ပုံရိပ်လွှာများ

အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လို ပေါ်လာသလဲ

February 14, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Cover Story ဖြစ်ပါသည်။ အောင်ပိုင် ရေးသည်။ ကျော်ဇေယျ ပံ့ပိုးသည်။ ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)   (ငွေကြေးအရင်းအနှီးရှိရင်တောင် မြေနေရာနဲ့လုပ်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုအတွင်း ဘာကြောင့်ဘယ်လိုပေါ်လာသလဲ။ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ် သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။) စက်သုံးဆီဈေးကွက်ထဲမှာ ရောင်း ချနေတဲ့ ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းတဲ့ လျှော့ဈေးနဲ့ ရောင်း ချခဲ့လို့ အချိန်တိုတွင်း လူအများစိတ်ဝင် စားလာတဲ့ စက်သုံးဆီဆိုင်တစ်ဆိုင် နေ့ ချင်းညချင်းဆိုသလို ရန်ကုန်မြို့မှာ ပေါ် […]

အပြည့်အစုံဖတ်ရန်

သံတွဲက ရေသူရဲ

February 6, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Profile ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။                       ပုဂံရာဇဝင်တွင် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဆိုသည့် သူရဲ ကောင်းလေးဦး ထင်ရှားခဲ့သည်။ ကျန်စစ်သား သည် ပုဂံပြည့်ရှင်မင်းဖြစ်ခဲ့သလို ငထွေရူးသည် တစ်မနက်တည်းနှင့် ထန်းအပင်တစ်ထောင်ကို တက်နိုင်သည်။ ငလုံးလက်ဖယ်သည် နွားအရှဉ်း ၃၀ နှင့်အတူ ထွန်ရေးမှန်အောင် လယ်ထွန်နိုင် သည်။ ညောင်ဦးဖီးက ဧရာဝတီမြစ်၏ ညောင်ဦး ကမ်းပါးမှ တစ်ဖက်ကမ်းသို့ ရေကူးသွားနိုင်ပြီး တစ်ဖက်သို့ရောက်လျှင် မြေကြီးပေါ်သို့ ခြေ ထောက် မထောက်ဘဲ ညောင်ဦးကမ်းပါးသို့ ပြန်၍ကူးနိုင်သည်။ ပြီးလျှင် […]

အပြည့်အစုံဖတ်ရန်

ကန္တာရနိုင်ငံဖြစ်ဖို့ နီးလာပြီလော

January 25, 2019

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Cover Story ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ မကွေး (ဇန်နဝါရီ၊ ၂၀၁၈)                     ဆောင်းရာသီဝင်ခဲ့ပြီ ဆိုပေမယ့် နိုဝင်ဘာရဲ့ နေ့လယ်ခင်းနေက ပူလောင်လွန်း တော့ အိမ်ထဲမှာတောင် အပေါ် အင်္ကျီ ဗလာကျင်းနဲ့ ဆောင်းနေ့ခင်းကို  ဦးရင်ကြည် စစ်ခင်းနေရတယ်။ အိမ်အပြင်မှာတော့ တံလျှပ်တွေက တလက်လက်ထလို့။   ပဲခူးရိုးမကြီးရဲ့ မြောက်ဘက်ပိုင်း တောင်တန်းတွေရဲ့ ဆင်ခြေလျှောမှာရှိတဲ့ ဦးရင်ကြည်နေထိုင်ရာ ရွှေပန်းရွာဟာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ထဲ မှာ ပါဝင်ပါတယ်။ သစ်ကြီးဝါးကြီးတွေနဲ့ ပဲခူးရိုးမကြီး စည်ပင်သာယာခဲ့တုန်းက  ဦးရင်ကြည်တို့ဒေသရဲ့ ဆောင်းဟာ ဆောင်းလို […]

အပြည့်အစုံဖတ်ရန်

ကောင်းကင်မုဆိုးကို ဖမ်းဆီးသူ

December 7, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Profile ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ရန်ကုန်မြို့၏ နိုဝင်ဘာလနံနက်ခင်း ဝေလီဝေလင်း အချိန်တွင် တစ်စီးတလေ ဖြတ်သွားသည့် ကား သံမှအပ တိတ်ဆိတ်နေ၏။ ဆောင်း၏ အငွေ့ အသက်သည် ပီပီပြင်ပြင် မဖြစ်ပေါ်သေး။ အနည်း ငယ်အေးသည် ဆိုရုံမျှသာ။ လမ်းမီးတိုင်များသည် အလင်းရောင်ပေးနေဆဲ။ ပလက်ဖောင်းပေါ် ခပ် ကွေးကွေးခွေနေသည့် လေလွင့်ခွေးများသည် အိပ်မောကျနေဆဲပင်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စည်ပင်)မှ ဝီရိယကောင်းလှသည့် သန့်ရှင်းရေးအလုပ်သမတစ်ဦးကတော့ အုန်းတံမြက်စည်းတစ်ချောင်းကို ကိုင်ပြီး ပလက်ဖောင်းတစ် လျှောက်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းနေသည်။ လေးနာရီ ကျော်လာသည်နှင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် လမ်း လျှောက်သူတစ်ဦးစ နှစ်ဦးစကို  တွေ့လာရ၏။ ထိုအချိန်တွင် အင်္ကျီအပြာရောင်ဝတ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကန်တော်ကြီးဥယျာဉ်ထဲသို့ မျက်စိဆေးရုံရှေ့ဝင်ပေါက်မှတစ်ဆင့် […]

အပြည့်အစုံဖတ်ရန်

အနာဂတ် ကြယ်ပွင့်လေးများရဲ့ဆည်းလည်းသံ

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Profile ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်းသို့ ဆရာမနော်ဗွီတူဖော ရောက်ခဲ့သည့် အချိန်က သူ့အသက်မှာ ၂၂ နှစ်အရွယ်၊ တက်္ကသိုလ် ကျောင်းတက်နေသည့် အချိန်။ ဆရာ၊ ဆရာမ များအတွက် သာမန်ကလေးတစ်ဦးကိုပင် စာ သင်ကြားဖို့ ခက်ခဲသည့်အခြေအနေတွင် ဆရာမ နော်ဗွီတူဖောက အကြားအာရုံ အားနည်းသည့် ကလေး၊ အကြားအာရုံချို့ယွင်းသည့် ကလေးများ ကို စာသင်ကြားပေးဖို့ သူ ရွေးချယ်ခဲ့သည်။       ထို့ကြောင့် ယခုဆိုလျှင် သူရွေးချယ်ခဲ့သည့် စာသင်ကြား ရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့သည်မှာ ၂၅ နှစ်ကျော်ခဲ့လေပြီ။ နားမကြားကလေးများကို စာသင်ကြားပေးသည့် ဆရာမတစ်ဦး အနေဖြင့်ဤကာလရှည်ခရီးတစ်ခုကို မည်သို့ဖြတ်သန်းခဲ့ရ ပါသနည်း။ […]

အပြည့်အစုံဖတ်ရန်

ပင်လယ်ရဲ့  အကျဉ်းသား

November 15, 2018

  သက်ဦးမွန် ရေးသည်။   ညက တစ်ညလုံး မအိပ်ထားရသည့်အတွက် ဦးသစ်မင်းလှိုင် ညနေစောင်းလောက်တွင် ခေတ္တ မှေးစက်ဖို့ ပြင်လိုက်သည်။ မအိပ်ခင် သူ့နောက် လိုက်နှစ်ဦးကိုလည်း သေချာမှာလိုက်သေးသည်။ သူ့အတွေ့အကြုံအရ မုန်တိုင်းလာမည်ဆိုတာကို ကြိုသိနေသည့်အတွက် ဖောင်ကြိုးကို မည်သည့် အကြောင်းနှင့်မျှ မဖြတ်ဖို့မှာကြားပြီး သူ ခေတ္တ အိပ်ပျော်သွားခဲ့သည်။ အိပ်မပျော်တပျော်နှင့် တစ်နာရီပင် မပြည့်တတ်သေး။ လှုပ်လှုပ်ယမ်းယမ်း အခြေအနေကြောင့် သူနိုးလာခဲ့သည်။ သူတို့ ဖောင်က ရေစီးအတိုင်း မျောပါနေခြင်းကြောင့်ဖြစ်သည်။ သူ အတန်တန်မှာထားလျက်က သူ့နောက်လိုက်နှစ်ဦးက ဖောင် ကြိုးကို ဖြတ်ကာ မျှောချလိုက်ခြင်းပင်ဖြစ်သည်။ တော်ရုံမုန်တိုင်း နှင့် လှိုင်းဆိုလျှင် ကျောက်ချထားသည့် ဖောင်မှာ မမှုချေ ။ သူတို့ နေသည့် နေရာကလည်း လှိုင်းမှာအနည်းငယ်သာရှိသည်။ ထို့ […]

အပြည့်အစုံဖတ်ရန်

မယ်ဒလင် တစ်လက်နဲ့ ဘဝရဲ့ အလင်းရောင်ကို ထွန်းညှိထားသူ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ “ဘဝသံသရာ xxx ရှည်လျား ထွေပြား xxx မနေမနား တစ်သွား တည်းသွားကြတာ xxx ခရီး ပန်း တိုင် xxx မရောက်မချင်း  တစ် ယောက်ဆင်း တစ်ယောက်တက် xxx ဆက်လက်ထွက်ခွာ” မယ်ဒလင်အသံနဲ့အတူ အသံမြင့်မြင့်နဲ့ မပီမသ သီဆို လိုက်တဲ့ သီချင်းသံဟာ ရထားတွဲ ထဲမှာ စူးခနဲ ထွက်ပေါ်လာပါတယ်။ အရောင်ခပ်မှိန်မှိန် အင်္ကျီအပြာ ရောင် အကွက်စိပ်စိပ်ကို ဝတ်ဆင် ထားတဲ့ သူ့ပုံစံက အသားဖြူဖြူ အရပ်ခပ်ပုပုနဲ့ ကချင်လွယ်အိတ် တစ်လုံးကို ဘေးတစ်စောင်း လွယ်ထားပါတယ်။ ညာဘက်မှာတော့ မျက်မမြင်တွေအသုံးပြုတဲ့ ကြိုးတပ် ထားတဲ့ လမ်းလျှောက်တုတ်တစ်ချောင်းကို […]

အပြည့်အစုံဖတ်ရန်

မေတ္တာရိပ်မြုံ

August 30, 2018

မေတ္တာရိပ်မြုံ သက်ဦးမွန်ရေးသည်။ အနာဂတ်ကြယ်ပွင့် ကလေးများဂေဟာ                      Photo – Thet Oo Mon   အစိမ်းနုရောင် နှစ်ထပ်တိုက် အိမ် တစ်လုံးထဲတွင် ပုခက်နှစ်လုံး အပြိုင် အဆိုင် လွှဲနေကြသည်။ ပုခက်တစ် လုံးထဲတွင် လသားအရွယ် ကလေး ငယ်နှစ်ဦး ရှိသည်။ တစ်ဦးက အသား ညိုညို ဝဝကစ်ကစ်လေး။ နောက် တစ်ဦးက အသားဖြူဖြူ၊ နောက် ပုခက်တစ်လုံးထဲတွင်တော့ ဆံပင် ကလေးတွေ မည်းနက်နေသော ဖြူ ဖြူဖွေးဖွေး မျက်နှာသွယ်သွယ် ကလေးငယ်တစ်ဦး။ သူတို့ နှစ်ခြိုက် စွာ အိပ်မောကျနေသည်။ ပုခက်ထဲတွင်ရှိသည့် […]

အပြည့်အစုံဖတ်ရန်

သြင်္ကန်မိုးဇာတ်ကောင်ကိုငြိမ်းမောင်ရဲ့သရုပ်မှန်စန္ဒရားသိမ်းမောင်

April 10, 2018

၂၀၁၈ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် (၅၅) မှ Profile ဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်ရေးသည်။ သြင်္ကန်နီးလာပြီဆိုရင် ရုပ်သံလိုင်းတွေမှာ နှစ်စဉ်နီးပါးပြသတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။ ပရိသတ်တွေကလည်း  နှစ်စဉ် ပြသနေတဲ့ အဲဒီဇာတ်ကားကို တခုတ်တရ စောင့်မျှော်ကြည့်ရှုကြတယ်။ မန္တလေးသြင်္ကန်ကာလကို နောက်ခံထားပြီး သြင်္ကန်အကအလှတွေ၊  တေးသွားတွေနဲ့ လှလှပပ မြိုင်မြိုင်ဆိုင်ဆိုင် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။  ရုပ်ရှင်လောကမှာလည်း ဂန္ထဝင်မြောက်တဲ့ အနုပညာဖန်တီးမှုအဖြစ် အနုပညာရှင်တွေက သတ်မှတ်ထားကြတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု ၊ အပြင်အဆင်၊ မန္တလေးသြင်္ကန် အကအလှ၊ ဒီကနေ့ခေတ်တိုင်အောင် ကျော်ကြားနေတဲ့ သီချင်းတွေနဲ့ ဒီရုပ်ရှင်ဟာ နှစ်ပေါင်းသုံးဆယ်ကျော်အထိ ပရိသတ်တွေကို ဆွဲဆောင်နေနိုင်တုန်းပဲ။ အဆိုပါဇာတ်ကားကတော့ စန္ဒရားဆရာကြီး ကိုငြိမ်းမောင်အဖြစ် မင်းသားနေအောင်က သရုပ်ဆောင်ထားတဲ့ ‘သြင်္ကန်မိုး’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသားနေအောင်၊ ဇော်ဝမ်း၊ […]

အပြည့်အစုံဖတ်ရန်

အကယ်ဒမီ ကျော်ညွန့်

November 23, 2017

Photo – Thet Oo Mon ရှပ်အင်္ကျီအစိမ်းရင့်ရောင်နဲ့ ပုဆိုးခပ်တိုတို ဝတ်ဆင်ထားတဲ့ သူ့ ပုံစံက ဖျတ်လတ်နေတယ်။ အသက် ၇၂ နှစ်ရှိပြီဆိုပေမယ့် ငါးဆယ်ကျော်လို့ပဲ ထင်ရအောင် သူက သန်သန်စွမ်းစွမ်းပဲ။ ဒါပေမဲ့ အပေါ်သွားတချို့ မရှိတော့ဘူး။ ဒါကြောင့်လည်း စကားပြောပြီဆို တချို့စကားလုံးတွေက မပီတော့ သေချာနားထောင်ရတယ်။ နားမလည်ရင် နောက်တစ်ခေါက်ပြန်မေးရတယ်။ ကြေးနီရောင် အသားအရေရှိပြီး ခန္ဓာက ပြည့်ပြည့်။ လည်ပင်းမှာ ရွှေဆွဲကြိုးတစ်ကုံးလည်း ဆွဲထားသေးတယ်။ သူ့နာမည်က ဦးကျော်ညွန့်။ အကယ်ဒမီကျော်ညွန့်လို့လည်းခေါ်တယ်။ အကယ်ဒမီဆိုလို့ ရုပ်ရှင်ရိုက်ပြီး အကယ်ဒမီရတာ မဟုတ်ပါဘူး။ သူက ပန်းပဲပညာရှင်။ ဓားတွေလုပ်တဲ့သူ။ တပ်မတော်မှာ ဆုပေးတဲ့ အကယ်ဒမီငွေဓားတွေ လုပ်ရဖန်များတော့ ဒီနာမည်တွင်ခဲ့တာဖြစ်ပါတယ်။ သလုပ်တဲ့ ဓားတွေကတော့ အစုံပဲ။ ငှက်ကြီးတောင်၊ ဂျပန်ဓား၊ […]

အပြည့်အစုံဖတ်ရန်

ပင်လယ်ထဲက အလင်းပြသူ

August 23, 2017

မီးပြတိုက်ရဲ့ အဓိကတာဝန်က ပင်လယ်ပြင်မှာ သွားလာနေကြတဲ့ သင်္ဘောကြီးတွေကို ညဘက်တွေမှာ အလင်းပြရတာ။ ဒါကြောင့် ညဘက်ဆို မီးမပြတ်လင်းဖို့ အလှည့်ကျ ဂျူတီစောင့်ရတယ်။

အပြည့်အစုံဖတ်ရန်

ကိုဗဟိန်း သခင်ဗဟိန်း ကာနယ်ဗဟိန်း ရဲဘော်ဗဟိန်း

July 24, 2017

‘မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိက သပိတ်မှောက်ခွင့်ကို မွေးရာပါ အခွင့်အရေးကဲ့သို့ မှတ်ယူရမည်’

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."