၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။
သြမွန် ရေးသည်။
ရွှေဇင် ပံ့ပိုးသည်။
မွန်တိုင်းရင်းသူ မိယဉ်ဂိုချမ်း သည် ကိုးတန်းကျောင်းသူ အရွယ်က မွန်ရိုးရာဝတ်စုံ ဝတ် ကာ အစ်မဖြစ်သူနှင့်အတူ ရန် ကုန်မြို့တော်ဝန်မဏ္ဍပ်တွင် သြင်္ကန်အက ဝင်ပြိုင်ခဲ့ဖူးသည်။ သူတို့ကပြယှဉ်ပြိုင်သည့် ဓာတ် ပုံများ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်လိုက် သည့်အခါ ယင်းဓာတ်ပုံအောက် တွင် မှတ်ချက်အမျိုးမျိုးဖြင့် ေ၀ ဖန်ခံခဲ့ရလေသည်။
ယင်းသို့သော မှတ်ချက်များအနက် “မွန်အဩာညီအစ်မ နှစ်ဦး မွန်ဝတ်စုံဝတ်ပြီး မွန်စကားမပြောတတ်” ဆိုသည့် ဝေဖန်မှု ကြောင့် သူတို့မိသားစုတစ်ခုလုံး ဝမ်းနည်းခဲ့ရသည်ဟု အသက် ၁၉ နှစ်အရွယ် မိယဉ်ဂိုချမ်းက ဆိုသည်။
ထိုစဉ်က သူတို့အဩာညီအစ်မသည် မွန်မိခင်ဘာသာ စကားကို ထမင်းစား၊ ရေသောက်လောက်သာ ပြောတတ်ကြ သည်ဟု ဆိုသည်။
ယင်းသို့ ဝေဖန်ခံရပြီးသည့်နောက်တွင် ““ကိုယ့်လူမျိုး စကားကို ကိုယ်မှ မသင်ရင်၊ ကိုယ်မှ မပြောရင် ဘယ်သူက လာ ပြောတော့မှာလဲ”” ဟု မွန်ဘာသာစကားကို သင်ကြားဖို့ တွန်း အားပေးခဲ့သည့် အဖြစ်အပျက်ကို မိယဉ်ဂိုချမ်းက ပြန်ပြောပြသည်။
ထို့ကြောင့် အဩာညီအစ်မနှစ်ဦးသည် နွေရာသီမွန်စာပေ သင်တန်းကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်တွင် တည်ရှိသည့် မွန်ဓမ်္မာရုံ၌ စတင်သင်ကြားခဲ့သည်။
မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသည့် မွန်လူမျိုးအများစုသည် မွန်စကားနှင့် မွန်စာပေ တတ်မြောက်မှု နည်းပါးလာကြသလို ရိုးရာဓလေ့ ထုံးတမ်းများကိုလည်း ထိန်း သိမ်းစောင့်ရှောက်မှု လျော့နည်းလာနေသည်ဟု မွန်တိုင်းရင်း သားရေးရာ အဖွဲ့အစည်းများက ပြောကြသည်။
ယင်းနှင့်ပတ်သက်၍ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက်္ကဋ္ဌ နိုင်စိုးအောင်က ““ကြာလာရင် ပျောက်ကွယ်သွားနိုင် တယ်”” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်မြို့တွင် မွန်ဝန်ကြီးတစ်ဦးရရှိရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ဇူလိုင်မှ ၂၀၁၄ မတ်အထိ မွန်စာပေနှင့် ယဉ်ကျေးမှု ကော် မတီက ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်အသီး သီးတွင် နေထိုင်သည့် မွန်လူမျိုး စေတနာ့ဝန်ထမ်းများနှင့် ပူး ပေါင်းကာ မွန်လူဦးရေစာရင်းကောက်ခံခဲ့ရာ မွန်လူဦးရေ လေး သောင်းခွဲရရှိခဲ့သည်ဟု ၎င်းင်းက ဆိုသည်။

ပတ်ဝန်းကျင်ပြောင်းလဲမှု
မိယဉ်ဂိုချမ်း၏ အဘိုးဆိုလျှင် မွန်ပြည်နယ်၊ ဘီလူးကျွန်း ဇာတိဖြစ်ပြီး အဘွားက သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ်ကျေးရွာ ဇာတိ မွန်လူမျိုးများဖြစ်သည်။ သူတို့နှစ်ဦးသည် ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်ရာမှ တွေ့ဆုံလက်ထပ်ခဲ့ကြပြီး သူ့ အမေ မိယဉ်စနိုင်းကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က အိမ်တွင် အဘိုးနှင့်အဘွားက မွန်စကား ပြော သည့်အတွက် မိခင်ဖြစ်သူ မိယဉ်စနိုင်းက မွန်စကား ကောင်း ကောင်း ပြောတတ်ခဲ့သည်။
ထို့နောက် မိယဉ်စနိုင်းသည် ဗမာအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် မိယဉ်ဂိုချမ်းတို့ အဩာ ညီအစ်မနှစ်ယောက်ကို မွေးဖွားခဲ့သည်။ သားအကြီးဖြစ်သူမှာ အဘိုးနှင့် အဘွားထံမှ မွန်စကားကို သင်ကြားခဲ့ရသည့်အတွက် ကောင်းကောင်းမွန်မွန် ပြောနိုင်သော်လည်း အဩာသမီးနှစ် ယောက်မှာ မွန်စကားကို မပြောတတ်ခဲ့ဟု မိခင်ဖြစ်သူ မိယဉ် စနိုင်းက ရှင်းပြသည်။
ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကြသည့် မွန်မိသားစုငါးစုကို မော်ကွန်းက အင်တာဗျူးရာတွင် အဘိုးအဘွားများ လက်ထက် တွင် မွန်စကားပြောခဲ့ကြပြီး ၎င်းင်းတို့မှ မွေးဖွားသော ဒုတိယမျိုး ဆက်သားသမီးများမှာ မွန်စကားကို အခြေခံလောက်သာ ပြော တတ်သည်ဟု ဆိုကြသည်။ အချို့သော မိသားစုများမှာ မွန် စကား မပြောတတ်တော့သည်ကို တွေ့ရှိရသည်။
၁၉၆၄ တွင် ရန်ကုန်မြို့သို့ စတင်ပြောင်းရွှေ့လာခဲ့သည့် မွန် သမိုင်းနှင့်သုတေသနအဖွဲ့ ဥက်္ကဋ္ဌ နိုင်မောင်တိုးကလည်း သူ စရောက်လာသည့်အချိန်က မွန်လူမျိုးမိသားစုများကြား စကား ပြောဆိုရာတွင် မွန်ဘာသာစကားဖြင့်သာ ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။
““စပြောင်းလာတဲ့ မိသားစုကတော့ မွန်လိုပြောကြတယ်။ နောက်ကျတော့ မပြောကြတော့ဘူး။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု လည်း ပါတာပေါ့”” ဟု အသက် ၇၂ နှစ်အရွယ် နိုင်မောင်တိုးက သုံးသပ်သည်။
သူက ဆက်ပြီး မိမိနေထိုင်သည့် ပတ်ဝန်းကျင်တွင် မွန် စကားပြောဆိုမှု မရှိခြင်း၊ အိမ်၌ မိဘများက ပြောဆိုမှုနည်းပါးခြင်း ကြောင့် ဖြစ်သည်ဟု မှတ်ချက်ပြုသည်။
တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၄၇နှစ် အရွယ် မိယဉ်ယဉ်မွန်လှိုင်ဆိုလျှင် မွန်စကားမပြောတတ်။
သူ၏မိဘများက မွန်ပြည်နယ်၊ ဘီလူးကျွန်းဇာတိဖြစ်ကာ မွန်စကားပြောတတ်ကြသော်လည်း ရန်ကုန်ကို အလုပ်လုပ်ရန် ပြောင်းလာကြပြီး သူ့ကိုမွေးဖွားခဲ့သည်။ ထို့ကြောင့် သူကြီးပြင်းခဲ့ သည့် ပတ်ဝန်းကျင်ကြောင့် မွန်ဘာသာစကားကို မပြောတတ်ဟု သူက ဆိုသည်။
ရန်ကုန်တွင်ပြုလုပ်မည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက်လူပျိုလှည့်ယိမ်းအကတိုက်နေကြစဉ်
““ငယ်ငယ်တုန်းက အလေးထားရမှန်း မသိဘူး။ ဆယ်တန်း အောင်ကာမှ မွန်အဖွဲ့အစည်းထဲဝင်ပြီးမှ သိလာတယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ နှုတ်က အကျင့်ပါနေပြီ””ဟု သူက ဆက် ပြောသည်။
သူကိုယ်တိုင်က မွန်စကားမပြောတတ်သဖြင့် သားနှစ် ယောက်ကို မွန်ဘာသာစကားသင်ပေးရန် စဉ်းစားထားသော် လည်း ကလေးတွေ ကျောင်းပညာရေးကို ဦးစားပေးနေရသဖြင့် ယနေ့အထိ မလုပ်ပေးနိုင်သေးကြောင်း သူက ဆိုသည်။
အသက်ကယ်ဆေး
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီသည် ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်လူမျိုးများ မွန်စကားနှင့် စာပေတတ်မြောက် လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၄ တွင် စတင်ကာ မွန်စကား နှင့်မွန်စာပေသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ငါးမြို့နယ်ခန့်သာ သင်ကြားနိုင်ခဲ့သည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက်္ကဋ္ဌ နိုင်စိုးအောင်က ဆိုသည်။
““နွေရာသီ မွန်စာပေသင်တန်းကို အစဉ်အလာမပျက် အနေနဲ့ပဲ လုပ်ကြတယ်။ သို့ပေမဲ့ နယ်မြေအများကြီးမသွားနိုင် ဘူး”” ဟု သူက ပြောသည်။
၂၀၁၅ တွင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အလုပ် အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပြီးနောက်ပိုင်း မွန်လူငယ် အသင်း၊ တက်္ကသိုလ်မွန်စာပေအသင်းနှင့် မွန်ပြည်နယ်ရှိ မွန်ပညာ ရေး ဆရာ/ဆရာမအဖွဲ့များနှင့် ချိတ်ဆက်ကာ နွေရာသီ မွန် စာပေသင်တန်းကို မြို့နယ် ၂၉ မြို့နယ်အထိ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ သည်။ မွန်လူမျိုးများရှိသည့် ရပ်ကွက်များတွင် ကလေး ၁၀ ယောက်မှ ၁၅ ယောက်အထိ စုပြီး ဆရာတစ်ယောက်နှင့် သင် ကြားနေကြသည်ဟု နိုင်စိုးအောင်က ဆိုသည်။
ယင်းသို့ နွေရာသီ မွန်စာပေသင်တန်းကို တိုးချဲ့ ဖွင့်လှစ်နိုင် ခဲ့သော်လည်း တစ်နှစ်လုံးတွင် တစ်လလောက်သာ မွန်စာပေ သင်ကြားရသည့်အတွက် စာပေတတ်မြောက်မှုမှာ ထိရောက်မှု မရှိဟု နိုင်စိုးအောင်က ဆိုသည်။
““သေခါနီးလူနာကို သက်ကယ်ဆေးတစ်လုံး ထိုးလိုက်တဲ့ အဆင့်ပဲ ရှိတယ်။ ဒီလူနာရဲ့ ရောဂါကို ဘယ်လိုမှ မကုသနိုင်ဘူး။ ခဏ အသက်ရှင်သွားတာပဲ ရှိတယ်။ သေလိမ့်မယ်””ဟု သူက ဆိုသည်။
နွေရာသီ မွန်စာပေသင်တန်းကို အင်းစိန်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်၊ တာမွေ၊ ဗဟန်း၊ မြောက်ဥက်္ကလာ၊ တောင် ဥက်္ကလာ၊ သမိုင်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စသည့် မြို့နယ်များတွင် နှစ်စဉ်သင်ကြားနေပြီး အထူးသဖြင့် နေ့စဉ်သုံး မွန်စကားပြော များနှင့် မွန်စာပေ အခြေခံအပါအဝင် မွန်သမိုင်းကြောင်းများကို လည်း ထည့်သွင်းသင်ကြားပေးသည်ဟု အင်းစိန်တွင် မွန်စာသင် ကြားနေသည့် ဆရာမ မိကျဲဂိုက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ တွင် အင်းစိန်၌ ပထမဆုံးအကြိမ် ဖွင့် လှစ်ခဲ့သော တစ်နှစ်ပတ်လုံးသင်ရသည့် မွန်စကား၊ စာပေသင် တန်းတွင် သင်တန်းသား အယောက် ၃၀ တက်ရောက်နေကြပြီး တက်ရောက်သူ၏ တစ်ဝက်လောက်သာ မွန်စကား ပြောတတ်ကြ သည်ဟု သူက ဆိုသည်။
ထို့ကြောင့် စာပေသင်သည့်အခါ ““တချို့ကလေးတွေကျ တော့ နားလည်တဲ့သူ ရှိတယ်။ နားမလည်တဲ့သူတွေ ရှိတယ်။ လုံးဝမပြောနိုင်တဲ့ ကလေးတွေလည်း ရှိတယ်။ မပြောတဲ့သူကျ တော့ မွန်၊ မြန်မာ နှစ်ဘာသာနဲ့ ပြန်ရှင်းပြပေးရတယ်””ဟု ပြောသည်။
မွန်စကားနှင့် မွန်စာပေ ကွာခြားချက်မှာ မွန်စကားတတ် ပါက စာပေသင်ကြားရန် လွယ်ကူသည်။ မွန်စကားမတတ်ပါက မွန်စာသင်ရာတွင် ဘာသာစကား အသစ်တစ်ခုသင်ရသလို ဖြစ် နေသည်ဟု သူက ဆိုသည်။
နိုင်စိုးအောင်က လက်ရှိ ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားပေး နေသည့် နွေရာသီ မွန်စာပေသင်တန်းသည် ထိရောက်သည့် အခြေအနေ မဟုတ်သော်လည်း ရန်ကုန်မြို့ရှိ မွန်စကား၊ စာပေ သင်ကြားချင်သည့် မွန်လူမျိုးများအတွက် အခွင့် အလမ်းတစ်ရပ် ဖန်တီးပေးသည့် သဘောသာ ဖြစ်သည်ဟု ထောက်ပြသည်။
ဆက်ပြီး သူက တိုင်းရင်းသားစာပေများ ထိထိရောက် ရောက် သင်ကြားခွင့်ရရှိရန် သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ အမျိုးသားကျောင်းများ ဖန်းတီးပေးရမည်ဖြစ်ပြီး တက်္ကသိုလ်၊ ကောလိပ်များတွင်လည်း အရန်(ငြညသမ)အနေဖြင့် တိုင်းရင်း သား စာပေဘာသာရပ်တစ်ခု ထည့်သွင်းသင်ကြားသင့်သည်ဟု အကြံပြုသည်။
မွန်ရိုးရာ အနုသုခုမ
မွန်စကားနှင့် စာပေအပြင် မွန်ရိုးရာတူရိယာကိုလည်း မွန် လူငယ်များကိုယ်တိုင် စိတ်ဝင်စားမှု အားနည်းလျက်ရှိကြောင်း မွန်စာပေနှင့် မွန်တူရိယာကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့များက ဆိုသည်။
မွန်ရိုးရာ တူရိယာကို ပြန်လည် ထိန်းသိမ်းသည့်အနေဖြင့် ၂၀၁၇ စက်တင်ဘာတွင် မိကျောင်း၊ ပတ်္တလား၊ လခြမ်း၊ ခြောက် လုံးပတ်ဗုံ အတီးပညာကို ရွှေတိဂုံတောင်ဘက်မုခ်ရှိ မွန်ဓမ်္မာရုံ တွင် သင်ကြားပို့ချခဲ့သည်။ သင်တန်းအစတွင် ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ လာအပ်ကြကာ သင်တန်းအပြီးတွင် ခုနစ်ယောက်သာ ကျန်တော့သည်ဟု အဆိုပါသင်တန်း၌ မွန်တူရိ ယာ သင်ကြားပေးနေသည့် အသက် ၆၇ နှစ်အရွယ် ဆရာ နိုင် မွန်ညက ဆိုသည်။
““ဝါသနာလည်း နည်းတယ်။ စိတ်ဝင်စားမှုလည်း နည်းတဲ့ အတွက် မလာတာတွေ များတယ်”” ဟု သူက ပြောသည်။
ဆက်ပြီး ““ဒီအလုပ်က နေ့တိုင်းလုပ်နေတာလည်း မဟုတ် ဘူးလေ။ သင်တန်းပြီးသွားရင် ပြီးပြီလေ။ ကျောင်းသား၊ ကျောင်း သူတွေလည်း ပြန်၊ ဆရာတွေလည်း ပြန်ကြတော့ မွန်အမျိုးသား နေ့ နီးမှ ကကြ၊ တီးမှုတ်ကြ အဆက်မပြတ်အောင် ထိန်းသိမ်းတဲ့ သဘောပဲ””ဟု နိုင်မွန်ညက ပြောသည်။
၁၉၉၂ ဝန်းကျင်က မွန်အမျိုးသားနေ့များဆိုလျှင် မွန် အမျိုးသားအလံအလေးပြုခြင်း၊ မွန်သီချင်းသီဆိုခြင်းနှင့် ရိုးရာ အနုသုခုမများကိုလည်း လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့် ရရှိခဲ့ သည်ဟု ထိုအချိန်တုန်းက မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသည့် နိုင်စိုးအောင်က ဆိုသည်။
ထို့နောက် ၁၉၉၈ မှ ၂၀၁၀ အထိ ဆယ်စုနှစ်တစ်ခုကျော် အထိ “မွန်အမျိုးသားနေ့”ကို ရန်ကုန်မြို့တွင် ကျင်းပခွင့် ပိတ်ပင် ခံခဲ့ရသည်။ ထိုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်ဖြစ်ပြီး နိုင်ငံရေးအခြေအနေ တင်းကျပ်နေသည့် အချိန်ဖြစ်သည့်အတွက် သံဃာဆွမ်းကျွေးရုံ လောက်ဖြင့်သာ မွန်အမျိုးသားနေ့ကို ပြုလုပ်နိုင်ခဲ့သည်။ အလား တူ မွန်ရိုးရာ အနုသုခုမသည်လည်း ဖျော်ဖြေခွင့်မရခဲ့ဟု သူက ဆိုသည်။
၂၀၁၁-၂၀၁၆ သမ်္မတ ဦးသိန်းစိန် အစိုးရလက်ထက် ရောက်သောအခါမှ မွန်အမျိုးသားနေ့၊ ပြည်ထောင်စုနေ့တို့တွင် မွန်သီချင်းဖွင့်ပြီး ရိုးရာအက ကခြင်းနှင့် မွန်ဇာတ်သဘင်ဖြင့် ကပြဖျော်ဖြေခြင်းတို့ ပြုလုပ်ခွင့်ရခဲ့သည်။
သို့သော် ““အခု များသောအားဖြင့် ကနေတာတွေက တကယ့်တီးဝိုင်းစစ်စစ်နဲ့ ကနေတာ ဘယ်မှာရှိလဲ။ ကာရာအိုကေ နဲ့ အခွေနဲ့ထိုးပြီး ကနေကြတာ”” ဟု နိုင်စိုးအောင်က ပြောသည်။
အဩာနှစ်ဦး၏ မိခင်ဖြစ်သူ မိယဉ်စနိုင်းဆိုလျှင် သားသမီး များက မွန်လူမျိုးအဖြစ် မခံယူမှာ စိုးရိမ်သောကြောင့် မွန်အမှတ် လက်္ခဏာများဖြစ်သည့် ဟင်္သာရုပ်၊ စောင်း၊ မွန်ဘုရင်ဓာတ်ပုံ၊ မွန်ဝတ်စုံတို့ကို အိမ်တွင် တပ်ဆင်ထားသည်။ မွန်အခမ်းအနား ပွဲတက်ရောက်တိုင်း ကလေးများကို မွန်ဝတ်စုံဆင်တူဝတ်ပြီး ခေါ် သွားခဲ့သည်ဟု သူက ပြောသည်။
““ကလေးတွေကို မွန်မျိုးချစ်စိတ် လျော့မသွားအောင် စိတ် ဓာတ် ရိုက်သွင်းထားတယ်””ဟု မိယဉ်စနိုင်း က ပြောပြသည်။
အဩာညီအစ်မနှစ်ဦးသည်လည်း မွန်ရိုးရာအကနှင့် ပတ် သက်၍ ကျွမ်းကျွမ်းကျင်ကျင် ကတတ်ပြီး မွန်တပင်တိုင်ယိမ်း၊ ရွှေ ဟသာၤယိမ်း၊ ကောက်စိုက်ယိမ်း၊ မွန်လူပျိုလှည့်ယိမ်းစသည့် အကမျိုးစုံကို ပဉမတန်းကတည်းက ကျောင်းကပွဲတွင် ကခဲ့ကြ သည်။ ထို့အပြင် မွန်တူရိယာဖြစ်သည့် မိကျောင်း၊ လခြမ်းတို့ကို တီးတတ်ခဲ့သည်။
မွန်ရိုးရာအကများသည် မွန်သမိုင်းနှင့် ကျေးလက်တေးရိုး ရာတေးသွားများ၊ ကဗျာ လင်္ကာတို့နှင့် ရေးစပ်ထားသော သီချင်း များဖြင့် ပုံဖော်ကပြရသော အကတစ်မျိုးဖြစ်သည်။ ထိုအကသည် ရှေးခေတ် မွန်ဘုရင်များ၏ နန်းတော်ထဲတွင် ဖြေဖျော်ရသော အကဖြစ်သောကြောင့် ငြိမ့်ညောင်းလှသည်။ မိကျောင်းစောင်း၊ ပတ်္တလား၊ လခြမ်း၊ ပတ်ဝိုင်း၊ ခြောက်လုံးပတ်ဗုံ၊ နှဲစသည့် တူရိယာ တို့ကို အသုံးပြု၍ ကကြသည်။
လက်ရှိ တူရိယာသင်ပေးနေသည့် ဆရာများသည် အသက် ၆၀ ကျော် ၈၀ ဝန်းကျင် ရှိကြပြီး ဆရာများ မရှိတော့ ပါက အတီးအမှုတ်ပညာရပ်များ အဆက်ပြတ်သွားမည်ကို စိုးရိမ် သောကြောင့် မွန်တူရိယာ မတိမ်ကော မပျောက်ကွယ်သွား အောင် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်း သင်ပေး သည့် သဘောဖြစ်သည်ဟု အသက် ၆၇ နှစ်အရွယ် နိုင်မွန်ညက ဆိုသည်။
အချိန်မီ ထိန်းသိမ်းကြပါ
၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော် က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့် ရှောက်သည့် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
အဆိုပါဥပဒေ အခန်း ၅ တွင် “ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ” ခေါင်းစဉ်၏ အပိုဒ် (ည) တွင် လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လုနီးပါးဖြစ်နေသော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်း တို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် ပုဒ်မ ၁၃ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ကိစ်္စရပ် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းတွင် နှစ်စဉ် ထည့်သွင်းရေးဆွဲရမည်ဟု အဆိုပါ ဥပဒေတွင် ထည့်သွင်း ရေးဆွဲထားသည်။
အဆိုပါ ဥပဒေ၏ အခန်း ၆တွင်လည်း တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် လိုအပ် သည့် ကာကွယ်စောင့်ရှောက်မှုပေးရန် သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအား တာဝန်ပေးအပ်ရမည်။ တာဝန်ပေးအပ်နိုင်ခြင်း မရှိပါက သင့် လျော်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအား တာဝန်ပေးအပ်ရမည်ဟု ဖော်ပြထားသည်။
မိယဉ်ဂိုချမ်း၏အမြွာအစ်မ မိယဉ်ဂိုချိုင်း လခြမ်းတူရိယာတီးနေစဉ်
ယင်းဥပဒေအရ ဖော်ပြထားသော်လည်း ရန်ကုန်တွင်သာ မက မွန်ပြည်နယ်၌ပင် အစိုးရစာသင်ကျောင်းများတွင် သင်ကြား ခွင့်ပြုနေသည့် မွန်စာပေ ထိရောက်မှုမရှိသေးသလို ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားနေသည့် နွေရာသီ မွန်စာပေ သင်တန်းနှင့် မွန် အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတွင်လည်း ပံ့ပိုးမှုမရှိကြောင်း နိုင်စိုးအောင်က ဆိုသည်။
မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် သင်ကြားနေသည့်တိုင်းရင်းသား စာပေသည် ကျောင်းချိန်ပြင်ပတွင် သင်ကြားနေရခြင်း၊ စာပေ တတ်မြောက်မှု အကဲဖြတ်သည့်စနစ် မရှိခြင်း၊ စာပေကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် စီမံကွပ်ကဲ သူ အတိအကျမရှိခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့က တိုက်ရိုက် ကိုင်တွယ်ထားခြင်းမဟုတ်ဘဲ ပြည်ထောင်စု အစိုးရက ဩန်ကြား မှသာ ဆောင်ရွက်ရသည့်အတွက် ထိရောက်မှု အားနည်းနေသေး သည်ဟု ထောက်ပြသည်။
ဒေါက်တာမင်းကြည်ဝင်းက မွန်ပြည်နယ်တွင် ကျင်းပ ပြုလုပ်သော မွန်အထိမ်းအမှတ်ပွဲများအတွက် အစိုးရအဖွဲ့ထံမှ အလှူငွေ တင်ပြပေးနေသူတစ်ဦးလည်း ဖြစ်သည်။
““တိုင်းရင်းသားရေးရာဝန်ကြီး မရှိပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၂) မှာ ဖော်ပြထားသလိုပဲ တိုင်းရင်းသား တွေရဲ့ စကား၊ စာပေနဲ့ ယဉ်ကျေးမှုတွေကို အစိုးရက ပံ့ပိုးပေးရ မယ်””ဟုလည်း သူက ပြောသည်။
နိုင်စိုးအောင်ကလည်း ယင်းသို့ ထောက်ပံ့မှု မရှိသည့် အတွက် မွန်ရိုးရာ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေများကို မြှင့်တင် ထိန်းသိမ်းနိုင်ရန် ဘတ်ဂျက်ငွေ မရှိကြောင်း ၎င်းင်းက ပြောသည်။
ထိုသို့ မွန်ဓလေ့ထုံးတမ်းများအား အကောင်အထည်ဖော် ထိန်းသိမ်းနိုင်ရန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြီးခဲ့ သည့်နှစ်က ရန်ကုန်တိုင်းအစိုးရထံ ဘတ်ဂျက် ကျပ်သိန်း ၅၀၀ တင်ပြထားသည်။ အစိုးရအဖွဲ့က လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်း ရေးဆွဲသွားမည်ဟု အကြောင်းပြန်ထား ကြောင်း နိုင်စိုးအောင်က ရှင်းပြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ ရုန်းကန်မှုတစ်ခုတည်း မဟုတ်ဘဲ တိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်ရာ စာပေယဉ်ကျေးမှုကော်မတီ အဆက် မပြတ် ထိတွေ့ပြီး မြှင့်တင်ထိန်းသိမ်းရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
နိုင်မွန်ညကလည်း လူမျိုးတိုင်း၌ ယဉ်ကျေးမှုကိုယ်စီ ရှိကြ ပြီး ရခိုင်လူမျိုးတွင် ရခိုင်အက ရခိုင်ရိုးရာ ယဉ်ကျေးမှု ရှိသကဲ့သို့ မွန်လည်း မွန်ယဉ်ကျေးမှု၊ မွန်အနုပညာ ကိုယ်စီရှိခဲ့ကြောင်းနှင့် အဆိုပါ ယဉ်ကျေးမှု၊ အနုသုခုမများကို မွန်လူမျိုးတိုင်းက ထိန်း သိမ်းရမည့် တာဝန်ရှိသည်ဟု ဆိုသည်။
အကယ်၍ ““အဲဒီလို မလုပ်ပေးနိုင်ရင်တော့ မျိုးဆက်ပြတ် သွားနိုင်တယ်””ဟု သူက သတိပေးသည်။
- #mawkun
- #magazine
- #chronicle
- #Aww_Mon
- #Shwe_Zin