လွိုင်ကော် – ၂၀၂၃ ဖေဖော်ဝါရီ ၆ (မော်ကွန်း)
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ဇရပ်ဖြူရွာအကျော်လမ်းမှာ ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်က အမျိုးသားခြောက်ဦးလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီး မိုင်းထိပြီး လေးဦးပွဲချင်းပြီးသေဆုံး သွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“မော်ချီးကိုတက်တဲ့ ခရီးသည်ကားပေါ့လေ။ ရှေ့ကကားလွတ်သွားတယ်။ နောက်ကားကမိုင်းနင်းမိတာ။ လေးယောက်ကသေသွားပြီ။ နှစ်ယောက်က အခြေအနေမကောင်းဘူးဗျ။ အခုထိသတိကိုမလည်ဘူး။ လွိုင်ကော်ဆေးရုံကိုပို့ထားတာ” လို့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
မိုင်းထိတဲ့ အိမ်စီးကားဟာ Toyota Ipsum အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး လွိုင်ကော်ကနေ မော်ချီးဘက်ကိုသွားတာဖြစ်တယ်လို့ ပရဟိတအသင်းက တာဝန်ရှိသူကပြောပါတယ်။
အဲဒီမိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမိုင်းထောင်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
Photo-ရွှေလွိုင်ကော်ပရဟိတအသင်း
#Dailynews

