သတင်းဆောင်းပါးများ

မြန်မာ့ဆင်တွေဘယ်ရောက်ကုန်ပြီလဲ

April 11, 2017

ထိုင်းအမျိုးသမီးဆင်ပညာရှင် လပ်ချိုင်းလာ့ကလည်း အပင်သာစားလေ့ရှိသည့် ဆင်သတ္တဝါများသည် သစ်တောများကို ဖျက်ဆီးခြင်းမရှိသလို သက်ရှိသတ္တဝါများကို အန္တရာယ်မပြုသည့်သဘာဝပတ်ဝန်းကျင်ကို အစစ်အမှန်ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်သဖြင့် ၎င်းတို့အသက်ရှင်နေထိုင်နိုင်အောင် အကာအကွယ်ပေးသင့်ကြောင်း

အပြည့်အစုံဖတ်ရန်

ရေဆိုးစွန့်ထုတ်စက်ရုံတွေကို အမြန်ဆုံး အရေးယူပါ

April 6, 2017

သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၊ သဘာပတ်ဝန်းကျင်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးမင်းမော်ကတော့ ဝန်ကြီးဌာနအနေနဲ့ လက်ရှိအချိန်အထိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိပြီဖြစ်ပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ပေါ်နေတဲ့ကိစ္စတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဆောင်ရွက် စစ်ဆေးမှုတွေ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်

ကန်တော်ကြီးကရဝိတ်ဥယျာဉ်ကမ္ဘာမြေငှားရမ်းခတစ်နှစ်လျှင် ၁၉ဘီလီယံကျော်နစ်နာ

April 5, 2017

ကန်တော်ကြီးကရဝိတ်ဥယျာဉ်ကမ္ဘာမြေနေရာအား ဇေကမ္ဘာကုမ္ပဏီသို့နှစ်ရှည်ငှားရမ်းထားရာတွင် ကာလပေါက်ဈေးထက် များစွာလျှော့နည်းနေသည့်အတွက်တစ်နှစ်လျှင် ၁၉ ဘီလီယံကျော်နစ်နာနေကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ပြောကြားလိုက်သည်။

အပြည့်အစုံဖတ်ရန်

အောင်ဝင်းခိုင်အား ဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်းသက်တမ်းတိုးရေးတင်ပြမှု တိုင်းတရားလွှတ်တော်လက်ခံ

March 31, 2017

မင်းလွင် ရေးသည်။ ရန်ကုန်(မတ် ၃၁၊ ၂၀၁၇) ဦးကိုနီအမှုတွင် ပူးပေါင်းပါဝင်သူဟု စွပ်စွဲခံထားရသော အောင်ဝင်းခိုင်အား ဆက်လက်ရှာဖွေဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်းသက် တမ်းတိုးရေး တရားလို၏ရှေ့နေမှတင်ပြထားမှုကို တိုင်းတရားလွှတ်တော်ရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယတရားသူကြီး ဒေါ်ခင်ဆွေမြင့်က ပြောသည်။ ယနေ့ပြုလုပ်သည့် ဦးကိုနီလုပ်ကြံခံရမှုမှ တရားလိုပြသက်သေ ရဲအုပ်မိုးနိုင်အား မြောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေး ကြားနာအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြင်ဆင်ချက်တင်ပြတာကို တိုင်းလွှတ်တော်က လက်ခံထားလိုက်ပါပြီ။ ဘယ်တော့ဘယ်လို ကြားနာဆုံးဖြတ်မယ် ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး” ဟု ဒုတိယတရားသူကြီး ဒေါ်ခင်ဆွေမြင့်က ပြောသည်။ ဖမ်းဝရမ်းသက်တမ်းတိုးရေးကိစ္စ မဆုံးဖြတ်မီ တရားလိုပြသက်သေများကို ဆက်လက် စစ်ဆေးကြားနာမည်ဖြစ်ပြီး ဧပြီ ၇ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ စတုတ္ထအကြိမ်မြောက်ရုံးထုတ်စစ်ဆေးမည်ဟု ၎င်းကဆက်ပြောသည်။ အဆိုပါဖမ်းဝရမ်းသက်တမ်းတိုးရေးအား ပြီးခဲ့သည့်ရုံးချိန်းများအတွင်း တရားလိုရှေ့နေဘက်မှ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိုင်းဘတ်ဂျက် ကျပ်သန်းလေးထောင် စိစစ်ဖြတ်တောက်

March 30, 2017

  ဟေမာန်ပြည့်  ရေးသည်။ မတ် ၃၀၊ ရန်ကုန်   ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်မှုမြင့်တက် ခဲ့သော ၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာရေးဥပဒေကြမ်းကို ကျပ်သန်းပေါင်းလေးထောင်ကျော် စိစစ်ဖြတ် တောက်ပြီး အတည်ပြုလိုက်သည်။ ထိုဥပဒေကြမ်းတွင် စက်လှေခါးပါဝင်သော လူကူးခုံးကျော်တံတားတစ်စင်းစီအတွက် ကျပ်သန်းပေါင်း ၁၀၀၀ ဖြင့် ခြောက် စင်းတည်ဆောက်ရန် ၊ မြို့တော်ဂေါက်ကွင်း ပြုပြင်ထိန်းသိမ်းရန်နှင့် e-government အတွက် ကွန်ပျူတာများ ဝယ်ယူရန် အဆိုပြုလျာထားခဲ့သည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဝေဖန်ခဲ့ပြီး တိုင်းလွှတ်တော်မှ ဘတ်ဂျက်လျာထားမှုကို ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လူကူးခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၅၀၀သို့ လည်းကောင်း၊ စတုဂံ ပုံခုံးကျော် တံတားတစ်စင်းအတွက် ကျပ်သန်း ၁,၇၀၀ မှ သန်း ၁,၀၀၀ […]

အပြည့်အစုံဖတ်ရန်

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူများကို မြောက်ပိုင်းခရိုင်တွင် ရုံးထုတ်စစ်ဆေးပြီးနောက် ထွက်လာစဉ်

March 24, 2017

ရန်ကုန်၊ မတ် ၂၄ ရက် တရားလွတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံသူ ဦးကြည်လင်းအပြင် အမှုတွဲတွင် ပါဝင်နေသည့် ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးနှင့် ဦးအောင်ဝင်း ထွန်းတို့ကို ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်း၊မြောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့လက်နက်မှုဖြင့် ရုံးထုတ်စစ်ဆေးပြီးနောက် ထွက်လာစဉ် ရိုက်ကူး- ဗညားကျော်  

အပြည့်အစုံဖတ်ရန်

ရင်ခွဲသူ

March 23, 2017

သူ့အတွက်ကတော့ မသာအခေါက်ပေါင်းက ထောင်ချီလေ ပြီ။ နိစ္စဓူဝ လူသေများနှင့် ဆုံတွေ့ရသည့်အခါ ”ပြန်သာ မပြော တတ်တာ။ သံဝေဂတော့ ရနေပြီ”ဟု သူက တဟားဟားရယ်ရင်း ဆိုပါသည်။

အပြည့်အစုံဖတ်ရန်

၀င်ငွေထွက်ငွေ မမျှ အခြေခံလူတန်းစားတို့ဘဝ

March 22, 2017

အရင်အစိုးရတွေလက်ထက်ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပေမယ့်လည်း ယနေ့အချိန်ထိ ဈေးကွက် ပီပီပြင်ပြင်မရှိသေးတာကြောင့် “အစိုးရအနေနဲ့ နည်းအမျိုးမျိုးနဲ့ ဝင်ပြီးတော့ ထိန်းရမှာပဲ ” လု့ိ သူကမှတ်ချက်ပေးပါတယ်။

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့ရှိ တည်းခိုခန်းနှင့် ဘော်ဒါဆောင်များတွင် နိုင်ငံခြားသား တည်းခိုနိုင်ရန် စီစဉ်ပေးမည်

March 20, 2017

 ဟေမာန်ပြည့် ရေးသည်။ ရန်ကုန်၊ မတ် ၂၀   ရန်ကုန်မြို့ရှိ တည်းခိုခန်းများတွင် နိုင်ငံခြားသားများတရားဝင်တည်းခိုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥပဒေကို လာမည့်ဧပြီလအတွင်းပြင်ဆင်နိုင်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး က ပြောသည်။ မတ် ၂၀ ရက်တွင် ပြန်လည်စတင်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက်အစည်းအဝေး ပထမနေ့ တွင် စမ်းချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ်- ၂ မှ လွှတ်တော်ကိုယ်စားလှယ်ဦးသော်တာအောင်၏ ‘ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပေးသည့် တည်းခိုခန်း၊ ဘော်ဒါဆောင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်း၊ ဘော်ဒါဆောင်များတွင် နိုင်ငံခြားသားများတည်းခိုနေထိုင်ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်အတွက် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် မည်သို့ဆောင်ရွက်မည်ကိုသိရှိလိုကြောင်း” မေးခွန်းအပေါ် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ မြို့တော်ဝန်ဦးမောင်မောင်စိုးက “နိုင်ငံခြားသားတွေ ဒီမှာတည်းလို့ မရဘူးဆိုရင် ရန်ကုန်တိုင်းအတွက် ဝင်ငွေဟာနစ်နာ သွားနိုင်တဲ့အတွက်ကြောင့် သင့်တင့်တဲ့ဈေးနှုန်းဘယ်လို သတ်မှတ်မလဲ။ […]

အပြည့်အစုံဖတ်ရန်

Myanmar Idol မဲပေးစနစ်များ ယုံကြည်ရသလား

March 17, 2017

ဓာတ်ပုံ-နှင်းကို နှင်းကို-ရေးသည်။ ရန်ကုန် – မတ် ၂၀၁၇ အပတ်စဉ် ကြာသပတေး၊ သောကြာည ၉နာရီနဲ့ ၁၁နာရီကြား MNTV ရုပ်သံလိုင်းမှာထုတ်လွှင့်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ မဲရလဒ်တွေကို ပရိသတ်တစ်ဦးအနေနဲ့ ဘယ်လောက်ယုံကြည်ပါသလဲ။ မော်ကွန်းက ချဉ်းကပ်မေးမြန်းထားတဲ့ Myanmar Idol ပရိသတ် ၅၀ဦးအနက် ၃၆ဦး (၇၂ရာခိုင်နှုန်း)က မယုံကြည်ဘူးလို့ ဆိုကြပါတယ်။ ခြောက်ဦးကတော့ သူတို့အားပေးတဲ့သူက Top 3 (ထိပ်ဆုံးသုံးယောက်) စာရင်းမှာ ပါဝင်နေသေးတဲ့ အတွက် အပြည့်အဝမယုံကြည်သော်လည်း ထွက်ပေါ်နေတဲ့ မဲရလဒ်ကိုလက်ခံနိုင်သေးတယ်လို့ ပြောကြပါတယ်။ ငါးဦးကတော့ မဲရလဒ်ဟာ ပြိုင်ပွဲစီစဉ်သူများရဲ့လက်ထဲမှာသာရှိပြီး လုံးဝအယုံအကြည်မရှိကြောင်း ပြောဆိုပါတယ်။ သုံးဦးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကိုအစအဆုံးစောင့်ကြည့်တတ်ပြီး မဲစနစ်ကိုအယုံအကြည် မရှိတဲ့အတွက် ဆန္ဒမဲမပေးဘူးလို့ ဆိုကြပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး(စိန်ဂျွန်း)ကတော့ Myanmar […]

အပြည့်အစုံဖတ်ရန်

စွဲဆိုခံထားရသည့် အမှုကို သတင်းမီဒီယာကောင်စီမှ တဆင့် ဖြေရှင်းရန် ကိုဆွေဝင်းတောင်းဆို

March 15, 2017

ရန်ကုန်၊ မတ်-၁၅   ဟေမာန်ပြည့် ရေးသည်။    Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားရာတွင် တိုင်ကြားချက်ပါ စွပ်စွဲချက်များ ခိုင်လုံမှု ရှိ၊ မရှိ သာသနာရေးဝန်ကြီးဌာနနှင့်် သံဃမဟာနယကတို့၏ အကြံပြုချက်များကို ပြန်လည်တောင်းခံပြီးမှ သတင်းမီဒီယာကောင်စီမှတဆင့် ဖြေရှင်းရန် ကိုဆွေဝင်းက တောင်းဆိုလိုက်သည်။   ၎င်းအား ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည့်အပေါ် မဟာအောင်မြေမြို့နယ် အမှတ်-၇ ရဲစခန်းမှ ရဲအုပ်ကျော်သူက မတ်လ ၁၅ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင် လာရောက် စစ် ဆေးခဲ့ရာတွင် ကိုဆွေဝင်းက အထက်ပါတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။   ကိုဆွေဝင်း၏ ရေးသားချက်သည် သက်ဆိုင်ရာ ဆရာတော်အား သိက္ခာကျစေခြင်း ရှိ၊ မရှိ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော် ဆန္ဒပြ

March 15, 2017

  ရန်ကုန်၊ မတ်-၁၅   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် မကျေနပ်သဖြင့် ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော်သည် ယနေ့ (မတ် ၁၅)တွင် ရန်ကုန်သူနာပြု တက္ကသိုလ်မှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်တွင် ‘ပုဂ္ဂလိကဆေးရုံများတွင် သူနာပြုနှင့် သားဖွား တက္ကသိုလ်/ သင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများ ခန့်ထားခြင်း မပြုရန် ကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။   အဆိုပါ ထုတ်ပြန်ချက်တွင် ပုဂ္ဂလိက ဆေးရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ သူနာပြုနှင့် သားဖွားတက္ကသိုလ်/သင်တန်းကျောင်းများနှင့် […]

အပြည့်အစုံဖတ်ရန်
1 … 11 12 13 14 15 16 17 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."