ယုံမှားသံသယ ဖြစ်စရာရှိတဲ့ အခြေအနေကို ဖော်ပြဖို့ သုံးစွဲတဲ့ အခါမှာ “သင်္ကာ မကင်းဖွယ်” ဆိုတဲ့ မြန်မာ-ပါဠိ ဝေါဟာရက အမှန် ဖြစ်ပြီး “မသင်္ကာဖွယ်” ဆိုတဲ့ စကားလုံးက သဒ္ဒါ စည်းကမ်းအရ မှားယွင်းတယ်လို့ မြန်မာစာ ဆရာကြီး တစ်ယောက် မိန့်ဖူးတယ်။ “သင်္ကာ” ဆိုတဲ့ ပါဠိဝေါဟာရရဲ့ အနက်က “ယုံမှားခြင်း” ဖြစ်တယ်။ “သင်္ကာ မကင်းဖွယ်” ဆိုတဲ့ စကားလုံးမှာတော့ “ယုံမှားမှု မကင်းခြင်း၊ သံသယ ဖြစ်ပွားမှု မကင်းခြင်း” ကို ဆိုလိုတာကြောင့် စကားလုံး ပေါင်းစည်း သုံးစွဲမှု မှန်ကန်တယ်လို့ မှတ်ဖူးတယ်။ “မသင်္ကာဖွယ်” လို့ သုံးစွဲတဲ့ အခါမှာတော့ ရှေ့ဆက်ပုဒ် “မ” က မဟုတ်ခြင်းကို ပြဆိုတယ်။ တနည်းဆိုရင် […]
မော်ကွန်းရဲ့ အမှတ် ၆၂ မှာတော့ အရှင်မွေးနေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲဆိုတဲ့ ကာဗာဆောင်းပါး။ ပေါက်ကွဲတော့မယ့် မိလ္လာအိုးပေါ်က ရန်ကုန်ဆိုတဲ့ ရန်ကုန်မြို့က မိလ္လာစနစ်တွေနဲ့ လက်ရှိအခြေအနေ။ ပြည်သူကို နှိပ်စက်တဲ့ရဲ ဘယ်လိုအရေးယူမလဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ဥပဒေချိုးဖောက်ပြီး ရိုက်နှက်စစ်ဆေးတဲ့ကိစ္စတွေအကြောင်း။ အငှားယာဉ်မောင်းတွေ ကြောက်တဲ့ ညထောင်ချောက်မှာတော့ မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူတွေနဲ့ဖမ်းဆီးမှုတွေကြားမှာ အမှုတွဲခံရတဲ့ ယာဉ်မောင်းတွေလည်းရှိနေတာဖြစ်လို့ စိုးရိမ်နေကြရတဲ့ကြောင်း။ ရုပ်ပုံလွှာဆောင်းပါးမှာဆိုရင်လည်း ထိန်ပင်အမှိုက်ပုံတွေမှာ နေထိုင်တဲ့သူတွေနဲ့ သူတို့အထဲက တချို့ဟာ ထီမထိုးဘဲထီပေါက်သွားကြသူတွေအကြောင်းကို ရေးသားထားတဲ့ အမှိုက်ပုံမှာလိုတရနေသူများ ဆောင်းပါး။ တိုင်းပြည်ကိုဖျက်မည့် ကွန်ဖက်ဒရေးရှင်းအိပ်မက် နိုင်ငံရေးသုံးသပ်ဆောင်းပါးအပါအဝင် ခရီးသွား၊ ဓါတ်ပုံအက်ဆေး၊ အက်ဆေး၊ ကဗျာ၊ ကာတွန်း၊ Postcard၊ ပညာပေး၊ အင်တာဗျူး၊ Forgotten ၊ သရော်စာ၊စာအုပ်အညွှန်းတွေနဲ့ထုတ်ဝေလိုက်ပါပြီ။ #mawkun #magazine […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Editorial ဖြစ်ပါသည်။ အုပ်ချုပ်မှုသက်တမ်း နှစ်နှစ်ခွဲကျော်လာပြီဖြစ်သော လက်ရှိအစိုးရ၏ အခြေအနေသည် နိုင်ငံတကာ အခင်းအကျင်းတွင်သာမက ပြည် တွင်းအခင်းအကျင်းမှာပါ ကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ယခင်အစိုးရအဆက်ဆက် မဖြေရှင်းဘဲ လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့သော အမွေဆိုးများထဲမှ တစ်ခုဖြစ်သည့် ရခိုင်ပဋိပက်္ခ ကြောင့် နိုင်ငံတကာတွင် ခေါင်းမဖော်ဝံ့အောင် သိက်္ခာအချခံနေရသည့် အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အရေးတကြီး ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များမှာလည်း နှောင့်နှေးတန့်အီလျက် ရှိပါသည်။ တပ်မတော်နှင့် ရင်ကြားစေ့ရေး လုပ်ဆောင်နေသည့် ကိစ်္စမှာလည်း ရလဒ်ကောင်းပေါ်ထွက်လာသည်ကို မမြင်တွေ့ရသေးပါ။ ကြားဖြတ်ရွေးကောက်ပွဲတွင် တပ်မတော်သားများထံမှ NLD ကိုယ်စားလှယ်လောင်းများ ထောက်ခံမဲ တစ်မဲမှ မရလိုက်ခြင်းကိုကြည့် ခြင်းအားဖြင့် လက်ရှိအရပ်သားအစိုးရပေါ် ထားရှိသော တပ်မတော်၏သဘောထားကို အကဲခတ်နိုင်ပါလိမ့်မည်။ […]
ဓာတ်ပုံ -ခင်မောင်မြင့် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက် ၊ အမက ၃ မဲရုံ တွင် မဲပေးပြီးပြုံးပေ ျာ်နေသော ပြည်သူများကို တွေ့ရစဉ် ဓာတ်ပုံ-Lynn Myat သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်ရှိ မဲရုံအမှတ်၂၀
အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည် များကို အတွင်းကျကျ စုံစမ်းဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ လစဉ်ထုတ် မော်ကွန်းမဂ္ဂဇင်းကို အခုပဲ ဝန်ဇင်း website တွင် PDF Format ဖြင့် ဝယ်ယူ ဖတ်ရှု နိုင်ပါသည်။ အပြည့်အစုံ ကို အောက်ပါ Link တွင် နှိပ်ပါ။ ဝန်ဇင်း Link
၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ သရော်စာဆောင်းပါးဖြစ်သည်။ ရန်လိုကျွှဲရေး သည်။ ဒီနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပခြင်းကဲ့သို့ သောအပြောင်းအလဲများ ပေါ်ပေါက်ခဲ့ပါကမည်သူသမ္မတဖြစ်လာမည်နည်း။ ဒေါ်အောင်ဆန်းစုကြည်? ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမည်လော။ ဤမေးခွန်းကို မဖြေကြခင် လွန်ခဲ့သောလေးနှစ်က အခြေ အနေကို ခေတ္တ ပြန်ကြည့်ကြပါစို့။ သမ္မတ တာဝန် ဘယ်သူယူ၊ လွှတ်တော်ဥက္ကဋ္ဌတွေကတော့ ဘယ်သူတွေ ဖြစ်ရမယ် စသဖြင့်သော ဆုံးဖြတ်ချက်များကို ၂၀၁၀ ပြည့်နှစ်တွင် မည်သူတို့က ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြ သနည်း။ နေပြည်တော်မှ အသွင်ကူးပြောင်းသူတို့က ဝိုင်းဝန်းစီ စဉ်ကြခြင်းပင်။ ထိုအသွင်ကူးပြောင်းသူတို့ တန်ခိုးအာဏာ ဆက်လက် ကြီးထွားဆဲဖြစ်သောကြောင့် သူတို့ နှစ်သက်လက်ခံသူသာ ထို နေရာများ ရကြမည်ဆိုသည်မှာ ပြေးကြည့်စရာမလို၊ တွေးကြည့် ရုံနှင့် သဘောပေါက်နိုင်သည့်ကိစ္စဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကို အမှတ် ၅၄ […]
(၂၀၁၅)၊မတ်လ၊ မော်ကွန်း မဂ္ဂင်ဇင်း အမှတ်(၂၁) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွဲရေးသည်။ သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂ဝဝ၈ အခြေခံဥပဒေက ဆိုပါတယ်။ ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲ မဝင်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြတယ်။ ဒီလေး၊ ငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန် မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးက ပါတယ်လို့ ထင်ပါတယ်။အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိစည်းကမ်းရှိတဲ့ ဒီမို ကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့ အာဏာဖက်တွယ် ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျ နိုင်ဖို့ ၂ဝဝ၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံ လင်လင်သုံးပြီး […]
၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲရေးသည်။ ဝါရင့်ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည်ဆိုသော သတင်း ကြောင့် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်ကြီးသို့ ရောက်ရပြန်လေသည်။ ဂျာနယ်အရှုံးပေါ်သဖြင့် အသုံးစရိတ်ချွေတာရေး မူဝါဒချ ထားသော အယ်ဒီတာမင်းတို့က ရန်လိုကျွဲနှင့် သတင်းသမားများ ကို ခရီးမသွားစေချင်။ သို့သော်လည်း ချိုကုပ်ဒူးကြီး လေလည် လျှင်ပင် အထူးသတင်းအဖြစ် ရေးရမည်ဟု ဂျာနယ်တိုက်တွင် မူဝါဒချထားပြန်သောကြောင့် ရန်လိုကျွဲကို သွားခွင့်ပြုလေ၏။ ဤသို့ဖြင့် သတင်းသမားရန်လိုကျွဲ ဒုက္ခသီရိသို့ ရောက်ရပြန် ချေ၏။ ကြားရသည့် သတင်းအတိုင်း ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန် နေသည်ကို တွေ့ရလေ၏။ သတင်းသမားက တရင်းတနှီး နှုတ် ခွန်းဆက်လိုက်သည်။ ရန်လိုကျွဲ။ ။ အဘ ဘာကြောင့် ခုန်နေရတာလဲ။ လေ့ကျင့်ခန်းလုပ် နေတာလား။ ချိုကုပ်ဒူးကြီးက […]
၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆)မှ အက်ဆေး ဖြစ်ပါသည်။ ဇေယျာလှိုင် ရေးသည်။ သူငယ်ချင်းတစ်ယောက်ရဲ့အဖေ နာရေးလိုက်ပို့ဖို့ အချိန်ကလည်း နည်း နည်းစောနေသေးတယ်။ မိုးကလည်း သည်းနေတာနဲ့ မြောက်ဥက္ကလာ၊ အောင် မင်္ဂလာအဝေးပြေးဝင်းထဲက ထမင်းဆိုင် တစ်ဆိုင်မှာ ကျွန်တော်တစ်ယောက် တည်း ထမင်းထိုင်စားနေလိုက်တယ်။ ဆိုင်လေးက သေးပေမယ့် ထမင်းဟင်း လက်ရာက မဆိုးဘူးလို့ဆိုရမယ်။ အောင် မင်္ဂလာအဝေးပြေးဝင်းနဲ့ ရေဝေးသုသာန် နဲ့က ဆိုက်ကားနဲ့စီးသွားရင် ဆယ်မိနစ် လောက်ပဲဆိုတော့ အေးအေးဆေးဆေး ပဲပေါ့။ ထမင်းစားလို့ပြီးခါနီးမှာဆိုင်ထဲကို ကလေးသုံးယောက်ဝင်လာတယ်။ ၁၁ နှစ်အရွယ်မိန်းကလေး တစ်ယောက်၊ ရှစ် နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ ငါး နှစ်အရွယ်ယောကျ်ားလေးတစ်ယောက်။ ခြေဗလာနဲ့ သူတို့တွေမှာ ဆောင်းစရာ၊ မိုးစရာ၊ ကာစရာနဲ့တူတာ မတွေ့ရဘူး။ သူတို့ရဲ့အဝတ်အစားခပ်နွမ်းနွမ်းတွေက ရေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."