ကလေး – ၂၀၂၁ ဒီဇင်ဘာ ၃၁ (မော်ကွန်း)
၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက် ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ဟာ လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“နှစ်သစ်ကိုလည်း ကြိုမယ် ဖက်ဆစ်ကိုလည်း ဖြိုမယ်” ဆိုတဲ့ သပိတ်ခေါင်းစဉ်နဲ့အတူ ကလေးပင်မသပိတ်ဟာ တိုက်ပွဲဝင်လာတာ ရက်ပေါင်း ၃၂၇ ရက်ရှိပြီး ပျက်ရက်မရှိသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီကတော့ ထုံးစံအတိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်တွေအပါအဝင် နေရာအတော်များများမှာ ပြည်သူတွေကို ပစ်သတ်၊ ဖမ်းဆီးနေတုန်းပါ။
မနေ့ကလည်း ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ်က ဝေဘူလမြို့နားအထိ စစ်ကြောင်းတွေ ထိုးခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ဒေသခံတချို့ သေဆုံးသူတွေရှိနိုင်ပြီး နေအိမ်တွေလည်း ထပ်မံမီးရှို့ခံခဲ့ရပါသေးတယ်။
ဓါတ်ပုံ – CJ
#Dailynews

