Jurassic Park ထဲမှ စားသုံးသူများ

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Analysis ဖြစ်ပါသည်။

 

ဒေါက်တာစိုးခိုင် ရေးသည်။

 

စာရေးဆရာကြည်မင်း (အငြိမ်းစားပါမောက်္ခ ဒေါက်တာမောင်မောင်စံ)ရဲ့ “ကြေးမုံဖတ်ကြည့်” ဆောင်းပါးထဲမှာ မ်္တလေးမြို့က ကုန်တိုက်တစ်ခု မှာ အငြင်းပွား (Foodborne Diseases) တက်တဲ့ စားသုံး သူတစ်ယောက်ကို ကုန်တိုက်ဝန်ထမ်းတွေက ဝိုင်း ရိုက်တဲ့အကြောင်း ရေးသားထားတာ ဖတ်ခဲ့ရပါ တယ်။ အရိုက်ခံရတဲ့ ဈေးဝယ်သူ (Food poisoning) ဟာ သံတမန်ဝန်ထမ်းတစ်ဦး () ဖြစ်တာကြောင့် ပြဿနာတော့ ဖြစ်ပြီလို့ ထင်မိ ပါတယ်။ ရဲတွေ ရောက်လာပေမယ့် တံခါးပိတ်ပြီး ဆက်ရိုက်ကြပါတယ်။ အဲဒီကိစ်္စဟာ နောက်ပိုင်း မှာ ဘယ်လိုရှင်းလိုက်တယ်ဆို တာ မသိရပေမယ့် အေးဆေးပဲ ပြီးသွားပါတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံနဲ့ ပြည်လမ်းထောင့်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ရဲ့ ဆိုင်ခွဲအများဆုံး Chained Super Market တစ်ခုမှာ ဈေးဝယ်ဖို့လာတဲ့ တက်္ကသိုလ်ဆရာမတစ် ယောက်ဟာ ဆိုင်က ထွက်လာပြီး ခပ်လှမ်းလှမ်း ရောက်မှပဲ ဆိုင် ထဲက လုံခြုံရေးဝန်ထမ်းတချို့ နောက်က အသည်းအသန် လိုက် လာကြပြီး ဆရာမက ထီးတစ်ချောင်းကို ငွေမချေဘဲ ယူသွားပါ တယ်ဆိုပြီး ဆရာမကို လမ်းပေါ်မှာတင် ဝိုင်းတားကြပြီး ဆရာမရဲ့ အိတ်ကို အတင်းအဓမ်္မ ယူငင် ရှာဖွေကြပါတော့တယ်။ စေ့စေ့စပ် စပ်ရှာပြီးတဲ့နောက် ဘာမှ မတွေ့ရတဲ့အခါ လုံခြုံရေးဝန်ထမ်းတွေ Sorry တစ်လုံးတောင် မပြောဘဲ ဆောင့်အောင့်ပြီး ပြန်သွားကြ ပါတယ်။ အဲဒီကိစ်္စနဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ပါလာပြီး မီဒီ ယာတွေက ဆရာမကို တောင်းပန်ဖို့ ရှိပါသလားလို့ မေးမြန်းတဲ့ အပေါ် လုံး၀ တောင်းပန်ဖို့ အစီအစဉ်မရှိပါဘူးလို့ ခပ်တင်းတင်း ခပ်ပြတ်ပြတ် ခပ်မိုက်မိုက်ပဲ ဖြေဆိုလိုက်ကြပါတယ်။

တကယ်တော့ မ်္တလေးမြို့က ကုန်တိုက်နဲ့ ရန်ကုန် ရှစ်မိုင် စူပါမားကက်က အဖြစ်အပျက်မှာ စားသုံးသူ သံတမန်ဝန်ထမ်း ရော တက်္ကသိုလ်ဆရာမတို့ နှစ်ဦးစလုံးဟာ Jurassic Park ထဲ ရောက်သွားကြတဲ့ စားသုံးသူတွေ ဖြစ်ပြီး ပိုင်ရှင် ဒိုင်နိုဆောတွေ ရဲ့  တပည့်တပန်းတွေရဲ့ သခင်အားရ ကျွန်ပါးဝ၊ စိန်နားကပ်ရောင် နဲ့ ပါးပြောင်တဲ့ စော်ကားမှု၊ ရိုင်းစိုင်းအောက်တန်းကျမှုကို ခံလိုက် ကြရတာ ဖြစ်ပါတယ်။

ဆရာကြည်မင်းက မ်္တလေးကုန်တိုက် ဖြစ်ရပ်ရဲ့ ဖြစ်ပွားတဲ့ ခုနှစ်ကို မဖော်ပြထားပါဘူး။ တကယ်တော့ မ်္တလေးမှာ ၁၉၈၉  က စပြီး စီးပွားရေးလုပ်ကွက်အားလုံးဟာ အဲဒီတုန်းက တိုင်းမှူး စစ်ဘုရင်ရဲ့ မိသားစုလက်ထဲမှာ ရှိနေခဲ့ပြီး ဈေးချိုတော်လို ထင် ရှားတဲ့ နေရာတွေဟာလည်း အဲဒီ တိုင်းမှူးစစ်ဘုရင် (War Loard Shogun) ရဲ့ သမီးတော်တစ်ပါးက သိမ်းပိုက်ထားတာ ၁၉၉၈ မှာ အဲဒီ စစ်ဘုရင်ကြီး ဝန်ကြီးဖြစ်ပြီး ရန်ကုန်ကို ရောက်လာတော့မှ မီးအရှိန် ငြိမ်းသွားတာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံက စူပါမားကက်ဟာ လည်း ရန်ကုန်မြို့အနှံ့ ဆိုင်ခွဲတွေ များစွာ ဖွင့်လှစ်ထားပြီး တရား မဝင်နိုင်ငံခြားအရက်ပေါင်းစုံကို ဒေါ်လာသန်းချီပြီး တရားမဝင် တင်သွင်းလာတာကို မတော်တဆ အမိုက်အမဲတွေက ဖမ်းမိတဲ့ အခါမှာတောင် ဒဏ်ငွေ ကျပ်ငါးသောင်းနဲ့ ကိစ်္စပြီးအောင် ငြိမ်း အေးသွားစေနိုင်တဲ့ ဧရာမ ဒိုင်နိုဆော တရုတ်နွယ်ဖွား မြန်မာ နိုင်ငံသား မိသားစုတစ်စု ပိုင်ဆိုင်တဲ့ စူပါမားကက်ဖြစ်ပါတယ်။ သေချာတာကတော့ မ်္တလေးက စစ်ဘုရင့်သမီးတော်ရော၊ ရန် ကုန်မြို့က စူပါမားကက် ကွန်ရက်ပိုင်ရှင် တရုတ်နွယ်ဖွား မိသားစု ကပါ ကုန်တိုက်နဲ့ စူပါမားကက်က ရရှိတဲ့ အကျိုးအမြတ်ကို အပျင်းအပြေသဘောလောက်သာ စိတ်ဝင်စားကြတဲ့ Jurassic Park ထဲက ဂေါ်ဇီလာ ဒိုင်နိုဆောတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။

နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ ကြေးမုံသတင်းစာမှာပဲ စားသုံး သူကာကွယ်ရေးနဲ့ အကြောင်းပြုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြ ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းကို စားသုံးရန် မသင့်တဲ့ အစား အသောက်၊ ဆေးဝါး၊ အလှကုန်တွေ တင်သွင်းနေကြတာကို သက်ဆိုင်ရာတွေက စစ်ဆေးတွေ့ရှိနေကြပါတယ်။ ဘယ်သူတွေ က တင်သွင်းနေတာလဲဆိုရင် တရားဝင်လမ်းကြောင်းကနေ တင်သွင်းနေတာက ဧရာမ စီးပွားရေးအခွင့်ထူးခံ Zeibatsu အဖွဲ့ အစည်းကြီး နှစ်ခု၊ မြန်မာတွေက ဃမသညပ လို့ ခေါ်ကြပြီး ရုရှားတွေ နဲ့ ယူကရိန်းတွေက Oligarch လို့ ခေါ်ကြတဲ့ စီးပွားရေး Robbery Tycoon တွေက တင်သွင်းကြပြီး တရားမဝင် တင် သွင်းနေကြတာကတော့ ဒီကနေ့ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်မှာ  VIP တွေ ဖြစ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့ ဖြစ်ပါတယ်။ ၁၉၉၁ က စပြီး နဝတ စစ်အစိုးရရဲ့ အတွင်း ရေးမှူး ၁ က တီထွင်လိုက်တဲ့ လက်နက်နှင့် စီးပွားရေး လဲလှယ် ခြင်း အပစ်အခတ်ရပ်စဲရေးစာချုပ်က အစပြုခဲ့တဲ့ အခွင့်ထူးခံ အစဉ်အလာကြီး ဖြစ်ပြီး အားလုံးဟာ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းတွေအတွက် တို့ထိ၍မရသော (Untouchable)၊ Jurassic Park ထဲက ဧရာမ ဂေါ်ဇီလာ ဒိုင်နိုဆောတွေပဲ ဖြစ်ကြ တာကြောင့် သူတို့ တရားဝင်ရော၊ တရားမဝင်ရော တင်သွင်းလာ ကြတဲ့ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်တွေဟာ စားသုံးရန် နှင့် သုံးစွဲရန် မသင့်ဘူးဆိုတာ သိပေမယ့် မဖမ်းရဲ၊ မသိမ်းရဲ၊ အများပြည်သူ သိရှိစေဖို့ ကြေညာချက်တောင် မထုတ်ပြန်ရဲဘဲ လက်ပိုက်ကြည့်နေရတဲ့ အခြေအနေမှာ လေးပစ်သူ ကျွန်တော် မုဆိုးကတော့ အဲဒီပစ်္စည်းတွေကို ဆိုင်ပေါ် တင်ရောင်းကြတဲ့ ကံ ဆိုးသူ မောင်ရှင်တွေပဲ ဖြစ်ကြပါတယ်။ “စားသုံးသူ ကာကွယ်ရေး သော့”ဆိုတဲ့ ဘုရင်မင်းမြတ်က ပေးအပ်တော်မူတဲ့ ပတ်္တမြား ကျောက်စီဓားရဲ့ အာဏာလုပ်ပိုင်ခွင့်အောက်မှာ ရန်ကုန်မှာ ရွာ တဲ့မိုးလို သဲလိုက် စဲလိုက် ဝင်ရောက်စစ်ဆေးတဲ့ စီမံကိန်းလှုပ်ရှား မှုကြီးအောက်မှာ ခံပေတော့ပဲ ဈေးဆိုင်ရှင်တို့ရေ။

အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ်တစ်၊ က်္ဘာ့နံပါတ်တစ် Hypermarket ဖြစ်တဲ့ Walmart ဆိုင်ကြီးမှာ တင်ရောင်းနေတဲ့ ကြက်ဥတွေဟာ Organic Egg သြဂဲနစ်စနစ်နဲ့ မွေးမြူတဲ့ ကြက်မတွေက ဥတဲ့ ကြက်ဥတွေ မဟုတ်ပါဘဲနဲ့ အဲဒီအမည် Label တပ်ပြီး ရိုးရိုးကြက်ဥထက် အများကြီး ဈေးတင်ရောင်းနေ တာကို FDA က စစ်ဆေးတွေ့ရှိလို့ ဈေးဝယ်လာကြတဲ့ စားသုံး သူတွေကို ဝန်ချတောင်းပန်ပြီး အကုန်ပြန်ပြီး သိမ်းဆည်းလိုက်ရ ပါတယ်။

ပြင်သစ်အခြေစိုက် က်္ဘာအနှံ့ ဆိုင်ခွဲများစွာ ဖွင့်လှစ်ထား တဲ့ CarrefourHypermarket မှာလည်း တင်ရောင်းနေတဲ့ နို့ မှုန့်တွေမှာ ထုတ်လုပ်တဲ့ က်္ဘာ့အကြီးဆုံး ထုတ်လုပ်ရေးစာရင်းဝင်  Lactalis က Salmonella Bacteria Contamination ရောဂါ ပိုးကူးစက်မှု ဖြစ်နေပါတယ်ဆိုတာ တွေ့ရှိရပြီး ကြေညာခဲ့တာ ကြောင့်ဈေးဝယ်လာကြသူစားသုံးသူတွေကိုအသိပေးပြီး ဆိုင်ထဲ က အဲဒီကုမ်္ပဏီထုတ် နို့မှုန့်တွေကိုချက်ချင်းရုပ်သိမ်းပစ်ရပါတယ်။

Walmart ၊ Carrefourဆိုတာ ဈေးဆိုင်တန်းထဲက လက် လီဆိုင်တွေ မဟုတ်သလို ကျောင်းမုန့်ဈေးတန်းထဲက ဈေးဆိုင် လည်း မဟုတ်ပါဘူး။ အဲဒီလိုပဲ Lactalis ဆိုတာ အဘတွေရဲ့ အစောင့်အရှောက်နဲ့ အခွင့်ထူးခံပြီး အချိုရည်၊ ဘီယာ၊ ရေသန့်နဲ့ ကော်ဖီမစ်၊ ပဲဆီသန့်တွေ ထုတ်လုပ်နေတဲ့ ထုတ်လုပ်ရေးကုမ်္ပဏီ မဟုတ်ပါဘူး။ အဲဒါတောင် သက်ဆိုင်ရာ စားသောက်ကုန်နဲ့ ဆေး ဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အစည်းဖြစ်တဲ့ FDA၊ စေတနာမှန် ပြီး တကယ်လည်း အရည်အချင်းရှိတဲ့  Consumer Watch လို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝင်ရောက် စစ်ဆေးအရေးယူမှုကို ခံကြရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က စူပါမားကက်တွေ၊ စတိုးတွေမှာ ဈေး ထဲက ဈေးဆိုင်တန်းတွေမှာ ရောင်းနေကြတဲ့ လက်ဖက်၊ ဆီးယို၊  ငါးပိကြော်၊ သရက်သီးသနပ်၊ ထမင်းခြောက်ချိုးကြော်က အစ တင်ရောင်းနေကြပါတယ်။ အဲဒီ စားသောက်ကုန်တွေဟာ ဈေး ထဲက ဈေးဆိုင်တန်းတွေမှာသာ တင်ရောင်းရင် စားသုံးသူကာ ကွယ်ရေးဆောင်ပုဒ်အောက်မှာ စစ်ဆေးတွေ့ရှိသွားရင် အရေး ယူမှု မုချခံရမှာ ဖြစ်ပေမယ့် စူပါမားကက်ဆိုင်တွေမှာ တင်ရောင်း လိုက်တဲ့အခါ ဘေးကင်းလုံခြုံ စိတ်ချသွားရပြီး စစ်ဆေးရေးကနေ အစဉ်ထာဝရ ကင်းလွတ်နေကြတာကို တွေ့နေရတော့ ဒိုင်နိုဆော တွေရဲ့ တန်ခိုးအာဏာ စစ်ဆေးရေးလည်း မတတ်သာလို့ပဲ ဆိုရ တော့မှာ ဖြစ်ပါတယ်။

Walmart ၊ Carrefourတို့ဟာ သူတို့ရဲ့ စူပါမားကက်မှာ တင်ရောင်းတဲ့ ပစ်္စည်းတွေအပေါ်  စားသုံးရန် မသင့်ကြောင်း စစ် ဆေးတွေ့ရှိတဲ့အခါ ထုတ်လုပ်သူတွေအပေါ် အပြစ်ပုံမချကြပါဘူး။  ပစ်္စည်းတွေကို တင်ရောင်းမိတဲ့အတိုင်း တာဝန်ယူပြီး ပြန်လည် သိမ်းဆည်းခြင်း၊ စားသုံးသူများကို တောင်းပန်ခြင်း၊ အသိပေး ခြင်း ပြုလုပ်ခဲ့ပါတယ်။ ကဲ၊ မြန်မာနိုင်ငံမှာတော့ ဟုတ်ကဲ့၊ Jurassic Park ရောက် စားသုံးသူများ အသက်ရှည်ကျန်းမာ ဘေးရန်အ်္တရာယ် ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."