မန္တလေး – ၂၀၂၃ ဧပြီ ၁၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့မန္တလေးမြို့သင်္ကြန်မဏ္ဍပ်တွေမှာ မနေ့ကစတင်ပြီး အကအဖွဲ့တွေ ကြိုတင်အကလေ့ကျင့်တာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေကဆီကသိရပါတယ်။
မန္တလေးမြို့တော်မဏ္ဍပ်မှာ မနေ့ညပိုင်းက အကအဖွဲ့တွေ အကကြိုတင်လေ့ကျင်နေကြသလို ဒီကနေ့ မန္တလေးစျေးချိုမဏ္ဍပ်မှာလည်း ကြိုတင်အကလေ့ကျင့်တာတွေရှိနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
” မဏ္ဍပ်တွေလည်းအကြီးကြီးပဲ၊ ကျုံးပတ်လည်အပြည့်ပဲ၊ လမ်းလျောက်သင်္ကြန်တွေအတွက် မဏ္ဍပ်တွေလည်း ရှယ်လုပ်ထားတာ၊ အကတွေတောင်ကြိုတိုက်နေကြသေးတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့ပေါ်က ကျုံးပတ်လည်မှာ မဏ္ဍပ်တွေဆောက်ထားပြီး မင်္ဂလာမန္တလေးအနီးမှာလည်း လမ်းလျောက်သင်္ကြန်မဏ္ဍပ်အပြင် မန္တလေးမြို့ပေါ်
မှာ မဏ္ဍပ် ၁၃ခုကျော်ရှိတယ်လို့ မြို့ခံကပြောပါတယ်။
တော်လှန်ရေးမြေပေါ်မြေအောက်အဖွဲ့အစည်းတွေကတော့ နိုင်ငံတဝန်းလူသတ်၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့်သင်္ကြန်ပွဲတွေမှာ မပါဝင်ကြဖို့ တောင်းဆိုထားကြပါတယ်။
ပုံစာ – မန္တလေးမြို့တော်မဏ္ဍပ်မှာမနေ့ညပိုင်းက အကလေ့ကျင့်နေစဉ်
ဓါတ်ပုံ – Mawkun Magazine
#Dailynews

