အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာနေ ရှမ်းနီလူမျိုး ကျောင်းသား လူငယ်နှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သတ်ဖြတ်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့သွားမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်းရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။ “သူတို့ ဖြေရှင်းတဲ့ ပုံစံက နည်းနည်းလမ်းလွဲနေသလားလို့၊ ဒါကြောင့် တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ သမ္မတကြီးဆီ စာပို့မလို့ပါ”ဟု စိုင်းဌေးအောင်က ပြောသည်။ ဇူလိုင် ၆ ရက်က ရှမ်းနီမျိုးနွယ်စုဖြစ်သည့် စိုင်းသန့်စင်အောင်(၁၈နှစ်)နှင့် စိုင်းဇော်မျိုးဦး(၁၇ နှစ်) တို့သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ အလည်သွားရောက်စဉ် ဆယ်ဇင်းကျေးရွာ အရောက်တွင် KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဇူလိုင် ၂၂ ရက်တွင် သေဆုံးသွားကြောင်း […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း) ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ဇူလိုင် ၂၅ ရက်တွင် စတင်ကြေညာထားပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများရှိနေပြီး ထိုစာရင်းအမှားများကို ဓာတ်ပုံရိုက်ယူရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တားမြစ်ခြင်းများရှိနေသည်။ မဲဆန္ဒရှင်စာရင်းများကို ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ခြင်းအား တရားဝင် ညွှန်ကြားထားခြင်းမရှိသေးဘဲ ခွင့်ပြုမည်၊ ခွင့်မပြုမည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားသည်ဟု ရန်ကုန်တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမင်းသူက ဇူလိုင် ၂၅ ရက်တွင် ပြောသည်။ “ဓာတ်ပုံရိုက်တယ်ဆိုတာက ကိုယ့်မဲစာရင်းတော့ ရပါတယ်၊ မိမိရဲ့ မိသာစုစာရင်းတော့ ရပါတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်တာမျိုးကိုတော့ ကျွန်တော်တို့ နည်းနည်းကန့်သတ်ထားပါတယ်၊ ပြည်ထောင်စုကိုလည်း လမ်းညွှန်မှုခံယူထားပါတယ်၊ ပြည်ထောင်စုရဲ့ ခွင့်ပြုချက်ကိုလည်း […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း) နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက အစိုးရဝန်ထမ်းအများစုရှိနေသည့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။ “အစိုးရအဆက်ဆက်က ဝန်ထမ်းတွေကို အပြစ်ပုံချတာတို့၊ ဝန်ထမ်းတွေအပေါ်မှာ စာနာမှုမရှိတာတို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘဲ ဝန်ထမ်းတွေကို ဖိနှိပ်ခဲ့တာတို့ အဲဒါတွေကို ဝန်ထမ်းအကြီးအကဲတစ်ယောက်အနေနဲ့ စာနာပြီး ဒီဒုက္ခတွေကို ကျွတ်အောင် ဥပဒေပြုမယ်ဆိုပြီးတော့ ဝန်ထမ်းအများဆုံးရှိတဲ့နေရာကနေ သွားပြိုင်တာပါ” ဟု ဒေါက်တာအောင်မျိုးက ရှင်းပြသည်။ တသီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်စေချင်သည့်အတွက်ဟု ၎င်းကပြောသည်။ ဒေါက်တာအောင်မျိုးသည် တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် ၂၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းဌာနတွင် ၂၀၁၅ ခုနှစ်အထိ […]
“ကိုဗစ်ကာလ အိမ်ခြေရာမဲ့တို့ဘဝ” ရုပ်သံမှတ်တမ်းကို မော်ကွန်းမဂ္ဂဇင်းကနေ တင်ဆက်ထားပါတယ်။ #ရုပ်သံသတင်း
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၂၂ (မော်ကွန်း) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ နဝမအကြိမ် အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ယနေ့ကျင်းပနေသည်။ သတင်းဓါတ်ပုံ – ဂေထော #Dailynews
ကျော်ဇေယျ ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း) အစိုးရစီမံမှုအောက်မှာရှိတဲ့ ဂေဟာတွေကို ပေးပို့လာတဲ့ မိဘမဲ့နဲ့စွန့်ပစ်ကလေးငယ်အရေအတွက်ဟာ တစ်နှစ်ကို ပျမ်းမျှ ၇၀ နီးပါးရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၁ ကနေ ၂၀၁၉ အထိ စွန့်ပစ်နဲ့ မိဘမဲ့ကလေးငယ်ပေါင်း ၆၂၅ ဦးကို အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိကဂေဟာတွေက ပေးပို့ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ဂေဟာတွေက လက်ခံစောက် ရှောက်ပေးခဲ့ရတယ်လို့ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ရှင်းပြတယ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုရဲ့ မိဘမဲ့နဲ့စွန့်ပစ်ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ဂေဟာတွေကို ဥပဒေနဲ့အညီကြီးကြပ်ဖို့၊ သူတို့ကို မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေနဲ့ ဂေဟာတွေကိုအကြောင်းပြ အမြတ်ထုတ်ဆောင်ရွက်မှုတွေရှိ၊မရှိ သိလိုကြောင်းမေးမြန်းမှုကို ပြန်ရှင်းလင်းရာမှာ […]
ကျော်ဇေယျ ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း) လိင်အကြမ်းဖက်ခံရတဲ့အမျိုးသမီးငယ်တွေကို စာသင်ကျောင်းစီမံခန့်ခွဲသူတွေက ခွဲခြားဆက်ဆံတဲ့ဖြစ်စဉ်တွေ ရှိနေတာကြောင့် တိကျတဲ့ လမ်းညွှန်ချက်တွေနဲ့ ပညာသင်ကြားခွင့်မဆုံးရှုံးအောင် ကာကွယ်ပေးဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာကော်မတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က ပြောပါတယ်။ “ မုဒိန်းမှုကျူးလွန်ခံရတဲ့ ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို အားပေးနှစ်သိမ့်ပြီး ကျောင်းကိုပြန်ပို့တဲ့အခါ ကျောင်းကလက်မခံတဲ့အတွက် အဆင့်ဆင့်ခက်ခဲစွာ ကြိုးစားခဲ့ရပါတယ်။ တိုင်းပညာရေးမှူးကို ဆက်သွယ်ဆွေးနွေးတဲ့အခါမှာလည်း ဒီလို Sex Experience ရှိတဲ့ကျောင်းသူမျိုးကို ကျောင်းစည်းကမ်းအရ လက်မခံကြောင်း၊ သူ့အတွေ့အကြုံကို တခြားကျောင်းသူတွေကို ပြန်ပြောရင် တစ်ခြားကလေးတွေမှာ ပျက်စီးသွားမှာစိုးလို့ဖြစ်ကြောင်း ပြန်ပြီးတော့ဆွေးနွေးလို့ အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးမှာ အခြေခံပညာညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီးတို့ကို ဆွေးနွေးတင်ပြမှသာ ဒီကလေးမလေး ကျောင်းပြန်နေရဖို့ ကိစ္စအဆင်ပြေသွားခဲ့ရပါတယ်” လို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ […]
အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း) NLD ပါတီမှ ထုတ်ပယ်ခံရသူ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မေစိုးက လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မော်ကွန်းသို့ပြောသည်။ “ဘယ်ပါတီကမှ မဝင်ပါဘူး၊ ကျွန်မကတော့ အမှန်တကယ် တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးပြီးတော့ ကိုယ့်တိုင်းပြည်ကောင်းစားမယ့် ကိုယ့်တိုင်းပြည်ကို တကယ်လုပ်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေပဲ လိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ခြင်းက နိုင်ငံရေးသမားအဖြစ် လုံးဝအနားယူခြင်းမျိုးမဟုတ်ဘဲ အနာဂတ်တွင် နိုင်ငံရေးသမားဆက်လုပ်မည်ဟု ၎င်းကပြောသည်။ လမ်းဘေးဈေးသည်များ ရွေးပြောင်းခြင်းကိစ္စနှင့်ပတ်သက်၍ ၎င်းက သူ၏လူမှုကွန်ရက်စာမျက်နှာမှ တင်ပြသည်ကို မြို့တော်ဝန်ဦးမောင်မောင်စိုးက ပါတီဗဟိုသို့တိုင်ကြားခြင်းကြောင့် ပြီးခဲ့သည့် မေ ၈ ရက်တွင် NLD ပါတီမှထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု ထိုကာလက မော်ကွန်းနှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် […]
ဂေထော၊ သဇင်လတ် ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း) YBS ယာဥ် လိုင်းတွေမှာအသုံးပြုမယ့် Yangon Payment Service ကဒ်တွေကို ၅ ရက်တာအတွင်း ရောင်းချရငွေ သိန်းပေါင်း ၄၀၀ နီးပါးရရှိတယ်လို့ Asia Starmar Transport Intelligent Co.,Ltd.မှ Chief Marketing Officer ဒေါ်ရီရီခင်က ယနေ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။ ငွေပေးချေတဲ့ကဒ်တွေကို ဇူလိုင် ၁၆ ရက်နေ့မှာစတင်ရောင်းချခဲ့ရာ ကဒ်ပေါင်း ၉,၀၀၀ ကျော်ရောင်းချရပြီး ယနေ့မှာ စတင်အသုံးပြုနိုင်တာဖြစ်ပါတယ်။ ” အခုကတော့ လက်ရှိမှာ စီးလို့ရမယ့်ကားက ၅၀၀ ကျော်ရှိတယ်။ ဒါမယ့် ကျွန်မတို့ဆက်ပြီး နောက်ထပ်ချဲ့သွားမယ်ဆိုရင်တော့ ဒါလေးကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ပိုဖြစ်သွားမယ်” လို့ ဒေါ်ရီရီခင်ကပြောပါတယ်။ စတင်အသုံးပြုမယ့် ယာဉ်လိုင်းတွေကတော့ […]
အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) အနေဖြင့် အခြားပါတီများနှင့် မိတ်ဖက်ပါတီ ဖွဲ့စည်းထားခြင်းမျိုး မရှိသေးဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ “မိတ်ဖက်လုပ်ထားတဲ့ ပါတီရယ်တော့ မရှိဘူးခင်ဗျ၊ တိုင်းရင်းသားပါတီတွေနဲ့ကတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိပါတယ်၊ တိုင်းရင်းသားပါတီတော်တော်များများနဲ့ကတော့ သဘောထားအမြင်အရ နားလည်မှုရှိထားတယ်၊ ဒါပေမဲ့ မဟာမိတ်ရယ်လို့ ဒီလိုသတ်သတ်မှတ်မှတ်ကြီးထားတာတော့ မရှိဘူး” ဟု ၎င်းက ရှင်းပြသည်။ ပြည်နယ်များရှိဒေသခံများက ဖိတ်ခေါ်ကမ်းလှမ်းမှုများရှိသည့်အတွက် ရုံးဖွင့်ခြင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။ UBP ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲဆန္ဒနယ်မြေ၏ လေးပုံသုံးပုံကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားသူတစ်ထောင် ကျော်ရှိသည့်အနက် ၉၀၀ ကျော်ကို ရွေးချယ်သွားမည်ဖြစ်သည်။ “ကျွန်တော်တို့ သွားတဲ့သတ်မှတ်ချက်က သူ့ဒေသမှာရှိတဲ့ ဒေသခံအများစုက လိုလားလက်ခံနိုင်သူဖြစ်ရမယ်ဆိုတဲ့ […]
အောင်ပိုင် ရန်ကုန် – ဇူလိုင် ၂၁၊ ၂၀၂၀ (မော်ကွန်း) ပညာရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သည့် အထက်တန်းကျောင်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မှု အခြေအနေပြဇယားအရ ရခိုင်ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း တစ်ကျောင်းမျှ ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်သေးကြောင်းတွေ့ရှိရသည်။ COVID – 19 ရောဂါကာကွယ်ရေး သတ်မှတ်ချက်များမကိုက်ညီခြင်းနှင့် လုံခြုံရေးအခြေအနေအရတို့ကြောင့်ဖြစ်ပြီး ကျောင်းသားများ ကျောင်းပြန်တက်နိုင်ရန်စီစဉ်နေသည်ဟု အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ “လုံခြုံရေးအရ ကျောင်းပိတ်ထားဆို ပိတ်ရမှာပဲလေ။ အဲဒီ့ကျောင်းသားတွေက စစ်ဘေးရှောင်စခန်းတွေကို ရောက်မယ်။ ရောက်တဲ့အခါမှာ စစ်ဘေးရှောင်စခန်းတွေနဲ့ အနီးဆုံးကျောင်းတွေမှာ တက်နိုင်အောင် ဆရာတို့က စီစဉ်ထားတယ်။ အနီးဆုံးမှာ ကျောင်းမရှိဘူးဆိုရင် ရွေ့လျားကျောင်းလို့ခေါ်တာပေါ့၊ Mobile School နဲ့ သင်နိုင်အောင် စီစဉ်ပေးသွားမယ်” ဟု ၎င်းကပြောသည်။ ရခိုင်ပြည်နယ်တွင် အခြေခံပညာဦးစီးဌာနကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်း ၄၇၇ ကျောင်းရှိသည့်အနက် […]
သဇင်လတ်၊ ဂေထော ရန်ကုန် – ၂၀၂၀ ၊ ဇူလိုင် ၂၁ (မော်ကွန်း) ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူတွေကို မြန့်မာ့စီးပွားရေးဘဏ်တွေမှာ ယနေ့စတင်လဲလှယ်ပေးနေပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်တွေကို အာဇာနည်နေ့မှာထုတ်ေ၀မယ်လို့ဗဟိုဘဏ်က ဇွန်၁၈ ရက်က ကြေညာခဲ့ပြီး တစ်ဦးလျှင် ၅၀၀ ကျပ်တန် နှစ်ရွက်နှုန်းနဲ့ လဲလှယ်ပေးနေတာပါ။ ၎င်းငွေစက္ကူအရွယ်အစားဟာ အရွယ်အစား ၁၅၀ မီလီမီတာ၊ အနံ၇၀ မီလီမီတာရှိပြီး ငွေစက္ကူအပေါ်ဘက်မှာ မြန်မာနိုင်ငံဗဟိုဘဏ်စာတန်းပါရှိပါတယ်။ ငွေစက္ကူရဲ့လုံခြုံရေးကြိုးကို ဒေါင်လိုက်မြှုပ်နှံထည့်သွင်းထားပြီး ဘယ်ညာအစွန်တွေမှာ ဖောင်းကြွလိုင်းတိုတွေကိုရိုက်နှိပ်ထားပါတယ်။ ဗိုလ်ချုပ်ပုံပါငွေစက္ကူပုံစံအသစ် ထုတ်ေ၀ပေမယ့် လက်ရှိသုံးစွဲနေတဲ့ ၅၀၀ ကျပ်တန် ငွေစက္ကူတွေက တရားဝင်ငွေအဖြစ် ဆက်လက်ရှိနေမယ်လို့လည်း ဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။ ဗဟိုဘဏ်က ယခုနှစ်ဇန်န၀ါရီ ၄ ရက်ကလည်း လွတ်လပ်ရေးနေ့အထိန်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၁,၀၀၀ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."