ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်အနီး ရွှေစင်-၂ စားသောက်ဆိုင်ရှေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ကားတစ်စီးကို ဒေသတော်လှန်ရေးအဖွဲ့ Operation MoMo က ဒီကနေ့နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကားပေါ်ပါ ငါးဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ နီးစပ်သူသတင်းရင်းမြစ်ကပြောပါတယ်။
မိုင်းနှစ်ကြိမ်ဆွဲခဲ့ရာ ပထမအကြိမ်မှာ သစ်ပင်ကိုဝင်တိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ထိမှန်သေဆုံးကုန်ကြတာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အရပ်သားတွေကို ထိခိုက်ခြင်းမရှိဘဲ ငါးဦးသေဆုံးမှု အတည်ပြုသလို နောက်ထပ်ဒဏ်ရာရတဲ့ အာဏာသိမ်းစစ်တပ် တပ်သားတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။
“ဒကစထဲက မထွက်ရဲကြလို့ မိုင်းထိထားတဲ့ကားကို သူတို့ဟာ သူတို့ မီးခိုးတအူအူနဲ့ တွန်းထည့်ကြရတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
လတ်တလော ငါးဦးသေဆုံးတာဖြစ်ပြီး နောက်ထပ်သေဆုံးနိုင်မယ့်သူတွေရှိနိုင်ကာ တိုက်ခိုက်ခံရအပြီး အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ အိမ်စီးကားတွေနဲ့ ကလေးမြို့ထဲမှာ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
#Dailynews

