မိုးကုတ် – ၂၀၂၁ ဇွန် ၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း အချုပ်ခန်းရှေ့ လမ်းမမှာ မနေ့ညက ရဲတစ်ယောက် တုတ်နဲ့အရိုက်ခံရပြီး ရိုက်တဲ့သူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။
အရိုက်ခံရတဲ့ ရဲရဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
အခုလို မဖြစ်ခင် ဇွန် ၆ ရက်နေ့က မိုးကုတ်အချုပ်ခန်းရှေ့ တောင်ကချင်ရပ်ကွက် လမ်းမမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးတာတွေ ရှိလာခဲ့ပါတယ်။
မိုးကုတ်မြို့ နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေဟာ ပိတ်ဆို့ပြီး လမ်းသွား လမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်တွေ အပါအဝင် ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့ တောင်နီကွေ့ရပ်ကွက် အ.မ.က (၂၃) စာသင်ကျောင်းမှာလည်း စစ်ကောင်စီလက်အောက်ခံတပ်တွေ တပ်ချထားပါတယ်။
#Dailynews

