၂၀၁၈ မတ်-ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၅) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ မိုးယွင်းကြီး (ဧပြီ၊ ၂ဝ၁၈) ဗညားကျော်ရေးသည်။ မိုးယွင်းကြီးအင်း ပတ်ဝန်းကျင်တစ်ခုလုံးဟာ ညို့မှိုင်းအုံ့ ဆိုင်းနေပြီး မိုးဖွဲတွေကျကာ လှိုင်းလေထန်လာတာကြောင့် ဦးငွေမောင်းဟာ ငါးဖမ်းပိုက်တွေသိမ်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အင်းကြီးကတော့ တိမ်ညိုတွေဆီက ဖိတ်ကျလာတဲ့ မိုးဖွဲတွေကို ခွက်နဲ့ ခံထားသလို ရှိနေပါတယ်။ ပြင်းထန်စွာ တိုက်ခတ်နေတဲ့ လေကြောင့် အင်းရေပြင်ဟာ လှိုင်းထပြီး သူ့ရဲ့စက်လှေကို ဘယ်ပြန်ညာပြန် ရိုက်ပုတ်နေတာကြောင့် လှိုင်းမထတဲ့ ဒိုက်ပင်တွေကြားထဲ ခိုနားရင်း အိမ်ပြန်ဖို့ အခွင့်သာမယ့် အချိန်ကို စောင့်နေပါတယ်။ ခဏနေတော့ လေငြိမ်သွားပြီအထင်နဲ့ လှေကို စက်နှိုးပြီး မောင်းလိုက်တဲ့အခါမှာ လှိုင်းနှစ်ချက်လောက် ဆောင့်ရိုက်တာ ခံလိုက်ရပြီး လှေမြုပ်သွားတယ်လို့ မိုးယွင်းကြီးအင်းထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက လှေမှောက်ခဲ့တဲ့ […]
၂၀၁၈ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် (၅၃) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂ဝ၁၈) ဗညားကျော်ရေးသည်။ မြန်မာနိုင်ငံမှာ လူတွေသတိမထားမိဘဲ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုရှိပါတယ်။ အဲဒီရောဂါ ပြင်းထန်လာပြီဆိုရင် လူတွေဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း ဝန်မလေးတော့ဘူး။ သူတို့လုပ်ချင်ရာကို လုပ်ကြပါ တော့တယ်။ ရောဂါက ကုရာနတ္ထိဆေးမရှိတော့ မဟုတ်ဘူး။ နုစဉ်အခါမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုကုသရမှန်းလည်း လူတွေက မသိကြဘူး။ ဒီရောဂါဖြစ်မှန်းတောင် တချို့က မသိကြပါဘူး။ ဒါကြောင့်လည်း အသက်တွေ ဆုံးရှုံးနေရပါတယ်။ သူက သိသာထင်ရှားတဲ့ ရောဂါလက္ခဏာလည်း မပြ၊ ခန္ဓာကိုယ် အပြင်ဘက်မှာလည်း ဒဏ်ရာဒဏ်ချက်မရှိတဲ့အတွက် ရောဂါဖြစ်သူကိုယ်တိုင် ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်မှသာ ပျောက်ကင်းနိုင်တာဖြစ်ပါတယ်။ အဲဒီရောဂါကတော့ စိတ်ကျဝေဒနာပဲဖြစ်ပါတယ်။ Photo: […]
၂၀၁၈ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် (၅၅) မှ Profile ဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်ရေးသည်။ သြင်္ကန်နီးလာပြီဆိုရင် ရုပ်သံလိုင်းတွေမှာ နှစ်စဉ်နီးပါးပြသတဲ့ ဇာတ်ကားတစ်ကားရှိပါတယ်။ ပရိသတ်တွေကလည်း နှစ်စဉ် ပြသနေတဲ့ အဲဒီဇာတ်ကားကို တခုတ်တရ စောင့်မျှော်ကြည့်ရှုကြတယ်။ မန္တလေးသြင်္ကန်ကာလကို နောက်ခံထားပြီး သြင်္ကန်အကအလှတွေ၊ တေးသွားတွေနဲ့ လှလှပပ မြိုင်မြိုင်ဆိုင်ဆိုင် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ရုပ်ရှင်လောကမှာလည်း ဂန္ထဝင်မြောက်တဲ့ အနုပညာဖန်တီးမှုအဖြစ် အနုပညာရှင်တွေက သတ်မှတ်ထားကြတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု ၊ အပြင်အဆင်၊ မန္တလေးသြင်္ကန် အကအလှ၊ ဒီကနေ့ခေတ်တိုင်အောင် ကျော်ကြားနေတဲ့ သီချင်းတွေနဲ့ ဒီရုပ်ရှင်ဟာ နှစ်ပေါင်းသုံးဆယ်ကျော်အထိ ပရိသတ်တွေကို ဆွဲဆောင်နေနိုင်တုန်းပဲ။ အဆိုပါဇာတ်ကားကတော့ စန္ဒရားဆရာကြီး ကိုငြိမ်းမောင်အဖြစ် မင်းသားနေအောင်က သရုပ်ဆောင်ထားတဲ့ ‘သြင်္ကန်မိုး’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသားနေအောင်၊ ဇော်ဝမ်း၊ […]
Photo – Thet Oo Mon ရှပ်အင်္ကျီအစိမ်းရင့်ရောင်နဲ့ ပုဆိုးခပ်တိုတို ဝတ်ဆင်ထားတဲ့ သူ့ ပုံစံက ဖျတ်လတ်နေတယ်။ အသက် ၇၂ နှစ်ရှိပြီဆိုပေမယ့် ငါးဆယ်ကျော်လို့ပဲ ထင်ရအောင် သူက သန်သန်စွမ်းစွမ်းပဲ။ ဒါပေမဲ့ အပေါ်သွားတချို့ မရှိတော့ဘူး။ ဒါကြောင့်လည်း စကားပြောပြီဆို တချို့စကားလုံးတွေက မပီတော့ သေချာနားထောင်ရတယ်။ နားမလည်ရင် နောက်တစ်ခေါက်ပြန်မေးရတယ်။ ကြေးနီရောင် အသားအရေရှိပြီး ခန္ဓာက ပြည့်ပြည့်။ လည်ပင်းမှာ ရွှေဆွဲကြိုးတစ်ကုံးလည်း ဆွဲထားသေးတယ်။ သူ့နာမည်က ဦးကျော်ညွန့်။ အကယ်ဒမီကျော်ညွန့်လို့လည်းခေါ်တယ်။ အကယ်ဒမီဆိုလို့ ရုပ်ရှင်ရိုက်ပြီး အကယ်ဒမီရတာ မဟုတ်ပါဘူး။ သူက ပန်းပဲပညာရှင်။ ဓားတွေလုပ်တဲ့သူ။ တပ်မတော်မှာ ဆုပေးတဲ့ အကယ်ဒမီငွေဓားတွေ လုပ်ရဖန်များတော့ ဒီနာမည်တွင်ခဲ့တာဖြစ်ပါတယ်။ သလုပ်တဲ့ ဓားတွေကတော့ အစုံပဲ။ ငှက်ကြီးတောင်၊ ဂျပန်ဓား၊ […]
ရန်ကုန် (နိုဝင်ဘာ၊ ၂ဝ၁၇) အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိကအသက် သွေးကြောတွေ ဖြစ်တယ်လို့ တက်လာတဲ့ အစိုးရတိုင်းက ပြောဆိုကြပေမယ့် ဒီနေ့အထိတော့ ဒီလုပ်ငန်းတွေဟာ လုံလောက်၊ ထိရောက်တဲ့ ပံ့ပိုးမှုမျိုး မရရှိကြသေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက် ကြီးစိုးမှုအောက်မှာ ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံစီးပွားရေးကိုပြန်လည် ဦးမော့လာစေဖို့ ၂ဝ၁၁ မှာ တက်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ Photo – Zayar Hlaing ဒီအထဲမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (Small and Medium Enterprise – SME) ဖွံ့ဖြိုးတိုးတက်ရေးဟာ အစိုးရရဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအဖြစ် သတ်မှတ်ခဲ့တာပါ။ […]
နိုဝင်ဘာ ၂ဝ၁၇ ဆိုဖာခုံနှင့် နံရံတွေကိုအနီရောင်တို့ဖြင့်အလှဆင်ကာ နီယွန်မီးများ ထွန်းထားသော ကေတီဗီဟု ယူဆရသည့် အခန်းတစ်ခုတွင် အမျိုးသားလေးဦး ထိုင်နေသည်။ သူတို့ရှေ့ရှိ စားပွဲပေါ်မှာတော့ အရက်ပုလင်းနှင့် အမြည်းပန်းကန်များက အပြည့်။ အလယ်တွင် ထိုင်နေသူနှစ်ဦးမှာ လက်ချောင်းတွေကို ကောက်ကွေးထားပြီး စကားပြောသည့်အခါတွင်လည်း မဲ့ရွဲ့ကာ အာလေး၊ လျှာလေးဖြင့် အားယူပြီး စကားပြောနေကြသည်။ Photo – ကို့ယို့ကားယား ဇာတ်လမ်းကြော်ငြာမှ ဇာတ်ဝင်ခန်းတစ်ခု၏ Screenshot ၎င်းတို့နှစ်ဦးအနက် တစ်ဦးက ဘေးနားတွင် ထိုင်နေသည့် သူ့အဖော်နားကပ်ပြီး ”စော်လေးယောက်ခေါ်ပေး”ဟု ဆိုလိုက်သည်။ အပြောခံရသူက အံ့သြသွားသည့် အမူအရာလုပ်ပြီး ”အာ…သူ့ကြည့်တော့လည်း မစွမ်းမသန်နဲ့ ဘယ်လိုတွေ ပြောနေတာလဲ”ဟု ဆိုလိုက်သည်။ ယင်းဇာတ်ဝင်ခန်းသည် ဒါရိုက်တာပြည်ဟိန်းသီဟမှ ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် ရွှေမှုန်ရတီတို့ အဓိက ပါဝင်ရိုက်ကူးမည့် ‘ကို့ယို့ကားယား’ […]
ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇ ) (ဒဂုံတောင် အောင်ဗောဓိဘုရားအလှူခံပုံးထဲက ငွေကျပ်သုံးရာယူခဲ့မိတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်း ခံရအောင် ဂေါပကလူကြီးက အတင်းအကျပ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။) ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ခုနစ်ဘီလီယံကျော် ပျောက်ဆုံးခဲ့လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို အမှုဖွင့်တရားစွဲတာမျိုး မလုပ်ခဲ့ပေမယ့် ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးအမှုဖွင့်ကာ အချုပ်ခန်းထဲ ထည့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ Photo – Banyar Kyaw စက်တင်ဘာ ၁၃ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အောင်ဗောဓိဘုရားဝင်းထဲရှိ အစ်မတော်မြနန်းနွယ် နတ်နန်းအလှူခံပုံးထဲက ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဘုရားဂေါပကအဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီး အချုပ်ခန်းထဲကို ထည့်ခဲ့တာပါ။ ပထမအကြိမ် ရဲစခန်းမှာ အမှုဖွင့်ပြီးတဲ့အခါ တောင်ဒဂုံမြို့နယ်ရဲစခန်းက ကလေးသုံးယောက်ကို ရပ်ကွက်ထောက်ခံစာနဲ့ […]
ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် အတွင်းက အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့ရဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေး နွေးချင်ပါတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုအပေါ် အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက လက်မခံနိုင်ဘူးလို့ ဆိုကြပါတယ်။ Photo – Zay Yar ARSA အဖွဲ့က တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရာအနှံ့ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၉ ရက်ကစလို့ တစ်လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပါတယ်။ တစ်လမပြည့်ခင် နှစ်ရက်အလိုမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ အကူအညီကိုယူပြီး ပြည်တွင်းက အခြား သော […]
Photo – Zayar Hlaing သိန်းသုံးရာဆိုသည့်ဝင်ငွေသည် မိသားစုဆယ့်နှစ်ယောက်ရှိသော ဒေါ်ခင်စောလှအတွက် မစား မသောက်ဘဲခြောက်နှစ်နီးပါး စုဆောင်းမှရမည့် ငွေပမာဏဖြစ်သည်။ ထိုငွေကို တစ်ရက်တည်းနှင့် ရနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိခဲ့သော် လည်း သူငြင်းပယ်ခဲ့သည်။ ထိုငွေကြေးက လျော်ကြေးပေးရန် လာရောက်ကမ်းလှမ်းခဲ့သော ငွေဖြစ်ပြီး သုံးကြိမ်တိုင်တိုင် လာရောက်ညှိနှိုင်းခြင်းကို သူက ခေါင်းခါခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၁၃ နှစ်အရွယ် သူ့သမီးငယ် မစုမမလှိုင်သည် တာမွေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် သုံးလကျော်သွားရောက်လုပ်ကိုင်ရင်း အနှိပ်စက်ခံခဲ့ရသည်။ ထိုအိမ်ရှင်များက မစုမမလှိုင်အား တစ်နေ့ထမင်းတစ်နပ်သာ ကျွေးခြင်း၊ မိုးလင်းမှ ညဉ့်နက်သည်အထိ ခိုင်းစေခြင်းနှင့် သူ၏ဘယ်ဘက်ပေါင်တွင် အပ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းနှိပ်စက်ခဲ့သဖြင့် ပြင်ပဒဏ်ရာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတွက် ဒေါ်ခင်စောလှက တရားလိုပြုလုပ်ပြီး ၂ဝ၁၆ ဒီဇင်ဘာ ၆ […]
Photo – Kyaw Zayya ရွှေကျွန်းသာ (စက်တင်ဘာ၊ ၂ဝ၁၇) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အောက်ပိုင်း၊ ပင်လယ်ဘက်ကို မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ ဆင်းသွားတဲ့အခါ အနီရောင်ဆိုင်းဘုတ်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ထိုးထိုးထောင်ထောင် စိုက်ထူထားတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ကြရပါလိမ့်မယ်။ ဒီဆိုင်းဘုတ်တွေပေါ်မှာ ရေးထားတာကတော့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်တာ၊ တဲအိမ်ဆောက်တာ၊ ငါးဖမ်းတာ၊ ကဏန်းထောင်တာ၊ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ အမိန့်စာရဲ့ အောက်ဆုံးမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆန်းကျော် (ပ/၄၂၄၉) ဆိုပြီး ရေးထားပါတယ်။ ဒီအမိန့်ထုတ်ပြန်ထားတဲ့ ကျွန်းရဲ့နာမည်က ရွှေကျွန်းသာလို့ ခေါ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အဝန်းအားဖြင့် ဧက ခုနစ်ထောင်ကျော်ကျယ်ဝန်းပြီး ဒီအထဲက ဧက ၂,၇ဝဝ ကျော်ကို တိုင်းအစိုးရက စိုက်ပျိုးခွင့်၊ […]
Photo – Khin Maung Myint ရခိုင်ပြည်နယ်သည် သဘာဝတရားက ပေးထားသည့် တောတောင်၊ ရေမြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်သော်လည်း ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဒုက္ခမျိုးစုံကို ရခိုင်ပြည်သူလူထုက ရင်ဆိုင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခုလည်းဖြစ်ပြီး ကုလသမဂ္ဂ၏စာရင်းများအရ နေရပ်စွန့်ခွာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်ကို ရင်ဝယ်ပိုက်ထားရသည်။ ရခိုင်ပြည်နယ်၏ မြို့နယ်တချို့တွင် အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးတို့ ပျောက်ကွယ်လာနေပြီး လူထု၏ အသက်အိုးအိမ်လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အကြမ်းဖက်မှုများမှာလည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။ အပြစ်မဲ့ပြည်သူအချို့အသတ်ခံရသည်၊ အချို့ အသက်လုပြီး ထွက်ပြေးကြရသည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များတွင် တွေ့နေရသည်။ ၂ဝ၁၆ အောက်တိုဘာတွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့နယ်သုံးခုမှ […]
ရခိုင်နဲ့ ဘင်္ဂါလီတွေကြား ပဋိပက္ခမဖြစ်ခဲ့ဘဲ ငြိမ်းချမ်းစွာအပြန်အလှန် အမှီသဟဲပြု ရပ်တည်နေထိုင်ခဲ့တဲ့ အင်းဒင်ဆိုတဲ့ကျေးရွာလေးဟာ ၂၀၁၇ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာတော့ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ယုံကြည်မှုနဲ့ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးသွားခဲ့ရပါပြီ။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."