင်နိုင်မှု မရှိဘဲ ဈေးနှိမ်ခံရတာ၊ ငြင်းပယ်ခံရတာတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရ ဆဲ ဖြစ်ပါ တယ်။
မလွဲမသွေ ရင်ဆိုင်လာရတော့မည့် ASEAN Free Trade Area (AFTA) နဲ့ ASEAN Economic Community (AEC) ရဲ့ ခြိမ်းခြောက်မှုကိုလည်း ပညာရှင်တွေက စိုးရိမ်စိတ်နဲ့ တပ်လှန့်နေကြပါတယ်။ မကြာသေးခင်က အခမ်းအနားတစ်ခုမှာ လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာ့ထုတ်ကုန်တွေ ကို တန်ဖိုးမြှင့် (Value added) ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချဖို့ လမ်းညွှန်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ မလွဲမသွေ လိုအပ်လာမှာကတော့ နိုင်ငံတကာအဆင့်နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်၊ မိမိထုတ်ကုန်ကို သမားရိုးကျ ရောင်းချနေတဲ့ အကြမ်းထည်ဈေးကွက်တွေကနေ ဖောက်ထွက်ပြီး အထက်ဈေးကွက် (Hign-end Market) ကို ဝင်တိုးရဲတဲ့သတ်္တိနဲ့ အထက်လွှာစားသုံးသူတွေရဲ့ လက်ခံ နှစ်သက် မှုကို ရယူနိုင်တဲ့ ယုံကြည်မှုတွေနဲ့ ပြည့်စုံမှဖြစ်မှာကြောင့် ကြိုး စားအားထုတ်မှုတွေ၊ ပြင်ဆင်မှုတွေ များစွာလိုအပ်လာပြီ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာ အရင်းအနှီး နောက်ထပ် စိုက် ထုတ်စရာ မလိုသလို ဈေးကွက်စိန်ခေါ်မှုလည်း သိပ်မရှိတဲ့ ကုန် ကြမ်းရောင်းဈေးကွက်ကိုပဲ ရတဲ့ဈေးနဲ့ အလုပ်ဖြစ်နေတဲ့ လုပ်ငန်း ရှင်တွေလည်း စွန့်စားရဲပါ့မလားဆိုတာ စဉ်းစားစရာပါ။ ရေရှည် မှာ ရရှိမည့် အကျိုးကျေးဇူးကို သိစေကာမူ လက်ရှိအနေအထား မပျက် ရေတွင်းတူးစရာမလိုဘဲ ရနေတဲ့ရေကိုပဲ စစ်သောက်ရ တာ ပိုစိတ်ချရတဲ့ အနေအထားမှာ နိုင်ငံတကာဈေးကွက်ကို ဝင် ဆံ့ဖို့ အစိုးရဘက်က ဖြည့်ဆည်းပေးစရာတွေကိုရော ထိထိ ရောက်ရောက် ဖြည့်ဆည်းပံ့ပိုးပေးသလို လိုအပ်ချက်၊ အားနည်း ချက်တွေကိုလည်း အမှန်ကို အမှန်အတိုင်း လက်ခံပြီး အစိုးရက စလို့ Innovation and Creation (တီထွင်မှုနဲ့ဖန်တီးမှု) ကို ဦးဆောင်လုပ်ပေးချင်ရဲ့လားဆိုတာလည်း အရေးကြီးလှပါတယ်။
ပထမဆုံးအနေနဲ့အရည်အသွေးနဲ့ စံချိန်စံညွှန်းကိစ္စကို စဉ်းစားကြည့်ရအောင်။ နိုင်ငံတကာက လက်ခံနိုင်တဲ့ Quality ၊ Standard (အရည်အသွေး၊ စံနှုန်း) ရရှိအောင် ပညာပေးခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ပညာရပ်ဆိုင်ရာနဲ့ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲတွေကို နိုင်ငံတကာနဲ့ အမီလိုက် ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့ လိုပါ တယ်။ အဲဒီမှာ အစိုးရရဲ့ ကမကထ ဦးဆောင်မှု (Initiation) နဲ့ ပံ့ပိုးကူညီမှု (Back up Supporting) အများကြီး လိုပါတယ်။ တစ်ခါ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research & Development) ဆိုတာ တံတားဖွင့်ပွဲ ဖဲကြိုးဖြတ်သလို ပြီးပြီးမေ့မေ့ အစီအစဉ်မျိုး မဟုတ်ဘူးဆိုတာ သတိပြုမိဖို့ လိုပါတယ်။
လက်ရှိအချိန်မှာ အစိုးရအနေနဲ့ စားသောက်ကုန်ထုတ် လုပ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ချက် (Activities) တွေ အင်တိုက်အားတိုက် ထိထိရောက်ရောက် ဘာတစ်ခုမှ မရှိတာက လက်တွေ့ဖြစ်ရပ်ပါပဲ။ ယှဉ်ပြိုင်မှု ပြင်း ထန်လွန်းတဲ့ နိုင်ငံတကာ စားသောက်ကုန်လုပ်ငန်း (Food Industry) ဈေးကွက်မှာ ဝင်တိုးဖို့ကိစ္စဟာ အရေးကြီးပုဂ္ဂိုလ် တွေလာတုန်း ခင်းကျင်းပြတဲ့ Showcase Biz မဟုတ်ပါဘူး။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ အဲဒီနယ်ပယ်အတွက် နည်းပညာ သင်ကြားပို့ချ လက်ဆင့်ကမ်းပွားများမှု (Sharings) ကို လုပ်ငန်း ရှင်အချင်းချင်းကြား၊ ရောင်းဝယ်ကုန်သွယ်မှု အချင်းချင်းကြားနဲ့ တက္ကသိုလ်တွေကြား နှီးနှောဖလှယ်ဆွေးနွေးမှုတွေ ကျယ်ကျယ် ပြန်ပြန့် မတွေ့ရသေးပါဘူး။
ဒီကနေ့ မြန်မာနိုင်ငံက တက်္ကသိုလ်တွေမှာ စားသောက် ကုန်သိပ္ပံ (Food Science) ဘာသာရပ်ကို အထူးပြု လက်ခံသင် ကြားမွေးထုတ်ပေးတဲ့ Institute သီးသန့်တွေ မရှိပါဘူး။ အဓိက ဘာသာရပ်တစ်ခုရဲ့ ပူးတွဲသင်ကြားမှုအဖြစ် ရှိနေပုံရပြီး စား သောက်ကုန်သိပ္ပံ သို့မဟုတ် နည်းပညာဆိုင်ရာ ဘွဲ့ပေးအပ်ချီးမြှင့် တာလည်း မသိရှိမိပါဘူး။ ဒီပလိုမာလက်မှတ်ပေးအပ်မှုတော့ ရှိပါတယ်။ ဒီအချက်ဟာမြန်မာနိုင်ငံမှာ စားသောက်ကုန်လုပ်ငန်း (Food Industry) မှာ ပညာရှင်မျိုးဆက်ပြတ်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်နည်းပါးမှုကို ဖြစ်ပေါ်စေပါတယ်။ တခြားနိုင်ငံနဲ့ယှဉ် ရင် နည်းပညာ နောက်ကျခြင်းနဲ့ အရည်အသွေး၊ စံချိန်စံညွှန်း အားနည်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။
နောက်တစ်ချက်ကတော့ ပြည်ပကို တင်ပို့ရောင်းချရာမှာ မရှိမဖြစ် GMP, HACCP, ISO 9001, 22000 စတဲ့ နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံချက်လက်မှတ် (Certificate ) တွေကို ကျင့်စဉ်အတိုင်း လိုက်နာဆောင်ရွက်မှုရှိ မရှိစစ်ဆေးခြင်း (Inspection, Auditding) ကို ဆောင်ရွက်ပေး သည့် ပညာရှင်အဖွဲ့ နည်းပါးခြင်းနဲ့ လက်မှတ်ချီးမြှင့်သည့် အဖွဲ့ အစည်းတွေအနေနဲ့လည်း ပြည်ပအဖွဲ့အစည်းတွေသာ ဝန် ဆောင်မှုပေးနေကြတာ တွေ့ရတာဟာလည်း အားနည်းချက် တစ်ခုဖြစ်နေဆဲပါ။
နောက်တစ်ပိုင်းကတော့ နိုင်ငံတကာအဆင့်ဓာတ်ခွဲခန်းကိစ္စပါ။ စားသောက်ကုန်တစ်မျိုးကို နိုင်ငံတကာကို တင်ပို့ရောင်း ချခြင်း (Export) လုပ်တော့မယ်ဆိုရင် မဖြစ်မနေ ရင်ဆိုင်ဖြည့် ဆည်းရမည့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က သူတို့ နိုင်ငံကို တင်သွင်းလာမည့် ကုန်ပစ္စည်းတစ်ခုစီတိုင်းအတွက် သက်ဆိုင်ရာနိုင်ငံက ချမှတ်ပြဋ္ဌာန်းထားတဲ့ လိုအပ်ချက် (Requirements) တွေ ရှိပြီး ဒုတိယအချက်က တင်သွင်းလာ မည့် ကုန်ပစ္စည်းအတွက် လိုအပ်တဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်း အတွက် နိုင်ငံတကာ အသိအမှတ်ပြု ထောက်ခံချက်လက်မှတ် (International Standard Certificate) ဖြစ်ပါတယ်။ အဲဒီမှာ မဖြစ်မနေ ပါလာရတာကတာ့ နိုင်ငံတကာအဆင့်ဓာတ်ခွဲခန်း နဲ့ ပညာရှင် (Lab Technician) တွေပဲ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းတွေအတွက် နိုင်ငံတကာ စံချိန်စံညွှန်းဆိုင်ရာ အဖွဲ့ဖြစ်တဲ့ International Standard Organization( ISO)က အသိအမှတ်ပြု ပေးအပ်တဲ့ ထောက်ခံချက်လက်မှတ်ကတော့ ISO/ IEC ၁၇ဝ၂၅ ဖြစ်ပြီး နိုင်ငံအားလုံးက လက်ခံကြပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Office : 
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com