သတင်းဆောင်းပါးများ

ကင်ဆာသဖွယ် အမြစ်တွယ် ပွန်ဇီ လိမ်လည်မှု သတိပြု

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည်။ ရန်ကုန် (နိုဝင်ဘာ၊ ၂၀၁၈) မမေမဒီခင်တစ်ယောက် ညဘက် ဖုန်းသုံး နေရင်း အွန်လိုင်းကသတင်းတစ်ခုကို မြင်မိ လိုက်ရတဲ့အချိန်မှာ သွေးဆောင့်တိုးသွား တာကြောင့် ဖုန်းကိုပစ်ချပြီး  အိပ်ရာထဲ ခဏလောက် လှဲချလိုက်ရပါတယ်။ ခဏ နေတော့ အမျိုးသားဖြစ်သူ လာတိုက်တဲ့ သွေးတိုးကျဆေးကို သောက်ရင်း ကြားရတဲ့ သတင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းက ပိုက်ဆံတွေ လိမ်လည်ထွက်ပြေးသွားပြီ ဆိုတဲ့ သတင်းကြောင့် အခုလို ဖြစ်သွား တာပါ။ အဲဒီလုပ်ငန်းမှာ စုစုပေါင်း ငွေ ကျပ်သိန်း ၂၅၀ နီးပါး မမေမဒီခင် တစ် ယောက် ရင်းနှီးထားတာပါ။ သူ အနှစ်နှစ် အလလ […]

အပြည့်အစုံဖတ်ရန်

သမိုင်းဝင် ငြိမ်းချမ်းရေး ထိပ်သီး အစည်းအဝေး ကျင်းပ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ပင်လုံညီလာခံများတွင် ဆွေးနွေးညှိနှိုင်းမရဘဲ တစ်ဆို့နေသောအချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရနှင့် NCA/SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်သည့်  အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည်။ ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပစ်ရပ်တိုင်း ရင်းသား ၁၀ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့သည်။ အဓိက ဆွေးနွေးမည့်အချက်များမှာ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တပ်မတော် ဆိုင်ရာ ကိစ်္စရပ်များ၊ ၂၁ ရာစုပင်လုံ အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းတွေအတွက် မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး

November 2, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈) သာမန်ကလေးတစ်ယောက်အတွက် လှစ်ခနဲ ဖြတ်သွားလို့ရတဲ့ ကျောင်းဝင်းတံခါးပေါက်ဟာ အသက် ၁ဝ နှစ်အရွယ် မိုးမြတ်သူအတွက်တော့ ခက်ခဲလှပါတယ်။ တစ်ပေဝန်းကျင်လောက်မြင့်တဲ့ တံခါးအောက်ခြေပေါင်ကို ဘယ်ခြေနဲ့ ကျော် တက်ရမလား၊ ညာခြေနဲ့ ကျော်တက်ရမလား ဆိုတာ ရွေးနေရတာကိုက အလုပ်တစ်ခုလိုဖြစ် နေတယ်။ အဲဒီလိုအချိန်မျိုးမှာ နောက်က အတင်းတိုးဝှေ့ကျော်တက် တဲ့ ကလေးတွေ ရှိတတ်တာကြောင့် ခလုတ်တိုက် လဲကျမသွား အောင် သတိထား ကာကွယ်ပေးနေရတယ်လို့ သမီးဖြစ်သူကို ကျောင်းလိုက်ပို့ပေးတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သ္တာအေးက ဆို ပါတယ်။ ဒုတိယတန်းကျောင်းသူ မိုးမြတ်သူဟာ သူငယ်နာ အကြောတင်းဖြစ်နေတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးဖြစ်ပါ တယ်။ သူရဲ့ ဘယ်ဘက်လက်၊ ညာဘက်ခြေထောက်၊ […]

အပြည့်အစုံဖတ်ရန်

ခက်ခဲကြမ်းရှ ဝါးဖောင်မျှောသူတို့ဘဝ

September 12, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။  ကျော်ဇေယျာထွန်း ရေးသည် သံတွဲချောင်းသည်  တောင်တန်းများ အထပ်လိုက် ရှိနေသည့် ရခိုင်ရိုးမကြီးကို  အဖျားခံကာ တသွင်သွင် စီးဆင်းနေသည်။ ရခိုင်ရိုးမထဲမှ ထွက်လာသည့် မြွေကြီးတစ်ကောင်ပမာ ရှိသည့် ထိုချောင်းသည် သံတွဲမြို့ကို  ဦးခိုက်ကွေ့ဝိုက်သွားပြီးသည့် နောက် ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သွားသည်။ မိုးရာသီတွင် ရေလျှံကာ သံတွဲမြို့ပေါ်အထိ ရေကြီးတတ် သည့် ထိုချောင်းသည် နွေရာသီရောက်လျှင် သောင်ခုံများ ပေါ် လာတတ်ပြီး တချို့သော နေရာများဆိုလျှင် ခြေကျင်ဖြတ်ကူးသွား၍ ရသည်အထိ ချောင်းရေက တိမ်လှသည်။ ကျွန်တော်သည် သံတွဲမြို့၊ ရွှေဆံတော်ဘုရားတောင်ပေါ် ရောက်သည့်အခါတိုင်း ထိုချောင်းဘက်သို့ ငေးကြည့်မိတတ် သည်။ နွေရာသီရေကျချိန်ဆိုလျှင် ချောင်းထဲတွင် ကျောက်စုပ်နေ ကြသူများကို စည်စည်ကားကား တွေ့ရတတ်သည်။ တစ်ခါတစ်ရံ စက်တပ် လှေငယ်ကလေးများသည် […]

အပြည့်အစုံဖတ်ရန်

အိမ်ရာ အိမ်မက် အကောင်အထည်ဖော်ဖို့ခက်

September 10, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈) ဗညားကျော်ရေးသည် Photo – Banyar Kyaw ကိုမျိုးဆက်တစ်ယောက် သူ ကာလရှည်ကြာ မက်လာခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင် အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်လျှောက်လွှာနဲ့ ထောက်ခံစာတချို့ကို ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ် ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့မတ်အကုန်က တင်ခဲ့လိုက်ပါတယ်။ ကိုမျိုးဆက်ရဲ့ အိပ်မက်က သူ့မိသားစုကို အိုးပိုင်၊ အိမ်ပိုင်နဲ့ သူမအိုခင်မှာ ထားခဲ့ချင်တာပါ။ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူခွင့်ရဖို့ မဲနှိုက်ရမှာဖြစ်ပြီး ဘယ်နေ့၊ ဘယ်ရက်မှာ မဲနှိုက်ခွင့် ရမယ်ဆိုတာတော့ တိတိကျကျ သူမသိသေးပါဘူး။ မဲပေါက်မှသာ အိမ်ခန်း ရရှိမှာဖြစ်ပါတယ်။ ”ပေါက်ရင်တော့ ကံပေါ့၊ မပေါက်ရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ”လို့ […]

အပြည့်အစုံဖတ်ရန်

မြေမြှုပ်မိုင်း ရှင်းလင်းရေး ငြိမ်းချမ်းရေး ရမှတဲ့လား

September 7, 2018

#MawKunMagazine #Kyaw Zayya ၂ဝ၁၈၊ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅)မှ Feature ဖြစ်ပါသည်။ ဘားအံ (ဧပြီ၊၂ဝ၁၈) Photo – Kyaw Zayya ဦးခူးလ်မလားဟာ သားဖြစ်သူနဲ့အတူ သူနေ ထိုင်နေရာ ပန်ကိုင်ရွာရဲ့ အနောက်ဘက် တောင် တန်းဆီကို ဝါးခုတ်ဖို့ မတ် ၁၄ ရက် နံနက်ပိုင်းမှာ ထွက်လာခဲ့ပါတယ်။ ”အဖေအရှေ့က ကြိုသွားပြီး ဝါးတွေကိုကြည့်ထားလိုက်မယ်” လို့ သားဖြစ် သူကိုပြောပြီး အရှေ့ကနေ ခပ်သုတ်သုတ်နဲ့ တောင်ကုန်းပေါ်ကို တက်သွားလိုက်ပါတယ်။ သူတို့ခုတ်ယူမယ့် ဝါးပင်တွေနား မရောက်ခင်မှာဘဲ ‘ဒိန်း’ဆိုတဲ့ ကျယ်လောင်တဲ့အသံနဲ့အတူ ဦးခူးလ်မလားရဲ့ အော်သံပါ ထွက်ပေါ်လာပါတယ်။ သားဖြစ်သူ ဘာမှမဖြစ်ပေမယ့် ဦးခူးလ်မလားကတော့ ဒဏ်ရာများစွာနဲ့ သွေးအိုင်ထဲ လဲလို့နေပါတယ်။ ဦးခူလ်မလားဟာ မြေမြှုပ်မိုင်းတစ်လုံးကို […]

အပြည့်အစုံဖတ်ရန်

ကျူးကျော်မျိုးစိတ်အန္တရာယ် သတိပြုကာကွယ်

August 30, 2018

ဟေမာန်ပြည့် ရေးသည်။ ရန်ကုန် (သြဂုတ်၊ ၂ဝ၁၈) သူ့ကို လွန်ခဲ့သည့်ဆယ်နှစ်က နာဂစ်မုန်တိုင်း အပြီး ရွာအနီးကချောင်းလေးထဲတွင် ဦးအေးမင်း စတွေ့ ခဲ့တာ ဖြစ်သည်။  တွေ့စက ထူး ခြားသည့် ပုံပန်းသွင်ပြင်ကြောင့် သူ့ ကို သတိပြုမိခဲ့သော်လည်း အမှုမဲ့ အမှတ်မဲ့သာ ဖြစ် သည်။ အခုအချိန်မှာ တော့ သူ့ကြောင့် အသက် ၄၂ နှစ်အရွယ် ဦးအေးမင်း ခေါင်းခဲနေရပြီ။ ‘သူ’ဆိုသည်က သုံးမြှောင့်ပုံကိုယ်လုံးပိုင်ရှင်၊ ခန္ဓာကိုယ် ဘေးနှစ်ဖက်နှင့်ကျောပေါ်တွင် ဆူးချွန်တွေ ထိုးထိုးထောင်ထောင် နှင့် အရေပြားပေါ်တွင်လည်း အနက်ရောင်အကွက်များရှိသည့် စုပ်ခွက်ငါးပင်ဖြစ်သည်။ ယင်း၏ ပုံသဏ္ဌာန်က မြွေပွေးနှင့် ဆင်တူ သည့်အတွက် တွံတေးမြို့နယ်ရှိဒေသခံတွေက သူ့ကို မြွေပွေးငါးခူ ဟုခေါ်ကြသည်။ Photo – Supply […]

အပြည့်အစုံဖတ်ရန်

အသားကင်နှင့် ကင်ဆာရောဂါ … (အပိုင်း-၁)

August 29, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အသားကင်နှင့် ၎င်း၏အနံ့သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား ဒေါက်တာစိုးခိုင် ရေးသည်။ ၂ဝ၁၈ ဇွန်အတွင်း လွှင့်ထုတ်ခဲ့သော  MNTV ၏ Today’s Talk အစီအစဉ်တစ်ခုတွင် တင်ဆက် သူက ‘အသားကင် Barbecued Meats များနှင့် ၎င်းမှ ထွက်ပေါ်လာသော အနံ့ Smell  သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သလား’ အကြောင်းအရာ ဖြင့် ခေါင်း စဉ်တစ်ခုကို ဆွေးနွေးတင်ပြသွားသည်။ တင်ဆက်သူ Host ၏ အဖြေမှာ “Yes”  ဖြစ်ပါ သည်။ အမေရိကန်သုတေသနဌာနတစ်ခု၏ လေ့ လာတွေ့ရှိချက်အရ တင်ပြခြင်း ဖြစ်သည်ဟု ကြားလိုက်မိပါသည်။ သိပ်မမှတ်မိတော့ပါ။ ၁၉၉၆ ၏ နောက်ပိုင်းမှ အစပြု၍ အသားကင် […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး…(အပိုင်း-၅)

August 28, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စာနာ နားလည်ပေးဖို့လို သင်ကြားရေးစနစ်များအပြင် အခြေခံအဆောက်အအုံ ဘက်မှာလည်း ကျောင်းဆောင်တွေ စတင်ဆောက်လုပ်က တည်းက မသန်စွမ်းတွေ သွားလာဖို့ ထည့်သွင်းစဉ်းစားဆောက်ခဲ့ မယ်ဆိုရင် အဆောက်အအုံတွေကို ပြန်ဖျက်၊ ပြန်ဆောက်တာ ထက် ကုန်ကျစရိတ်ပိုသက်သာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်း သူများအဖွဲ့ချုပ်က မသန်စွမ်းသူများ ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးတင်ဇာမောင်က ဆိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ပြီးတဲ့ ကျောင်းဆောင်တွေနဲ့ မသန် စွမ်းကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်း ဖို့ဆိုရင် အတန်းပိုင်ဆရာမတွေရဲ့ ကလေးတွေအပေါ် ပြုမူဆက် ဆံပုံနဲ့ ကျောင်းအသိုင်းအဝိုင်းရဲ့ အကူအညီ အများကြီးလိုအပ် တယ်လို့ မသန်စွမ်းပညာရေး ဆောင်ရွက်သူတွေနဲ့ မသန်စွမ်း ကလေးမိဘတွေက မော်ကွန်းကို ပြောကြပါတယ်။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံက အစီအစဉ် ကြီးကြပ်ရေးမှူးဖြစ်တဲ့ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး…(အပိုင်း-၄)

August 28, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စာသင်ခန်းအတွင်းက စိန်ခေါ်မှု ၂ဝ၁၅ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂ဝ အရ မသန်စွမ်းသူတိုင်းဟာ အခြားသန်စွမ်းသူများ နည်းတူ ပညာသင်ယူခွင့်ရှိသလို အစိုးရပိုင်၊ အများပိုင်၊ ပုဂ္ဂလိက ပိုင်နဲ့ အဖွဲ့အစည်းပိုင်ကျောင်းများ၊ သင်တန်းများ၊ အသက်မွေး ဝမ်းကျောင်းများ၊ သိပ္ပံများ၊ ကောလိပ်နဲ့ တက္ကသိုလ်များတွင် လည်း ပညာသင်ယူခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကျောင်းစာသင်ခန်းထဲ ရောက်လာတဲ့ မသန်စွမ်း ကျောင်းသားတွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ တတ် ကျွမ်းနားလည်တဲ့ ဆရာတွေက ကျောင်းတိုင်းမှာ မရှိသေးသလို သင်ထောက်ကူပစ္စည်းတွေလည်း မရှိသေးဘူးလို့ မသန်စွမ်းသူ များ ပညာရေးဆိုင်ရာ ဆောင်ရွက်သူတွေက ဆိုကြပါတယ်။ အနောက်ပိုင်းတက္ကသိုလ်မှာ ဒဿနိကဗေဒဘာသာရပ်နဲ့ နောက်ဆုံးနှစ်တက်နေတဲ့ အမြင်အာရုံမသန်စွမ်းသူ […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၃)

August 27, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ အဆင်သင့် မဖြစ်သေးတဲ့ ကျောင်းဝန်းကျင် အမျိုးသားပညာရေးမဟာဗျူဟာစီကိန်း ၂ဝ၁၆ အရ ဘုန်းတော်ကြီးကျောင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မူလတန်း ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ပုဂ္ဂလိကကျောင်း စုစုပေါင်း လေးသောင်းအထက်မှာ ရှိတယ်လို့ ဆိုထားပြီး ကျောင်းသူ၊ ကျောင်းသားပေါင်းဦးရေ ရှစ်သန်း အထက်မှာ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်အရ စာသင် ကျောင်းအများစုရဲ့  ၅၅ ရာခိုင်နှုန်းနဲ့ သန့်စင်ခန်းတွေရဲ့ ၇၄ ရာခိုင် နှုန်းဟာ မသန်စွမ်းကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်ပြေသင့်လျော်တဲ့ အခြေအနေ မရှိဘူးလို့ ဖော်ပြထား        ပါတယ်။ လက်ရှိ စာသင်ကျောင်းအများစုဟာ ပညာရေးဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ ပုံစံနဲ့ ဆောက်လုပ်ထားတာ ဖြစ် […]

အပြည့်အစုံဖတ်ရန်

မသန်စွမ်းနိုင်သေးတဲ့ မြန်မာ့ပညာရေး အပိုင်း (၂)

August 27, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။မသန်စွမ်းသူများနဲ့ လူတိုင်း အကျုံးဝင် ပညာရေး မသန်စွမ်းကလေးတွေ စာသင်ခန်းတွေထဲရောက်လာဖို့ လူတိုင်းအကျုံးဝင်ပညာရေးကို ၂ဝ၁၅ ကစပြီး အစိုးရက အကောင်အထည်ဖော်ခဲ့ပါတယ်။ လူတိုင်းအကျုံးဝင်ပညာရေးဆိုတာကတော့ မသန်စွမ်းသူ တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရရှိသူတွေကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေးတစ်ခုခုမှာ ပညာသင်ယူဆည်းပူးခွင့်ရှိစေဖို့ အခွင့် အလမ်း ဖန်တီးပေးတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ မသန်စွမ်းကလေးတွေဟာ အထူးပညာရေး ကျောင်းတွေမှာသာ တက်ရောက်သင့်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ ၇၅ ရာခိုင်နှုန်းက ခိုင်မာစွာ ယူဆနေကြဆဲဖြစ် တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂ဝ၁၆ မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းကလေးသူငယ် များ၏ အခြေအနေ ဆန်းစစ်လေ့လာမှုအစီရင်ခံမှာ ဖော်ပြထား […]

အပြည့်အစုံဖတ်ရန်
1 4 5 6 7 8 9 10 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."