ရခိုင်ပဋိပက္ခ အစိုးရသစ် ဘယ်လို ကိုင်တွယ်မလဲ အပိုင်း(၂)

အစိုးရသစ်နှင့် နှစ်ဖက်မျှော်လင့်ချက်

ယခင်အစိုးရက ထိထိရောက် ရောက် မဆောင်ရွက်နိုင်ခဲ့ သော ရခိုင်၊ ဘင်္ဂါလီပြ ဿ     နာကို ယခုတက်လာသည့် အစိုးရသစ်လက်ထက်တွင် ဖြေရှင်းပေး ရန် ဘင်္ဂါလီများနှင့် ရခိုင်ဒေသခံများက မျှော်လင့်နေကြသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ပြ ဿ      နာကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ နှစ် ဖက်ပြဿ      နာ နောက်ထပ်မဖြစ်ပွားရ အောင် ခွဲခြားထားပေးခဲ့သည့် အဆင့် လောက်သာပြုလုပ်နိုင်ခဲ့သည်ဟု နှစ်ဖက် အသိုင်းအဝိုင်းက ပြောသည်။

ယခုအစိုးရသစ်သည် တရားဥပဒေ စိုးမိုးရေးကို ကြွေးကြော်ပြီး တက်လာ သော အစိုးရဖြစ်သည့်အတွက် ရခိုင် ပြဿ      နာကိုဖြေရှင်းသည့်အခါ ဘင်္ဂါလီ များကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေဖြင့် စစ်ဆေးပေးရေး၊ ပြည်နယ်အတွင်း တရား ဥပဒေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေး ကိစ္စ များကို ဆောက်ရွက်ပေးရမည်ဟု ရခိုင် ဒေသခံများက ပြောသည်။

”ပြီးခဲ့တဲ့အစိုးရက အမှိုက်ကို ဖျာ အောက်ထည့်ထားခဲ့တာ လောက်ပဲရှိ တယ်။ ပြ ဿ      နာက ရှိနေဆဲပဲ။ ဆူပူမှုတွေ မမြင်ရဘူး။ ဒီအစိုးရလက်ထက်မှာ အဲဒါကို ရှင်းရမယ်။ မရှင်းရင်နောက်ထပ် ပြ ဿ      နာတွေဖြစ်မှာပဲ”ဟု စစ်တွေမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအ တိုင်း ဘင်္ဂါလီများအား စိစစ်ရာတွင် ဘင်္ဂါ လီဘက်ကို မျက်နှာသာပေးပြီး ဖြေရှင်း ပါက အစိုးရအနေဖြင့် ရခိုင်တိုင်းရင်းသား များ၏ ငြိုငြင်မှုကို ခံရနိုင်သလို နောက် ထပ်ပြဿ  နာများလည်းဖြစ်လာနိုင်သည်ဟု သူက ဆက်ပြောသည်။

ဘင်္ဂါလီများဘက်မှလည်း မျှော် လင့်နေကြသည်မှာ လက်ရှိအစိုးရကို သူ တို့မဲပေးရွေးချယ်ခွင့် မရခဲ့သော်လည်း ဒီမိုကရေစီနှင့် လူအခွင့်အရေးကိစ္စများကို အလေးထားဆောင်ရွက်မည်ဟုမျှော်လင့် နေကြသည်။

သို့သော် အစိုးရသစ်အနေဖြင့် နိုင်ငံ သားဖြစ်မှုနှင့် ရိုဟင်ဂျာ နာမည်ကိစ္စကို ဖြေရှင်းသည့်အခါ စိန်ခေါ်မှုများ တွေ့လာ နိုင်သည်ဟု သဲချောင်းကျေးရွာမှ အစ္စ လာမ်ဘာသာရေးဆရာ ဦးသန်းနိုင်က ထောက်ပြသည်။

အစိုးရသစ်အနေဖြင့် ရခိုင်၊ ဘင်္ဂါလီ အရေးအခင်းနှင့် ပတ်သက်လျှင် သူတို့ အစိုးရမဖြစ်ခင်ကတည်းက နှုတ်ဆိတ်နေ ခဲ့သလို အစိုးရဖြစ်လာသည့်အချိန်တွင် လည်း မည်ကဲ့သို့လုပ် ဆောင်သွားမည်ကို တိတိပပ ထုတ်ဖော်ပြောဆိုခြင်းမရှိ သေးပေ။

ထို့ပြင်မြန်မာနိုင်ငံသို့ အသစ် ရောက်ရှိလာသည့် အမေ ရိကန်သံအမတ် က ဧပြီလထဲတွင် ရိုဟင်ဂျာဆိုသော အသုံးအနှုန်း အသုံးပြုခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းအသုံးအနှုန်းအား မသုံးစွဲရန် တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟူ၍ တော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ယတိ ပြတ်ပြောဆိုခဲ့ခြင်းမရှိပေ။

ဘင်္ဂါလီတချို့တောင်းဆိုနေသည့် ရိုဟင်ဂျာလူမျိုးကို အစိုးရ မှ တရားဝင်အသိ အမှတ်ပြုပေးလိုက်လျှင် လက်ရှိမြန်မာ နိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ပထဝီ နိုင်ငံရေးအခြေအနေအရ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဖြစ် တောင်းလာနိုင် သည်ဟု ရခိုင်အမျိုးသားပါတီ၏ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ဆိုသည်။

”အဲဒီနေရာတွေနဲ့ကပ်လျက် တစ် ဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတယ်။ အဲဒီ လိုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ် လာရင် ဗမာပြည် (မြန်မာနိုင်ငံ) ရဲ့ အချုပ် အခြာအာဏာကို လုံးဝကြီးမားတဲ့ စိန် ခေါ်မှုပဲ” ဟု ဦးဦးလှစောက ပြောသည်။

နေပြည်တော်တွင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်း စုကြည်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစု ကြည်က ရခိုင်ပြည်နယ်က ပြ ဿ      နာမှာ ကြီးမားသောကြောင့် သူကိုယ်တိုင် ဦးဆောင်ပြီး ဖြေရှင်းမည်ဟု ပြောကြား သွားကြောင်း ဦးဦးလှစောက ဆိုသည်။

                                            

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ(John Kerry)တို့ မေ ၂၂ ရက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း              ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီ၊ ရိုဟင်ဂျာအသုံးအနှုန်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် အားလုံးလက်ခံနိုင်သော အဖြေကို ရှာဖွေနေကြောင်း၊ ထို့အတွက် မိတ်ဆွေများအနေဖြင့်လည်း အဖြေရှာ သည့်နေရာတွင် အကူအညီပေးတာမျိုး သာ ဖြစ်စေလိုကြောင်း ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်က ပြည်သူများနှင့် နေရာအနှံ့က ပြည်သူများအကြား စိတ် ဝမ်းကွဲပြားစေမည့်၊ ပြ ဿ      နာကြီးထွားစေ မည့် မီးလောင်ရာလေပင့်ဖြစ်စေသည့် အသုံးအနှုန်းများကို ရှောင်ကြဖို့လိုအပ် ကြောင်း သူက ပြောဆိုသွားခဲ့သည်။

”ကျွန်မတို့ တောင်းဆိုလိုတာက အဲဒီလို ပြောဆိုနေသူတွေ အနေနဲ့ ကျွန်မ တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ် အတည်းကို နားလည်ပေးကြဖို့ပဲဖြစ်ပါ တယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်း နိုင်ဖို့ လုံလောက်တဲ့ အချိန်အတိုင်းအတာ ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ တစ်ဖက် ဖက်က ဒါကိုပဲ သုံးရမယ်လို့ အမြဲတမ်း တစိုက်မတ်မတ် ပြောဆိုနေမယ်ဆိုရင် ကျွန်မတို့အဖြေရှာဖို့ အင်မတန်မှ ခက်ခဲ သွားပြီး ဘယ်လိုမှ ကူညီရာ ရောက်မှာ မဟုတ်ပါဘူး”ဟု    ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ကြောင်း RFA သတင်းဌာန က ဖော်ပြထားသည်။

အစိုးရအနေဖြင့် လက်တွေ့ကျ သည့်အဖြေကို လိုချင်ကြောင်း၊ လူ့အဖွဲ့ အစည်းတစ်ခုအတွက် လူမျိုးသင်္ကေတဆို သည်မှာ တစ်ကမ္ဘာလုံးက လူသားများ အတွက် အရေးကြီးကြောင်း၊ လူများ၏ လူမျိုးသင်္ကေတကို အသိအမှတ်မပြုလို စိတ် လုံးဝမရှိဟု သူကပြောသည်။

သူက ဆက်လက်ပြီး ”ဘယ်အမည် သုံးရမယ်ဆိုပြီး မတူတဲ့ သဘောထားတွေ ကြောင့်ဖြစ်ပေါ်လာတဲ့ လက်တွေ့ ပြ ဿ      နာ ကို ရင်ဆိုင်နေရတာက ကျွန်မတို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ သတိ ထားကြဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ အဖြေ ရှာနေပါတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောဆိုသွားသည်။

ထို့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကလည်း မြန်မာနိုင်ငံ တွင် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်ဖို့ ပြောနေသည့် လူအဖွဲ့အစည်းရှိသည်ကို သိရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း အရေးကြီးသောအချက် များကို သတ္တိရှိရှိဖြေဆိုခဲ့ကြောင်း ပြော ဆိုခဲ့ပါသည်။

ဘာတွေလုပ်ဖို့ လိုအပ်သလဲ

အစိုးရသစ်အနေနှင့် ရခိုင်အရေး အား အမှန်တကယ်စိတ်ဝင်စားသည့်  အကြောင်းကို ပြည်တွင်းပြည်ပက သိအောင် ထုတ်ဖော်ပြသရန်လိုအပ်သည် ဟု ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ် ပညာရှင် ဒေါက်တာဂျက်စ်ပီလိုက်ဒါ  (Dr.Jacques P. Leider) က မော်ကွန်းကို အီးမေးလ်ကတစ်ဆင့် ပြောသည်။

”ပဏာမခြေလှမ်းတွေထဲမှာ ကောင်းမွန်တဲ့အနာဂတ်ကို ဖော်ထုတ် ပေးမယ့်အပြင် ဆွေးနွေးပွဲစကားဝိုင်းတွေ ကို အားပေးတာတွေလည်း ပါရမယ်” ဟု သူက ဆိုသည်။

အစိုးရသစ်အနေဖြင့် ရခိုင်ပြ ဿ      နာ ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ မြန်မာ နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၏ တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်သင့်ပြီး အခြားတစ် ဖက်တွင်လည်း လူသားတစ်ယောက်၏ လူ့အခွင့်အရေးကိစ္စများပါ တစ်ပါတည်း ဆောင်ရွက်သင့်သည်ဟု ဦးဦးလှစောက ပြောသည်။

ထို့ပြင် နိုင်ငံသားဖြစ်မှုဥပဒေနှင့် အညီစိစစ်ပြီး နိုင်ငံသားဖြစ်သူများကို လည်း နိုင်ငံသားတစ်ယောက်၏ အခွင့် အရေးကို အပြည့်အဝပေးသင့်သည်ဟု သူက ဆိုသည်။ ယင်းအပြင် နိုင်ငံသား ဖြစ်ခွင့်မရသူများကိုလည်း လူ့အခွင့် အရေးအရ ထိုက်သင့်သည့် ခံစားခွင့်များ ပေးရမည်ဟုလည်း ဆိုပါသည်။

”သူတို့(ဘင်္ဂါလီတွေ)ရန်ကုန်သွားချင်လား၊ သွားခွင့်ပေးရမှာပဲ။ ပညာသင် ချင်လား၊ ပညာသင့်ခွင့်ပေးရမှာပဲ။ အခု က အဲဒီလိုမဟုတ်ဘဲနဲ့ ပြ ဿ      နာကြီးကို မဖြေရှင်းဘဲနဲ့ ဒီမှာပဲ ပိတ်ထားမယ်ဆို ရင်တော့ ဒီဟာကပြ ဿ      နာပဲ ”ဟု သူက ဆိုသည်။

ဘင်္ဂါလီများအနေဖြင့် နိုင်ငံသား စစ်ဆေးမှု မခံယူလျှင်  ”သူတို့ပဲ ဆုံးရှုံး လိမ့်မယ်။ သူတို့နောက်လာမယ့် ကလေး တွေရဲ့ ကျန်းမာရေး၊ပညာရေး သူတို့ဆုံးရှုံး လိမ့်မယ်။ နိုင်ငံတကာ အကူအညီဆိုတာ က တစ်သက်လုံးပေးနိုင်မှာမဟုတ်ဘူး”ဟု ဦးဦးလှစောက ပြောသည်။

ပြ ဿ      နာကို အချိန်အကန့်အသတ် မရှိ လျစ်လျူရှုထားမည့်အစား နိုင်ငံသား ဖြစ်မှုဥပဒေကို အကောင်အထည်ဖော် ကာဖြေရှင်းသည်က အတန်အသင့် ကောင်းမွန်သော်လည်း ဤသို့ အကောင် အထည်ဖော်လိုက်ရုံနှင့် ပဋိပက္ခပြေလည် သွားမည် မဟုတ်ဟု ဒေါက်တာလိုက်ဒါက ယူဆသည်။

”(ဥပဒေကိုအကောင်အထည်ဖော် ပြီးနောက်မှာ) ကိန်းဂဏန်းဆိုင်ရာနဲ့ စာ ရင်းအင်းရလဒ်တွေက ဘယ်လိုပဲဖြစ်လာ ဖြစ်လာ အစိုးရနဲ့ပြည်သူဟာ အခြေအနေ သစ်နဲ့ ထိတွေ့ဆက်ဆံကြရလိမ့်မယ်” ဟု သူကဆိုသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားဖြစ်ခွင့်စိစစ် ခြင်းကို ဘင်္ဂါလီအများစုက ကန့်ကွက်ခဲ့ ကြသည်။ အကြောင်းမှာတော့ သူတို့သည် ယခင်ကပင် မြန်မာနိုင်ငံတွင် အစဉ် အဆက်နေထိုင်ခဲ့ကြသော ရိုဟင်ဂျာ လူမျိုးဖြစ်သောကြောင့် လက်မခံကြခြင်း ဖြစ်သည်ဟု စစ်တွေဘင်္ဂါလီဒုက္ခသည် စခန်းတွင် နေထိုင်သူများက ပြောသည်။

သို့သော် မြေပုံမြို့နယ် တောင်ပေါ် စခန်းမှာတော့ လူမျိုး ဆိုသည့်နေရာတွင် ဘင်္ဂါလီအမည်ဖြင့်  နိုင်ငံသားစိစစ်ခြင်းကို လက်ခံခဲ့ကြသည်။ နိုင်ငံသားဖြစ်ပြီး မှတ် ပုံတင်ထုတ်ပေးခဲ့သူများလည်း ရှိခဲ့သည်။ နိုင်ငံသားပြုခွင့်ရသူများလည်း ရှိခဲ့သည်။ လျှောက်ထားဆဲများလည်း ရှိနေသည်။

 

သို့သော် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများသည် နိုင်ငံသားဖြစ်ခွင့်မရှိသော ဘင်္ဂါလီများကို နိုင်ငံသားကတ်ထုတ်ပေး သည်ဟုစွပ်စွဲကာ ရခိုင်တိုင်းရင်းသား များက ဆန္ဒပြကန့်ကွက်ကြသောကြောင့် မှတ်ပုံတင်စစ်ဆေးခြင်းမှာ ရပ်တန့်သွား   ခဲ့သည်။

ယင်းနိုင်ငံသားကတ် လျှောက်ခဲ့သူ များထဲတွင် တောင်ပေါ်စခန်းမှ အသက် ၃၄ နှစ် အရွယ် ဦးမောင်မောင်သိန်း တစ် ယောက်လည်း အပါအဝင်ဖြစ်သည်။ ထို ကဲ့သို့ ဆန္ဒပြကန့်ကွက်ကြသည့်အတွက် သူ၏ နိုင်ငံသားစစ်ဆေးမှုမှာ အဖြေထွက် မလာဘဲ ရပ်တန့်သွားခဲ့သည်။

”လူမျိုးက ဘာပဲထည့်ထည့် ပြ ဿ      နာ မရှိသေးဘူး။ ဒီဥပဒေနဲ့ အရင်အစိုးရက လည်း စစ်ဆေးပြီးပြီ။ နောက်ထပ်စစ် ဆေးမယ်ဆိုရင်လည်း စစ်ဆေးခံချင် တယ်။ ခံပြီးတော့ နိုင်ငံသားတစ်ယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တော့ လိုချင်တယ်”ဟု သူက ဆိုသည်။

ထိုအချိန်က နိုင်ငံသားကတ်ရထား သူများမှာလည်း လက်တွေ့မှာ နိုင်ငံသားတစ်ဦးရသင့်ရထိုက်သောအခွင့်အရေး မရကြဟု ဦးမောင်မောင်သိန်းက ဆိုသည်။

”နိုင်ငံသားကတ်ရတဲ့သူတွေ လည်း ရပြီ။ နိုင်ငံသားပြုခွင့်လည်း ရထား ပြီးပြီ။ ဒါပေမဲ့ ဘာမှပြောင်းမလာဘူး။ ဒီ စခန်းမှာပဲ နေရတယ်ဆိုတော့ အကျဉ်း သားတွေလို့ပဲ ခံစားရတယ်” ဟု သူက ဆိုသည်။

NDF ပါတီခေါင်းဆောင် ဦးခင် မောင်ဆွေကတော့ အစိုးရ သစ်အနေဖြင့် နိုင်ငံသားဖြစ်မှုကို စိစစ်ဆောင်ရွက် သည့်အခါ ဥပဒေတွင်ပါသည့်အတိုင်း အဆင့်ဆင့်ဆောင်ရွက်သင့်ပြီး တစ်ဖက် နိုင်ငံသို့ ပြန်ပို့၍ မရသူများအတွက် လူ့ အခွင့်အရေးနှင့် ကိုက်ညီသည့် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းပေးရန် လိုအပ်သည်ဟု အကြံပြုသည်။

”ရခိုင်တွေဘက်ကလည်း လူသား ချင်းစာနာမှု အခြေခံနဲ့ဆိုတဲ့ဘက်က ကြည့်ဖို့လိုတယ်။ တစ်ဖက်ကလည်း ရခိုင် ပြည်နယ်ကို ဖဲ့မထုတ်ပါဘူးဆိုတာကို အာမခံချက်တွေ ပေးဖို့လိုတယ်”ဟု သူ က အကြံပြုသည်။

အခြားတစ်ဖက်တွင် နယ်မြေလုံခြုံ ရေးကို စနစ်တကျ ဆောင်ရွက်လျှင် နောက်ဆယ်စုနှစ်တစ်ခုအတွင်း မူလ အနေအထားအတိုင်း ပြန်ဖြစ်လာနိုင် သည်ဟု ဦးခင်မောင်ဆွေက ဆိုပါ သည်။

”ကော်မရှင်တွေ ဖွဲ့ဖို့လိုတယ်။ ရခိုင်နဲ့ဘင်္ဂါလီတွေပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်။ ပြန်လည်ဆွေးနွေးဖို့ လို တယ်။ နှစ်ဖက်စလုံးက ရိုးသားမှုလိုတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ဟာ ရခိုင်တွေရဲ့ ဦးဆောင်မှုအောက်မှာတော့ ရှိရမယ်”ဟု သူက ဆိုသည်။

ဒေါက်တာလိုက်ဒါကတော့ အစိုးရ ကို ယခုလို အကြံပေးသည်။

”အရေးကြီးဆုံးကတော့ အစိုးရ ဟာ ရေတိုမှာ ချက်ချင်း လက်ငင်းရလဒ် တွေ ရကောင်းမှ ရနိုင်လိမ့်မယ်ဆိုတာကို သိထားသင့်သလို လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးကို ကိုင်စွဲရာမှာ လည်း ရဲတင်းရပါလိမ့်မယ်” ။    ။

၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."