မြိုင် – ၂၀၂၂ အောက်တိုဘာ ၁၂ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အရှေ့ပိုင်း ဝါးသုံးအိုင်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့နံနက်အစောပိုင်းမှာ စတင်မီးရှို့ခဲ့ပြီး ရွာအတွင်းကနေအိမ် ၂၂လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဝါးသုံးအိုင်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ဝါးသုံးအိုင်ကျေးရွာတွင်းကိုဝင်ရောက်လာပြီးနောက်ဒေသခံရွာသားတွေ တောထဲရှောင်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
” ရွာထဲကအိမ်တွေကိုလည်းရှို့တယ်၊ ရွာဘေးကအိမ်တွေကိုလည်းရှို့သွားတယ်၊သူတို့ရှိုချင်တဲ့အိမ်ကိုရှို့တာပါ၊ရွာအနီးက ကန့် (PDF စခန်း)လည်းရှိူ့ခံရတယ်၊ခုတော့အကုန်ထွက်ပြေးနေရတယ်”လို့ ဝါးသုံးအိုင်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။.
အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဝါးသုံးအိုင်ရွာပတ်ဝန်းကျင်မှာ စစ်ကြောင်းထိုးနေတာ သုံးရက်ကြာပြီဖြစ်ပြီး စစ်ကြောင်းဝင်လာတာနဲ့ရွာသားတွေတောထဲ ထွက်ပြေးလာရတာလို့ပြောပါတယ်။
အခုချိန်ထိ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ဝါးသုံးအိုင်ရွာအနီးမှာရှိနေတာကြောင့်ရွာသားတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ပြောပါတယ်။
ဓာတ်ပုံ – နွေဦးတော်လှန်ရေး မြိုင်မြို့
#Dailynews