အောင်ထူးနိုင်
ရန်ကုန်၊ ၂၀၂၀ မတ် ၁၁ (မော်ကွန်း)
တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ဒီနေ့စတင်စစ်ဆေးတဲ့ ဆယ်တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ ဆယ်ယောက်မှာ နှစ်ယောက်ကျော် ပျက်ကွက်မှုရှိခဲ့တယ်လို့ ပလက်ဝ မြို့နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
ဒီနှစ်အတွက် စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းထားသူဦးရေ ၂,၆၉၀ ဦးရှိတဲ့အထဲက ၂,၂၁၅ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၄၇၅ ဦးအထိ ရှိခဲ့တယ်လို့ မြို့နယ်ပညာရေးမှူး၊ ဆလိုင်းအောင်မင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်တုန်းလည်း ပျက်ကွက်သူဟာ ၂၅၀ ကျော်ရှိခဲ့တာကြောင့် ယခင်နှစ်ထက် ပျက်ကွက်သူဟာ နှစ်ဆနီးပါး ရှိပါတယ်။
ပလက်ဝမြို့နယ်မှာ အထက်တန်းကျောင်း ၁၅ကျောင်း၊ အထက်တန်းကျောင်းခွဲ ၂၀ လောက်ရှိပြီး ပြည်နယ်အတွင်း အောင်ချက်နိမ့်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်လို့ ပညာရေးဝန်ကြီးဌာနအချက်အလက်တ
လတ်တလောမှာလည်း စစ်ရေးအရှိန်မြင့်တက်နေမှုက
ပလက်ဝမြို့နယ်အတွင်းက မီးချောင်းတံတားဗျူဟာကုန်းဝ
#Dailynews