ယင်းမာပင် – ၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း) ဒီကနေ့ဟာ LGBT Alliance Myanmar ဖွဲ့စည်းတာ တစ်နှစ်ပြည့်မြောက်ပြီဖြစ်လို့ LGBT ကိုယ်စားလှယ်တွေခေါင်းဆောင်ပြီး ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “လိင်စိတ်ခံယူမှု ဘယ်လောက်ပဲကွဲပြားပါစေ ခွဲခြားခြင်းမပြုဘဲ LGBT များအပေါ် စာနာနားလည်မှုရှိပေးဖို့” လူထုကို တောင်းဆိုဟောပြောခဲ့ကြသလို LGBT တွေအနေနဲ့လည်း တော်လှန်ရေးနယ်ပယ်အသီးသီးမှာ ပါဝင်လှုပ်ရှားရင်း ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ဦးကျော်မိုးထွန်း သံအမတ်နေရာဆက်လက် ထားရှိဖို့ ကမ္ဘာ့ကုလသမဂ္ဂကိုလည်း မြန်မာပြည်သူတွေဘက်ကရပ်တည်ပေးဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံခြင်းမပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ဒီကနေ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကိုလူဦးရေ ၅၀၀ခန့်နဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း) LGBT Alliance Myanmar ဖွဲ့စည်းတာ တစ်နှစ်ပြည့်မြောက်တဲ့အနေနဲ့ ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်ကို LGBT တွေဦးဆောင်ကာ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ သပိတ်ဆောင်ပုဒ်ကတော့ “တစ်နှစ်ပြည့်မှသည် ရှေ့သို့ချီ LGBT သွေးရဲရဲနီ”ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
နေပြည်တော်-၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို အကြမ်းဖက်စစ်ကောင်စီတရားရုံးက အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်စီဒီကနေ့အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။ သူတို့သုံးဦးကို စစ်ကောင်စီကစွပ်စွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှုစွပ်စွဲချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမိန့်ချလိုက်တာဖြစ်ပြီး ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်မပြုဘူးလို့ သိရပါတယ်။ အခုလိုအမိန့်ချလိုက်တဲ့အပေါ် တရားရုံးနဲ့နီးစပ်တဲ့ ဥပဒေပညာရှင်တစ်ဦးက အခုလိုထောက်ပြပါတယ်။ “သမ္မတနဲ့ အတိုင်ပင်ခံက အပြစ်မှမရှိတာ။မဲမသမာမှုမဲခိုးမှုဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဥပဒေပြဌာန်းထားပြီးသားရှိတယ်။ အတိုင်ပင်ခံတို့ သမ္မတတို့ ၂၀၂၀ နိုဝင်ဘာ၈ ရက်ရွေးကောက်ပွဲမှာ မဲခိုးပါတယ်ဆိုရင် တစ်ဖက်ကယှဉ်ပြိုင်တဲ့လူက တရားစွဲထားတာလည်းမရှိဘူး။ ဘယ်သူမှမရှိဘူး။ သူတို့(စစ်ကောင်စီ)ဖမ်းဆီးထိန်းသိမ်းထားလို့ရအောင်လုပ်တာပါ” လို့ဆိုပါတယ်။ အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီကစွပ်စွဲထားတဲ့အမှုပေါင်း ၁၉ခုထဲက ၁၁မှုနဲ့ထောင်ဒဏ်ချမှတ်ထားတာဟာ စုစုပေါင်း နှစ် ၂၀ အထိရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကတော့ စစ်ကောင်စီကတရားစွဲထားတဲ့ အမှုပေါင်း ၈မှုထဲက သုံးမှုနဲ့ ပြစ်ဒဏ်စုစုပေါင်း ငါးနှစ်အထိရှိလာနေပြီဖြစ်ပါတယ်။ […]
ယင်းမာပင် – ၂၀၂၂ စက်တင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ရက်ပေါင်း ၅၃၉ ရက်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ စက်တင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းက “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ ဩဂုတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရဲ့ “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ” စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ် ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
စစ်ကိုင်းတိုင်း – ၂၀၂၂ ဩဂုတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ၅၃၈ရက်မြောက်နေ့အဖြစ် ဒီကနေ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ပျက်ရက်မရှိ ရက်ပေါင်း ၅၇၁ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ -CJ #Dailynews
ရန်ကုန်- ၂၀၂၂ ဩဂုတ် ၃၀ (မော်ကွန်း) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မောင်းမကန်လမ်းနဲ့ စည်ပင်လမ်းထောင့် ၁၈ကွေ့မှတ်တိုင်အနီးမှာ လုံခြုံရေးကင်းလာချတဲ့စစ်ကား ဒီကနေ့မနက် ၆ နာရီဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ “မနက် ၆ နာရီလောက်ကပေါက်ကွဲတာ။ အသံအကျယ်ကြီးပဲ။ အဲဒီနားကဈေးလည်းရှိတော့ ဈေးသွားဈေးလာတချို့လည်းထိသွားတယ်။ သုံးယောက်လောက်ထိသွားတယ်” လို့ ဖြစ်စဉ်အနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။ အဲဒီမိုင်းခွဲတိုက်ခိုက်မှုကို Special Task Agency of Burma(STA) ကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တောင်ဒဂုံမြို့နယ်မှာ မနက်၆နာရီဝန်းကျင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲနှစ်ဦးနဲ့ တပ်သားတွေကို Double Cup ကားနဲ့ကင်းလာချတဲ့အချိန် မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီစစ်သားနှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြားထိခိုက်သေဆုံးမှုရှိမရှိ စုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ #Dailynews
ကန်ကြီးထောင့် – ၂၀၂၂ ဩဂုတ် ၃၀ (မော်ကွန်း) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ခန့် ကံကုန်းကျေးရွာရာအိမ်မှူး ကရင်လေးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အိုးဝေမောင်းလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြကနေ ကံကုန်းဘက်ကိုလာတဲ့ ကားလမ်းမပေါ်က ညောင်ကုန်းကျေးရွာတံတားနားမှာ အိုးဝေက ထပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “ အိုးဝေက မောင်းလာရင်း ထပေါက်တာ၊ ပထမတော့ ဗုံးပေါက်တယ်လို့ မထင်ဘူးလေ၊ မောင်းလာရင်း ဖြစ် သွားတာဆိုတော့ နောက်မှ အကုန်ဝိုင်းကြည့်ပြီး ဆေးရုံပို့လိုက်ရတာ သွေးတွေတော့ တော်တော်များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒဏ်ရာပြင်းထန်လို့ ပုသိမ်ဆေးရုံကြီးထိ ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။ ပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်၊တပ်သားတွေက ကန်ကြီးထောင့်ကနေ သွားလာနိုင်တဲ့ မြို့ဝင်ထွက် ဂိတ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေပိုမိုတင်းကြပ်စွာပြုလုပ်ခဲ့တယ်လို့ […]
စစ်ကိုင်းတိုင်း – ၂၀၂၂ ဩဂုတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ရွာပေါင်းစုံသပိတ်ရဲ့ ၅၃၇ ရက်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ သပိတ်ဟာ”Reject Military Accept NUG” ဆိုတဲ့စာသားကို ကိုင်စွဲကာချီတက်ခဲ့ကြပါတယ်။ လူထုအားလုံးတညီတညွတ်တည်းရုန်းထတော်လှန်မှအောင်မြင်မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့အကြောက်တရားရိုက်သွင်းနေမှုကို ကြံ့ကြံခိုင်ခိုင်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ကိုလည်း သပိတ်က နှိုးဆော်တိုက်တွန်းထားပါတယ်။ ဓာတ်ပုံ – CJ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."