တိုကျို – ၂၀၂၁ မေ ၂၃ (မော်ကွန်း)
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုကို တိုကျိုမြို့မှာ ဒီကနေ့ပြုလုပ်ခဲ့ကြပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုစည်းထားတဲ့ TTAJ အဖွဲ့ဟာ တိုကျိုမြို့ Akabane ဘူတာမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအခြေအနေတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဂျပန်ပြည်သူတွေကို ဝေငှပြီး ရှင်းပြကြပါတယ်။
Covid – 19 ရောဂါကူးစက်မှုတွေ ဂျပန်နိုင်ငံမှာ မြင့်တက်နေတာကြောင့် လူစည်ကားတဲ့နေရာတွေကို ရှောင်ရှားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြုလုပ်ခဲ့တယ်လို့ TTAJ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မွန်းလွဲ သုံးနာရီကနေ ညနေ ခြောက်နာရီအထိ လက်ကမ်းစာစောင်နဲ့ တစ်ရှူးအခုရေ ၁၆၀၀ ကျော်ကို ဂျပန်ပြည်သူတွေဆီကို ဝေငှခဲ့ပြီး နွေဦးတော်လှန်ရေးသီချင်းတွေကို သီဆိုခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မေလ ၂၃ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရသူ ၈၁၈ ဦးရှိလာနေပြီဖြစ်ပါတယ်။
ဓါတ်ပုံများ – TTAJ သတင်းအဖွဲ့
#Dailynews

