မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၂၆ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အစစ်အဆေး အဖမ်းဆီးများစွာရှိနေတဲ့ကြားကနေ စုပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့ နေ့လယ်ပိုင်းက ၆၂လမ်းမကြီးပေါ်အထိတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
“ငါတို့ မြို့ငါတို့လမ်း ငါတို့ ပိုင်တယ်”၊”စည်းလုံးအားနဲ့ အာဏာတံတိုင်းကို ဖြိုဖျက်ကြမယ်” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာပါ။
စုပေါင်းသပိတ်စစ်ကြောင်းမှာ သံဃသမဂ္ဂ စစ်ကြောင်း၊ စက်မှု စစ်ကြောင်း၊သမဝါယမကျောင်းသား/သူများ စစ်ကြောင်း နဲ့ ဘာသာပေါင်းစုံ စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓါတ်ပုံ – Poison
#Dailynews

