သတင်းဆောင်းပါးများ

အဓမ္မကြောင့်ရလာတဲ့ကိုယ်ဝန် ဖျက်ချခွင့်ပေးသင့်၊ မပေးသင့်

December 2, 2018

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့်ရေးသည် (ဖေဖော်ဝါရီ၊ ၂၀၁၈)                               မဖြူဖြူ(အမည်လွှဲ)အသက် ကိုးနှစ်အရွယ်တွင် အဖေနှင့် အမေ ကွဲသွားခဲ့သည်။ သူ့ညီမနှင့်အတူ ဖခင်ထံတွင် ကျန်ရစ်ခဲ့သည်။ ထို့နောက် သူ ကျောင်းထွက်လိုက်ရ၏။ ဖခင်ဖြစ်သူမှာ လက်သမားဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိသူ။ အရက်မူးလာလျှင် မဖြူဖြူတို့ ညီအစ်မနှစ်ဦးကို အမြဲရိုက်နှက်သည်။                       […]

အပြည့်အစုံဖတ်ရန်

အနာဂတ်ကာလကို ပလတ်စတစ် အမှိုက်တွေက ခြိမ်းခြောက်လာနေ

December 1, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။   မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ နေ့စဉ် စွန့်ပစ်အမှိုက်ထွက်ရှိမှု ပမာဏ တတိယအနည်းဆုံးနေရာမှာ ရှိပေမယ့် စွန့်ပစ်ပစ်္စည်းထဲမှာ ပလတ်စတစ် ပါဝင်မှုနှုန်းကတော့ အမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UN Environment Programme – UNEP) နဲ့ Asian Institute of Technology (AIT) တို့ပူးပေါင်းကာ ယမန်နှစ်က ထုတ်ပြန်လိုက်တဲ့ အာဆီယံနိုင်ငံများရဲ့ စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဆီယံမှာ စွန့်ပစ်အမှိုက်တန်ချိန် အများဆုံးထွက်တဲ့ အင်ဒိုနီးရှားမှာ အမှိုက်ထဲ ပလတ်စတစ် ပါဝင်မှုနှုန်းက ၁၄ ရာခိုင် နှုန်း ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွန့်ပစ်အမှိုက်မှာ ပလတ်စတစ် […]

အပြည့်အစုံဖတ်ရန်

လေလွင့်ခွေးပြဿနာ အမြန်ဖြေရှင်းပါ

December 1, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်။ ကိုအောင်အောင်မျိုးတို့ မိသားစု သုံးယောက် မိတ်ဆွေတစ်ယောက်ဆီ ကနေ အိမ်အပြန်၊ သားဖြစ်သူက ရေ ဆာလာတာကြောင့် လမ်းဘေးဇရပ် တစ်ခုပေါ်မှာရှိတဲ့ သောက်ရေအိုးဆီကို တက်သွားလိုက်တယ်ဆိုရင်ပဲ  သူ့သား ရဲ့ အထိတ်တလန့်အော်သံကို ကြား လိုက်ရပါတယ်။ စိုးရိမ်စိတ်နဲ့ သွား ကြည့်လိုက်တဲ့အခါ သူတို့ရဲ့ ကိုးနှစ် အရွယ်သားလေးကို ဇရပ်ပေါ်မှာရှိနေ တဲ့လမ်းဘေးခွေးတစ်ကောင်က ကိုက် လိုက်တာကို တွေ့လိုက်ရပါတယ်။ ချက်ချင်းဆိုသလိုပဲ ကလေးကို သူတို့နေထိုင်ရာ မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ အေးသာယာရပ်ကွက်ထဲက ဆေးခန်းတစ်ခုကို ခေါ်သွားပါတယ်။ ဒါပေမဲ့ ဆေးခန်းမှာ ခွေးရူး ရောဂါကာကွယ်ဆေး မရှိပါဘူး။ ပြင်ပက ဝယ်ထိုးမယ်ဆိုရင် ဆေးတန်ဖိုးက ကျပ်သုံးသောင်းကျော်နေတာကြောင့် […]

အပြည့်အစုံဖတ်ရန်

အွန်လိုင်းပေါ်က အနိုင်ကျင့်မှု အရေးယူမှု မပြုနိုင်သေး

December 1, 2018

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cover Story ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (ဒီဇင်ဘာ၊ ၂၀၁၈) Photo-Banyar Kyaw                                                       ဆိုင်ဘာအနိုင်ကျင့်မှု ရပ်တံန့်စေရန် ကမ်ပိန်းစတေကာ တစ်ခု ပြီးခဲ့တဲ့ ဇွန်လတုန်းက အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ တွေဖြစ်တဲ့ မဟန်နီနဲ့ မဇက်တို့ ဟာ မြန်မာနန်းတွင်းဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ စုံတွဲဓာတ်ပုံ  တချို့ကို လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အမှတ်တရအနေနဲ့ တင်ခဲ့ပါ တယ်။ ပုံတင်ပြီး သိပ်မကြာလိုက် ပါဘူး။ မှတ်ချက်တွေဟာ အဆက်မပြတ် တက်လာပါတယ်။ စစချင်း မှတ်ချက်တွေမှာတော့        “ချစ်စရာကောင်းလိုက်တာ”၊ “လှလိုက် တာ”ဆိုတဲ့ သူငယ်ချင်းတွေရဲ့ မှတ်ချက် တွေ ဖြစ်ပေမယ့် နောက်ပိုင်းမှတ်ချက်တွေ မှာတော့ “စလောင်းဖုံးချင်းတီးရင် ကျား […]

အပြည့်အစုံဖတ်ရန်

အနာဂတ် ကြယ်ပွင့်လေးများရဲ့ဆည်းလည်းသံ

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Profile ဖြစ်ပါသည်။ ကျော်ဇေယျာထွန်း ရေးသည်။ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်းသို့ ဆရာမနော်ဗွီတူဖော ရောက်ခဲ့သည့် အချိန်က သူ့အသက်မှာ ၂၂ နှစ်အရွယ်၊ တက်္ကသိုလ် ကျောင်းတက်နေသည့် အချိန်။ ဆရာ၊ ဆရာမ များအတွက် သာမန်ကလေးတစ်ဦးကိုပင် စာ သင်ကြားဖို့ ခက်ခဲသည့်အခြေအနေတွင် ဆရာမ နော်ဗွီတူဖောက အကြားအာရုံ အားနည်းသည့် ကလေး၊ အကြားအာရုံချို့ယွင်းသည့် ကလေးများ ကို စာသင်ကြားပေးဖို့ သူ ရွေးချယ်ခဲ့သည်။       ထို့ကြောင့် ယခုဆိုလျှင် သူရွေးချယ်ခဲ့သည့် စာသင်ကြား ရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့သည်မှာ ၂၅ နှစ်ကျော်ခဲ့လေပြီ။ နားမကြားကလေးများကို စာသင်ကြားပေးသည့် ဆရာမတစ်ဦး အနေဖြင့်ဤကာလရှည်ခရီးတစ်ခုကို မည်သို့ဖြတ်သန်းခဲ့ရ ပါသနည်း။ […]

အပြည့်အစုံဖတ်ရန်

စိတ်ကျဝေဒနာ အမြန်ကုစားပါ

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၈) မြန်မာနိုင်ငံမှာ လူတွေသတိမထားမိဘဲ လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုရှိပါ တယ်။ အဲဒီရောဂါ ပြင်းထန်လာပြီဆိုရင် လူတွေ ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လည်း ဝန် မလေးတော့ဘူး။ သူတို့လုပ်ချင်ရာကို လုပ်ကြပါ တော့တယ်။       ရောဂါက ကုရာ ဆေးမရှိတော့ မဟုတ်ဘူး။ နုစဉ် အခါမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုကုသရမှန်းလည်း လူတွေက မသိကြဘူး။ ဒီ ရောဂါဖြစ်မှန်းတောင် တချို့က မသိကြပါဘူး။ ဒါကြောင့်လည်း အသက်တွေ ဆုံးရှုံးနေရပါတယ်။       သူက သိသာထင်ရှားတဲ့ ရောဂါလက်္ခဏာလည်း မပြ၊ ခန်္ဓာကိုယ် […]

အပြည့်အစုံဖတ်ရန်

တားမြစ်ဓာတုဆေး အမြစ်ပြတ် နှိမ်နင်းရေး စိန်ခေါ်မှုများ ရှိနေဆဲ

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။ ရန်ကုန် (ဇန်နဝါရီ၊ ၂၀၁၈) သိမ်ကြီးဈေးအနီးမှ ဓာတုဗေဒပစ်္စည်းများ ရောင်းချသည့်ဆိုင် အများစု တည်ရှိရာ ၂၇ လမ်းနှင့် ၂၈ လမ်းသည် ဈေးဝယ် သူများဖြင့် စည်ကားနေသည်။       လမ်းထဲသို့ဝင်သွားပြီး ဈေးဆိုင်တစ်ခုရှေ့ ရောက်သော အခါ လိုချင်သည့် ပစ်္စည်းတစ်မျိုးကိုမေးကြည့်သည်။ ပထမဆိုင် မှာ ထိုပစ်္စည်းက မရှိ။ နောက်တစ်ဆိုင် ဆက်သွားပြီး မေးကြည့် သည့်အခါ ပစ်္စည်းက ရှိသည်။ လိုသလောက်လည်း ဝယ်လို့ရသည် ဟု ဆိုင်ရှင်က ပြောသည်။       ထိုဆိုင်မှ ထွက်လာပြီး နောက်ထပ် တစ်ဆိုင်ဝင်တစ်ဆိုင် ထွက် မေးကြည့်ရာ ခုနစ်ဆိုင်တွင် နှစ်ဆိုင်ကသာ ထိုပစ်္စည်းကို […]

အပြည့်အစုံဖတ်ရန်

အစိုးရနဲ့ ပြည်သူကြား လွန်ဆွဲနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေးစီမံကိန်း

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ဘားအံ (ဇန်နဝါရီ၊ ၂၀၁၈) photo -KRW ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့်အနေဖြင့် သုံးအိမ်ရွာတွင် ဒေသခံများမှ ဆုတောင်းပွဲ ပြုလုပ်နေစဉ် နေ့လယ်ခင်းအချိန်မို့ အပူချိန်ပြင်းပေမယ့် သုံး အိမ်ရွာလေးကတော့ သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။       ကရင်ပြည်နယ်မြို့တော် ဘားအံရဲ့မြောက်ဘက်ကို ဆိုင် ကယ်နဲ့ မိနစ် ၄၀ လောက်မောင်းရတဲ့ ဒီရွာရဲ့ ဘေးမှာတော့ အာရှရဲ့ အရှည်ဆုံးမြစ်တွေထဲက တစ်စင်းဖြစ်တဲ့ မြစ်သံလွင်က ရစ်ခွေစီးဆင်းနေပါတယ်။       ရွာထဲဝင်သွားတော့ ရယ်မောဆော့ကစားနေကြတဲ့ ကလေးငယ်တွေနဲ့ ဝိုင်းဖွဲ့ စကားပြောနေကြတဲ့ ရွာသူရွာသား တချို့ကို တွေ့ရတယ်။ […]

အပြည့်အစုံဖတ်ရန်

ပင်လယ်ရဲ့  အကျဉ်းသား

November 15, 2018

  သက်ဦးမွန် ရေးသည်။   ညက တစ်ညလုံး မအိပ်ထားရသည့်အတွက် ဦးသစ်မင်းလှိုင် ညနေစောင်းလောက်တွင် ခေတ္တ မှေးစက်ဖို့ ပြင်လိုက်သည်။ မအိပ်ခင် သူ့နောက် လိုက်နှစ်ဦးကိုလည်း သေချာမှာလိုက်သေးသည်။ သူ့အတွေ့အကြုံအရ မုန်တိုင်းလာမည်ဆိုတာကို ကြိုသိနေသည့်အတွက် ဖောင်ကြိုးကို မည်သည့် အကြောင်းနှင့်မျှ မဖြတ်ဖို့မှာကြားပြီး သူ ခေတ္တ အိပ်ပျော်သွားခဲ့သည်။ အိပ်မပျော်တပျော်နှင့် တစ်နာရီပင် မပြည့်တတ်သေး။ လှုပ်လှုပ်ယမ်းယမ်း အခြေအနေကြောင့် သူနိုးလာခဲ့သည်။ သူတို့ ဖောင်က ရေစီးအတိုင်း မျောပါနေခြင်းကြောင့်ဖြစ်သည်။ သူ အတန်တန်မှာထားလျက်က သူ့နောက်လိုက်နှစ်ဦးက ဖောင် ကြိုးကို ဖြတ်ကာ မျှောချလိုက်ခြင်းပင်ဖြစ်သည်။ တော်ရုံမုန်တိုင်း နှင့် လှိုင်းဆိုလျှင် ကျောက်ချထားသည့် ဖောင်မှာ မမှုချေ ။ သူတို့ နေသည့် နေရာကလည်း လှိုင်းမှာအနည်းငယ်သာရှိသည်။ ထို့ […]

အပြည့်အစုံဖတ်ရန်

ကျွဲ၊ နွားမှောင်ခိုနဲ့ ကန့်သတ်မိန့်များကြောင့် တောင်သူတွေ အကျိုးအမြတ် မရသေး

November 15, 2018

၂ဝ၁၈၊ စက်တင်ဘာလ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Feature ဖြစ်ပါသည်။ ကျော်ဇေယျရေးသည် ပေါင်းတည် (စက်တင်ဘာ၊ ၂ဝ၁၈)   ရွှံ့ဗွက်အပြည့်နဲ့ နွားပွဲဈေးကွင်း ထဲမှာ နဖားကြိုးတင်းတင်းဆွဲ လို့ တန်းတွေမှာ စီစီရီရီချည် ထားခံရတဲ့ ခိုင်းနွားတွေက ကောင်ရေ ၂ဝဝ ကျော်လောက် ရှိ ပါတယ်။ ဗုဒ္ဓဟူးဈေးနေ့တိုင်း ကျင်းပတဲ့ နွားပွဲဈေးထဲမှာ  ခြေ ဗလာနဲ့ ပုဆိုးတိုတို ဝတ်ထားတဲ့ အမျိုးသားတွေဟာ ဥဒဟိုသွား လာနေကြတယ်။ နွားလာရောင်းတဲ့ တောင်သူတွေ၊ လာဝယ်ကြ တဲ့ တောင်သူတွေအပြင် နွားကို ဝယ်ရောင်းလုပ်ကြသူတွေပါပဲ။ ၁၉၆၆ ကတည်းက တင်းကျပ်တဲ့ စည်းမျဉ်းတွေထုတ်ပြီး နွားအရောင်းအဝယ်ကို ကန့်သတ်ထားခဲ့လို့ မှောင်ခိုဈေးကွက် ကြီးစိုးနေတဲ့ မြန်မာနွားဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာမှာ […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်ကို လျစ်လျူရှုသည့် ရန်ကုန်မြို့သစ် စီမံကိန်း

November 14, 2018

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Cover Story ဖြစ်ပါသည်။ ဟေမာန်ပြည့်ရေးသည်။   ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းမှာ ဧကနှစ်သောင်း နီးပါး ကျယ်ဝန်းတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီ တည်ထောင်ပြီး အကောင်အထည်ဖော်မယ့်အပေါ် မူဝါဒရေးရာ ပညာရှင် တွေ အပါ အဝင် လေ့လာသုံးသပ်သူတွေက ဝေဖန်ထောက်ပြမှုတွေ ရှိနေ ပါတယ်။ မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တည် ထောင်ပြီး လုပ်ဆောင်တာဟာ တိုင်း အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန် နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလို လုပ်ဆောင်တာဟာ လုပ်ထုံးလုပ်နည်း တွေနဲ့ ညီညွတ်မှု ရှိ၊ မရှိနဲ့ ပွင့်လင်းမြင်သာ မှုရှိရဲ့လားဆိုတဲ့အပေါ်မှာ မူဝါဒရေးရာ ပညာရှင်တွေက […]

အပြည့်အစုံဖတ်ရန်

စကြာတောင်ခြေက ဆံရစ်ဝိုင်းကျေးရွာ

November 5, 2018

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။ စကြာတောင်ခြေက ဆံရစ်ဝိုင်းကျေးရွာ Photo-Than Naing Oo မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းက ခံစပ်ကုန်းကျေးရွာဟာ ဆံရစ် ဝိုင်းလေးတွေကြောင့် ထင်ရှားတယ်။ ဓာတ်ပုံဆရာတွေ၊ ရုပ်သံမှတ်တမ်းရိုက်လိုသူတွေ၊ သတင်းစာဆရာတွေ ခံစပ်ကုန်းရွာကို အရောက်သွားပြီး ဆံရစ်ဝိုင်းတွေကို မှတ်တမ်း တင်ကြတယ်။ အညာဒေသမှာ ဆံရစ်ဝိုင်းရှိတဲ့ ရွာတွေ ရှိနေသေးတယ်။ ပုဂံဒေသက စက်စက်ယိုကျေးရွာ၊ မြင်းခြံနယ်ထဲက ရ ်္တပို၊ နွားထိုးကြီးနယ်ထဲက ခံစပ်ကုန်းရွာတွေက ဆံ ရစ်ဝိုင်းလေးတွေကြောင့် ထင်ရှားတယ်။ 7DAY ဂျာနယ်က ကိုညီညီဇော်ကလည်း ခံစပ်ကုန်းရွာက ဆံရစ်ဝိုင်းတွေအကြောင်း  မကြာသေးခင်ကမှ ရေးသားထားတယ်။ အောက်တိုဘာလဆန်း မှာ နွားထိုးကြီးမြို့နယ်အတွင်းက ဆံရစ်ဝိုင်းတွေ ရှိတဲ့ ခံစပ်ကုန်း ရွာကို မ်္တလေးသတင်းစာသင်တန်းကျောင်း (ြဲှ) […]

အပြည့်အစုံဖတ်ရန်
1 … 5 6 7 8 9 10 11 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."