အကြောနဲ့ ပတ်သက်ရင်တော့ လက်ပြင်ကြောငုပ်၊ ခါးနာ၊ဒူးနာ၊ အုံးလွဲတာတွေအပြင် လေဖြတ်တဲ့အထိ မရောက်ခင် လေဖြန်းတာလောက်အထိ နှိပ်နိုင်တယ်လို့ သူကဆိုတယ်။
”သူတို့ဟာနဲ့ သူတို့ အလုပ်တွေ ရှုပ်နေလို့လည်း ဖြစ်မှာပါ။ ကျွန်တော်လည်း ဘာမှ မစဉ်းစားပါဘူး။ လူ့အသက်တစ်ချောင်း ကယ်ဖို့ပဲ ခေါင်းထဲထည့်တာ”ဟု သူ့ရဲ့စေတနာအတွက် မည် သည့်အကျိုးကိုမှ မမျှော်လင့်ကြောင်းကို ကိုဝင်းနိုင်က ဖွင့်ဟသည်။
များများလေ့ကျင့်နိုင်တဲ့သူသာ အကောင်းဆုံးဟုဆိုသည်။ ပညာရပ်တိုင်းကတော့ သူ့နည်းသူ့ဟန်နှင့် ကောင်းမွန်ကြပြီး ”ဘယ်ဟာကမှ အကောင်းဆုံးရယ်လို့ မရှိဘူး။ လူပေါ်မူတည် တာပေါ့”
သူ့အတွက်ကတော့ မသာအခေါက်ပေါင်းက ထောင်ချီလေ ပြီ။ နိစ္စဓူဝ လူသေများနှင့် ဆုံတွေ့ရသည့်အခါ ”ပြန်သာ မပြော တတ်တာ။ သံဝေဂတော့ ရနေပြီ”ဟု သူက တဟားဟားရယ်ရင်း ဆိုပါသည်။
”စာဖတ်မှပဲ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာမယ်၊ လူလူချင်းဆက်ဆံပြီး နားလည်မှုရှိမှလည်း တိုင်းပြည် အတွက်ရော ကမ္ဘာအတွက်ရော အကျိုးရှိမယ်လေ”
ပညာရှင်များအဆိုရ ဆင်တစ်ကောင်၏ မှတ်ဉာဏ် သည် ခြောက်နှစ်အရွယ်ကလေးတစ်ယောက်၏ မှတ်ဉာဏ်ရှိ သည်ဟု ဆိုကြသည်။ လူစကားကို နားလည်သည်။ သင်ပေးလျှင် တတ်မြောက်လွယ်ကြသည်။
ရေဘုရင်နှင့် သရုပ်ပြကစားရသည်မှာလည်း လွယ်လှ သည်တော့ မဟုတ်။ မိကျောင်းဆိုသည့် သတ္တဝါမှာ အမြဲတမ်း လူကို ရန်မူတတ်ပြီး ယဉ်လည်း မယဉ်၊ အခင်လည်း မရှိသည့် သတ္တဝါဖြစ်ကာ အလွန်ဉာဏ်များသည်။
ဓာတ်ပုံ -မီမီခိုင် ပုဂံမြို့ဟောင်းအတွင်းရှိ မနူဟာဘုရားကျောင်းဆောင်ကြီး အနောက်ဘက်တွင် ပုဂံ၏ ကျော်ကြားလှသည့် ရွာတစ်ရွာ ရှိသည်။ သို့သော် ထိုရွာကလေး၏အမည်ကို ပုဂံသို့မရောက်သေးသူတိုင်းလည်း ကြားသိနိုင်ပါသည်။ ရွာအမည်က မြင်းကပါ ဖြစ်သည်။ မြင်းကပါရွာသို့သွားမည်ဆိုလျှင် မနူဟာဘုရားကြီး၏ဘေးဘက်ခြမ်း မြင်းကပါရွာသို့ဆိုသည့် ဆေးရောင်ခပ်မှိန်မှိန်သာ ရှိနေတော့သည့် ဆိုင်း ဘုတ်ကလေးရှိရာ လမ်းအတိုင်း ဝင်သွားရမည်ဖြစ်သည်။ ရွာလမ်း အတိုင်း နှစ်မိုင်ခန့် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပြီး ဘယ်ဘက်သို့ နှစ်ခါချိုးကွေ့လျှင် လမ်း၏လှည်းဦးတိုက်၊ လှေဦးတိုက် အနေ အထားမှာ ဝါးအသုံးပြု မြေစိုက်အိမ်အိုလေးတစ်လုံးကို တွေ့ရမည် ဖြစ်သည်။ အိမ်ရှင်ဖြစ်သူသည် အိမ်အိုကလေးကို ဝါးခြမ်းပြားလေး များကို ဆန်ခါကွက်သဖွယ်ခပ်ကျဲကျဲရက်ကာ ခြံစည်းရိုးပြုလုပ် ပြီး ကာရန်ထားသေးသည်။ အဆိုပါ အိမ်အိုကလေးနှင့် အတွင်း ဘက်ခြံစည်းရိုးတို့အကြား လွတ်နေသည့် မြေကွက်လပ်တွင် ရွာဓလေ့ကွပ်ပျစ်တစ်လုံးချထားသည်ကို […]
ယောကျ်ားမိန်းမ၊ သီလရှင်တွေတောင် ပါသည်။ သူကတော့ လူ မျိုးဘာသာမရွေး ပေါ်သည့် အလောင်းမှန်သမျှ စေတနာထားကာ ဆယ်ယူဆောင်ရွက်ပေးသည်ဟု ဆိုပါသည်။
အလောင်း ဆယ်သည့် အလုပ်ကို လုပ်ကိုင်သည့် အတွက် ရင်းနှီးသူများက သူ့ကို အလောင်းစည်သူ ဟု ခေါ်လေ၏။
Photo – Minn Lwin ဆိပ်ကမ်း ကုန်တင်ကုန်ချရုံရှေ့ရှိ ခုံတန်းလျားပေါ်တွင် တီရှပ်လက်တို အပြာရင့်ရောင်နှင့် ဆေးသားအရောင်တို့ ပြယ်လွင့်နေသော မဲပြာ ပုဆိုးအကွက်ခပ်စိပ်စိပ်အား ဝတ်ဆင်ထားသူတစ်ဦး ထိုင်နေသည်။ ထိုသူသည် ထိုင်နေလျက်က ဥဒဟိုသွားလာနေသော လမ်းသွား လမ်းလာများကို တစ်ချက်တစ်ချက်ငေးရီကြည့်သည်မှအပ ခပ်အေး အေးပင်ရှိ၏။ သူ့ပုံစံက အသားညိုညို၊ ခန္ဓာကိုယ်သေးသွယ်သွယ်နှင့် အရပ်က ငါးပေခြောက်လက်မခန့်ရှိသည်။ ယခင်က တုတ်ခိုင်ခဲ့ဟန်ရှိ သော လက်မောင်းသားတို့မှာ လျော့ရဲရဲနှင့် အကြောပြိုင်းပြိုင်းထ နေ၏။ ရင့်ကျက်တည်ငြိမ်မှုရှိသော မျက်နှာထက်တွင်တော့ အမာ ရွတ်ဗရပွနှင့် ဖြစ်သည်။ သူ၏ ဝဲဘက်မျက်ခုံးကွဲအက်ဒဏ်ရာ၊ နှာခေါင်းရိုးကျိုး သည့် ဒဏ်ရာ၊ နှုတ်ခမ်းကွဲရှဒဏ်ရာတို့အပြင် မျက်နှာပြင်နေရာ အများစုတွင် အညိုအမည်းစွဲနေသည့်ဒဏ်ရာတို့က လွှမ်းခြုံ ထားသည်။ သူ့ယာဘက် မျက်လုံးအိမ်အတွင်းမှာတော့ တိမ်စွဲ ထားသည့်ပမာ […]
မိုးနဲ့လေကို ချစ်မိသူ ဒီလိုနှင့် လွန်ခဲ့သည့် သုံးနှစ် (၂ဝဝ၉) ခုနှစ် အငြိမ်းစား ယူသည်အထိ မိုးလေဝသဌာနတွင် နှစ်ပေါင်း ၄၅ နှစ်ကြာအောင် လုပ်ကိုင်ဖြစ်ခဲ့သည်။ ဘဝတိုးတက်ရန် အခွင့်အလမ်းနည်းပါးသည့် ထိုအလုပ်ကို လုပ်ဖော်ကိုင်ဖက်များကပင် စွန့်ခွာသွားကြသည့် တိုင် သူက မစွန့်ပစ်နိုင်ဘဲ ဆက်လက်လုပ်ကိုင်နေခဲ့သည်ကို အတူ နေသည့်မိသားစုကပင် တစ်ခါတစ်ခါ နားမလည်နိုင်သည်အထိ ဖြစ်ကြရသည်။ တကယ်ဆို ဒီလုပ်ငန်းသည် သူရည်ရွယ်ခဲ့သည့် ငယ်အိပ် မက်လည်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါ။ သို့သော်လည်း သူ့ဘဝ တွင် မိုးလေဝသနှင့် အခြားပိုကောင်းသော အခွင့်အလမ်းတစ်ခု အနက် တစ်ခုကိုရွေးချယ်ရန် ဆုံးဖြတ်ချက်ချရသည့်အခါတိုင်း မှာ သူသည် မိုးလေဝသဘက်တွင်သာ နေခဲ့သည်။ တက္ကသိုလ်နှင့်မိုးလေဝသနှစ်ခုအနက် မိုးလေဝသကို ရွေးခဲ့ ပြီးမကြာမီ နောက်ထပ်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန် အခြေအနေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."