မန္တလေး – ၂၀၂၂ ဇွန် ၁၅ (မော်ကွန်း)
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အိမ်စီးကားနှစ်စီးနဲ့ လက်နက်တွေအပ်ဖို့မနေ့ကလိုက်လံကြေညာခဲ့တယ်လို့မြို့ခံတွေဆီကသိရပါတယ်။
” ကားကနှစ်စီး၊အိမ်စီးကားနဲ့ ကားပေါ်မှာလော်စပီကာကြီးတင်ပြီးအော်သွားတာ၊သွားတာလည်းမြန်တယ်၊ မှန်တွေတော့အမဲရောင်တွေဆိုတော့မမြင်ရဘူး”လ်ို့မြို့ခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေကိုအရင်ဖွင့်ပြပြီးနောက် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လက်နက်အပ်ကြဖို့ဆိုတာတွေ လိုက်လံကြေညာခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။
“စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင် ခုခံနေတာက်ို စစ်တပ်က လက်နက်အပ်ပါဆ်ိုတော့ ဟာသကြီးပေါ့ဗျာ။ သွေးကြွေးမှာ လုံးဝဆွေးနွေးသွားမှာမဟုတ်ပါဘူး” လို့ Generation Z Power GZP ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မန္တလေးမြို့မဟာအောင်မြေမြို့နယ်ထဲမှာလည်း ဇွန်လ ၁၃ရက်နေ့ည မှာ လက်နက်အပ်ဖို့လိုက်လံကြေညာသွားခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
#Dailynews

