ဗညားကျော်
ဧပြီ ၄
လာမည့် ဧပြီ ၁၁ နှင့် ၁၂ ရက်တွင် နယ်ပြန်ရန် လက်မှတ်အခက်အခဲဖြစ်ပေါ်နေသည့် ခရီးသည်များအတွက် မိုင် ၁၀၀ အောက် ခရီးစဉ်များကို YBS ယာဉ်များဖြင့် ပြေးဆွဲပေးမည်ဟု ဒဂုံ-ဧရာအဝေးပြေးမှ ဒုတိယလက်ထောက်ဌာနမှူး ဦးမြင့်အောင်က မော်ကွန်းကို ပြောသည်။
ယင်းသို့ပြေးဆွဲရခြင်းသည် ခရီးသွားပြည်သူများ လက်မှတ်အခက်ခဲမဖြစ်စေရန် အဝေးပြေးယာဉ်လိုင်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဦးမြင့်အောင်က ဆိုသည်။
မိုင် ၁၀၀ အောက်ခရီးစဉ်များအဖြစ် ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ ဓနုဖြူ၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းမြို့နယ် များအထိ YBS ယာဉ် ၁၄ စီးပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ဒဂုံ-ဧရာအဝေးပြေးတွင် ခရီးသွားပြည်သူများအသုံးပြုနိုင်ရန် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်၊ ယာဉ်စီးပေါင်း ၁,၀၀၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိသည် ။
ပုံစာ – ဒဂုံဧရာအဝေးပြေးဝင်းအတွင်း