ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဟင်္သာတ – ၂၀၂၂ အောက်တိုဘာ ၁၃ (မော်ကွန်း) ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ထိန်းရဲလေးဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဟင်္သာရုပ်အဝိုင်းနားမှာ ဆိုင်ကယ်နဲ့စက်ဘီးတွေကို ငွေကြေးတောင်းစားတာတွေပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်နဲ့ အမှတ် ၂ ရဲစခန်းတို့ ညနေ ၄:၀၀ နာရီ ကျော်လောက်မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ” ယာဥ်ထိန်းရဲတွေနားပေါက်တဲ့အလုံးကတော့ ယာဥ်ထိန်း ၄ ယောက်လောက်ဒဏ်ရာရတယ်၊ ရဲစခန်းပေါက်တာတော့ ထိ မထိ မသိဘူး၊ ယာဉ်ထိန်းနှစ်ဦးကတော့ အရေးပေါ်ကားနဲ့လာခေါ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲပြီးနောက်ပိုင်း ဟင်္သာတမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အော်ဟစ်ဆဲဆိုကာ လူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ ယာဥ်ထိန်းစစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းကို နန်းထိုက်အောင် စစ်ဆင်ရေးအရ ဟင်္သာတမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဟင်္သာတ […]
ပေါက် – ၂၀၂၂ အောက်တိုဘာ ၁၃ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက သီးချောက်ကျေးရွာနဲ့ ကျောက်ကန်ကျေးရွာနေအိမ်တွေကို အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၉:၀၀ ကစတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ပင်တောင်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ သီးချောက်ကျေးရွာကိုစတင်မီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ်။ ” မနေ့ည ၉:၀၀ နာရီလောက်ကစရှို့တာပဲ၊ဒီနေ့မနက်ထိသူတို့ ရွာထဲမှာရှိသေးတယ်၊ မီးကတော့ညကတည်းကလောင်နေတာ၊ အဝေးကရွာတွေကိုတောင်မီးရောင်ဟပ်တယ်၊ဒီနေ့မနက်ထိ မီးခိုးတွေအူနေတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သီးချောက်ကျေးရွာအတွင်းက ဒေသခံရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတာကြောင့် မီးလောင်အိမ်ခြေအတိအကျကိုမသိရှိရသေးဘဲ ရွာရဲ့ သုံးပုံနှစ်ပုံမီးလောင်တယ်လို့သိထားရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ သီးခြောက်ကျေးရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ကျောက်ကန်ကျေးရွာအတွင်းက စျေးဆိုင်တွေကိုလည်းမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ #Dailynews
မြိုင် – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အရှေ့ပိုင်း ဝါးသုံးအိုင်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့နံနက်အစောပိုင်းမှာ စတင်မီးရှို့ခဲ့ပြီး ရွာအတွင်းကနေအိမ် ၂၂လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဝါးသုံးအိုင်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ဝါးသုံးအိုင်ကျေးရွာတွင်းကိုဝင်ရောက်လာပြီးနောက်ဒေသခံရွာသားတွေ တောထဲရှောင်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” ရွာထဲကအိမ်တွေကိုလည်းရှို့တယ်၊ ရွာဘေးကအိမ်တွေကိုလည်းရှို့သွားတယ်၊သူတို့ရှိုချင်တဲ့အိမ်ကိုရှို့တာပါ၊ရွာအနီးက ကန့် (PDF စခန်း)လည်းရှိူ့ခံရတယ်၊ခုတော့အကုန်ထွက်ပြေးနေရတယ်”လို့ ဝါးသုံးအိုင်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။. အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဝါးသုံးအိုင်ရွာပတ်ဝန်းကျင်မှာ စစ်ကြောင်းထိုးနေတာ သုံးရက်ကြာပြီဖြစ်ပြီး စစ်ကြောင်းဝင်လာတာနဲ့ရွာသားတွေတောထဲ ထွက်ပြေးလာရတာလို့ပြောပါတယ်။ အခုချိန်ထိ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ဝါးသုံးအိုင်ရွာအနီးမှာရှိနေတာကြောင့်ရွာသားတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ပြောပါတယ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး မြိုင်မြို့ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၀ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၂ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းစစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းရဲ့ နေ့စဉ်သပိတ်မှောက်ဆန္ဒထုတ်ဖော် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော် #Dailynews
ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)ဟာ ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့အတူ တော်လှန်ရေးသပိတ်ဟောပြောမှုတစ်ရပ်ကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ ဒေသအတွင်းရှိ တော်လှန်သောကျောင်းသားလူငယ်တွေထံ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ပညာရေးသပိတ်တိုက်ပွဲ ဆက်လက်အားကောင်းလာစေဖို့အတွက် တော်လှန်ရေးသပိတ်တရားဟောပြောမှုတွေပြုလုပ်တာလို့ သပိတ်ကော်မတီကဆိုပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်ကိုသပိတ်မှောက်လာတာရက်ပေါင်း(၆၁၃)ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ စက်တင်ဘာ ၉ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေအတွင်း စောင့်ကြည့်တင်းကျပ်မှုတွေကြားက ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ ၅၄၇ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင်က ကြေးနီတွေသယ်ယူနေတဲ့ ကားတွေကို ပုသိမ်-မုံရွာလမ်းပိုင်း ချင်းတွင်းတံတားကနေ လက်ပံတောင်းတောင်အထိ အာဏာသိမ်းတပ်တွေက လုံခြုံရေးတင်းကြပ်စွာချထားရင်း လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ရမ်းသမ်းပစ်ခတ်နေတာကြောင့် လမ်းမပေါ်ရွာတွေကဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ ဒီကနေ့သပိတ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်အသိအမှတ်ပြုပါဝင်နိုင်ဖို့၊ NUG ကို တရားဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေးမြို့ – ၂၀၂၂ စက်တင်ဘာ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ရက်ပေါင်း ၅၈၀ မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရေစကြို – ၂၀၂၂ စက်တင်ဘာ ၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာ၊ ဂွေးချိုဆည်ဘောင်ပေါ်မှာ ကင်းပုန်းစောင့်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ပျူစောထီးနှစ်ဦးသေဆုံးခဲ့တယ်လို့ Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ကင်းပုန်းစောင့်ဖို့တက်လာတဲ့ စစ်သား ခြောက်ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဦးနေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့ သူကပြောပါတယ်။ “မစ်ရှင်လုပ်ဖို့ အခက်အခဲကတော့ ရှိတယ်၊ သူတို့ အနီးတစ်ဝိုက်ရောက်ဖို့ကို ၁၀မိုင်လောက် လမ်းလျှောက်ရတာပေါ့၊ အဲ့အနီးတစ်ဝိုက်ကလည်း ဒလန်တွေများတယ်ဗျသေတဲ့စစ်သားက ဂွေးချိိုရွာက ပျူစောထီးနှစ်ယောက်ဗျ၊ သေသွားတဲ့သူကိုလည်း ဒီတိုင်း တရွတ်တိုက်ကို ဆွဲသွားကြတာ” လို့ Yesagyo Revolution Group အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဂွေးချိုကျေးရွာဟာ ပျူစောထီးတွေနေထိုင်တဲ့ရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က စစ်သားတွေလည်း တပ်စွဲထားတဲ့ ရွာဖြစ်တာကြောင့် […]
စစ်ကိုင်းတိုင်း – ၂၀၂၂ စက်တင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ တော်လှန်ရေးအမျိုးသမီးအင်အားစုဖြစ်တဲ့ Women Alliance Burma အဖွဲ့တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ထိ ရက်ပေါင်း ၅၄၅ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."