ရခိုင်ရိုးက ဆင်မုဆိုး

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Profile ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

ဦးသန်းဝင်းထံသို့ ဖုန်းဝင်လာသည်။ တစ်ဖက်၏ စကားပြောသံကို နားထောင်ပြီးသည့်နောက် ““အလုပ်ကတော့ဖြစ်တယ်။ လာခဲ့ လိုက်။ လိုအပ် မယ့် ပစ်္စည်းတွေတော့ ယူလာခဲ့ပေါ့””ဟု ပြန် ပြောလိုက်ပြီး သူတို့အချင်းချင်းတွေ့ဆုံကြမည့် နေရာသို့ ချိန်းဆိုလိုက်ကြသည်။

နောက်နှစ်ရက်တွင် ဦးသန်းဝင်းသည် သူနှင့် ချိန်းဆိုထား သူများကို ငါးသိုင်းချောင်းမြို့နယ်၊ ရေနံ့သာ – ဂွလမ်းဆုံတွင် သွား စောင့်နေခဲ့၏။ သူစောင့်နေရသူများမှာ အသက် ၂၅ နှစ်နှင့် အသက် ၃၀ အရွယ်အမျိုးသားနှစ်ဦးဖြစ်လေသည်။ ထိုအမျိုး သားနှစ်ဦးကို တောထဲသို့ ခေါ်သွားပြီး လုံခြုံမည့်နေရာတွင် နေထိုင်ဖို့ နေရာချထားပေးလိုက်သည်။

ထို့နောက် သူတို့သည် ငါးသိုင်းချောင်းမြို့ထဲရှိ သံထည် အရောင်းဆိုင်သို့ သွားခဲ့ကြသည်။ သူတို့လိုအပ်သည့် သံထည် များကိုဝယ်ပြီးသည့်အခါ သံဂဟေဆိုင်သို့ ဆက်သွားသည်။ ဂဟေဆိုင်တွင် သံပိုက်များကို ဖြတ်သင့်တာဖြတ်၊ ဆက်သင့်တာ ဆက်သည်။ သူတို့စခန်းချရာနေရာသို့ ပြန်ရောက်ကြသည့်အခါ ဝယ်ယူလာသည့် သံပစ်္စည်းများဖြင့် တူမီးသေနတ်နှစ်လက်ကို တပ်ဆင်လိုက်ကြလေသည်။ ယင်းသေနတ်နှစ်လက်လုပ်ခြင်း သည် အချိန်နှစ်ရက်သာ ကြာသည်ဟု ဦးသန်းဝင်းက ပြော        ပြသည်။

သေနတ်တွင် ထည့်ပစ်မည့် ကျည်ဆန်ကိုတော့ အရှည် တစ်ပေနှင့် လုံးပတ် ကျပ်စေ့အရွယ်အစားရှိသည့် သစ်သား ချောင်းဖြင့် ပြုလုပ်ရသည်။ သစ်သားချောင်းထိပ်တစ်ဖက်တွင် သံဆူးတစ်ခုကို တပ်ဆင်ပြီး ကျန်တစ်ဖက်၏ထိပ်တွင် အဝတ်စ အမျှင်များကို ချည်နှောင်ထား၏။ ကျည်ဆန်မှာ မြားတစ် ချောင်းနှင့် အလားသ္ဌာန်တူသည်။

အဆိုပါ သစ်သားချောင်းကျည်ဆန်ပေါ်တွင် အခေါင်းငယ် တစ်ခုထွင်းရသည်။ ပြီးလျှင် အခေါင်းငယ်ထဲသို့ အမည်းရောင် အဆိပ်ရည်အဆီများကိုထည့်ကာ အပေါ်မှ တိတ်အကြည်ဖြင့် ပတ်ကာပိတ်ထားလိုက်သည်။ ယင်းကျည်ဆန်နှင့် တူမီးသေနတ် နှစ်လက်မှာ တောထဲတွင် အရွယ်အစားနှင့် အင်အားကြီးမားလှ သည်ဆိုသည့် ဆင်ရိုင်းကို ပစ်ခတ်သတ်ဖြတ်ရန် လုံလောက်သည့် လက်နက်ဖြစ်သည်။

ဦးသန်းဝင်းနှင့် အမျိုးသားနှစ်ယောက်မှာ ရခိုင်ရိုးမတော ထဲ ကျက်စားနေကြသည့် တောဆင်ရိုင်းကို ဖမ်းဆီးသတ်ဖြတ်ရန် ပြင်ဆင်နေကြခြင်းဖြစ်လေသည်။ ဦးသန်းဝင်းဆီသို့ ရောက်လာ သည့် အမျိုးသားနှစ်ဦးမှာ ဆင်မုဆိုးများ ဖြစ်ကြလေသည်။

 

ရခိုင်ရိုးမ မုဆိုး

ဦးသန်းဝင်းသည် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည်။ အရပ်အမြင့်မှာ လေးပေကျော်ကျော်သာရှိပြီး ပုပုပြတ်ပြတ်ဖြစ် ၏။ သူ၏ အသားရောင်က မညို၊ မဖြူသည့်ကြား အလယ်အလတ် တွင် ရှိသည့် အသားအရေမျိုးဖြစ်သည်။ မျက်လုံးပေါက် ကျဉ်းပြီး နှာခေါင်းက အနည်းငယ်ပြားသည်။ စကားပြော ဖော်ဖော်ရွေရွေ ရှိ၏။ သူ၏ပုံစံမှာ မုဆိုးတစ်ယောက်နှင့်မတူဘဲ တရားဟောဆရာ၊ ကျောင်းဆရာတစ်ဦးနှင့်သာ ပိုတူသလိုပင်။

သူ၏ဇာတိမှာ မကွေးတိုင်းဒေသကြီး၊ မင်းတုန်း မြို့နယ် အတွင်းက ငကုန်းဆိုသည့်ကျေးရွာမှ ဖြစ်သည်။ ထိုကျေးရွာလေး မှာ ရခိုင်ရိုးမတောင်ပေါ်တွင်ရှိသည့် ချင်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာလေးတစ်ရွာဖြစ်ပြီး မင်းတုန်းမြို့မှ လမ်း လျှောက်သွားလျှင် တစ်ရက်ခရီးသွားရသည့် အကွာအဝေးတွင် ရှိသည်။

သူတို့မိသားစုသည် ထိုရွာကလေးတွင် တောင်ယာသီးနှံနှင့် စပါးကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ညီ အစ်ကိုမောင်နှမ ခုနစ်ယောက်ရှိပြီး ဦးသန်းဝင်းက ဒုတိယ မြောက်သား ဖြစ်လေသည်။ သူသည် အစိုးရစာသင်ကျောင်း တွင် တတိယတန်းအထိ ပညာသင်ကြားခဲ့ဖူးသည်။

သူ့အသက် ၂၄ နှစ်အရွယ်၊ ၁၉၈၈ အရေးအခင်းဖြစ်ပွားပြီး သည့်နောက်ပိုင်း သူသည် ဂွမြို့နယ်အတွင်းရှိ ၁၉ မိုင်ဆိုသည့် နေရာတွင်အခြေချကာ အလုပ်လုပ်ခဲ့သည်။ ရေနံ့သာလမ်းဆုံမှ ၁၉ မိုင်အကွာအဝေးတွင်ရှိသည့် ရခိုင်ရိုးမပေါ်က ချင်းရွာလေး ဖြစ်လေသည်။ ယင်းနေရာတွင် သူ၏ဇာတိရွာလေးမှ ပြောင်းရွှေ့ လာသည့် ချင်းတိုင်းရင်းသားများလည်း အခြေချနေထိုင်လျက် ရှိသည်။

““ခွေးနဲ့ တောလည်တယ်။ ပြောင်လိုက်တယ်””ဟု သူ့ အလုပ်အကိုင်ကို ဦးသန်းဝင်းက ရှင်းပြသည်။

ထိုစဉ်က သူ့တွင် တောင်ယာမြေ အပိုင်မရှိသဖြင့် ရခိုင် ရိုးမတောထဲတွင် အမဲလိုက်ခွေး ငါးကောင်၊ ခြောက်ကောင်ဖြင့် ပြောင်လိုက်သည်။ ပြောင်ဖမ်းမည်ဆိုပါက အမဲလိုက်ခွေးများနှင့် အတူ  ပြောင်ခြေရာကို ရှာဖွေရသည်။ ခြေရာတွေ့လျှင် ပြောင် ကောင် မည်သည့်ဘက်သို့ သွားသည်ဆိုတာကို လူကမသိသော် လည်း ခွေးများက ခြေရာအတိုင်း အနံ့ခံကာ ပြောင်ကို ရှာဖွေ ပေးသည်။

ခွေးအုပ်ထဲတွင် ဦးဆောင်သူ ခေါင်ခွေးက ပြောင်ကိုတွေ့ ၍ ဟောင်သည့်အခါတွင် ကျန်သည့်ခွေးများကလည်း ပြောင်ကို ဝင်လုံးဖို့ ကြိုးစားကြသည်။ ပြောင်များသည် ခွေးဟောင်သံ ကြားသည့်အခါ ရုတ်တရက် မပြေးတတ်ဘဲ ရပ်နေတတ်၏။ ထို့ အပြင် ပြောင်သည် မာန်ကြီးသည့်အတွက် သူ၏ဦးချိုဖြင့် ရန်သူ ကို တုံ့ပြန်ဖို့ ကြိုးစားတတ်လေသည်။

ထိုအခါ လူက ခွေးဟောင်သည့်နေရာသို့သွားကာ ပြောင် ကို လှံဖြင့်ထိုးလို့ကောင်းသည့်အခြေအနေရှိ၊ မရှိ အကဲခတ်ရ သည်။ လှံဖြင့်ထိုးရန် အခွင့်မသာပါက လှံကိုင်သူက သစ်ပင်အမြင့် တစ်ခုကိုရှာဖွေပြီး အပေါ်သို့ တက်နေရသည်ဟု ဆိုသည်။

ပြီးလျှင် တခြားသောသူများက လောက်လေးခွများဖြင့် ပစ်ခတ်ခြောက်လှန့်ပြီး ပြောင်ကို လှံထိုးမည့်သူရှိသည့် သစ်ပင် အနားသို့ မောင်းသွားပေးရသည်။ သစ်ပင်အောက်သို့ ပြောင် ရောက်လာသည်ဆိုပါက လှံဖြင့် တစ်ချက်တည်း အသေထိုးသတ် ရသည်ဟု ဦးသန်းဝင်းက ဆိုသည်။

““ဘေးတိုက်ထိုးတော့ တစ်ချက်တည်းသေတာများတယ်။ လှံအရှည်က ဒီလောက်ကြီးရှိတာကိုး”” ဟု ပြောင်၏ခန်္ဓာကိုယ် ထဲသို့ ဝင်သွားသော လှံဆူးအရှည်အရွယ်အစားအား သူ့လက် တံတောင်ကိုပြ၍ ရှင်းပြသည်။

ပြောင်တစ်ကောင်၏အရွယ်အစားသည် ကျွဲတစ်ကောင် အရွယ်ခန့်ရှိပြီး ပိဿာချိန် ၃၀၀ ခန့်ထွက်သည်ဟု ဆိုသည်။ ပြောင်ကို တောထဲ၌ပင်ဖျက်ပြီး အသားများကို အခြောက် လှန်းပြီးမှ ရွာသို့ပြန်ကြသည်ဟု သူက ရှင်းပြသည်။ ဦးသန်းဝင်း တို့သည် ထိုအချိန်က တောဆင်ရိုင်းများကို ဖမ်းဆီးခြင်းမရှိကြ သလို တောဝက်များကိုပင် လူနှင့် အမဲလိုက်ခွေးများအတွက် အ်္တရာယ်ရှိသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုခဲ့ကြဟုဆိုသည်။

သူက ထိုကျေးရွာလေး၌ပင် နှစ်ပေါင်း ၂၀ ကြာသည်အထိ အမဲလိုက်မုဆိုးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ လေသည်။ ဂွ-ငါးသိုင်းချောင်း ရခိုင်ရိုးမတစ်ကြောတွင် ဘယ်နေရာတွင် ဘာရှိသည်ကို သူကောင်းစွာသိသည်။ သူသည် ထိုကျေးရွာ၌ပင် ချင်းတိုင်းရင်းသူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့သည်။

၂၀၀၈ တွင် သစ်တောဦးစီးဌာနက အမဲလိုက်မုဆိုးအဖြစ် အသက်မွေးကြသည့် ဦးသန်းဝင်းတို့ကို ငသိုင်းချောင်း-ဂွ ကား လမ်းဘေး မိုင်တိုင် ၂၀ ကျော်သို့ ပြောင်းရွှေ့စေပြီး ရွာလေး တစ်ရွာတည်ပေးသည်။ တောင်ယာများ လုပ်ကိုင်စားသောက် နိုင်ရန် မြေယာများချထားပေးသည်။ စာသင်ကျောင်း၊ ဘုရား ကျောင်းနှင့် လူနေအိမ်များ ဆောက်ပေးခဲ့သည်။

သောက်သုံးရေရရှိစေရန် စီစဉ်ပေးသလို မိုးတွင်း၌လည်း ရေအားဖြင့် လျှပ်စစ်မီးရရှိစေရန်လည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ရာ ပြောင်းရွှေ့လာ သူများ အခြေတကျနေထိုင်နိုင်စေရန် ငါးနှစ်ကြာသည်အထိ ရိက်္ခာများထောက်ပံ့ပေးခဲ့သည်ဟု အသက် ၅၅ နှစ်အရွယ် ဦးသန်းဝင်းက ဆိုသည်။

သို့သော် ““အမဲလိုက်ခွင့်တော့ မရတော့ဘူး”” ဟု သူက ဆက်ပြောသည်။

သူတို့အသစ်ပြောင်းရွှေ့ခဲ့ရသည့် နေရာလေးကို ချင်းရွာဟု အမည်ပေးထားလေသည်။

ချင်းရွာသို့ ပြောင်းရွှေ့လာသည့်နောက်ပိုင်း ယုန်၊ ချေ၊ မျောက် စသည့် သားကောင်အငယ်များကို အမဲလိုက်ဖြစ်သေး လားဟု မေးကြည့်သည့်အခါ ““အမဲမလိုက်ဖြစ်ပါဘူး””ဟု သူက ပြန်ဖြေသည်။

အမဲမလိုက်ဖြစ်သည့် အကြောင်းတစ်ခုမှာ သူတို့ရွာထဲရှိ လူနေအိမ်များတွင် ခွေးမွေးခွင့်မရှိဟု သစ်ေတာဦးစီးဌာနက တားမြစ်ထားသောကြောင့် အမဲလိုက်ခွေးများ မရှိတာ ကြောင့်လည်း ဖြစ်သည်ဟု ဦးသန်းဝင်းက ဆိုသည်။

Photo-Kyaw Zayar Htun ဦးသန်းအေးအိမ်မျက်စောင်းထိုးတွင် စိုက်ထူထားသည့် တောဆင်ရိုင်းရန်များကို ထိန်းသိမ်းကြရန် သတိပေးထားသည့် ဆိုင်းဘုတ်

Photo-Kyaw Zayar Htun ဦးသန်းအေးအိမ်မျက်စောင်းထိုးတွင် စိုက်ထူထားသည့် တောဆင်ရိုင်းရန်များကို ထိန်းသိမ်းကြရန် သတိပေးထားသည့် ဆိုင်းဘုတ်

လမ်းပြ မုဆိုး

ဦးသန်းဝင်းသည် သူနေထိုင်သည့် ငသိုင်းချောင်း-ဂွ ရခိုင်ရိုးမတောထဲတွင် အမဲလိုက်ခွင့်မရသည့်တိုင် သင်းခွေချပ် ဈေးကောင်းသည်ဟု သတင်းကြားသည့်အခါ သူ့ဇာတိဖြစ်သည့် မင်းတုန်းဘက်သို့သွားပြီး သင်းခွေချပ်ရှာပုံတော် ဖွင့်ခဲ့သည်။

သူ့ဇာတိ ငကုန်းကျေးရွာသို့ ၂၀၁၂ တွင် ပြန်သွားခဲ့ခြင်း ဖြစ်သည်။ ရွာသို့ပြန်ရောက်သည့်အခါ ငယ်ပေါင်းမိတ်ဆွေများနှင့် ပြန်တွေ့ကြလေသည်။ မုဆိုးလုပ်ငန်း အကြောင်းစကားစပ်မိကြ ရာက ဆင်သားရေပြားများ ဈေးကောင်းသည့်အကြောင်း ပြော ဖြစ်ကြသည်။

ဦးသန်းဝင်းကလည်း သူနေထိုင်ရာ ဂွမြို့နယ် ရခိုင်ရိုးမ တောထဲတွင် ဆင်များပေါသည့်အကြောင်းနှင့် ယင်းရိုးမနယ် တစ်ဝိုက်တွင်ဘယ်နေရာတွင် ဘာရှိသည်ကို သူကောင်းကောင်း သိကြောင်း ပြောမိကြရာက တောဆင်ရိုင်းကို အမဲလိုက်ဖို့ရာ အကြောင်းဖန်လာတော့လေသည်။

““ဒီဘက်မှာ ဆင်ရှိတယ်။ အဆင်ပြေမယ်ဆိုရင် လာခဲ့ပေါ့။ သူတို့ကလည်း စိတ်ဝင်စားတယ်။ နည်းနည်းပါးပါး လုပ်ချင် တယ်ပေါ့။ အဲဒါနဲ့ လုပ်ကြတာပေါ့ကွာ”” ဟု တောဆင်ရိုင်းကို သတ်ဖြတ်ရန် ကြံစည်မိခဲ့သည့်အကြောင်းကို ရှင်းပြသည်။

သင်းခွေချပ်ရှာထွက်ခဲ့သည့် ဦးသန်းဝင်းသည် မင်းတုန်း ဘက်တွင် သုံးလကြာနေပြီးသည့်နောက် သူ့မိသားစုရှိရာ ဂွ ရိုးမဘက်သို့ ပြန်လာခဲ့တော့သည်။ ငါးပိဿာအရွယ်ရှိ သင်းခွေ ချပ်တစ်ကောင်ရခဲ့သည်ဟု သူက ဆိုသည်။

သူနေထိုင်ရာ ချင်းရွာသို့ပြန်ရောက်ပြီး နောက်နှစ်နှစ် ကျော်ကြာသည့်အခါမှာတော့ တောဆင်ရိုင်းဖမ်းမည့်ပုဂ္ဂိုလ်များ သူ့ထံ ဖုန်းဖြင့် ဆက်သွယ်လာတော့သည်။ သူ့ထံဆက်သွယ်လာ သူ အမျိုးသားနှစ်ဦးမှာ သူ့ဇာတိငကုန်းကျေးရွာမှ မုဆိုးများ ဖြစ် လေသည်။ ၎င်းင်းတို့နှစ်ဦးက တောဆင်ရိုင်းကို ပစ်ခတ်ဖမ်းဆီးကြ မည်ဖြစ်ပြီး ဦးသန်းဝင်းက တောဆင်ရိုင်းများရှိသည့် နေရာသို့ လမ်းပြပေးရမည်ဖြစ်သည်။

ထိုမုဆိုးနှစ်ယောက်ကို ဦးသန်းဝင်းက ရေနံ့သာလမ်းဆုံ တွင် သွားရောက်တွေ့ဆုံခဲ့ပြီး တောဆင်ရိုင်းကို ပစ်ဖမ်းမည့် သေ နတ်များတပ်ဆင်ပြီးနောက် ရိုးမတောထဲ ဝင်ခဲ့ကြတော့သည်။

““ဒီကောင်တွေ(ဆင်တွေ) ဘယ်မှာရှိတယ်ဆိုတာ သိ တယ်။ တောထဲရောက်တာနဲ့ ခြေရာတွေ လိုက်ကြည့်တယ်။ မကြာဘူး၊ လေး ငါးရက်လောက်ပဲကြာတယ်””ဟု တောဆင် ရိုင်းများရှိသည့်နေရာကို အလွယ်တကူ လမ်းပြနိုင်ခဲ့သည့် ဦးသန်းဝင်းက ဆိုသည်။

တောဆင်ရိုင်းများသည် ပူပြင်းသည့် နွေရာသီဆိုလျှင် တောင်တွေကြားထဲရှိ ချောင်းစပ်များတွင် နေထိုင်လေ့ရှိပြီး မိုးတွင်းကာလနှင့် ချမ်းအေးသည့် ရာသီဆိုလျှင် တောင်ကြော ပေါ်တွင် နေထိုင်တတ်ကြသည်။ ဦးသန်းဝင်းတို့ ဆင်ပစ်ထွက်ခဲ့ သည့်အချိန်က ပွင့်လင်းရာသီအစ အောက်တိုဘာလဖြစ်ရာ တောဆင်ရိုင်းများသည် တောင်ကြောပေါ်တွင် နေထိုင်ကျက်စား လျက်ပင် ရှိသေးသည်။

““ဆင်ချေးနဲ့ ဆင်ခြေရာကို ကြည့်ပြီး သူတို့ဘယ်လောက် ဝေးတယ်ဆိုတာကို မှန်းလို့ရတယ်။ သူတို့အနံ့က ကျန်ခဲ့တယ်။ သူတို့က အနံ့က ပြင်းတယ်။ အဲဒါဆိုရင် နီးစပ်မှုရှိနေပြီ””

တောဆင်ရိုင်းများနောက်သို့ ခြေရာခံလိုက်ရာတွင် အဓိက သတိပြုရသည့်အရာများကို ဦးသန်းဝင်းက ရှင်းပြသည်။

သူတို့ရိုးမတောထဲ စဝင်ခဲ့ကြသည့်နေ့မှာပင် တောဆင် ရိုင်းများကို ခြေရာခံမိခဲ့ခြင်းဖြစ်သည်။ သို့သော် ချက်ချင်းပစ်ခတ် ဖမ်းဆီး၍ မရ။ အခြေအနေကို ကြည့်ကာ သူတို့အနားသို့ ချဉ်း ကပ်ဖို့ ကြိုးစားရသည်။ သူတို့တွေ့လိုက်ရသည့် တောဆင်ရိုင်း အုပ်မှာ အကောင်ရေ ၂၀ ဝန်းကျင်ခန့် ရှိလေသည်။ သူတို့သုံးဦး သည် ဆင်များနှင့် တစ်မိုင်ဝန်းကျင်အကွာမှ ခွာ၍ လိုက်ရသည်။

““ဆင်က နားရွက်ကို အမြဲတမ်းခတ်တယ်။ အဲဒီအသံက အဝေးကြီးက ကြားရတယ်။ ညဘက်မှာ သူူတို့က ဝါးတွေကို ချိုး စားတဲ့အသံတွေ ဖျောင်းဖျောင်းနဲ့ ကြားနေရတယ်။ နေ့ခင်းဘက် လည်း ကြားရတာပဲ။ ဒီကောင်တွေက အငြိမ်မှ မနေတာ၊ ဟိုနင်း လိုက်၊ ဒီဖြဲလိုက်လုပ်နေတာ””ဟု ဦးသန်းဝင်းက ဆင်များ၏အလေ့အထကို ရှင်းပြသည်။

တောဆင်ရိုင်းအုပ်နောက်သို့လိုက်ရသည့်အခါ ညဘက် တွင် တောထဲ၌ပင် စခန်းချ၍ အိပ်ကြရသည်။ သူတို့ ညဘက် စခန်းချသည့်အခါ မိုးကာပလတ်စတစ်အဖြူစကို အမိုးလုပ်ကာ နေကြသည်ဟုဆိုသည်။ ညဘက်တွင် မီးဖိုထားသော်လည်း တောထဲတွင် ခြင်တအားကိုက်သဖြင့် ခြင်ထောင်တောင်ပြီး အိပ် ကြရသည်ဟု ဦးသန်းဝင်းကဆိုသည်။ ထမင်းကိုလည်း မနက်တစ် ကြိမ်၊ ညနေတစ်ကြိမ်သာ စားကြရသည်။ သူတို့၏စခန်းသည် အတည်တကျမရှိဘဲ ဆင်များသွားရာနောက်သို့ လိုက်ရင်း ရွှေ့ ပြောင်းသွားလာနေရသည်ဟု ဆိုသည်။

ထိုသို့သွားလာရာတွင် တခြားသော တောကောင်များကို လည်း တွေ့ကြရသည်။ သို့သော် ဦးသန်းဝင်းတို့သည် တခြား သော တောကောင်များကို အလေးမထားနိုင်။ သူတို့သည် တော ဆင်ရိုင်းများအနားသို့သာ ချဉ်းကပ်ဖို့ ကြိုးစားရင်း ၎င်းင်းဆင်များ အနက် သူတို့ပစ်ခတ်ဖမ်းဆီးမည့် အရွယ်အစားအကြီးဆုံး ဖြစ် သည့် ဆင်ထီးကို ရှာရသည်။

““အထီးတွေကျတော့ အလေးချိန်ပိုထွက်တယ်။ အရေပြား လည်း ပိုထူတယ်လေ”” ဟု ဦးသန်းဝင်းက ရှင်းပြသည်။

 

ဆင်ပစ်ခြင်း

ဆင်များနောက်သို့ လိုက်ခဲ့ရာက ငါးရက်မြောက်သည့် မနက်ခင်းတွင် ဆင်ပစ်ဖို့ အစီအစဉ်စတင်လိုက်ကြသည်။ ရာသီ ဥတုက သာသာယာယာရှိသည်။ သူတို့ဆင်ပစ်မည့်နေရာသည် ငါးသိုင်းချောင်း-ဂွကားလမ်းနှင့် တစ်မိုင်အကွာမျှသာ ဝေး၏။ တူမီးသေနတ်များက သူတို့တောထဲသို့ ဝင်ကတည်းက ယမ်း ထည့်ထားပြီး အသင့်အနေအထား ဖြစ်သည်။

ဦးသန်းဝင်းတို့သည် အသင့်ပါလာသည့် မီးခြစ်ကို ခြစ်ပြီး လေတိုက်ရာအရပ်ကို စူးစမ်းကြသည်။ ပြီးလျှင် ဆင်ပစ်မည့်သူက ဆင်များရှိရာအရပ်၏ လေအောက်ဘက်တွင် နေရာယူပြီး ချိန် ကွင်းရှာရသည်။ ကျန်နှစ်ယောက်က ဆင်အုပ်နှင့် ခပ်လှမ်းလှမ်း တွင်ရှိသော သစ်ပင်အပေါ်သို့ တက်နေရသည်။

““အောက်မှာနေလို့ မရဘူးလေ။ ပစ်လိုက်ရင် ဒီကောင်တွေ က တအားပြေးမှာ။ ကိုယ့်ကိုတိုးမိမှာဆိုးလို့””ဟု ဦးသန်းဝင်းက ဆိုသည်။

ဆင်ပစ်မည့်သူက တောဆင်ရိုင်းအုပ်အနားသို့ ၁၅ ပေ၊ ပေ ၂၀ အထိကပ်သွားရသည်။ အရေပြားထူသောဆင်ကို အဝေးမှ ပစ်လျှင် မထိရောက်မည်စိုးသဖြင့် နီးနိုင်သမျှနီးအောင် ဆင် အနားသို့ ကပ်သွားရသည်ဟုဆိုသည်။

““အဲဒီလိုကပ်တာက တအားအ်္တရာယ်များတယ်။ မုဆိုး တွေက ရှောင်ကြတယ်။ တွေ့ရင် အလိုက်ခံရမှာလေ။ မုဆိုး အလုပ်က မလွယ်ဘူး။ အသက်စွန့်ပြီး လုပ်ရတဲ့သဘော ရှိတယ်””ဟု ဦးသန်းဝင်းက ဆိုသည်။

သူနှင့် ကျန်မုဆိုးတစ်ယောက်ကတော့ သစ်ပင်ပေါ်မှနေပြီး ဆင်ပစ်မည့်သူ၏ အခြေအနေကို ကြည့်နေရသည်။ ပစ်မည့်သူကို မမြင်ရသော်လည်း သူဘယ်ကသွားသည်၊ ဘယ်နေရာရောက် နေပြီဆိုတာကို မှန်း၍ရသည်။ ဦးသန်းဝင်းတို့က တောဆင်ရိုင်းအုပ်ကိုချောင်းမြောင်းနေစဉ် ဆင်အုပ်သည် လူအနံ့ရသဖြင့် ပြေးတော့မည်ဖြစ်သည်။ ထိုအချိန် “အုန်း” ဟူသော ကျယ်လောင် သည့် သေနတ်သံထွက်ပေါ်လာလေသည်။ ဆင်အုပ်ကြီးမှာလည်း ချက်ချင်းဆိုသလို ထွက်ပြေးတော့သည်။

သို့သော် နှစ်မိုင်အကွာအဝေးထိသာပြေးသည်။ သေနတ် မှန်ထားသည့် ဆင်မှာ မပြေးနိုင်တော့။ အဆိပ်မိကာ မျော၍နေ ၏။ ဒဏ်ရာရသည့် တောဆင်ရိုင်းအနားတွင် တခြားသော ဆင် များက စောင့်နေကြသည်။

““သစ်သားချောင်းက ဆင်အသားထဲဝင်တော့ ကွဲသွား တယ်။ အသားထဲမှာ အဆိပ်ကပျံ့သွားတယ်။ အဲဒီကောင် က(ကျည်ဆန်) ဘယ်နေရာပစ်ပစ်။ ပေါင်တွေကို အပစ်များ တယ်””ဟု ဦးသန်းဝင်းက ဆိုသည်။

သူတို့ပစ်လိုက်သည့်အချိန်က မနက် ၉ နာရီဝန်းကျင်ခန့် ဖြစ်သည်။ အဆိပ်က သိပ်မကောင်းသဖြင့် ဆင်သေသည်အထိ ငါးနာရီကျော်ကြာစောင့်ဆိုင်းလိုက်ရသည်ဟု သူကပြောသည်။ အဆိပ်မိထားသည့်ဆင်ကြီး သေဆုံးသွားသည့်အခါမှ တခြား သောဆင်များသည်လည်း ယင်းနေရာမှ ထွက်သွားကြလေတော့ သည်။

ဦးသန်းဝင်းတို့ ပစ်ဖမ်းလိုက်သည့်ဆင်ကြီးမှာ ဟန်ကုတ် ဆင်အမျိုးအစားဖြစ်ပြီး အရပ် ငါးပေကျော်ခန့်သာသည်။ တစ် ပေခန့်ရှည်သည့် ဆင်စွယ်လည်းပါသည်။

““အကောင် သေးတယ်။ သူ့ထက်ကြီးတဲ့ အကောင်ပါပေ မယ့် မမိလိုက်ဘူး။ အကောင်ရွေးတာ မှားသွားတာ”” ဟု ဦးသန်း ဝင်းက ရှင်းပြသည်။

ဦးသန်းဝင်းတို့သုံးယောက်သည် ဆင်ကြီးအနားသို့ ရောက်သည့်အခါ အရေပြားခွာဖို့ ပြင်ကြရသည်။ ဆင်အရေပြား ကို ကျပ်တိုက်ဖို့ စင်ဆောက်ရသည်။ မီးမွှေးဖို့အတွက် ထင်းရှာရ သည်။ ဆင်အရေပြားကို အိတ်ထဲသို့ ထည့်ကောင်းမည့် တစ်ပေ ပတ် လည်အရွယ်ကို ဓားထက်ထက်ဖြင့် မြန်မြန်လှီး၍ ခွာရသည်။ အစွယ်ကို ပုဆိန်ဖြင့် ခုတ်ဖြတ်ယူသည်။

ဆင်အရေပြားကို သုံးနာရီကြာမျှ ခွာယူလိုက်ရသည်။ ပြီးလျှင် ဆင်အရေပြားကို အခြောက်ဖြစ်အောင် မီးဖိုကာ ကျပ် တိုက်ရသည်။ ကျပ်တိုက်ထားသည့် ဆင်အရေပြားခြောက်များကို ချက်ချင်းရက်လုပ်ထားသည့် ခြင်းတောင်းကြီးများထဲသို့ ဖိသိပ် ကာ ထည့်ကြလေသည်။ အမှောင်ကျလာသဖြင့် ဓာတ်မီး အလင်းရောင်ဖြင့် လုပ်ကြရသည်။

““လုပ်နေတဲ့အချိန်မှာ လူလာမှာကို စိုးရိမ်နေရတယ်။ အဲဒါပဲ ကြောက်ရတယ်။ လူကလည်း အဲဒီနေရာကို ရောက်တတ် တယ်””ဟု ဆင်သားရေခွာခြင်းအလုပ်ကို ထိတ်ထိတ်လန့်လန့်ဖြင့် အမြန်လုပ်ရသည့်အဖြစ်ကို ဦးသန်းဝင်းက ပြောပြသည်။

ယင်းနေရာသည် သူနေထိုင်ရာ ချင်းရွာနှင့် လေး ငါးမိုင် ခန့်သာဝေးလေသည်။

ဆင်သားရေခွာခြင်း၊ မီးနှင့်ကျပ်တိုက်ခြင်း၊ ခြင်းတောင်း ဖြင့် ထုပ်ပိုးခြင်း စသဖြင့်အလုပ်များကို တစ်ညတည်းဖြင့် အပြီး လုပ်ရသည်။ ပိဿချိန် ၄၀ ခန့်အလေးချိန်ရှိသည့် ဝါးခြင်းတောင်း ဖြင့် လေးခြင်းရလေသည်။ ယင်းခြင်းတောင်းများကို ဆင်ဖျက် ထားသည့် နေရာမှ တခြားနေရာသို့ အမြန်ဆုံးရွှေ့ထားလိုက် ကြသည်။

““သူတို့က ကုန်သည်နဲ့ချိတ်ထားပြီးသား ကားလမ်းပေါ်မှာ ချိန်းတာ။ ကားလမ်းအပေါ်ကို အရောက်ပို့ပေးရတာပေါ့”” ဟု ဆင်သားရေခြောက်ကို တစ်ခါတည်း ကုန်သည်လက်ထဲအရောက် ပို့ပေးလိုက်ကြပုံကို ဦးသန်းဝင်းက ရှင်းပြသည်။

 

အဖမ်းခံရပြီ

သူတို့၏တောဆင်ရိုင်းဖမ်းခြင်း အလုပ်က ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် ဆင်မုဆိုးနှစ်ဦးမှာ မပြန်ကြသေးဘဲ ဦးသန်း ဝင်းတို့အိမ်သို့ လိုက်လည်ကြသည်။ ပြီးလျှင် နောက်လုပ်မည့် အစီအစဉ်များကိုလည်း တိုင်ပင်ဖြစ်ကြလေသည်။ ဆင်သားရေခြောက်များရောင်းချခြင်းကြောင့် ငွေဘယ်လောက်ရသည်ကို မသိသော်လည်းသူ့အနေဖြင့် ဆင်သားရေ ရရှိရေး လိုက်လံကူညီ ဆောင်ရွက်ပေးရခြင်းအတွက် ငွေကျပ်သုံးသိန်းခန့်ရရှိခဲ့သည် ဟု ဦးသန်းဝင်းက ဆိုသည်။

ဆင်သားရေခြောက်များရောင်းချပြီး နှစ်ရက်အကြာတွင် ဦးသန်းဝင်းအိမ်သို့ သူ့အသိ ရဲဝန်ထမ်းတစ်ယောက် ရောက်လာ လေသည်။ သူတို့သုံးဦး အိမ်ပေါ်တွင် စကားထိုင်ပြောနေစဉ် ည ၈ နာရီအချိန်တွင်ဖြစ်သည်။

““ရွာထဲက တစ်ယောက်က တိုင်လိုက်လို့ မိတာ”” ဟု သူက ဆိုသည်။

ရဲသည် အိမ်ပေါ်ရောက်သည်နှင့် မုဆိုးနှစ်ယောက်ကို တန်း ပြီး ဖမ်းလိုက်သည်။ ထွက်ပြေးချိန်ပင် မရလိုက်။ ပြီးလျှင် ရဲက ဧည့်သည်မုဆိုးနှစ်ဦး၏အိတ်များကိုရှာဖွေရာ ယမ်းမှုန့်အတို အစများကို တွေ့လေသည်။ အိမ်ပေါ်တွင် ရှာဖွေရာတွင်လည်း ဆင်သားခြောက်များကို တွေ့၏။ ပြောင်သားများဖြစ်သည်ဟု လိမ်လည်ပြောရန် ကြံစည်ခဲ့သော်လည်း တိုင်တန်းသည့်သူက အတိအကျတိုင်ထားသဖြင့် မည်သို့မျှပြော၍ မရ။ ထိုဆင်သား ခြောက် နှစ်ပိဿာခန့်ကို အိမ်တွင် စားဖို့ ဦးသန်းဝင်းက အနည်းငယ်ဖျက်ယူလာခဲ့ခြင်းဖြစ်လေသည်။

““အချင်းချင်းက သိကြတယ်။ ကျွန်တော်တို့ရွာမှာ ဘယ် လောက်ပဲလုံအောင်လုပ်လုပ် သူများ မသိဘူးဆိုတာ မရှိဘူး။ မြွေမြွေချင်း ခြေမြင်တာပေါ့ကွာ””ဟု သူက ဆက်ပြောသည်။

ရဲသည် ယူနီဖောင်းဖြင့် တစ်ဦးတည်းရောက်လာခြင်း ဖြစ် ပြီး လူငယ်မုဆိုးနှစ်ယောက်ကို လက်ထိပ်ခတ်ကာ ချင်းရွာထိပ်ရှိ ထမင်းဆိုင်သို့ခေါ်သွားပြီး ထိန်းသိမ်းထားလိုက်လေသည်။ ရဲဝန်ထမ်းနှင့် ဦးသန်းဝင်းမှာ မိတ်ဆွေများဖြစ်ကြသည်။ သူ့ကို ရဲက ဖမ်းဆီးခြင်း မလုပ်။

နောက်နေ့မနက်မှာတော့ ရဲများနှင့် သစ်တောဝန်ထမ်းများ ရောက်လာကြတော့သည်။ မုဆိုးနှစ်ယောက်ကို ထမင်းဆိုင်တွင် အစောင့်များနှင့်ထားစေပြီး ဦးသန်းဝင်းက ရဲနှစ်ဦး၊ သစ်တော ဌာနမှ ဝန်ထမ်းနှစ်ဦးနှင့်အတူ ဆင်ဖျက်ခဲ့သည့်နေရာနှင့် သေ နတ်နှစ်လက် ဝှက်ထားသည့် နေရာသို့ လိုက်ပြရလေသည်။ ထို အချိန်ထိ ဦးသန်းဝင်းမှာ ဖမ်းဆီးခြင်း မခံရသေးပေ။

““မိသားစုရှိတဲ့အတွက် မပြေးဘူးဆိုတာကို ရဲလည်း သိနေ တယ်””ဟု သူ့ကိုရဲမဖမ်းရခြင်းအကြောင်းကို သူကရှင်းပြသည်။

သေနတ်သွားယူရသည့်လမ်းတစ်လျှောက်တွင် ဦးသန်း ဝင်း၏ ခေါင်းထဲ၌ ပြဿနာအား မည်သို့ရှင်းရမည်ကို တွေးရင်း ခေါင်းများ ရှုှုပ်ထွေးကာနေသည်။ ပြဿနာကို ဖြေရှင်းဖို့ နည်း လမ်းများရှာနေမိသည်၊ အမှုပေါ့အောင် မည်သို့လုပ်မည်နည်း ဆိုတာကိုလည်း တွေးနေမိသည်။

““အဲဒီအချိန်ကတော့ကွာ၊ လူက ဘယ်လိုလဲဆိုတော့ ရူးသလိုပဲ။ အဲဒီသွားပြကတည်းက အမှုက ဖြစ်တော့မယ်ဆိုတာ သိတယ်လေ။ ခေါင်းထဲမှာ ဦးနှောက်တအားများတာပေါ့။ အာရုံ တွေများသွားတာ””ဟု ဆင်သတ်သည့်အမှုဖြင့် မုဆိုးနှစ်ယောက် အဖမ်းခံလိုက်ရသည့်အခါ သူလည်း အဖမ်းခံရတော့မည်ဆိုတာ ကို တွေးပြီး စိတ်ရှုပ်ရှုပ်ထွေးထွေးဖြစ်ရပုံကို ဦးသန်းဝင်းက ပြော ပြသည်။

ဆင်အရေပြားခွာသည့်နေရာသို့ ရောက်သွားသည့်အခါ အရေပြားခွာထားခံရသည့် ဆင်သေကြီးမှာ ပုပ်ပွ၍ အနံ့ဆိုးများ ထွက်နေသည်။ သေနတ်ယူပြီး ပြန်လာသည့်အခါ ဦးသန်းဝင်းက တစ်ယောက်တည်း ပြန်လာရခြင်းဖြစ်ပြီး ရဲနှင့် သစ်တောဝန်ထမ်း များမှာ ဆိုင်ကယ်ဖြင့် ရှေ့မှ ကြိုတင်သွားနှင့်ကြပြီဖြစ်သည်။

ထမင်းဆိုင်သို့ ဦးသန်းဝင်းရောက်သည့်အခါတွင် ရဲတစ် ယောက်က ထမင်းစားရန် လက်ဆေးဖို့ ပြောသည်။ ပြီးလျှင်          ““ခဏလာခဲ့ဦး””ဟု ရဲကခေါ်သဖြင့် အနားသို့သွားသည့်အခါတွင် ဦးသန်းဝင်းလက်ကိုဆွဲယူပြီး လက်ထိပ်ခတ်လိုက်လေတော့သည်။

““ထမင်းစားခါနီးမှ ဖမ်းလိုက်တယ်။ ထမင်းတောင် စားမရ တော့ဘူး။ ဟား ဟား”” ဟု သူအဖမ်းခံရသည့်အဖြစ်ကို အရယ် တစ်ဝက်ဖြင့် ပြောပြလေသည်။

ထိုအခါမှ ညတုန်းက ဖမ်းထားသည့် မုးဆိုးနှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲများထံမှ သိလိုက်ရလေ သည်။  မုဆိုးနှစ်ယောက်သည် နေ့လယ်ပိုင်းက အပေါ့သွားဦးမည် ဟုဆိုကာ ထမင်းဆိုင်နောက် ထွက်သွားပြီး လက်ထိပ်တန်းလန်း ဖြင့် တောင်အောက်ဘက် ဝါးတောထဲသို့ ခုန်ချထွက်ပြေးသွားခဲ့ ခြင်းဖြစ်သည်ဟု သိလိုက်ရလေသည်။

ဦးသန်းဝင်းကတော့ ထွက်ပြေးချင်သည့် စိတ်မဖြစ်။ ပြေး မည်ဆိုပါက အစောကတည်းက ထွက်ပြေး၍ ရသည်။ သို့သော် သူ့စိတ်ထဲတွင် ဖြစ်ပြီးမှတော့ ခံလိုက်မည်ဟုသာ တွေးထား လေသည်။

““ကိုယ့်မိသားစုလည်းရှိတယ်။ ပြေးမယ်ဆိုရင် ဒီမှာထပ်နေ လို့ မရတော့ဘူး”” ဟု ထွက်မပြေးရခြင်းအကြောင်းကို သူက ရှင်းပြသည်။

လက်ထိပ်ခတ်၍ အဖမ်းခံလိုက်ရသည့်အချိန်တွင် သူ့စိတ် ထဲ အတော်ပင်စိတ်ထိခိုက်သွားခဲ့သည်။ ထမင်းစားချင်စိတ်ပင် မရှိတော့။

““အရင်တုန်းက အဲဒီလိုမျိုး မကြုံဖူးဘူး။ တစ်ခါမှ မကြုံဖူး ဘူး။ အရင်တုန်းကလည်း ဒီအလုပ်ကို မလုပ်ဖူူးဘူး။ မလုပ်ဘူး ဆိုပြီးတော့လည်း ဒီအသက်အရွယ်အထိနေတာ။ ဘယ်လိုဖြစ် ပြီးတော့ အဲဒီအချိန်ကျတော့ကွာ”” ဟု သူဖြစ်ခဲ့ရသည့် အဖြစ်ကို အားမလို၊ အားမရပြောရင်း စကားကို ခဏရပ်ကာ ““ဟိုကောင်၊ ဟိုကောင် တပ်ထဲဝင်သွားတဲ့အကောင်။ သူ ၁၀ တန်းနှစ် ပိုက်ဆံ တအားလိုတာ။ ဘော်ဒါမှာ ထားတာ”” ဟု ဧည့်ခန်းထရံပေါ်တွင် ချိတ်ဆွဲထားသည့် သူ့သားဓာတ်ပုံကို လက်ညှိုးထိုးပြရင်း ဆက် ပြောလေသည်။

ဘော်ဒါကြေးမှာ တစ်နှစ်စာလုံးအတွက် အပြီးအစီးကို ကိုးသိန်းပေးရခြင်းဖြစ်သည်။ သို့သော် ပိုက်ဆံကို တစ်ခါတည်း မသွင်းနိုင်သဖြင့် ခွဲပြီးသွင်းနေရသည်။ ထိုအကြွေးကိုဆပ်ရန် ပိုက်ဆံလိုသဖြင့် တစ်ကြိမ်တစ်ခါ စွန့်စားကြည့်မည်ဟုဆိုကာ ဆင်ဖမ်းမည့်အလုပ်ကို လက်ခံလိုက်မိခြင်းဖြစ်သည်ဟု ဦးသန်း ဝင်းက ဆိုသည်။

သူ့တွင် သားသမီးခုနစ်ယောက်ရှိပြီး အကြီးဆုံး မိန်း ကလေးတစ်ဦးသာ ကျောင်းမနေဘဲ ကျန်သားသမီးအားလုံးမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြလေသည်။ သူဘော်ဒါထား ပေးခဲ့သည့် ၁၀ တန်းကျောင်းသားမှာ သုံးဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ခဲ့သည်ဟု သူက ဆိုသည်။

သို့သော် ဦးသန်းဝင်းကတော့ တောရိုင်းတိရ်္ဆာန် သတ် ဖြတ်မှုဖြင့် ဂွမြို့နယ် ရဲစခန်းအချုပ်တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရ လေသည်။ သူသည် ဂွရဲစခန်းအချုပ်တွင် ခြောက်လကြာခန့် နေခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရသည်။ ယင်းနောက် တောရိုင်း တိရ်္ဆာန်သတ်ဖြတ်မှု၊ လက်နက်မှုတို့ဖြင့် ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံခဲ့ရလေသည်။

တောဆင်ရိုင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမှုတွင် ဦးသန်းဝင်းတစ်ယောက်တည်း ပြစ်ဒဏ်ခံခဲ့ရပြီး ကျန်သည့် မုဆိုး နှစ်ယောက်မှာ ယနေ့အထိ အဖမ်းမခံရသေးဘဲ လွတ်မြောက် နေဆဲဖြစ်သည်။

ဦးသန်းဝင်းသည် ပြီးခဲ့သည့် ၂၀၁၈ နှစ်ဆန်းပိုင်းမှ သံတွဲအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

သူသည် သူလုပ်ခဲ့သည့် လုပ်ရပ်အတွက် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံစားခဲ့ပြီးပြီဖြစ်သည်။ ဖြစ်ခဲ့သည့်ကိစ်္စရပ်ထဲမှ မည်သည့်သင်ခန်းစားရခဲ့သလဲဟု မေးကြည့်သည့်အခါ သူက-

““သူများအသက်သတ်ပြီး ပိုက်ဆံရှာတဲ့အလုပ်က မကောင်းဘူး။ မလုပ်သင့်ဘူးပေါ့ကွာ။ နောင်လည်း ဒါမျိုးကျ မလုပ်တော့ဘူးပေါ့။ အ်္တရာယ်လည်း များတယ်”” ဟု ပြန်ဖြေသည်။

ထို့အပြင် အဖမ်းခံရ၍ ပြစ်ဒဏ်ခံရသည့်အခါတွင် သူများ က အိပ်ဆိုမှ အိပ်ရသည်၊ ထိုင်ဆိုမှ ထိုင်ရသည်။ အသက်ရှင်နေ သော်လည်း သူများခိုင်းတာလုပ်နေရပြီး ““သူတို့သတ်မှတ်တဲ့ အချိန် ရေချိုးရတာ၊ ပူလို့ ရေချိုးချင်ပါတယ်ဆိုလို့ မရဘူး”” ဟု အကျဉ်းထောင်ထဲတွင် ကြုံခဲ့ရသည့် ဒုက်္ခကို သူက ပြောပြသည်။

သူရရှိခဲ့သည့် အကျိုးအမြတ်နှင့် ခံခဲ့ရသည့်ပြစ်ဒဏ်မှာ တိုက်တန်သလားဟု ထပ်မေးကြည့်သည့်အခါ သူက ယခုလို မှတ်ချက် ပြုသည်။

““ဘယ်တန်မလဲ။ ကိုယ်ခံရတာ ပိုဆိုးတယ်””

ယခုအခါ ရခိုင်ရိုးမတောထဲတွင် ပြောင်များ ပေါများစွာ ပေါက်ဖွားနေကြသည်ဟု ဦးသန်းဝင်းက ဆိုသည်။ သို့သော် သူ သည် အမဲမလိုက်ဖြစ်တော့။ တောဆင်ရိုင်းသတ်ဖို့လည်း စိတ် ကူးမရှိတော့ဘဲ တောင်ယာလုပ်ငန်းသာ လုပ်ကိုင်နေကြောင်း ယခုလိုပြောပြသည်။

““ဆင်ခရမ်းချဉ်သီး စိုက်နေတယ်””

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."